Friday, December 27, 2013

သူ့အတွေး သူ့အမြင်

ပီကင်းအိုလံပစ် အသေးစားလို့
သတ်မှတ်လို့ ရနိုင်တဲ့ Sea Games
ပြိုင်ပွဲကြီး ပြီး တဲ့ နောက်ပိုင်းမှာ မြစ်ဆုံ
စီမံကိန်းနဲ့ ပါတ်သက်တဲ့ အသံတွေ
ပြန်လည်ပြီး ကျယ်ကျယ်လောင်လောင်
ထွက်ပေါ်လာတာကို တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတ
သက်တမ်းအတွင်းမှာ မြစ်ဆုံစီမံကိန်းကို
ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပေမယ့်
မြစ်ဆုံပြဿနာကို ပြတ်ပြတ်သားသား
ဖြေရှင်းခဲ့တာမျိုး မဟုတ်ပဲ ၂၀၁၅
နောက်ပိုင်းမှာ ပေါ်ပေါက်လာမယ့် အစိုးရ
နှင့် လွှတ်တော်လက်ထဲကို ထိုးထည့်ခဲ့ခြင်း
သည်သာလျှင် ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ရခိုင်ပြည်နယ်အတွင်း
ဖြစ်ပွားခဲ့တဲ့ အထိကရုဏ်းတွေကို အခွင့်
ကောင်းယူပြီး ဦးသိန်းစိန်အစိုးရရဲ့ အကူ
အညီနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း
စီမံကိန်းတွေကို အောင်မြင်စွာ အကောင်
်အထည် ဖေါ်သွားနိုင်ခဲ့တယ်။ ဒါ့အပြင်
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့အတွက်
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့
သေချာနေတဲ့ NLD ပါတီက ပါတီဝင်
အချို့ကို တရုတ်နိုင်ငံသို့ မကြာခဏ
ဖိတ်ခေါ်ပြီး ချဉ်းကပ်မှု ပြုလုပ်နေသလို
၈၈ မျိုးဆက် အဖွဲ့ကိုပါ ဖိတ်ခေါ်ခဲ့တာ
တွေ့ရတယ်။
၈၈ အဖွဲ့ကတော့ မြစ်ဆုံစီမံကိန်း ပြန်စဖို့
ကို ဆန့်ကျင်တဲ့အကြောင်း အခိုင်အမာ
ပြောဆိုခဲ့တာ တွေ့ရတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နဲ့
ပါတ်သက်ပြီး နိုင်ငံတကာ နဲ့ ပါတ်သက်တဲ့
စာချုပ်စာတမ်းတွေကို လေးစားလိုက်နာ
ကြဖို့ လိုတဲ့အကြောင်း ဒေါ်အောင်ဆန်း
စုကြည် ပြောဆိုခဲ့တဲ့ စကားကို သံယောင်
လိုက်ကာ တရုတ်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်
အချို့က မြစ်ဆုံစီမံကိန်းနဲ့ ပါတ်သက်လို့
နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာ
ကြဖို့ လိုတဲ့အကြောင်း ဆီးဂိမ်းပွဲ နောက်ပိုင်း
မှာ ပြန်ပြီး ကျယ်ကျယ်လောင်လောင်
အော်ဟစ်လာကြတာကို တွေ့ရပါတယ်။

ပုံမှန်အားဖြင့် နိုင်ငံတကာနဲ့ ပါတ်သက်တဲ့
စာချုပ်စာတမ်းတွေ ၊ ဥပဒေတွေကို လေးစား
လိုက်နာကြရမယ်ဆိုတာ မှန်ပေမယ့်
စာချုပ်တွေကို ချုပ်ဆို လက်မှတ်ရေးထိုးခဲ့တဲ့
နအဖ စစ်အစိုးရဟာ ပြည်သူတွေက
တရားဝင် ရွေးချယ် တင်မြှောက်ထားတဲ့
တရားဝင် အစိုးရမဟုတ်ဘူးဆိုတာကိုတော့
တရုတ်ဖက်က မသိချင်ယောင်ဆောင်နေ
ခဲ့တာ တွေ့ရတယ်။

စစ်အာဏာရှင် ကဒါဖီ အစိုးရ ပြုတ်ကျဖို့
ရက်ပိုင်းအလိုမှာ တရုတ်ရေနံကုမ္ပဏီအချို့
ဟာ တကမ္ဘာလုံးက သြချရလောက်အောင်
မျက်နှာပြောင်တိုက်ပြီး ကဒါဖီအစိုးရနဲ့
စီးပွားရေးအကျိုးတူ စာချုပ်တွေ ပြေးပြီး
ချုပ်ဆိုခဲ့တာ မှတ်မိကြမယ်လို့ ထင်ပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ ပါတ်သက်ပြီး နိုင်ငံတကာ
ကျင့်ထုံးတွေကို လိုက်နာဖို့ တရုတ်အစိုးရ
အနေနဲ့ အော်နေမယ့်အစား ပိုပြီးတော့
အကျိုးစီးပွား ဖြစ်ထွန်းစေနိုင်တဲ့ ရေနံစာချုပ်
တွေအတွက် လက်ရှိ လစ်ဗျားအစိုးရကို
သွားအော်တာက တရုတ်နိုင်ငံအတွက်
ပိုပြီးတော့ အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။

No comments: