Thursday, December 26, 2013

"မန္တလေးမြို့ မောင် ကိန်းရွှေဆိုင် အား ဓားပြတိုက် ခဲ့သော အားရှန့်သည် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တူဖြစ်ကြောင်း သိရ"

""
မန္တလေးမြို့ ချမ်းအေးသာစံ မြို့ နယ် လမ်း၈၀၊ ၂၉ လမ်း နှင့် လမ်း၃၀ ကြားရှိ မောင် ကိန်း ရွှေဆိုင် အား ဒီဇင် ဘာ ၂၄ ရက် ည နေ ၅ နာရီ ၄၅ မိနစ်ခန့်က ပစ္စတိုတစ်လက်ဖြင့် တစ်ကိုယ်တော် ဓားပြတိုက်ခဲ့သော အားရှန့် သည် မန္တလေးမြို့ ၆၄ လမ်း၊သိပ္ပံလမ်း တောင် ဘက်တွင် နေထိုင်ကြောင်း၊

ဦးလေး ဖြစ်သူမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း ၊ ၎င်းကိုင် ဆောင် ခဲ့ သည့် သေနတ်အား ဦးလေးဖြစ်သူ နေထိုင် သည့် လောက်ကိုင် ရှိ နေအိမ်အ စောင့် ကိုးကန့်များ ထံမှ ယူဆောင် လာခြင်း ဖြစ်ကြောင်း ၎င်းသတိရ လာချိန်တွင် ထွက်ဆိုခဲ့သည်။

အားရှန့်၏ ဦးလေးဖြစ်သူမှာ ဦးလျူကွယ် ရှီ (ကိုးကန့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) တစ်ဦးဖြစ်ပြီး ၎င်း နေထိုင် သည့် နေအိမ်ကို ရှာဖွေသော်လည်း မသင်္ကာဖွယ် ပစ္စည်း တစ်စုံတစ် ရာ မ တွေ့ကြောင်း သိရသည်။

ထို့နောက် အားရှန့်၏ ကျန်းမာရေး အ ခြေ အ နေ ကြောင့် ဆက်လက် မေးမြန်းနိုင်ခြင်း မရှိသေးဘဲ အနီးကပ် စောင့်ကြည့်နေ ကြောင်း သိရသည်။

မန္တလေးသတင်းတပ်ဖွဲ့

No comments: