Saturday, December 28, 2013

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် နိုင်ငံရေးမလုပ်ရန် အလိုတော်ပြည့်ဆရာတော် ပြင်းပြင်းထန်ထန်သတိပေး



 ဒကာကြီး ဘာသာရေး လုပ်မယ်ဆိုရင် လုပ်လို့၊ နိုင်ငံရေး ဆိုရင်တော့ ကိုယ့်လမ်း ကိုယ် လျှောက်တော့ လို့၊ ဒီခံစားချက် တွေက ဘာထူးလဲ . . .
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ယခင် စစ်အစိုး ရန၀တ၊ နယက လက်ထက်တွင် တပ်မတော် ထောက် လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်ယူ ခဲ့သည့် ဗိုလ်ချုပ်ကြီး ဟောင်းဦး ခင်ညွန့်ကို နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ပြီး    နောက် လက်ရှိ မြန်မာ့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်နှင့် နိုင်ငံရေး မလုပ်မိစေရန် ပြည်တွင်းပြည်ပ သာသနာပြု အဂ္ဂမဟာပဏ္ဍိ တ ဒေါက်တာ ဘဒ္ဒန္တ အရိယ၀ံသ အလိုတော်ပြည့် ဆရာတော် ဘုရား ကြီးက ပြင်းပြင်းထန်ထန် သတိပေး ပြော ကြားမှုရှိခဲ့ကြောင်း အလိုတော်ပြည့်ဆရာတော်က မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။
၂၀၀၄ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်နှင့် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးတာဝန်တို့မှ အနားပေး ခြင်းခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကာ ၂၀၁၀ ရွေး ကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်ရောက်မှသာ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ယခင်စစ်အစိုးရလက်ထက် ၎င်းနှင့် ဆရာတပည့်ရင်းများအဖြစ် အစိုးရ သတင်း မီဒီယာများ ဖော်ပြချက်အရ အများပြည်သူက သတ်မှတ်ခြင်းခံခဲ့ရသည့် …အဂ္ဂမဟာ ပဏ္ဍိတ အလိုတော်ပြည့် ဆရာတော် ဘုရားကြီး ကိုယ်တိုင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ န၀ဒေးလမ်းသွယ်ရှိ ဦးခင်ညွန့်၏ အကျယ်ချုပ်နေထိုင်ခဲ့ရာ နေအိမ်သို့ ကြွရောက်၍ အားပေးခဲ့ပြီး သီတဂူဆရာတော် ကြီးနှင့် ကျိုက်ထီးဆောင်း ဆရာတော်ကြီး တို့ကလည်း ဦးခင်ညွန့်အား အားပေး ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချင်း ယခင်ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ အစိုးရ လက်ထက်တွင် တာဝန်များမှ အနားပေးခြင်း ခံခဲ့ရသော အစိုးရ၀န်ကြီးဟောင်းများ၊ ဇေကမ္ဘာ ဦးခင်ရွှေနှင့် ယခင် ဦးခင်ညွန့်ရင်းနှီး ပတ်သက်ခဲ့သော သူဌေးကြီးများလည်း လာရောက် အားပေးခဲ့ခြင်း သမ္မတ ဦးသိန်းစိန်၏ ကိုယ်စားပြည်သူ့ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအောင် သောင်း (ကြံ့ ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ)နှင့် ဦးသိန်းဇော်(ကြံ့ခိုင်ရေး ပါတီတွဲဖက် အထွေထွေအတွင်းရေးမှူး)တို့လည်း စား နပ်ရိက္ခာများနှင့် အတူဦးခင်ညွန့်ကို နေအိမ် သို့လာရောက် အားပေးခဲ့ခြင်း၊ ၎င်းတို့မှ သမ္မတကြီး၏ အမှာပါး လိုက်သော စကားများကို ဦးခင်ညွန့်သို့ တစ်ဆင့်ပြန်ကြားပြော ဆိုခဲ့ကြောင်း၊ ထို့နောက်တွင် ဦးခင်ညွန့်က ဇာတိရပ်ရွာ ကျောက်တန်းမြို့သို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအချို့ ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရ အကျဉ်းထောင်များတွင် မလွတ်သေးသည့် ၎င်း၏ တပည့် များဖြစ်ကြသော ယခင်ထောက်လှမ်းရေး ဟောင်းများ လွတ်မြောက်ရေး အတွက်လည်း ဦးခင်ညွန့်မှ ကြိုးပမ်းပြောဆိုမှု များရှိခဲ့ခြင်း၊ ဦးခင်ညွန့်၏ လူမှုရေး၊ ဘာသာရေး အခမ်းအနားများ တက်ရောက်သည့် သတင်းများကို မီဒီယာများတွင်ဖော် ပြလာခြင်း၊ ယခင်အစိုးရ လက်ထက် ထောက်လှမ်းရေး တာဝန်ထမ်းဆောင်ခဲ့သော အတွေ့အကြုံများကို အင်တာဗျူး ပြုလုပ်ပြီး စာအုပ် ထုတ်ဝေမှု များရှိလာခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ၎င်းအနေဖြင့် မီဒီယာများကို အားကိုးကြောင်း၊ မီဒီယာများ လွတ်လပ်ခွင့်ကို လိုလားကြောင်း၊ ပါတီနိုင်ငံရေး မလုပ်ဘဲ အမျိုးသား နိုင်ငံရေးသာ ဆောင်ရွက်လိုခြင်း ဖြစ်ကြောင်း ထုတ် ဖော် ပြောကြားမှုများ ရှိခဲ့သည်။
အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော်ကြီးမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ယနေ့မြန်မာ့ နိုင်ငံရေး တွင် ပါဝင်ပတ်သက်ခြင်းကို အားမပေးကြောင်း၊ ဘာသာရေး သက်သက်ကို သာလုပ် ဆောင်စေလိုတော့ ကြောင်း မိန့်ကြားခဲ့ရာတွင် ““ဒကာ ကြီး ဘာသာရေးလုပ်မယ်ဆိုရင်လုပ်လို့၊ နိုင်ငံရေးဆိုရင်တော့ ကိုယ့် လမ်းကိုယ် လျှောက်တော့လို့၊ ဒီခံစားချက် တွေကဘာ ထူးလဲ၊ ဘာသာတရား လုပ်ပြီးတော့ ကိုယ့် ဘာသာ ကိုယ် အေးအေး ဆေးဆေး တရား အားထုတ်ပေါ့””ဟု ပြောခဲ့ကြောင်း မြန်မာ သံတော်ဆင့်သို့ မိန့်ကြားသည်။
အလိုတော်ပြည့် ဆရာတော်သည် ယခင် စစ်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ စ၍ ယခုအစိုးရ လက်ထက် ဗိုလ်ချုပ်ကြီးများ တိုင်အောင် ဆည်းကပ် ကိုးကွယ်မှုများ ခံရသည့် ဆရာတော်တစ်ပါး ဖြစ်ပြီး ပုဂံဒေသတွင် ရှေးဟောင်းဘုရားများကို ပြန်လည် ပြုပြင်တည်ထား၍ ရွှေထီးတော်တင်လှူခြင်း၊ ရခိုင်ဒေသတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း၊ မဟာမုနိ ရွှေထီး တော်တင်ခြင်း၊ မုန်စဲကျွန်း ဗုဒ္ဓပါဒ ခြေတော်ရာကို ပြန်လည်ဖော်ထုတ်၍ ဘုရား၊သိမ်၊ ကျောင်း၊ ဇရပ်များလှူဒါန်းခြင်း၊ နဂါးများ အား လှူဒါန်းခြင်း၊ ပရဟိတလုပ်ငန်းများ လုပ်ဆောင်လျက်ရှိခြင်းတို့ကြောင့် လူအများ ယုံကြည် ကိုးကွယ်ခြင်း လည်း ခံရလျက် ရှိသည်။ အစိုးရပိုင်းနှင့် တပ်မတော် ဗိုလ်ချုပ်ကြီးများ၏ ကိုးကွယ်ခြင်းခံရသော အလိုတော် ပြည့် ဆရာတော်ဘုရားကြီး အနေဖြင့် လက်ရှိနိုင်ငံရေးအခြေ အနေတို့ အတွက် အကြံပေးခြင်း၊ သြ၀ါဒပေးခြင်း ရှိ၊ မရှိကိုလည်း ““နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ချင်တဲ့ စိတ်လည်း မရှိဘူး၊ လုပ်လည်း မလုပ်တတ်ဘူး၊ အမျိုးသားရေးနဲ့ ဘာသာရေးနဲ့ ပတ်သက်ရင်တော့ တတ်နိုင်သမျှ ကူညီပေးတယ်”” ဟု မိန့်ကြားသည်။
၂၀၁၃ခုနှစ် နှစ်လယ်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အလိုတော်ပြည့် ဆရာတော် ဘုရားကြီးကို နေပြည်တော်သို့ ပင့်ဖိတ်၍ ရခိုင်အရေးကူညီ ဆောင်ရွက် ပေးနိုင်ပါရန်နှင့် လိုအပ်သောအကြံဉာဏ် များ ရယူခဲ့ ကြောင်းကို ““သမ္မတကြီးက ရခိုင်ကိစ္စငြိမ်အောင် ဆရာတော် တတ်နိုင်သမျှ လုပ်ပေးပါဆိုတော့ အမျိုးသားရေး သက်သက် ရခိုင်အမျိုးသားတွေကို တရားဟောပြီးတော့ အေးအေးဆေးဆေး နေဖို့ အဲလောက်ပဲ ငါပြောခဲ့ တာပါ၊ ရခိုင်တွေ အကုန်လုံးစည်းရုံး၊ ရခိုင်ပြည်နယ် ဆင်းပြီးတော့ တရားဟောပြ၊ တစ်လလောက်တော့ ဘုန်းကြီး အနေနဲ့ ထိန်းပေးရတယ်။ အဲဒီ နောက်ပိုင်းတော့ အကုန်လုံးငြိမ်သွားတယ်။ သမ္မတကြီး ပြောတဲ့ အတိုင်း လုပ်ပေး လိုက်တာပဲ။ လူထုကတော့ ကိုယ်ပြောတာ နားထောင်တယ်၊ နားထောင်လို့ ငြိမ်သွားတယ်၊ အစိုးရကလည်း လုပ်လို့မှ မရတော့ဘဲ ၀န်ကြီးတွေလွှတ်၊ စည်းရုံး၊ တော် ကြာပျက်၊ စည်းရုံး၊ ပိုပြီးတော့ ဆိုးလာတာ ရှိတယ်၊ အဲဒါကြောင့် သမ္မတကြီးက တတ်နိုင်သမျှ လုပ်ပေးပါ ပြောတော့ လုပ်ပေးလိုက် တော့ အခု တာဝန်ကျေသွားတယ်၊ ငါကလည်း နိုင်ငံရေးဆိုလုပ်လည်း လုပ်ဖူးတာ မဟုတ်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး””ဟု အလိုတော်ပြည့် ဆရာတော်က မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။
သမ္မတ ဦးသိန်းစိန်က ရခိုင်အရေး အလိုတော်ပြည့်ဆရာတော်ထံမှ သြ၀ါဒခံယူခဲ့ ပြီးနောက်တွင် ရန်ကုန်မြို့၊ တာမွေ အလိုတော်ပြည့်ကျောင်းတိုက်သို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့လာရောက် ကာဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်း၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တာမွေ၊ အလိုတော် ပြည့်ကျောင်းတိုက်သို့ လာရောက်၍ အလိုတော်ပြည့် ဆရာတော်ထံမှ သြ၀ါဒခံယူခြင်း များ ရှိခဲ့သည်။
MH-0011

No comments: