Friday, June 22, 2012

နိုင်ငံတကာ မီဒီယာတွေရဲ့ အသည်းအသန် အာရုံစိုက်တာကို ခံရတဲ့ဒေါ်အောင်ဆန်းစုကြည်


 



နိုင်ငံတကာ မီဒီယာတွေရဲ့ အသည်းအသန် အာရုံစိုက်တာကို ခံရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စား ဆင်ယင်မှုတွေကြောင့် မြန်မာ အမျိုးသမီး ၀တ်စုံတွေ (တိုင်းရင်းသား ရိုးရာ ဒီဇိုင်းတွေ အပါအ၀င်) ကလည်း ကမ္ဘာမှာ လူသိများသွား နိုင်ပါတယ်။


  


ဇွန် ၁၈ က အိုင်ယာလန်မြို့တော် ဒဗ္ဗလင်ကို ရောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေး ၀န်ကြီး Eamon Gilmore နဲ့ မြန်မာ ၀တ်စုံ ၀တ်ထားတဲ့ Sophia Kelly တို့က ပန်းစည်းပေး ကြိုဆို။



 



ဒဗ္ဗလင်မှာ စင်ပေါ်ကနေ ပရိသတ်ကို နှုတ်ဆက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်


 


ဇွန် ၁၉ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ဒီပုံကတော့  တရက်ကြိုပြီး အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာ မွေးနေ့ကိတ် ရခဲ့တာ ဖြစ်ပါတယ်။

 



ကမ္ဘာကျော် ယူတူး တေးဂီတအဖွဲ့ ခေါင်းဆောင် ဘိုနိုကို အင်တာဗျူး မေးနေတဲ့ နော်ဝေရောက် ဘီဘီစီ သတင်းထောက် ကိုမိုးမြင့် (ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အမြဲ အားပေး ထောက်ခံခဲ့တဲ့ ဘိုနိုကို အခု လူချင်းတွေ့ရတော့ ဘယ်လို ထင်မြင်ပါသလဲလို့ ဘီဘီစီက မေးတဲ့အခါ ရင်းနှီးပြီးသားလို ဖြစ်နေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလို ပြန်ဖြေတဲ့အခါ ဘေးမှာ ရှိနေတဲ့ ဘိုနိုက မြန်မာစကားလည်း မတတ်ပါဘဲ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ကျွန်တော်လည်း သဘောတူပါတယ်လို့ လိုက်ပြောတယ်လို့ နော်ဝေရောက် ဘီဘီစီ သတင်းထောက် ကိုမင်းထက်က ပြောပြပါတယ်)။




 ဇွန် ၂၂ က လန်ဒန်မြို့မှာ မြန်မာတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က သံဃာတော်တွေကို တွေ့တဲ့အခါ လက်အုပ်ချီပြီး ဂါရ၀ပြုခဲ့ပါတယ်။





















 
နှင်းဆီပန်းအနီ၊ လုံချည်အနီနဲ့ လန်းဆန်းပြုံးရွှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်


 
နော်ဝေနိုင်ငံ၊ ဘာဂန်မြို့ရောက် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၇ မှာ နော်ဝေရောက် မြန်မာတွေကို နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။


 
ဒေါ်အောင်ဆန်းစုကြည် ကားပေါ်တက်ပြီး နိုင်ငံခြားရေးရုံးကနေ ပြန်ထွက်သွားခဲ့ပါတယ်။


 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဇွန် ၁၇ က နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Store နဲ့ တွေ့ဆုံ ဆွေးနွေးပြီး နိုင်ငံခြားရေးရုံးက ပြန်ထွက်လာတာမှာ ၀န်ကြီးက လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။


နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော်မှာ ဇွန် ၁၆ ညနေပိုင်းက တွေ့ရတဲ့
 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
 

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော်မှာ လူထုကို စကားပြောပြီး ပြန်ထွက်လာတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
  
ဇွန် ၂၂၊ သောကြာနေ့က လန်ဒန်မြို့မှာ ယူကေရောက် မြန်မာတွေနဲ့ တွေ့ဆုံ 


ပြည်ပရောက် မြန်မာတွေအနေနဲ့ မြန်မာစကားကို ပီပီပြင်ပြင် ပြောကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ခဲ့ပါတယ်။ ကလေးက အစကို မြန်မာစကား ကြိုးစားပြီး ပြောဖို့ သင်ကြားပေးခဲ့ပါတယ်။
 
 
 


ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ကြတဲ့ ယူကေနေနဲ့ ယူကေရောက် မြန်မာတွေ...




ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာသီချင်းတွေဆိုပြီး ကြိုဆိုခဲ့ကြပါတယ်။


 
ကလေးငယ်လေးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းလက်ဆောင်ပေးခဲ့ကြပါတယ်။


ကလေးငယ်တွေကြားထဲက ဒေါ်အောင်ဆန်းစုကြည် (ဒီအခိုက်အတန့်လေးဟာ တချိန်မှာတော့ ဒီကလေးငယ်လေးတွေအတွက် သမိုင်းဝင် အမှတ်တရလေးတခု ဖြစ်လာမှာ ဖြစ်ပါတယ်)။
http://a5.sphotos.ak.fbcdn.net/hphotos-ak-snc6/165943_248828038560344_732106206_n.jpg 
၁၉၆၅-၁၉၆၆ ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ ဗိုလ်ချူပ်အောင်ဆန်းပုံပါ ငွေအကြွေတွေပါ။

No comments: