Wednesday, December 25, 2013

မြန်မာတပ်က သူတို့ လူတွေ ရာထူးတက်ဖို့  ဘယ်လို ဖြီးထားတယ်ဆိုတာ ဖတ်ကြည့်ကြဗျာ ။

မြန်မာတပ်က သူတို့ လူတွေ ရာထူးတက်ဖို့ 
ဘယ်လို ဖြီးထားတယ်ဆိုတာ ဖတ်ကြည့်ကြဗျာ ။


 
 
 
သူရဲကောင်းတို့ သမိုင်း အပိုင်း(၁) ၀ါးခသစ် (ကော့မူးရာ) ၀ါးခသစ်ဒေသနှင့် ကိုက်၂၀၀၀ အကွာတွင် ရှိသော KNU တို့ အခိုင်မာတပ်ဆွဲထားတဲ့ ၀ါးခသစ်စခန်း သောင်ရင်းမြစ်က အိုမီဂါ(ရေအို) ပုံစံကွေ့ ဝိုက်စီးဆင်းပြီး ၀င်ပေါက်မှာ မီတာသုံးရာ ခန့် သာရှိသည် သောင်းရင်းမြစ်တစ်ဘက်ကမ်းတွင် ထိုင်းနိုင်ငံရှိသည် ဒါ့ကြောင့် ထိုဝါးခသစ်စခန်းကို တိုက်ရန် ၀င်ပေါက်တစ်ပေါက်သာရှိသည် အဲ့ဒီ ၀င်ပေါက်မှာ အပြောင်ရှင်း သံဆူးကြိုးခြောက်ထပ်ကာပြီး မိုင်းအထပ်ထပ်ခင်းထားတဲ့ သတ်ကွင်းရှိသည် သတ်ကွင်းထိပ်မှာ ကွန်ဂရစ် ဘန်ကာ၆လုံး ၁၂၀မမ စိန်ပြောင်း ၁၀၇မမ လောင်ချာ ၈၂မမ စိန်ပြောင်း ၇၅နောက်ပွှုင့်ရိုင်ဖယ် ၆၀မမ စိန်ပြောင်း ၅၇နောက်ပွင့်ရိုင်ဖယ် ပွိုင့်၅ စက်သေနတ်ကြီးများဖြင့် အခိုင်မာနေရာယူထားခဲ့သည် ထို့ ကြောင့် ၀ါးခသစ်စခန်းကို မည်သည့် ခြေလျင်တပ်ရင်းမှ မသိမ်းနိုင် ဟုကြွေးကြော်ကြသည် ၀ါးခသစ် စခန်း ဘယ်နှင့်ညာမှာ စိုးမိုးထားသော အချက်ခြာတောင်ကုန်းနှစ်ခုရှိသည် ပွိုင့်၁၁၀၈ ခပ်ဖလူးကုန်းနှင့် ပွိုင့်၁၀၂၈ ကာလူးကုန်းတို့ ဖြစ်သည် ၀ါးခသစ်စခန်းတွင် ကေအင်ယူ ဗိုလ်မှုးကြီး အဆင့်ရှိသော ထောလှ ဦးစီးသော အထူုးတပ်ရင်း၁၀၁ မှ အင်အား၅၀၀ ခန့်  ကေအန်ယူတပ်မဟာ(၆) တပ်ရင်း၁၆ ABSDF တပ်ရင်း ၂၀၁ ရခိုင်လွတ်မြောက်ရေးနှင့် မူဆလင်သောင်းကျန်းသူအင်အား၃၀၀ခန့်  စုစုပေါင်းအင်အား၈၀၀ခန့်  တပ်မတော်မှာ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဦးစီးသည့် အဖွဲ့ သည် ဘာအံ သင်္ကန်ညီနောင် ပွိုင့်၁၄၅၀ ပွိုင့်၁၂၇၉တို့ တွင်အခြေပြုပြီး ၀ါးခသစ် စခန်းတိုက်ပွဲကို တိုက်ရိုက်ကွပ်ကဲလျှက်ရှိသည် တပ်မတော်မှ တပ်မ(၄၄) စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ (၃)ဖွဲ့ လက်အောက်ခံ တပ်ရင်း၁၀ရင်း အမြောက်စခန်းလုံခြုံရေး ဆက်သွယ်ရေးလမ်းကြောင်းလုံခြုံရေးအတွက် တပ်မ(၂၂)လက်အောက်ခံ နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ (၁)ဖွဲ့ နှင့် တပ်ရင်း(၃)ရင်း ၁၂၀ မမစိန်ပြောင်းကြီး ၂၂ လက် ၁၀၆ မမနောက်ပွင့်ရိုင်ဖယ် ၆ လက် ၁၀၅ မမ အမြောက် ၆ လက် ၇၆ မမ တောင်ပေါ်ပစ်အမြောက် ၈လက် ပွိုင့်၅ စက်သေနတ်ကြီး ၂၀ လက်တို့ ပါဝင်သည် ၁၉၉၄ ဒီဇင်ဘာ၁၉ ရက်နေ့ တွင် အမှတ်(၂) ခြေမြန်တပ်ရင်းဖြင့် စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့သော်လည်း ရန်သူသတ်ကွင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ ဒီဇင်ဘာ ၂၁ရက်နေ့ တွင် အမှတ်(၁)ခြေမြန်တပ်ရင်းဖြင့် နောက်တစ်ကြိမ်ထိုးစစ်ဆင်ခဲ့ပြန်သည် သို့ သော် အထိခိုက်အကျဆုံးများခဲ့ပြီး အောင်မြင်မှုမရရှိခဲ့ပေ ၁၉၉၅ ဖေဖော်ဝါရီလ ၈ရက်နေ့ မှာတော့ ပထမ ထိုးစစ်ဆင်ရာတွင် လန်ကျခဲ့သော အမှတ်(၁)တပ်ရင်း နှင့် အမှတ်(၂)တပ်ရင်းအပါဝင် (၁၁၈)ခြေမြန်တပ်ရင်းပါပူးပေါင်းပြီး တပ်ရင်းသုံးရင်းဖြင့် အသေခံဝင်ရောက်တိုက်ခိုက်ကြသော်လည်း စခန်းကိုသိမ်းပိုက်နိုင်းခြင်းမရှိဘဲ တပ်မတော်မှ စစ်သည်ရဲဘော်များ အရာရှိများ ကျဆုံးခဲ့ရသည် ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြသည် ထို့ နောက် ၁၉၉၅ ဖေဖော်ဝါရီ(၂၀)တွင် တိုက်ခိုက်ရေး စစ်ကြောင်းနှစ်ကြောင်း ဖွဲ့ စည်းပြီး ထပ်မံတိုက်ခိုက်ခဲ့သည် ဘုရင့်နောင်စစ်ကြောင်းတွင် အမှတ်(၄၄၂)နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ နှင့်ရှေ့ တန်းအမှတ်(၂)ခြေမြန်တပ်ရင်းနှင့် အမှတ်(၃)ခြေမြန်တပ်ရင်းက ညာဘက်ခြမ်းမှလည်းကောင်း အောင်ဇေယျစစ်ကြောင်းတွင်အမှတ်(၄၄၁)နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ နှင့် အမှတ်(၂)ခြေလျင်တပ်ရင်း အမှတ်(၁)ခြေမြန်တပ်ရင်းတို့ သည် ဘယ်ဘက်ခြမ်းမှ လည်းကောင်းတိုက်ခိုက်ခဲ့ကြသည် စစ်ကူများအနေဖြင့် ၁၀၅ မမအမြောက်များ ၈၁မမစိန်ပြောင်းများ ၃လက်မစိန်ပြောင်းများ တောင်ပေါ်ပစ်အမြောက်များကို အသုံးပြုခဲ့ကြသည် ဖေဖော်ဝါရီလ၂၁ ရက် ၁၄၃၀နာရီတွင်စတင်ရု အမြောက်များဖြင့် ရန်သူ့ ဘန်ကာများ ခြံစည်းရိုးနှင့် မိုင်းကွင်းများကို ကြိုတင်ပစ်ခတ်ထားပြီး ရပ်ဆိုင်းသည်နှင့်တပြိုင်နက် တပ်မတော်မှ အင်အားသုံးရု တိုက်ခိုက်ခဲ့ကြသည် ထိုတိုက်ပွဲတွင် အရာရှိ၆ဦး စစ်သည်၁၂၅ဦး ကျဆုံးခဲ့သည် တိုင်းမှုးကိုယ်တိုင် ပွိုင့်၁၁၀၈ ခပ်ဖလူးကုန်းမှတိုက်ခဲ့သည် . ပိန်းပိတ်မှောင်နေတဲ့ ကြားကပဲ ၀ါးခသစ်စခန်းရဲ့ ရှေ့ မျက်နှာစာတည့်တည့်ကနေ.... မိုင်ကွင်းနဲ့ ခြံစည်းရိုး အတားအဆီးတွေကို ထိုးဖောက်ဝင်ရောက်နေခဲ့ပြီး... ည ၁၁ နာရီချိန်မှာတော့ . စည်းရိုး ခြောက်ထပ်ကို.... ဖျက်ဆီးဝင်ရောက်ခဲ့သည် နောက်ဆုံးတွင် ရန်သူများ သောင်ရင်းမြစ်တစ်ဘက်ကမ်းရှိ ထိုင်းနိုင်ငံသို့ ထွက်ပြေးရသည် ၀ါးခသစ်စခန်းကို ရရှိခဲ့ကြသည် နောက်ဆက်တွဲတွေကတော့ အသက်ပေါင်းများစွာ စတေးခဲ့ရသည် တိုက်ပွဲလေးကြိမ်တွင် ၅၀၀ခန့် ကျဆုံးခဲ့ပြီး ၁၈၀၀ကျော် ဒါဏ်ရာရှိခဲ့သည် မုဆိုးမ များစွာ ငိုကြွေးခဲ့ရသည် ကလေးပေါင်းများစွာ အဖေမဲ့ ခဲ့ရသည် ၀ါးခသစ် စခန်းတွင် နှစ်ဘက်စစ်သည်များအတွက် ရည်းစူးပြီး အကျွတ်လွတ်စေတီတည်ထားခဲ့သည် စစ်ပွဲတွေရဲ့  နောက်ဆုံးမှာ ငြိမ်ချမ်းရေးရှိသည် သူတို့ တွေ တမလွန်ကနေ ပြုံနေကြမှာသေချာပါတယ် မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေး ဆိုလိုက်တာနဲ့ သူတို့ ကိုမမေ့ကြပါနဲ့ အမြဲတမ်း ကျွန်တော်တိုင်းပြည်ရဲ့ သူရဲကောင်းတွေပါ အမျိုးကိုပျောက်လို့ မရသလို သမိုင်းကိုလည်း ဖျောက်လို့ မရပါဘူး ယခုတော့ တပ်မတော်နဲ့ ကေအန်ယူ ငြိမ်းချမ်းရေး ရွှေလက်တွဲပြီး ကရင်ပြည်နယ်အကျိုးကို သယ်ပိုးနေကြပြီလေ ရဲရင့်လင်း ကျွန်တော်သိသလောက် မှတ်သားပြီး တင်ပြလိုက်တာပါ မပြည့်စုံတာများ အမှားများပါရင်ပြင်ပေးကြပါခင်ဗျာ photo ၀ါးခသစ်စခန်းကို လေကြောင်းဓါတ်ပုံ ရိုက်ကူးထားပုံ

No comments: