Tuesday, June 26, 2012

ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့နေ့ အခမ်းအနား ရန်ကုန်မှာကျင်းပ

2012-06-26
မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့နေ့ကို “မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများနေ့” အဖြစ် သတ်မှတ်ဖို့ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေး မျိုးဆက်တွေက ဒီကနေ့ အဆိုပြု လိုက်ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခန်းမတွင် ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး ကျဆုံးသည့် ၃၆ နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနား ကျင်းပပါသည်။
ကိုတင်မောင်ဦး ကျဆုံးတဲ့ ၃၆ နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခန်းမမှာ ဒီနေ့မနက်က ကျင်းပခဲ့ရာမှာ ၇၄- ၇၅ - ၇၆ နိုင်ငံရေး မျိုးဆက်တွေက ဒီအဆိုကို တင်သွင်းခဲ့ကြသလို အခမ်းအနား တက်ရောက်သူ တွေကလည်း ထောက်ခံခဲ့ကြတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ပြောပါတယ်။
ကိုတင်မောင်ဦးဟာ မဆလ-တစ်ပါတီ အာဏာရှင် အစိုးရကို တော်လှန်ဖို့ ကြိုးစားခဲ့တဲ့အတွက် လက်ဝဲ-လက်ယာ အဖျက်သမားအဖြစ် မဆလအစိုးရက စွပ်စွဲပြီး သူ့ကို ၁၉၇၆ ခုနှစ်က အင်းစိန်အကျဉ်းထောင်မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
ဒီနေ့ အခမ်းအနားမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ၁၉၆၂ ခုနှစ် တကသ အမှုဆောင်ဟောင်း ဦးလှရွှေ၊ ၁၉၈၈ ခုနှစ် ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုမင်းကိုနိုင်၊ လက်ရှိ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုနဲ့ ကျဆုံးသူ ကိုတင်မောင်ဦးရဲ့ညီ အပါအဝင် ခရစ်ယာန် ဆရာတော်တစ်ပါးတို့က ကိုတင်မောင်ဦး အမှတ်တရ စကားတွေ အသီးသီး ပြောခဲ့ကြပါတယ်။
အလားတူပဲ ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့တဲ့ ၃၆ နှစ်မြောက် နှစ်ပတ်လည်ဂုဏ်ပြုပွဲ အခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒီကနေ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အကြောင်းစုံကိုတော့ RFA သတင်းထောက် ဆလိုင်း ရောဘတ်က သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။
သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။

No comments: