မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Sunday, December 22, 2013

မောင်တောခရိုင်အတွင်း UNHCR က နိုင်ငံသားဖြစ်နိုင်ရန် အရည်အချင်းရှိသည့် ဘင်္ဂါလီစာရင်း ကွင်းဆင်းကောက်ယူနေ

 မောင်တောခရိုင်အတွင်း UNHCR က နိုင်ငံသားဖြစ်နိုင်ရန် အရည်အချင်းရှိသည့် ဘင်္ဂါလီစာရင်းကို ကွင်းဆင်းကောက်ယူနေသည်ဟု သတင်းရရှိသည်။ ယင်းလို့ လုပ်ဆောင်နေကြောင်းကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီရိမင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သည့် နိုင်ငံတကာ အင်န်ဂျီအိုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌတို့ တွေ့ဆုံပွဲတွင် UNHCR မှ တာဝန်ရှိသူတစ်ဦးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ နိုင်ငံသားဖြစ်ခွင့် အရည်အချင်းရှိသည့် ဘင်္ဂါလီစာရင်း ကောက်ယူနေခြင်းနှင့်ပတ်သက်ပြီး UNHCR ၏ ရှင်းလင်းချက်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။ "UNHCR က သူတို့လုပ်နေတဲ့အပိုင်း ဆွေးနွေးတင်ပြချက်မှာဆိုရင် မွေးစာရင်း မတင်ရသေးတဲ့ ကလေးအရေအတွက်နဲ့ နိုင်ငံသားဖြစ်ခွင့် အရည်အချင်းရှိတဲ့ ဘင်္ဂါလီစာရင်းကို ကောက်နေတယ်လို့ ပြောတယ်။ ဒါနဲ့ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ဒါဟာအဖွဲ့အစည်းနဲ့ လုပ်ရမှာမဟုတ်ဘဲ တစ်ယောက်ချင်းစီက မြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ ၁၉၈၂ ဥပဒေအတိုင်း သက်ဆိုင်ရာကတစ်ဆင့် ဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်းနဲ့ အခုလုပ်နေတဲ့ဟာက ဥပဒေနဲ့မညီညွတ်တဲ့အကြောင်းကို ရှင်းပြခဲ့တယ်"ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ မြို့မိမြို့ဖ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။ UNHCR အနေဖြင့် နိုင်ငံသားဖြစ်ရေးကိစ္စများတွင် ၀င်ရောက်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ "မြန်မာနိုင်ငံသားဖြစ်ရေးအတွက် ၁၉၈၂ ဥပဒေပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။ ဥပဒေအတိုင်း ဆောင်ရွက်ခွင့်ရှိပါတယ်။ UNHCR အနေနဲ့ ဒါတွေကိုလုပ်နေတာကတော့ လွဲနေတယ်။ နောက်ပြီး ယူအင်န်ဟာ မောင်တောခရိုင်မှာ နှစ် ၂၀ လောက်ရှိပြီ၊ တစ်ဖက်သတ် ဘင်္ဂါလီအရေး ဆောင်ရွက်နေတာ။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဥပဒေကိုလည်း ၀င်ရောက်စွက်ဖက်ရာရောက်ပါတယ်" ဟု မောင်တောမြို့ခံတစ်ဦးကဆိုသည်။

No comments: