Monday, December 23, 2013

ရခိုင်-ဘင်္ဂလား နယ်စပ်လုံခြုံမှု အခြေအနေက ဤသို့....


သဘာဝဘေးအန္တရာယ်နှင့် ခိုးယူမှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ပျက်စီးပျောက်ဆုံးမှု ဖြစ်ပေါ် Created on Sunday, 22 December 2013 16:59 သဘာဝဘေးအန္တရာယ်နှင့် ခိုးယူမှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ပျက်စီးပျောက်ဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ မောင်တောမြို့နယ်မြောက်ပိုင်း တောတွင်းနယ်မြေများတွင် မိုးတွင်းကာလအတွင်း တောင်ကျရေများကြောင့် နိုင်ငံခြံစည်းရိုး ပျက်စီးခြင်းများ၊ ပင်လယ်ရေ တိုက်စားသဖြင့် ကမ်းပါးပြိုဆင်းကာ ခြံစည်းရိုး ပြိုပျက်စီးမှုနှင့် ကုန်းမြေချင်း ထိစပ်လျက်ရှိသည့် ဒေသများတွင် တစ်ဖက်နိုင်ငံမှလူများ ခိုးယူခြင်းကြောင့် ခြံစည်းရိုးများ ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာမှာ နယ်စပ်ခြံစည်းရိုး စတင်တည်ဆောက်ခဲ့သည့် ပင်လယ်ကမ်းစပ် နေရာများဖြစ်ပြီး မောင်တောမြို့နယ် ညောင်ပင်ကြီး၊ မှိုဝင်ချောင်းကင်းစခန်း အနီးတွင် ပေ ၅၀၀ ခန့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပျက်စီးသွားသည့် နေရာမှာ နယ်စပ်ခြံစည်းရိုး စတင်သည့်နေရာမှဖြစ်ပြီး သဲသောင်ပြင်ကြီးအား မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ခြံစည်းရိုး ပျက်စီးရခြင်း ဖြစ်ကြောင်းနှင့် ပြန်လည်ပြုပြင် တည်ဆောက်မှုများ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ပျက်စီးသွားသည့် နယ်စပ်ခြံစည်းရိုးများကို စစ်မြေပြင် အင်ဂျင်နီယာတပ်မှ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေပြီဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများမှာ ဇန်န၀ါရီလခန့်တွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်း ခြံစည်းရိုးလုပ်ငန်းကို လုပ်ကိုင်နေသည့် စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။ ခြံစည်းရိုးရှိ သံဆူးကြိုးခွေများ ပျောက်ဆုံးခဲ့သည့် နေရာမှာ မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၄၆ နှင့် ၄၈ ကြားရှိ ခြံစည်းရိုးအခန်းပေါင်း ၄၉၆ ခန်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး သံဆူးကြိုးခွေပေါင်း ၂၀၀၀ နီးပါး ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ပျောက်ဆုံးခဲ့မှုအား အောက်တိုဘာလအတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ပြန်လည်ပြုပြင် တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရွာတွေနဲ့ နီးတဲ့နေရာတွေမှာ အခိုးခံရတာ ဖြစ်တယ်။ ခြံစည်းရိုး တည်ဆောက်စကတည်းက သံဆူးကြိုးခွေတွေဖြတ်ပြီး အခိုးခံရတာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဒီကသံဆူးကြိုးတွေနဲ့ စိုက်ပျိုးရေးခြံတွေကို ကာရံကြတယ်လို့ ကြားတယ်။ ခြံစည်းရိုး တည်ဆောက်ထားပေမယ့် လုံခြုံရေး အပြည့်မရှိတော့ အခိုးခံနေရတာ ဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများအား ၂၀၀၉ ခုနှစ်ကတည်းက စတင်ကာရံခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တည်ဆောက်ပြီး ခြံစည်းရိုးများ ပျက်စီးမှုများ ကြုံတွေ့လာရခြင်း ဖြစ်ကြောင်းနှင့် သံဆူးကြိုးခွေများ ပျောက်ဆုံးမှုများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအရာရှိများအဆင့် ဆွေးနွေးပွဲများတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။ မောင်တောမြို့နယ်တောင်ပိုင်း နတ်မြစ်ဝမှ စတင်ကာရံခဲ့သည့် နယ်စပ်ခြံစည်းရိုးမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံ နယ်စပ်အထိ မိုင်တိုင် ၁၆၈ မိုင် ရှည်လျားသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တစ်နေရာ၌ ပျက်စီးနေသည်ကို တွေ့ရစဉ် Eleven Media Group

No comments: