Sunday, June 24, 2012

မော်လမြိုင်သူ သိန်းလဲ့နွယ်(သို့) ယူအက်စ်ရောက်ပြီး လဲ့လဲ့နွယ်သိန်း(သို့)ဒေါ်အောင်ဆန်းစုကြည်ကို မနာလိုစိတ် နဲ့ အကောက်ကြံ သူ


by Thein Win on Sunday, June 24, 2012 at 4:09am ·
ထောက်လှမ်းရေးခေတ် ...

တပ်မမှူး အမိန့် နဲ့ မြ၀တီ ကနေ ကောာ့ကရိတ် ဆင်းလာတဲ့ ကားကို ညီနောင် ဂိတ် မှာ ထောက်လှမ်းရေး အရာခံဗိုလ် အမိန့်နဲ့ ပြန်လှည့်ခိုင်းတဲ့ ခေတ် ..၊ ထောက်လှမ်းရေး တွေ သြဇာ အရှိန်အ၀ါ အကြီးဆုံး ခေတ် ..
မြ၀တီ နယ်စပ်ကုန်သွယ်ရေး ..အကျိုးအမြတ် ကောင်းတဲ့ ခေတ် (ကား ၂ ခါ ဆင်း ရင် ၁ စီး ပြန်ဝယ် လို့ရတဲ့ခေတ်)..
 အဲဒီခေတ်မှာ ဒုတ်ပြီး ၊ ဒါးပြီး ၊ကျည်ပြီး ၊ အဘ တွေကို ပြီး လည်း ...ထောက် ကို မပြီးဘူး ...
Proxy အကျော် ကောင်း တဲ့ လူတွေလည်း ...ထောက် ကို ကျော် လို့ မရဘူး ..
ဒါပေမဲ့ ..ထောက်  ကို ကျော်လို့ ရ တဲ့ စီးပွါးရေး သမား တစ်ဖွဲ့ ပေါ်လာတယ် ၊ သူတို့ဟာ ..သိုင်း လောက သားတွေ လိုဘဲ သို သို သိပ်သိပ် နဲ့လှုပ်ရှား  ကြလို့ နယ်မြေခံ တွေ သိပ်မသိ ကြဘူး ။ တပည့် လက်သားတွေလောက်ဘဲ ရှေ့ ထွက်ပြီး ဂိုဏ်းချုပ် ဆရာမကြီး ကတော့  နောက်ကွယ် ကနေ ဘဲ ကြိုးကိုင် ခဲ့ တယ်.....အဲဒါ ထောက်လှမ်းရေး ခေတ် ...

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဖို့ ဦးအောင်ဆန်းဦးကို စည်းရုံး နိုင်ခဲ့တဲ့ ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်း တစ်ယောက် ရရှိမဲ့ အကျိုး အမြတ်တွေ ကို  တွေးပြီး .. လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် ပြီး လေထဲမြောက်  အောင်ပွဲ ခံ ခဲ့ တယ်.. အဲဒါလည်း ထောက်လှမ်းရေး ခေတ်ပါဘဲ .....


၂၀၀၁ ခု အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၏ လက်မှတ်ဖြင့် ဒေါ်အောင် ဆန်းစုကြည်အား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားစွဲဆိုကြောင်း လက်မှတ်ရေးထိုး ပေးရန် စာတစောင် ၀ါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းထံ ရောက်လာသည်ဟု ဗိုလ်မှူးအောင်လင်းထွဋ်စာမှာ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်တွင် မောင်နှမကြား ပြဿနာတခု ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏စိတ် မရွှင်လန်းစေသည့်အပြင် ပြည်တွင်းနှင့် ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ထံ အဆိုးမြင်စေရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံစည်ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦး၏ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာ စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်၏ မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီးပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်း သွင်းစေခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဲဒါလည်း ထောက်လှမ်းရေး ခေတ်ပါဘဲ....

------------------------------------------------------------------------------------------


ပြသနာအရင်းခံက



ဒေါ်အောင်ဆန်းစုကြည်က...သူ့ အကိုလူရိုးကြီးကို သူ့ဇနီးမ..လဲ့လဲ့နွယ်သိန်း ( နစ်လင်ကွာမ ယောက်ကျားပေါင်းများ စွာနဲ့ ...တွဲခဲ့တဲ့ဇရှိတာကြောင့် )...စ  ကပ်ကထဲက...မကျေနပ်လို့သဘော မတူလို့ ကန့်ကွက်နေခဲ့ရာက စတာပါ။ ပိုဆိုး တာက လဲ့လဲ့နွယ်သိန်းဟာ စမူဆာ-အောင်ကီးရဲ့  ပါတီက..ဦးနန်းနွယ် (မ.ဆ.လ ဟောင်းပါ ) ရဲ့သမိးဖြစ်နေ တော့....တစ်ဘက်အပြန်အလှန် နိင်ငံရေး အစာမကျေနိုင်ကြသူတွေ ဖြစ်နေတာကအရင်းခံပါ ။
ကျနော်တင်ထားတဲ့ဝက်ဆိုဒ် ( htt://billy-mackezie.freehoastia.com/) ထဲမှာကျနော် ရေးထားတာရှိပါတယ် ... ၉၀-ခုနစ်ရွေးကောက်ပွဲ အပြီးမှာ....ခင်ညွန့် ကို NLD ကို အာဏာမပေးရအောင်.....အခြေခံဥပဒေမရှိဘဲ အာဏာလွဲလို့ မရဘူး....အခြေခံဥပဒေ အရင်ဆွဲရမယ်လို့ အကြံသွားပေးသူ နိင်ငံရေးသမားကြီးနစ်ဦးရှိတယ်လို့ ကျနော်ရေးထားပြီး ...သက်သေမခိုင်မာလို့ နံမည်မဖေါ်ပြတာ....တဦးက...ဒီဦးနန်းနွယ်ပါ ။ ( ကျနော်တို့ကသူ့ကို နံမည်ပြောင်းပေးထား ပါတယ် ..( နန်းနွယ် ကနေ နံနွယ် ) နောက်တဦးကတော့ တခြားပါတီတခုရဲ့  နာယကကြီးပါ။ ဒီလောက်ဆို.. ကျောင်း တော်က နိင်ငံရေး..ရန်စသိလောက်ပါပြီ။

အောင်ဆန်းဦးဟာ...သူအနေနဲ့ ဒီအိမ်အမွေပိုင်ဆိုင်မှုမှာ လက်ရှိနိုင်ငံတော်ရဲ့ တည်ဆဲဥပဒေအရ သူမှာတောင်းဆိုပိုင် ခွင့်တောင်မရှိဘူးဆိုတာ သူကောင်းကောင်းသိပါတယ် ။ န အ ဖ အယုတ်တမာကောင်ကြီးတွေလဲ ကောင်းကောင်းသိ ပါတယ် ။ သူ့ရှေ့နေ ဟန်တိုး ( နံတိုး --လူနံကြီး..သူကိုယ်နံ့က တော်တော်ကို ဆိုးဆိုးဝါးဝါး နံတာပါ )..လဲကောင်း ကောင်းသိပါတယ် ။ ရှေ့နေခရလို့ရယ်.. အောင်တိုး ( တရားသူကြီးချုပ်..ဟောင်ခိုး ...ချထားပေးလို့  ) လိုက်ပေး နေတာပါ။

လဲ့လဲ့နွယ်သိန်း အဖေ နံနွယ်က ဒီအမှုအကွက်ဆင်တိုင်း န အ ဖ နဲ့ ပလူးရပြီး ကန်ထရိုက်တွေ ရနေတာကမြတ်.. အကြိုက်ဆိုက်နေတာပါ ။ ဒါကြောင့် န အ ဖ ကလဲ...အာဇာနည်နေ့မှာ အောင်ဆန်းဦး၏ ယောက်ခမ နံနွယ်ကို လွမ်းသူ့ ပန်းခွေ အချခိုင်းပြီး..ဒေါ်အောင်အောင်ဆန်းစုကြည် အသဲကို..မထိတထိ အပ်နဲ့ဆွပေးနေတာပါ။ ဒီအမှုကိုရှေ့နေ နံတိုး က လိုက်ပေးတယ် ။ နံနွယ်က နံတိုးနဲ့  ပုလင်းထောင်ဆွေးနွေးတယ် ။ ( နံ နစ် နံ ) နံတိုးကလဲ ( အတွင်းစိတ်တော့ မသိ ပင်ရင်းစိတ်ကတော့ သာပေါင်းညာစား .....ဆရာစံလမ်း..နဲ့ တက္ကသိုလ်ရိပ်သာလမ်း ဒေါင့်မှာနေပါတယ် ) ဒေါ် အောင်ဆန်းစုကြည်ကို သူ့နဲ့တွေ့ရင်...မကောင်းဝေဖန်တယ်။ နိင်ငံရေးသမားတွေနဲ့တွေ့ရင်..အကောင်းဝေဖန်ပါတယ်။
တဆက်ထဲ ကိုယ်ရည်းသွေး နေတာမဟုတ်ပါ ။ ကျနော်ဟာ သာမာန်နိင်ငံရေးလုပ်သူပါ ။ ဒါပေမဲ့ ကျနော့်မိသားစုပိုင် အိမ်ခြံမြေ ( မုံရွာမြို့ ) ရှိခြံမြေကို..န.အ.ဖ. မှ ၂၀၀၈ ခုနစ်အကုန်က...ကျ နော့်နံမည်ပါနေသဖြင့် ပြည်သူပိုင်သိမ်းမည် အထိ အကျပ်ကိုင်လာပါသဖြင့် မိသားစုတွေ စိတ်ဒုက္ခ ရောက်ရပါသေးသည်။ ( မိခင်လဲ အသက်ထင်ရှားရှိနေပါသေး လျှက် ) ( တကယ်တော့ ကျနော့် နင့် ညီဖြစ်သူ ( ဒေါက်တာ ဂျိုးဇက်..).တို့ နိင်ငံရေးအမှုဖြင့်ထောင်ကျနေစဉ်က တည်းက ကျနော်တို့ နစ်ဦးကို..ထောင်ထဲမှာရှိစဉ်းကထည်းက..အိမ်အမွေ ပိုင်ဆိုင်မှု စွန့်လွတ်ပါကြောင်း လက်မှတ်ထိုး ပြီး လျှောက်ထားပြီးသားဖြစ်ပါသည်။ ( အောင်ဆန်းဦးကျမှ ..ပိုင်ဆိုင်ခွင့်ပေးနေတာ...ရီစရာကြီး)

ညီမောင်မှာ.....ယခု ချောင်းဦးမြို့ တွင်နေထိုင်ပါသည် ။ တိုက်နစ်လုံး ပိုင်ဆိုင်ပြီး..ကားနင့်ဆိုင်ကယ်တွေ ပိုင်ဆိုင်သော် လဲ....၅-သိန်းသာသွင်းရသည့်...ဆင့်ပွားတယ်လီဖုံး..ယခုချိန်အထိ တတ်ဆင်ခွင့်မရရှာပါ။ သူ့ သမီးနစ်ယောက်နံမည် ဖြင့်ပင်လျှောက်လို့ မရပါ။
လောလောဆယ်တော့ ဒီလိုအမှုဆင်တိုင်း လဲ့လဲ့နွယ်သိန်း..အဖေ နံနွယ် အမြတ်ထွက်လေဆို တော့.....နံနွယ်အတွက် ...၉၀-ခုနစ်ရွေးကောက်ပွဲမှာ..သောက်သောက်လဲ စောက်ရှက်ကွဲခဲ့ရတာတွေကို ဂလဲ့စားလဲချေရာလဲရောက်တယ် စီးပွားရေးအမြတ်လဲ ရသေးတယ်ဆိုတော့...တချက် ခုတ်..၃-ချက်မက ပြတ်နေတာလေ။ ( ၉၀-ခုနစ်ရွေးကောက်ပွဲ မှာ...ဦးအောင်ကြီးဟာ ရွှဘိုမြို့ ( ကျနော်ချက်မြုတ်ဇာတိ ) ..မှာဝင်ပြိုင်တာ ....မဲပေးနိင်သူ..၆-သောင်းကျော်ရှိတာ မှာ....၃၀၀၀-လောက် ဘဲရပြီး..... မဲရေတွက်တာ..မပြီးသေးခင်..နံနက်မိုးမလင်းခင်ကထဲက..သောက်ရှက်ကွဲပြီး..မျက် ရေကျပြီး ပြေးခဲ့ရတာပါ။ ဒီအာဂါတတွေအတွက် လက်စားချေနေတာလဲ ပါပါတယ် ။

( ၉၂-လောက်တုံးက..ယခု ပုလဲ ကွန်ဒို နေရာမှာ အောင်ကြီးနဲ့  နံနွယ်တို့အတွက် ဟော်တယ် ဆောက်လုပ်ခွင့် ကန်ထ ရိုက်ချပေးလို့ ...ဟော်တယ်ကြေငြာ ဆိုင်းဘုတ်ကြီးနစ်ခု ပြူးနေအောင်ထောင်ထားတာ မှတ်မိလောက်ကြပါဦးမည် )။ မလေးရှားကုမ္မဏီ တခုနဲ့နံနွယ်တို့ကိုချပေးထား တာပါ ။ န.အ.ဖ. က ၉၀-ရွေးကောက်ပွဲ အပြီး..၁-၉၀ အမိန့်ထုတ်ဘို့ အကြံပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တာပါ။ နောက်တော့ မလေးကုမ္မဏီကအင်ကြီးဖြစ်နေလို့အောင်ကြီးတို့အင်ထိပြီး ... ကွဲသွားပါတယ်။

ဒီလောက်ဆို အောင်ဆန်းဦးတို့က...မြန်မာ့ဒီမိုကရေစီအရေးကို အပိုင်သတ်ခဲ့တဲ့မိသားစု ထဲရောက်နေတာမြင်လောက် ကြပါပြီ ။ မြန်မာ့ဒီမိုကရေစီရဲ့....ရန်သူ နံပတ်တစ် မိသားစုဆိုတာ သိလောက်ပါပြီ ။
ဗိုလ်ချုပ်ရဲ့  ဇူလိုင်- ၁၃ ရက်- နောက်ဆုံးမိန်ခွန်းမှာပြောခဲ့တဲ့..... ( ပြီးခဲ့တဲ့အစိုးရထဲမှာ လတ်စားတဲ့သူတွေ ရှိတယ် ( ကိုယ်ကျိုးရှာတဲ့သူ..တကိုယ်ကောင်းသမားတွေ ) ယခု ဒီလတ်စားတဲ့သူတွေကို အာဏာပြန်ရ အောင် လုပ်နေတဲ့သူတွေဟာ သဘောရိုးနဲ့လုပ်သည်ဖြစ်.....မရိုးမသား လုပ်သည်ဖြစ်စေ...တိုင်းပြည်ရဲ့ ရန်သူနံပါတ်တစ်ဖြစ်တယ် .....ဒီလူတွေကို မဲထဲ့ခဲ့ရင်..ခင်ဗျားတို့ကိုယ်လည်ပင်းကို ကိုယ်ပြန်ကြိုးကွင်းစွပ် တာဘဖြစ်တယ်။ လို့မိန့်ကြားခဲ့ပါတယ်။
ဒီတော့ စစ်ဗိုလ်ချုပ်တွေ..အာဏာသက်ဆိုးရှည်အောင်လုပ်ခဲ့တဲ့ နံနွယ်နဲ့ မိသားစုဟာ.( အောင်ဆန်းဥးအပါ အ၀င်.)...တိုင်းပြည်ရဲ့ရန်သူ နံပါတ်တစ်ဆိုတာ ထင်ရှားလောက်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဒုက္ခ ပေးရုံမဟုတ်ပါဘူး။ ပြည်သူတရပ်လုံးကို စစ်ဖိနပ်အောက်က ရုံးမထွက်နိင်အောင် အကောက်ကြံခဲ့လူတွေပါ ။

ကျနော်ထက်ပိုသိသူတွေ ရှိပါမယ် ။
အားလုံးကိုလေးစားလျှက်နင့် ဘာကြောင့်အခုမှ အသိပေးရသလဲတော့ ရန်မမူကြပါနင့် ခင်ဗျာ ။

ဒေါက်တာလှိုင်မြင့်
ဇန္နာဝါရီ ၃ ၊၂၀၁၀။
(kaowao.org)

==============================================================

ဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မိမိရဲ့  မိသားစုနဲ့  ဘ၀တစ်ခုလုံးကို စွန့် လွှတ်ထားပြီး တိုင်းပြည်နဲ့  လူမျိုးအတွက် အနစ်နာခံ ကြိုးပမ်းဆောင်ရွက်နေချိန်မှာတော့ အောင်ဆန်းဦးဟာ မွေးဖခင် ဗိုလ်ချူပ်အောင်ဆန်းနဲ့  မွေးမိခင် ဒေါ်ခင်ကြည်တို့ ရဲ့ တို့ ရဲ့  မျက်နှာကိုမှ မထောက်၊ သွေးရင်းသားရင်းဖြစ်သူ ညီမ ဒေါ်အောင်ဆန်းစုကြည်ကိုမှ မငဲ့ညှာ၊ တိုင်းပြည်နဲ့  လူမျိုးမျက်နှာကိုမှ အလေးမမှု၊ အာဏာရူး တို့ နဲ့  ပေါင်းဖက်ပြီး အမေရိကန်နိုင်ငံကနေ မြန်မာပြည်ကို ပြန်ပြီး စီးပွားရေးလုပ်ရုံမက မြန်မာပြည်သူပြည်သားတွေ လိုလားတောင့်တနေတဲ့ လွတ်လပ်မှုနဲ့  လူ့ အခွင့်အရေးလှုပ်ရှားမှုတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေသူ ဖြစ်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အနှောင့်အယှက်ပေးနေခဲ့တဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းအကြောင်းပြောရရင် အောင်ဆန်းဦးတို့ ရဲ့  နေအိမ်ဟာ အမေရိကန်နိုင်ငံ ဆန်ဒီဂို (San Diego)၊ ကယ်လီဖိုးနီးယားပြည်နယ် (California) မှာ ရှိပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားကြတဲ့ အောင်ဆန်းဦးတို့ ဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်ပြီး အာဏာရူးနအဖတွေနဲ့  ဆက်ဆံရေး ပြုလုပ်ကြပါတယ်။ အောင်ဆန်းဦးရဲ့  မိန်းမ လဲ့လဲ့နွယ်သိန်းဟာ စာရေးဆရာမ မေတ္တာဦး အမည်ခံ ခရီးသွားဆောင်းပါးတွေ ရေးနေတဲ့သူဖြစ်ပါတယ်။ အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ ဟာ နအဖအာဏာရူးတွေနဲ့  ဆက်ဆံရေးပြုလုပ်ပြီး ကိုယ်ကျိုးစီးပွားရေးတွေ တည်ဆောက်နေကြပါတယ်။ အာဏာရူး နအဖကလည်း အောင်ဆန်းဦး လဲ့လဲ့နွယ်သိန်းတို့ ကို အဆောက်အဦးလုပ်ပိုင်ခွင့်တွေ ပေးပြီး နိုင်ငံရေးမှာ အသုံးချတာ လုပ်နေပါတယ်။

အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့  မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင် မဟုတ်ဘဲ၊ နအဖအလိုကျတင်မဟုတ်ဘဲ ကိုယ်ကိုတိုင်ကပါ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင် အောင်ဆန်းဦးရဲ့  မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။


လဲ့လဲ့နွယ်သိန်း အကြောင်းကို သိရှိသူများက ပြောပြတာကတော့ -

လဲ့လဲ့နွယ်သိန်းရဲ့ အဖေက မော်လမြိုင်မှ တရုတ်လူမျိုးပါ။ သူ.အမေကတော့ တနင်္သာရီကဘဲ မွန်အမျိုးသမီး။ သူဟာ မောင်နှစ်မ (၅) ယောက်အနက် အကြီးဆုံး မော်လမြိုင် မော်တလိမ်း ကျောင်းက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာ Zoology နှင့် ဘွဲ.ရ ပါတယ်။

သူ.မိသားစုဟာ ရန်ကုန်ကို ပြောင်းလာပြီး ပြည်လမ်းမ လေဟာပြင်ဈေး (ဟောင်း) မှာ ဆေး ရောင်းပါတယ်။

သူ.နာမည်ရင်းက သိန်းလဲ့နွယ် လို.ခေါ်ပါတယ်။ သိန်းလဲ့နွယ်ရဲ့ အမေဟာ ယောက္ခမဖြစ်သူ တရုတ်မိသားစုရဲ့ အသိအမှတ်ပြုခြင်း မခံရလို. သိန်းလဲ့နွယ် ဘ၀မှာ ခံစားချက် ရှိခဲ့ပါတယ်။

သူ.ရဲ့ မြင့်မားခြင်တဲ့စိတ် လူထဲဝင်ခြင်တဲ့စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ အနောက်တိုင်းကို အထင်ကြီးတဲ့ သိန်းလဲ့နွယ်ဟာ တက္ကသိုလ်မှာ demonstrator လုပ်ရင်း သံရုံးပါတီတွေ တက်ရောက်ခဲ့ ကျက်စားခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ၁၉၇၀ ခုနှစ်မှာ ဘွဲ.ရပြီး ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြဆရာမ လုပ်ခဲ့ပါတယ်။ သုခမြိုင်မှာနေပြီး ညဘက် နိုင်ငံခြားသားတွေနဲ့ ပါတီသွားရင် ပြည်လမ်းက သူငယ်ချင်းအိမ်မှ တဆင့်သွားခဲ့ပါတယ်။ ဒီလို ပါတီတက် အရက်သောက်ရင်း ဂျာမန်အမျိုးသားတစ်ဦးနဲ့ ၄ နှစ်ခန့်  ပေါင်းဘက်နေထိုင်ခဲ့ပါတယ်။

ပါတီဂျပိုး သိန်းလဲ့နွယ်ဟာ ဂျာမန် လူမျိုးတစ်ယောက်နှဲ့  ချစ်ကျွမ်းဝင်ပြီး နှစ်ပေါင်းအတန်ကြာ တွဲခဲ့ပြီး အတူနေခဲ့တော့မလောက် ရင်းနှီးခဲ့ပါတယ်။

ဂျာမန်လေး ပြည်တော်ပြန်ချိန်မှာ လိုက်သွားဖို. ကြိုးစားခဲ့ပေမဲ့ ဖခင်ဖြစ်သူ အသဲအသန် ခွဲစိတ်ဆေးကုသခံနေခဲ့ရတာမို. လိုက်သွားခွင့်ကို မိခင်က မပေးလို. လိုက်မသွားရဘဲ ကျန်ခဲ့ပါတယ်။ ဖခင်နေကောင်းလာပြီးတော့မှ ရန်ကုန်မှာနေတဲ့ အမေရိကန် အသက်ကြီး အဖိုးကြီးတစ်ယောက်၏ ဇနီးအဖြစ်ဖြင့် ယူအက်စ်ကို လိုက်ပါသွားခဲ့ပါတယ်။

ယူအက်စ်ရောက်ပြီး မကြာခင်မှာဘဲ အဖိုးကြီးကို ပစ်ခဲ့လို. အမေရိကန်အဖိုးကြီးဟာ ရန်ကုန်က သူ့အိမ်နီးခြင်း ဆရာဝန်မကြီးတစ်ဦးကို မျက်ရည်စက်လက်နဲ့  ပြောပြခဲ့တာ မြင်တွေ.ဘူးပါတယ်။

နောက်တော့ အောင်ဆန်းဦးနဲ့ အိမ်ထောင်ကျပြီး သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီး လဲ့လဲ့နွယ်သိန်းအဖြစ်ဖြင့်၎င်း ဗိုလ်ချုပ်အောင်ဆန်း ချွေးမအဖြစ်၎င်း အလွန်လှပစွာ ၀တ်စားဆင်ယင်၍ အာဇာနည်နေ့ အခမ်းအနားများတွင် အောင်ဆန်းဦးနှင့်အတူ သတင်းစာမျက်နှာဖုံးတွင် ပေါ်ထွက်လာခဲ့ပါတော့တယ်။

လဲ့လဲ့နွယ်သိန်းဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်စဉ်မှာ အကြားအမြင်ဗေဒင်ဆရာတစ်ဦးဆီကို သွားရောက်ပြီး “သူမရဲ့ ယောင်္ကျား အောင်ဆန်းဦးအနေနဲ့  မြန်မာပြည်ရဲ့  ၀န်ကြီးချူပ် ဖြစ်ဖို့  ရှိပါသလား” လို့  မေးမြန်းခဲ့ပါတယ်။ အောင်ဆန်းဦးကို ၀န်ကြီးချူပ်ဖြစ်စေလိုတာထက် လဲ့လဲ့နွယ်သိန်းဟာ မြန်မာနိုင်ငံရဲ့  ၀န်ကြီးချူပ်ကတော် သမတကတော် ဖြစ်လိုနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့  First Lady လိုမျိုး မြန်မာနိုင်ငံရဲ့  first lady အဖြစ် စိတ်ကူးယဉ် ရူးသွပ်နေသူဖြစ်ပါတယ်။

လဲ့လဲ့နွယ်သိန်းဟာ ဗိုလ်ချူပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မနာလိုစိတ်တွေ များပြားနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဘ၀ ပျက်စီးရေးအတွက် ဖျက်လို့ ဖျက်ဆီးနဲ့ ယုတ်မာသော ကလီကမာ ဥာဏ်နီဥာဏ်နက်နဲ့  လုပ်ကြံနေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပထမဦးဆုံး စတင်တာကတော့ ယောင်္ကျားဖြစ်သူ အောင်ဆန်းဦးကို အသုံးချတာဘဲ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းဟာ အောင်ဆန်းဦးအပေါ် အကြပ်ကိုင် အနိုင်ယူထားတဲ့အချက်တွေကို ခုတုံးလုပ်ပြီး အောင်ဆန်းဦးကို ရုပ်သေးရုပ်တစ်ရုပ်လို ကြိုးဆွဲကစေခဲ့ပါတယ်။

လည်ပတ်လွန်းတဲ့ လဲ့လဲ့နွယ်သိန်းဟာ ဂုဏ်ပကာသနတွေ မက်မောသူဖြစ်ပြီး ကိုယ်ကျိုးအတ္တကြီးမားသူဖြစ်တဲ့အလျောက် အောင်ဆန်းဦးကို အရယူခဲ့သူ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  လဲ့လဲ့နွယ်သိန်းရဲ့  ချယ်လှယ်မှုကို မလွန်ဆန်ရဲတာရော ကျန်းမာရေးမကောင်းမွန်မှုများအရရော မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  စီစဉ်ဆောင်ရွက်မှုတွေအရ နောက်ဆုံးမှာ နအဖအဏာရူးတွေနဲ့  ဆက်ဆံပါတော့တယ်။

တစ်သက်လုံး အညတြဘ၀ဖြင့် နေခဲ့ရပြီး အလွန်မြင့်မားချင်သူ သိန်းလဲ့နွယ် (ခေါ်) လဲ့လဲ့နွယ်သိန်း ဆုတောင်း ပြည့်ခဲ့သည့်အပြင် ၄င်း၏ မောင်နှမများ၏ စီးပွားရေးလုပ်ငန်းများကို နအဖဗိုလ်ချုပ်ကတော်များ၏ အကူအညီဖြင့် ထောက်ပံ့ခဲ့ ကူညီခဲ့သူ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းသည် သူ၏ မောင်နှစ်မများကို ကူညီရန် ၀န်မလေးခဲ့ပေမဲ့ အောင်ဆန်းဦးကတော့ တစ်ဦးတည်းသော နှမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိနေအိမ်မှာ မနေနိုင်အောင် အမွေကိစ္စအဖြစ် တရားစွဲဆိုခဲ့ပြီး ဒုက္ခပေးခဲ့ခြင်းမှာ ရင်နာစရာ ကောင်းပါတယ်။

အောင်ဆန်းဦးဟာ ညီမရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း မိခင်ဖြစ်သူ ဒေါ်ခင်ကြည်တို့ ရဲ့  မျက်နှာကိုမှ မထောက်ဘဲ မိန်းမယုတ်ဖြစ်သူ လဲ့လဲ့နွယ်သိန်းရဲ့  ပြောဆိုခိုင်းစေသမျှကိုသာ နာခံပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကိုယ်ကျိုးမဘက်ဘဲ စွန့် လွှတ်အနစ်နာခံမှုပေါင်းများစွာနဲ့  ကြိုးစားဆောင်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကိုရင်းဖြစ်သူကိုယ်တိုင်က မညှာမတာ ဖျက်လို့ ဖျက်ဆီးလုပ်ရက်ခြင်းဘဲ ဖြစ်ပါတယ်။

အောင်ဆန်းဦးဟာ မွေးသဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မိန်းမယုတ်တစ်ဦးရဲ့  လိုရာကြိုးဆွဲကခံနေတာဟာ အောင်ဆန်းဦးအနေနဲ့  ရှက်ဖို့  အလွန်ကောင်းပါတယ်။ အောင်ဆန်းဦးအနေနဲ့  မည်သို့ သော အကြပ်ကိုင်မှုအရဖြစ်စေ အကြောင်းပြချက်အရဖြစ်စေ ကျန်းမာရေးအရဖြစ်စေ ဆင်ခြေပေးအကြောင်းမပြဘဲ မိမိရဲ့  အမိအဘဂုဏ်သိက္ခာ ကိုယ်ရဲ့  ဂုဏ်သိက္ခာကို ထိန်းသိန်းစောင့်ရှောက်တဲ့ အမျိုးသားကောင်းတစ်ယောက်အနေနဲ့  ခံယူခဲ့သင့်တာပါ။

အောင်ဆန်းဦးအနေနဲ့  အသက်ကြီးပြီး နောင်တရရမယ့်အစား မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  ကြိုးကိုင် ချုပ်ကိုင်မှုတွေကို မလွန်ဆန်ရဲဘဲ အောင်ဆန်းဦးအမည် အသုံးချတာကို ဆက်လက်ခံနေပြီး အဖေ ဗိုလ်ချုပ် (ဦး) အောင်ဆန်း၊ အမေ ဒေါ်ခင်ကြည်တို့ မျက်နှာကို သားရင်းဖြစ်သူကိုယ်တိုင်က အိုးမည်းသုတ် ဖျက်ဆီးပစ်နေပါတယ်။

အောင်ဆန်းဦးအနေနဲ့  အမှန်တကယ်လုပ်သင့်ခဲ့တာက တိုင်းပြည်နဲ့ လူမျိုးမျက်နှာထောက်ပြီး မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မဟုတ်မမှန်လုပ်ရပ်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ရမှာပါ။ ညီမရင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကိုရင်းဖြစ်သူကိုယ်တိုင်က ရဲရဲရင့်ရင့်နဲ့  အကာအကွယ်ပေး စောင့်ရှောက်မှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ရမှာပါ။

ယခုကတော့ အောင်ဆန်းဦးဟာ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မျက်နှာတစ်မျက်နှာထဲကြည့်ပြီး မလွန်ဆန်နိုင်တာတွေ ကျန်းမာရေးမကောင်းတာတွေ အကြောင်းပြပြီး မိမိရဲ့  ဂုဏ်သိက္ခာကို မိမိကိုယ်တိုင် အဖတ်ဆည်မရအောင် ကျဆင်းစေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ထိုက်တန်တဲ့ တုန့် ပြန်မှုတွေကို ပြည်သူတွေကနေ ပေးမှာ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  အချိန်မီ ပြန်လည်အဖတ်ဆည်ချင်တယ်ဆိုရင်တော့ အောင်ဆန်းဦး ဘာလုပ်သင့်သလည်းဆိုတာ အောင်ဆန်းဦး သိမှာပါ။

ဒီလိုမှ မဟုတ်ဘဲ နအဖအာဏာရူးတွေနဲ့  ဆက်လက်ဆက်ဆံနေဦးမယ်ဆိုရင်တော့ အောင်ဆန်းဦးဟာ အမျိုးသားသစ္စာဖောက်၊ မိဘဂုဏ်ကျေးဇူးအပေါ် သစ္စာဖောက်၊ သွေးသားညီမအရင်းအပေါ် သစ္စာဖောက်သူ ဆက်လက်ဖြစ်နေမှာဖြစ်ပြီး လူသေပြီးနောက်တောင် နာမည်ပျက်နဲ့  သစ္စာဖောက် အောင်ဆန်းဦးအနေနဲ့  သမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် တင်ကျန်နေမှာ ဖြစ်ပါတယ်။

ဒီလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့တစ်ဝှန်းလုံးက နိုင်ငံတကာအစိုးရများကိုယ်တိုင်ကပါ ဂုဏ်ပြုချီးကျူးထားခြင်းကို ခံရတဲ့ နိုဘယ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကို ဖြစ်သူ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကနေ နေအိမ်ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုမှုပြုလုပ်ခဲ့ခြင်းဟာ သာမန် မိသားစုအရေးပြဿနာမဟုတ်ဘဲ မြန်မာပြည် ဒီမိုကရေရရှိရေးကို အနှောင့်အယှက်ပေးနေတာ ဖြစ်တဲ့အတွက် အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းဟာ အမျိုးသားသစ္စာဖောက်တွေ ဖြစ်နေခဲ့ပါပြီ။

ထို့ အတူ အမေရိကန်နိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်လွတ်မြောက်ရေး ကြိုးပမ်းမှုကို ပံ့ပိုးအားပေးနေမှုကို အမေရိကန်နိုင်ငံသား ခံယူထားကြသူများဖြစ်တဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ က ဆန့် ကျင်နေတာ ဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံသားတစ်ဦးအနေနဲ့  အမေရိကန်နိုင်ငံအပေါ် သစ္စာဖောက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကနေ စီးပွားရေးပိတ်ဆို့ ထားတဲ့ အာဏာရူးနအဖတွေနဲ့  ပြောင်ပြောင်တင်းတင်း စီးပွားရေး ဆက်ဆံမှုတွေ တိုက်ရိုက် သွားရောက်ပြုလုပ်နေပြီး ရရှိနေတဲ့ ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေအားလုံးကို အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ဟာ အမေရိကန်နိုင်ငံမှာ ပြန်လည်သုံးစွဲနေတာ ဖြစ်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို အမေရိကန်နိုင်ငံဥပဒေများအရ အရေးယူသင့်နေပါပြီ။

ဒီကိစ္စကို အမေရိကန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ မျိုးချစ်မြန်မာများအနေနဲ့  ဖေါ်ထုတ်တင်ပြပြီး အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ရဲ့  ပိုင်ဆိုင်မှုတွေ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားမှုတွေကို စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးဖို့  တရားဝင် တောင်းဆိုသင့်ပါတယ်။

မြန်မာပြည်တွင်းမှာ ရှိကြတဲ့ မြန်မာပြည်သူလူထုအနေနဲ့ လည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို ရှုတ်ချကန့် ကွက်မှုတွေ၊ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ လို အမျိုးသားသစ္စာဖောက်တွေရဲ့  ယုတ်မာတဲ့လုပ်ရပ်တွေကို တားဆီးဟန့် တားမှုတွေ ပြုလုပ်သင့်ပြီး မြန်မာပြည်သူပြည်သားများ လွတ်မြောက်ရေးလမ်းခရီးမှာ ခလုတ် စူးငြောင့်လို ဒုက္ခပေးနေတဲ့သူတွေကို ဒီအတိုင်း လက်ပိုက်ကြည့်ကာ ခွင့်လွတ်နေရမယ့် အချိန် မဟုတ်တော့ပါဖူး။

ဒီလို စူးငြောင့် ခလုပ်ကန်သင်းတွေကို မဖယ်ရှားဘဲ လစ်လျူရှုထားမယ်ဆိုရင် အဆိုပါ အမျိုးသားသစ္စာဖောက်များဟာ တဖြည်းဖြည်းနဲ့  ပိုမို အတင့်ရဲလာပြီး ပြည်သူလူထုရဲ့  အကျိုးကို နစ်နာထိခိုက်စေတဲ့လုပ်ရပ်များ ပိုမိုလုပ်လာရုံသာမက အာဏာရူးနအဖတွေကို ထောက်ပံ့ပေးနေတဲ့ နအဖလက်ပါးစေ အကြီးစားလက်ရုံးများဖြစ်လာပြီး သူတို့ ကိုယ်တိုင် အာဏာရှင်များသဇွယ်ဖြစ်လာတာမို့  တိုင်းပြည်ရဲ့  လူမျိုး အနာဂတ်အတွက် အထူးရင်လေးစရာ ဖြစ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖျက်ဆီးနေခြင်းဟာ မြန်မာပြည်သူလူထုရဲ့  ခေါင်းဆောင်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့  အနာဂတ်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့  လူထုခေါင်းဆောင်ရဲ့  ဘ၀လုံခြုံမှုကို အကာအကွယ်ပေးစောင့်ရှောက်ကြရမှာဖြစ်သလို အနှောင့်အယှက်ပြုသူတွေကို ဖယ်ရှားပစ်ရမှာ အရေးကြီးဆုံး အမျိုးသားရေးတာဝန်တစ်ရပ်လို့  ခံယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ ရဲ့  ယုတ်မာတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူလူထုက ရွံ့ မုန်းနေကြတဲ့အပြင် သံဃာတော်များကလည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို အာဏာရူးတွေနဲ့  ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့ က စပြီး သပိတ်မှောက် ကံဆောင်ထားပါတယ်။ သံဃာတော်များအနေနဲ့  အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ထံကနေ အလှူခံခြင်း၊ တရားဟောခြင်း စသည့် သာသနာနှင့် ပတ်သက်သော ဆက်ဆံခြင်းများ မပြုလုပ်ကြရန် ဖြစ်ပါတယ်။

ယခုနှစ် အာဇာနည်နေ့ မှာ အခမ်းအနားမှာလည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့  အာဇာနည်ဗိမာန်မှာ လွမ်းသူ့ ပန်းခွေ လာချတဲ့ ဓါတ်ပုံကို အာဏာရူးတွေရဲ့  သတင်းစာထဲမှာ ဖေါ်ပြထားတာ မြင်ရလို့  အော့နှလုံးနာမိပါတယ်။ ဖခင် ဗိုလ်ချူပ်အောင်ဆန်းနဲ့  မိခင် ဒေါ်ခင်ကြည်တို့ သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် မွေးရကျိုးမနပ် တိုင်းပြည်နဲ့ လူမျိုးအတွက် အနှောင့်အယှက်သမားတွေလို့  ပြောကြားမှာကို မြင်ယောင်မိပါတယ်။

ဖခင် ဗိုလ်ချူပ်အောင်ဆန်း မျှော်လင့်သုံးသပ်ခဲ့တဲ့ အကြီးကောင် ငဦးကတော့ ယခုနေချိန်မှာ အာဏာရူးတွေရဲ့  အသုံးတော်ခံကြီးဖြစ်နေတာ မြင်တွေ့ ရရင်တော့ ဖခင် ဗိုလ်ချူပ်အောင်ဆန်း ရင်ကျိုးပက်လက်ဖြစ်မိမှာ စိုးရိမ်မိပါရဲ့ ။ ဒါပေမယ့်လည်း ဖခင် ဗိုလ်ချူပ်အောင်ဆန်း သုံးသပ်ပြောဆိုခဲ့တဲ့ “ငါ့သမီးလေး (စု) အားလုံးထဲမှာ အလိမ္မာဆုံး ချစ်စရာ အကောင်းဆုံး ဖြစ်မှာပါဘဲ” ဆိုသလို ကျွန်တော်တို့ ရဲ့  ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖခင်ဗိုလ်ချူပ်အောင်ဆန်း မိခင် ဒေါ်ခင်ကြည်တို့ က ဂုဏ်ယူရမယ့် သမီးကောင်းရတနာဖြစ်ရုံမက မြန်မာပြည်သူပြည်သားတိုင်းက လေးစားချစ်မြတ်နိုးတဲ့သူတစ်ဦး ဖြစ်နေပါကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျာ။
(နစ်နေမန်းဘလော့ မှ)

==================================================================

 "ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ"

အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိမ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းအိမ်အကြောင်း စဉ်းစားနေမလား မပြောတတ်ဘူး။ ကျနော်တခါမှ မမြင်ဖူးတဲ့ ခင်ဗျားရဲ့ အိမ်ကို ခမ်းနားကြီးကျယ်တယ်လို့ ရဲရဲကြီး သုံးလိုက်တာက မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ခင်ဗျားဇနီး ရေးတဲ့ ဆောင်းပါးတွေထဲက တပုဒ်ကြောင့်ပါ။ ကျမအမျိုးသားက အိမ်တလုံး ဘယ်လောက်ကောင်းကောင်း အဲဒီလမ်းဒီလမ်းထဲမှာ ရပ်ထားတဲ့ ကားတွေဟာ ကားစုတ်တွေဆိုရင် အဲဒီအိမ်ကိုမ၀ယ်ဘူးတဲ့။ ဒေါ်လဲ့လဲ့နွယ်သိန်း ခေါ် ကလောင်ရှင် မေတ္တာဦးက သူ့အမျိုးသားရဲ့ အဆင့်အတန်း ခွဲခြားတတ်ပုံကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထား ပါတယ်။ အမေရိကားက `ကားစုတ်´ဆိုတာ ကျနော်တို့ မြန်မာပြည်က ချုံးချုံးကျ ကားအိုကြီးတွေလိုတော့ ဟုတ်မယ် မထင်ဘူး။ ဒီလိုကားမျိုးဆို ခင်ဗျားတို့ နိုင်ငံမှာ လမ်းပေါ်တောင် ရဲက အရောက်မခံဘူး ထင်တာပ။ဲ အလုပ်ကြမ်းသမားတွေ၊ ကျောင်းသားလေး တွေတောင် အရစ်ကျ ငွေချေစနစ်နဲ့ ကားသစ်တစီး ၀ယ်နိုင်တဲ့ ခင်ဗျားနိုင်ငံမှာ ခင်ဗျားမကြိုက်တဲ့ ကားစုတ်ဆိုတာ ဘယ်လိုကားမျိုးလဲ ကျနော်တို့ မှတ်သားရအောင် ခင်ဗျားဇနီးကို နောက်ဆို ဓာတ်ပုံပါ ရိုက်ပြီး ဖော်ပြပေးဖို့ ပြောပေးပါဦးဗျာ။ အမေရိကားမှာ ကားစုတ်ပဲ ၀ယ်နိုင်တဲ့ လူတွေကို အိမ်နီးချင်း တော်ရမှာ စိုးလို့ ဒီလိုလူမျိုးတွေ ရှိတဲ့ လမ်းထဲက အိမ်ဆိုရင်တောင် ဘယ်လောက် ကောင်းကောင်း မ၀ယ်ဘူးဆိုတဲ့ ခင်ဗျားက မြန်မာပြည်က အိမ်စုတ်တလုံးကို ဘာလို့များ အမွေလုနေရတာလဲ ကိုအောင်ဆန်းဦးရေ။ ကျနော်တို့ အဘွားကြီးနေတဲ့ အဲဒီ တိုက်အိုကြီးကို ခင်ဗျား မက်မယ် မထင်ဘူး။ ခုနေ တအိမ်လုံး ခင်ဗျား ယူလိုက်ပါတော့လို့ ကာယကံရှင်က ဆင်းပေးလဲ ခင်ဗျား လာနေနိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်က ဗွက်ထူ ခြင်ထူတယ်ဗျ။ ဒီတိုင်းပြည်မှာ မွေးပြီး ဒီတိုင်းပြည်မှာ ကြီးသွားပေမယ့် ခုလောက်ဆို ဖုံနံ့ မခံနိုင်၊ ခြင်မြင်မခံနိုင် ခင်ဗျား ဖြစ်နေရောပေါ့။ ခင်ဗျားဇနီးကတော့ မြန်မာပြည် ပြန်လာလည်တုန်းက ပြောရှာပါတယ်။ ခင်ဗျားတို့ ဇနီးမောင်နှံ ကိုယ်လာမနေနိုင်တဲ့ အိမ်တလုံးကို အမွေလှမ်းလုနေတဲ့ကိစ္စကို။ ဒီအိမ်ကို ရရင် ဒေါ်ခင်ကြည်ပြတိုက် ဖွင့်မလို့ပါတဲ့။ ကျနော်တို့ အာဇာနည် ခေါင်းဆောင်ကြီးကတော် အသည်းအသန် ဖြစ်နေတုန်းက ခင်ဗျားတို့ လင်မယား တခေါက်ကလေးမှ လာကြည့်ဖော် မရပါလားဗျာ။ ဒေါ်ခင်ကြည်ဟာ မမာမကျန်းဘ၀နဲ့ လပေါင်းများစွာ ကြာပြီးမှ ဆုံးသွားတာပါ။ ခင်ဗျားတို့ အမေ၊ ယောက္ခမကို လာကြည့်ချင်သပဆို လာဖို့ အချိန်တွေအများကြီး ရှိပါတယ်။ ဒေါ်စုလို အနီးကပ် ပြုစုစောင့်ရှောက်ပေးဖို့လောက်ထိ မပြောသေးဘူးနော်။ ဧည့်သည်တွေ့ လာတွေ့ချင်ရင်တောင် လာတွေ့ဖို့ အချိန်တွေ အများကြီးပါ။ အလုပ်များလို့ အချိန်မရှိဘူးလို့တော့ ခင်ဗျား မပြောနဲ့လေ။ အမွေလုဖို့ အမှုဖွင့်ပြီးမှ ခင်ဗျားတို့ ဇနီးမောင်နှံ မြန်မာပြည်ကို အလည်အပတ်ဆိုပြီး အတောမသတ် လာနေတာကျတော့ အချိန်တွေ ဘယ်က ပြန်ထွက်လာလဲ။ တချိန်တုန်းက အဝေးကနေ နှစ်တိုင်း ပန်းခြင်းလေး တခြင်းပဲ မသဒ္ဓါရေစာ လှမ်းပို့နေကျ ခင်ဗျားအဖေရဲ့ အာဇာနည်နေ့မှာ ခုမှ ဘာလို့ လင်မယားတွဲပြီး ပန်းခွေတွေချပြ၊ ဓာတ်ပုံအရိုက်ခံပြီး အစိုးရ သတင်းစာတွေမှာ ထည့်ကြ လုပ်နေတာလ။ဲ ဒေါ်ခင်ကြည် လရှည် မမာတုန်းက မလာခဲ့တဲ့ ခင်ဗျားတို့ လင်မယား ဒေါ်ခင်ကြည်ဆုံးပြီဆိုမှ ရောက်ချလာတယ်။ ရက်လည်တဲ့အထိပဲ နေပြီး ချက်ချင်း ပြန်သွားတယ်။ ဒေါ်ခင်ကြည် ဆုံးတာ ၈၈ ဒီဇင်ဘာလကုန်ပိုင်းကပါ။ ၈၈ အရေးအခင်းပြီးလို့ လူတွေ ထောင်ချီ သေရတာ လပိုင်းလေး ရှိသေးတယ်။ မင်္ဂလာဒုံ လေဆိပ်ကို ခင်ဗျားရောက်တော့ ခင်ဗျား ပထမဆုံး ပြန်ရှူရတဲ့ ကျနော်တို့ နိုင်ငံလေထဲမှာ သွေးညှီနံ့တွေ ပါတယ်လို့ မထင်မိဘူးလားဗျာ။ အဲဒီအချိန်က ခင်ဗျားအမေအိမ်ကမှ မသာအိမ် မဟုတ်ပါဘူး။ မြန်မာတပြည်လုံးကိုယ်နှိုက်က ကိုယ့်လူမျိုးတွေ သောက်သောက်လဲ သေထားရတဲ့ မသာအိမ်ကြီးပါ။ ဒီမသာအိမ်ကြီးကို ပြန်လာပြီး မသာရှင် မြန်မာလူမျိုးတွေကို ၀မ်းနည်းစကားလေး တချက်တောင် အားပေးနှစ်သိမ့်ဖော် မရဘဲ ခင်ဗျား ချက်ချင်း ပြန်ထွက်သွားတယ်နော်။ ခင်ဗျားဟာ ကျနော်တို့အတွက် အိမ်ရှေ့မင်းသားတပါး ဖြစ်ခဲ့ပါတယ် ကိုအောင်ဆန်းဦး။ ၈၈ အရေးအခင်းဖြစ်ခါနီးမှာ ကျနော်တို့ မင်းလောင်းလို မျှော်ခဲ့ကြတာ ခင်ဗျားကိုပါ။ ဒေါ်စု မဟုတ်ခဲ့ပါဘူး။ အင်္ဂလန်ဟာ ကျနော်တို့ကို ကျူးကျော်ခဲ့တဲ့ ကိုလိုနီလုပ်ခဲ့တဲ့ နိုင်ငံဆိုတဲ့ အငြှိုးနဲ့ အင်္ဂလိပ်ကို လက်ထပ်ထားတဲ့ ဒေါ်စုအပေါ် ကျနော်တို့ မမျှော်လင့်ခဲ့ကြဘူး။ ကျနော်တို့ ဗိုလ်ချုပ်ရဲ့ သားကြီးသြရဿ ခင်ဗျားဟာ ခေါင်းဆောင်ငတ်နေတဲ့ မြန်မာပြည်ကို ပြန်လာပြီး ကယ်တင်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားကို ကျနော်တို့ မင်းလောင်းမျှော် မျှော်ခဲ့ကြတယ်။ ခုချိန်မှာ ခင်ဗျားတို့ ဇနီးမောင်နှံ အိပ်မက်မက်နေတဲ့ မြန်မာပြည် နိုင်ငံရေးခေါင်းဆောင် နေရာဟာ လိုချင်ခဲ့ရင် တချိန်တုန်းက ခင်ဗျားအတွက် အဆင်သင့်ပါ။ ခင်ဗျားဇနီးက ဒီအိမ်မှာ လက်ရှိနေနေတဲ့ ဒေါ်စုကို ဖယ်ပြီး ဒေါ်ခင်ကြည် ပြတိုက် ဖွင့်ချင်လို့ပါ ဆိုတာကို အလိုလိုက်ရအောင် ခင်ဗျားဇနီးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ရော၊ ဒေါ်ခင်ကြည်နဲ့ရော ဘာများ ဆိုင်လို့လဲ တဆိတ် ရှင်းပြပါလားဗျာ။ သရဖူ မဂ္ဂဇင်းနဲ့ လုပ်တဲ့ အင်တာဗျူးမှာ ဒေါ်လဲ့လဲ့နွယ်သိန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဖေဖေဗိုလ်ချုပ်လို့ သုံးသွားတာတော့ သတိထားလိုက်မိပါရဲ့။ ခင်ဗျားဇနီးဟာ သူ တခါမှ မမြင်ဖူးလိုက်တဲ့ ယောက္ခမကို ဖေဖေဗိုလ်ချုပ်

No comments: