မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Wednesday, December 25, 2013

အရက်သောက်ပြီးအသိစိတ်ပျောက်နေစဉ် မိမိကလေးငယ်အား ရိုက်သတ်မှုဖြစ်ပွား



မိုးညှင်း၊ ဒီဇင်ဘာ၂၅၊၊

ကချင်ပြည်နယ်မိုးညှင်းမြို့နယ် အင်ကြင်းကုန်းအုပ်စု၊ မရင်းကုန်းကျေးရွာတွင် အရက်သောက်စားပြီး မူးယစ်ကာ အသိစိတ်
ပျောက်နေစဉ် မိမိ၏ရင်သွေး ကလေးငယ်(၁၁)လသားအား ဒီဇင်ဘာ၂၂ညနေတွင်ဖခင်ကိုယ်တိုင် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးညှင်းရဲစခန်း
မှသိရသည်။

မရင်းကုန်းကျေးရွာနေ သိန်းစိုး (ခ)အိုက်စိုးသည် ညနေ၆း၃၀တွင်နေအိမ်မှ မိမိရင်သွေးသားငယ်ကို ခေါ်ဆောင် ၍ဆိုင်ကယ်ဖြင့် အိမ်အပြင်သို့ထွက်သွားခဲ့သည်။ ဇနီးဖြစ်သူဒေါ်လဲ့လဲ့ဝင်းထွန်းမှ စိတ်မချသဖြင့်ဦးလေးဖြစ်သူ ဦးထွန်းရီနှင့်အတူ ၎င်း
၏ခင်ပွန်း စိုင်းသိန်းစိုးအားရှာဖွေခဲ့ရာ သာယာကုန်းရွာ သင်္ချိုင်းကုန်းတွင် တွေရှိခဲ့ကြောင်း ဒေါ်လဲ့လဲ့ဝင်းထွန်းမှပြောသည်။

ကလေးငယ် အအေးပတ်မည်ကို စိုးရိမ်၍ အိမ်သို့အိမ်ပြန်ရန် ပြောခဲ့သဖြင့် မိမိရင်သွေးငယ်(၁၁)လသားအား ခြေထောက်နှစ်ချောင်းကို ကိုင်ပြီး
ဝှေ့ရမ်းကာ ဆိုင်ကယ်ဖြင့် ရိုက်ချလိုက်သည်ဟုဆိုသည်။

ကလေးငယ်မောင်ထွန်းမြင့်အောင်အားမိုးညှင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ပို့ခဲ့ရာ ည၈နာရီတွင် သေဆုံးခဲ့သည်။ ကလေးငယ်၏ ဦးခေါင်းယာဘက်ချို စောင်းတွင် ပေါက်ပြဲဒဏ်ရာ၁ချက် ရရှိပြီး ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့ကြောင်း ပြည်သူ့ဆေးရုံမှတ်တမ်းအရ သိရသည်။
အရက်သေစာ သောက်စားမူးယစ်ပြီး လတ်တလောအသိစိတ်ပပျောက်နေသဖြင့် မိမိ၏သားငယ်မှန်း မသိနိုင်တော့ဘဲ ရိုက်သတ်ခဲ့ကြောင်း အမှုစစ်ဒုရဲမှူးဦးလှထွေးထံမှသိရသည်။

မိုးညှင်းမြို့နယ်အတွင်း ပထမဦးဆုံးမိမိရင်သွေးကို သတ်မိသည့် အမှုဖြစ်ကြောင်း၊ ဒေါ်လဲ့လဲ့ဝင်းထွန်းမှ တရားလိုပြုလုပ်ပြီး မိုးညှင်းမြို့မ ရဲစခန်းတွင်ခင်ပွန်းဖြစ်သူအား အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားထားကြောင်း ဒုရဲအုပ်စောအောင်ဝင်းဝင်းမှပြောခဲ့သည်။

အသက်၂၁နှစ်ရှိ တရားခံစိုင်းသိန်းစိုး(ခ)အိုက်စိုးအား မိုးညှင်း မြို့မရဲစခန်းမှ(ပ)၈၁/၂၀၁၃ပြစ်မှုပုဒ်မ ၃၀၂အရ အရေးယူထားကြောင်း သိရသည်။

သီဟအောင်(ကချင်)

No comments: