မြန်မာ့ဒီမိုကရေစီခေါင်းဆော

ပြင်သစ်သမ္မတကြီးနှင့် အတူ သတင်းစာရှင်းလင်းပွဲမတိုင်ခ င်
သမ္မတ အော်လန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်
— at Paris.

ပြင်သစ်သမ္မတ Francois Hollande နဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်း
ပြင်သစ်သမ္မတ Francois Hollande က မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး မှာ ပါဝင်လုပ်ဆောင်ကြသူ အားလုံးကို ထောက်ခံပန့်ပိုးပေးသွားမှာ
ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆော င် ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားလိုက်ပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်ကိုလည်း ပြင်သစ်နိုင်ငံကို လာရောက် လည်ပတ် လိုမယ် ဆိုရင် ဖိတ်ခေါ်ဖို့ အဆင့်သင့် ရှိကြောင်းလည်း ပြင်သစ်သမ္မတက
ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြပ်အတည်းတွေ အတွက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်ပေမဲ့ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး ကိုတော့ အထိခိုက်ခံမှာ မဟုတ်ကြောင်း ပြောဆို
ပါတယ်။
"ကျွန်မတို့ဟာ ဒီမိုကရေစီကို လိုအပ်သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ကိုလည်း လိုအပ်ပါတယ်။ ဒီမိုကရေစီကို ဖွံ့ဖြိုးတိုးတက်မှုနဲ့ အစားထိုးလို့ မရပါဘူး။ ဒီမိုကရေစီ အုတ်မြစ် ခိုင်မာရေးအတွက်သာ ဒီဖွံ့ဖြိုးတိုးတက်မှုကို အသုံးချသွားရမှာ ဖြစ်ပါတယ်။ " - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရင်းနှီးမြုပ်နှံမှုမှာလည်း ဘဏ္ဍာရေးအရ ပွင့်လင်းမြင်သာမှု ရှိဖို့ ဟာ မရှိမဖြစ် လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သမ္မတကြီး ဦးသိန်းစိန်ဟာ ရိုးသားဖြောင့်မတ် တည်ကြည်သူလို့ သူ ယုံကြည်တဲ့ အကြောင်း၊ ဒါပေမဲ့ အစိုးရအဖွဲ့ထဲက လူအားလုံးအတွက်တော့ အာမ မခံနိုင်တဲ့ အကြောင်း၊ စစ်တပ်က အလေးအနက် ပါဝင် လုပ်ဆောင်
လာတဲ့ အချိန်ကျမှ သာလျှင် နောက်ကြောင်း ပြန်မလှည့်နိုင်တော့တဲ့
ပြောင်းလဲမှုလို့ ပြောနိုင်မှာ ဖြစ်တဲ့ အကြောင်းကိုလည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် အတွင်းမှာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကလည်း ဆက်တိုက်
ဖြစ်ပေါ်နေတဲ့ အတွက် ဒီကိစ္စတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။
ပြည်တွင်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ
ဒေါ်အောင်ဆန်းစုကြည်က- - လူမှုရေး မတည်ငြိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အတွက် ဒီမိုကရေစီကျတဲ့ ပြုပြင်ပြောင်းလဲရေးက အဓိက ကျကြောင်း
ပြောပါတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြား အမှန်တကယ် ငြိမ်းငြိမ်းချမ်းချမ်း အဆင်ပြေပြေ ရှိစေဖို့အတွက်ကတော့ အချိန်ယူရလိမ့်အုန်းမှာ ဖြစ်ကြောင်း၊ အခု လတ်တလော အချိန်မှာ အရေးကြီးဆုံး လုပ်ဆောင်ရမှာက တရားဥပဒေစိုးမိုးရေး ဖြစ်ပေါ်ဖို့
ဖြစ်ကြောင်း၊ နိုင်ငံသားဆိုင်ရာ ဥပဒေတွေကိုလည်း နိုင်ငံတကာအဆင့်နဲ့ အညီချမှတ်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ဖြေကြားသွားပါတယ်။
ပြင်သစ်သမ္မတ Francois Hollande က မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး မှာ ပါဝင်လုပ်ဆောင်ကြသူ အားလုံးကို ထောက်ခံပန့်ပိုးပေးသွားမှာ
ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆော

ပြင်သစ်သမ္မတကြီးနှင့် အတူ

မြန်မာပြည်သူလူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစြု ကည်နှင့် ပြင်သစ်သမ္မတ Francois Hollandeတို့ ၂နိုင်ငံ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့မြင်ရစဉ်..

ပြင်သစ်သမ္မတ Francois Hollandeမှ မြန်မာပြည်သူလူထုခေါင်းဆောင်အား ကြိုဆိုနှုတ်ဆက်စဉ် မြင်ကွင်း..

ပြင်သစ်သမ္မတ Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..

Elysee နန်းတော် မှာ သတင်းစာရှင်းပွဲနှင့်
ဂုဏ်ပြုညစာစားအပြီး ပြန်လည်ထွက်ခွာသော ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ
François Hollandeနှင့် ပြင်သစ်ဝန်ကြီးချုပ် Jean-Marc Ayrault တို့မှ
ပို့ဆောင်နှုတ်ဆက်။

ပန်းချစ်တဲ့ ကောင်းကင်မေမေကို ပြင်သစ်
တော်ဝင်နန်းဥယာဉ်ထဲမှာ ပန်းမာလာများ ရင်းရင်းနှီးနှီး လိုက်လံပြသလျက်
တပါတည်း တိုင်းကျိုးပြည်ပြုရေးရာများ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းဝင်ပြင်သစ်ခရီးစဉ်ကိုယနေ့ နေ့လည်ပိုင်းတွင်အင်္ဂလန်နိုင်ငံမှ ပြင်သစ်နိုင်ငံပဲရစ်မြို့သို့ရထားဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား ညနေပိုင်းတွင် ပြင်သစ်သမ္မတကကြိုဆိုတွေ့ဆုံ ပြီး Elyseeနန်းတော်မှာ ပြင်သစ်သမ္မတနှင့် ညစာစားပြီး သတင်းစာရှင်းလင်းပွဲတရပ်ပြု မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်သော နိုင်ငံတော်ဧည့်သည်အဖြစ်ကြိုဆိုဂုဏ်ပြုမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံမှာ(၃)ရက်ကြာ နေထိုင်ပြီး ပဲရစ်မြို့တော်ဝန် Bertrand Delanoeက ဂုဏ်ထူးဆောင်ပြင်သစ်နိုင်ငံ သားဆုကိုပေးကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတ ယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးLaurent Fabiusနှင့် သီးသန့်တွေ့ဆုံမှာဖြစ်ပါတယ် ။ ၁၃ရာစုနှစ်စတင်တည်ထောင်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့နာမည်ကျော် Sorbonne တက္ကသိုလ်မှာ ပြင်သစ်ကျောင်းသား/ သူများနှင့်တွေ့ဆုံပြီး ဒေါ်အောင်ဆန်းကြည်က ဟောပြောပို့ချမှာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိလာတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..
ပြင်သစ်သမ္မတ
Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်..။ အပြိုင်အဆိုင် ခမ်းခမ်းနားနားကို ကြိုဆိုကြတာပါ..။
ဇွန်လ(၂၆)ရက်နေ့က
ပြင်သစ်နိုင်ငံမှာ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ
Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..။ မြန်မာပြည်သူ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက အင်္ဂလန်နိုင်ငံ
လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ကို
ရောက်ရှိလာခဲ့ပါတယ်..။
ဓာတ်ပုံ၊ AP,Reuters
ယနေ့ ပြင်သစ်နိုင်ငံအစိုးရ ဧည့်သည်တော်အဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့  Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..
ပြင်သစ်နိုင်ငံအစိုးရ၏
ဖိတ်ကြားချက်အရ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့်
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့
မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်
ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..
Reuters

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ် အစိုးရ ဖွံ့ဖြိုးရေးဆိုင်ရာ ၀န်ကြီး Pascal Canfin

ပြင်သစ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့  Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်နိုင်ငံမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာစဉ် ကြိုဆိုနေကြတဲ့ ပြင်သစ်နိုင်ငံသားများ..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာစဉ် ကြိုဆိုသူများနှင့် အတူတွေ့ရစဉ်..။

ပါရီမြို့လယ်က ဘူတာရုံကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် အစိုးရ ဖွံ့ဖြိုးရေးဆိုင်ရာ ၀န်ကြီး French Minister Delegate for Development Pascal Canfin က ကြိုဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် နစ် ကလက်ခ်ျ (ဓာတ်ပုံ- ဒုတိယ ၀န်ကြီးချုပ်ရုံး ၀က်ဘ်ဆိုက်)။

မြန်မာ့ဒီမိုကရေစီခေါင်းဆော

ယူကေနိုင်ငံ လေဘာပါတီ ရုံးသစ်ဖွင့်ပွဲကို ဇွန် ၂၆ က လန်ဒန်မြို့မှာ ကျင်းပခဲ့ရာ တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင် Ed Miliband က ကြိုဆို နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလော အတိုက်အခံ ပါတီ ဖြစ်နေတဲ့ လေဘာပါတီရဲ့ အရိပ်အစိုးရ (Shadow Cabinet)နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့
သိရပါတယ်။

လေဘာပါတီရဲ့ အရိပ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်သည် လေဘာပါတီရုံးချုပ်အသစ်တွင် တွေ့ဆုံဆွေးနွေးကြစဉ်။
No comments:
Post a Comment