Thursday, June 28, 2012

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် မိုးအဆက်မပြတ်ရွာ၍ ရေကြီး၊ မြေပြို ၍ လူ များေ သဆုံး နေ


( မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် မိုးအဆက်မပြတ်ရွာ၍ ရေကြီး၊ မြေပြို၊ လူသေဆုံးမူများရှိ )


ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘက်အခြမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေသဖြ
င့် နေရာအများအပြားအား ရေနစ်မြုပ်နေပြီး ကားလမ်းများ ကျိုးပြတ်ကာ လူသေဆုံးမူများလည်း ရှိနေကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် အင်္ဂါနေ့က စတင်ရွာသွန်းခဲ့သော မိုးကြောင့် မောင်တော မြို့ပေါ် နေရာ အများအပြားတွင် ရေနစ်နေကြောင်း သိရသည်။

“ မိုးက လုံးဝ မတန့်ဘူး။ မောင်တောမှာ ဆိုရင် ရွာသစ် (ခေါ်) မြို့သစ်ပိုင်း ရပ်ကွက်၊ မြို့သူကြီး လမ်းတလျှောက်နဲ့ ကားလမ်း၊ ဖေစီ ကုလားရွာ အကုန်လုံး ရေနစ် နေပါတယ်။ မြို့မဘုန်းကြီးကျောင်းမှာတောင် ရေက ဒူးဆစ်ထိ တက်နေပါတယ်။ ဒီရေ တက်လာတဲ့ အချိန်ပိုဆိုးပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်နှင့် မောင်တော ကားလမ်းတွင်လည်း ဂငယ်ကောက် အနီးရှိ တံတား အနီး မြေမြိုကျသဖြင့် ကားအသွားအလာ လုပ်၍ မရတော့ကြောင်း သူက ဆက်ပြောသည်။

“ မနေ့က စပြီး ကားအသွားအလာ လုပ်လို့ မရတော့ဘူး။ ဒီနေ့တော့ ဘယ်လို့ ဖြစ်မလဲဆိုတာ မပြောနိုင်ဘူး။ မိုးမရွာဘူးဆိုရင်တော့ ညနေပိုင်းမှာ ပြန်လုပ်ရင် ကောင်းချင် ကောင်းသွားနိုင်ပါတယ်။ အခုအချိန်ထိ လမ်းက ပိတ်နေတုန်း ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ မိုးအဆက် မပြတ်ရွာသွန်းနေသဖြင့် မောင်တောမြို့တွင် ခိုလုံနေကြသူ ဒုက္ခသည်များမှာ နေထိုင်ရေးနှင့် ချက်ပြုတ်စားသောက်ရေးတွင် အထူး အခက်အခဲ ကြုံတွေ့နေရသည်ဟု ဆိုသည်။

မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ စစ်တကောင်း၊ ကော့စ်ဘဇားနှင့် ဘင်ဒရိုဘင်ခရိုင်တို့တွင် မိုးကြီးပြီး မြေပြိုမူကြောင့် သေဆုံး ၂၉ ဦးရှိသွားပြီ ဖြစ်ကာ ရာနှင့် ချီသော လူများ ပျောက်ဆုံးနေကြောင်း သိရသည်။ လူပေါင်း သိန်းနှင့် ချီပြီး ဘေးလွှတ်ရာကို ရွှေ့ပြောင်းနေရကြောင်း သတင်းများတွင် ဖေါ်ပြသည်။

ရခိုင်ကျေးရွာများ ဖြစ်ကြသော ဟာရ်ဘင်း၊ ထောင်သောင်းရွာ၊ မြစ်နားရွာ၊ ခြံချောင်း၊ လမား၊ အလယ်ခွန်တောင်၊ ငရက်ကြီး၊ ငရက်ချေ၊ နက်ကျောက်ဆရီမြို့တို့တွင် ရေနစ်နေပြီး လူများ ဘေးလွှတ်ရာကို ထွက်ပြေးနေကြသည်ဟု သိရသည်။

လမားမြို့တွင် နေထိုင်သူ ကိုထွန်းစံက လမားတွင် ရေကြီးနေပုံကို ယခုကဲ့သို့ ပြောသည်။

“ မရစ်ချောင်းရေ တက်နေတဲ့ အတွက် ကျွန်တော်တို့ အိမ်က မြေမြင့်တဲ့ နေရာမှာရှိတာတောင် ခုနှစ်ပေ လောက်မြုပ်နေတယ်။ ထမင်း ချက်မယ့် နေရာ မရှိတဲ့ အတွက် လူတွေအများစု ထမင်း မစားရသေးဘူး။ မြေနိမ့်ပိုင်းက အိမ်တွေတော့ အကုန်လုံးရေထဲပါသွားပြီ။ လူတွေကတော့ သယ်နိုင်တဲ့ ပစ္စည်းတွေကို ယူပြီး ဘေးလွှတ်ရာကို ထွက်ပြေးနေကြတာကို မြင်နေရတယ်” ဟု ပြောသည်။

ယခုအခါ ကော့စ်ဘဇားနှင့် စစ်တကောင်းအကြားတွင်လည်း မိုးကြီးပြီး ရေကျော်မူကြောင့် တံတားများ ကျိုးပျက်ကာ ကားအသွားအလာများ ရပ်ဆိုင်းနေကြောင်း သိရသည်။ စစ်တကောင်းလေဆိပ်နှင့် ကော့စ်ဘဇား လေဆိပ်ကိုလည်း ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
 
( ရခိုင်ဒေသဆူပူမူကြောင့် ဘင်္ဂလာဒေခ်ျ့တွင် သောင်တင်နေသူ မြန်မာ စီးပွားရေးသမား ၄၄ ဦးကို ပြန်ပို့ )


ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်းဖက်မူများကြောင့်
မြန်မာဘက်ကို မပြန်နိုင်ဘဲ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် သောင်တင်နေသူ မြန်မာနိုင်ငံမှ စီးပွားရေးသမား ၄၄ ဦးကို ဇွန်လ ၂၄ ရက်နေ့က တက်ကနက်မြို့မှ တဆင့် မောင်တောသို့ ပြန်လည်ပို့ဆောင်လိုက်သည်။

ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီး ကြပ်ရေးဌာနမှ သောင်တင်နေသော မြန်မာ စီးပွားရေးသမား ၄၄ ဦးကို တရားဝင်ပြန်လည် ပို့ဆောင် လိုက်ခြင်း ဖြစ်ကြောင်း တက်ကနက် ဆိပ်ကမ်း ဌာနမှ တာဝန်ရှိပုဂ္ဂိုလ် အာဘဒူလ် ကာဒဲလ်ကတ်က ဒေသခံ သတင်းထောက်များသို့ ပြောသည်။

“ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက စီးပွားရေး သမား ၂၆ဦး၊ တခြား ရိုးရိုး အလုပ်သမား ၁၈ ဦး စုစုပေါင်း ၄၄ ဦးကို တရားဝင် မြန်မာသို့ ပို့ပေးလိုက်ပါတယ်။ နောက်ထပ် စီးပွားရေးသမား ၂၂၇ ဦးကိုလည်း ပြန်ပို့ပေးဖို့ရှိနေတယ်” ဟု သူက ပြောသည်။

အဆိုပါ စီးပွားရေး သမားများမှာ ရခိုင်ပြည်တွင် ဆူပူအကြမ်းဖက်မှု မဖြစ်ခင်ကတည်းက ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက် ဆိပ်ကမ်းသို့ ရောက်ရှိသူများဖြစ်ကြောင်း၊ ရခိုင်တွင် ပဋိပက္ခ မတည်ငြိမ်မှုကြောင့် အိမ်မပြန်နိုင်ဘဲ သောင်တင်နေကြခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို ယခုအခါ မြန်မာအစိုးရနှင့် ညိုနှိုင်းပြီး ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီးကြပ်ရေး ဌာနမှ စိစစ်ပြီး ပြန်ပို့နေခြင်း ဖြစ် ကြောင်း သူက ပြောကြားသည်။

ရခိုင် ဆူပူမှုကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ စီးပွားရေးသမား ၁၀၀ ကျော် မြန်မာဘက်တွင် ပိတ်မိနေခဲ့ပြီး ယခုအခါ အများစု ပြန်လာကြပြီ ဖြစ်သော်လည်း နောက်ထပ် ၄ဦးမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ တရားဝင် ၀င်ရောက် လာခြင်းမရှိသေးကြောင်း သိရသည်။ သို့သော်လည်း တခြားလမ်း တခုခုမှ ၀င်ရောက်လာနိုင်ကြောင်း ၄င်းပုဂ္ဂိုလ် ကဆိုသည်။

ယခုအခါ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ငြိမ်သက်မှုမရှိသေး သည့်အတွက် နယ်စပ် ကုန်သွယ်ရေးမှာ ယခုအချိန်ထိ ရပ်တန့်နေပြီး ဘင်္ဂလားဒေ့ခ်ျ- မြန်မာ နယ်စပ် စီးပွား ရေးကို အကြီးအကျယ် ထိခိုက်နေကြောင်း သိရသည်။

http://www.narinjara.com/
 
 
( ဂွမြို့တွင် ဖမ်းမိ၍ သံတွဲသို့ ပို့ခံရသူ ဘင်္ဂလီများထဲတွင် လမ်းပြ ပသျှူးများလည်း ပါဝင် )


ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့တွင် ဖမ်းဆီးခံရပြီး သံတွဲထောင်သို့ လွဲပြောင်းခံရသူ ဘင်္ဂလီလူမျိုး ၁၀၀ နီးပါး ထဲတွင် လမ်းပြ အဖြစ် လိုက်ပါလာသူ တနင်္သာရီတိုင်း ဘိတ်ဘက်မှ ပသျှူးများလည်း ပါဝင်သည်ဟု ဂွမြို့ခံ လူကြီး တစ်ဦးက ပြောသည်။


“ အခု သူတို့ကို မနေ့က ၂၅ ရက်နေ့မှာ ဂွကျွန်းကနေက ဂွမြို့ကို စက်လှေနဲ့ ယူလာတယ်။ ဂွကနေ တဆင့် သံတွဲကို ကားတွေနဲ့ ပို့တယ်။ သူတို့အထဲမှာ ဘိတ်ဘက်က လမ်းပြ ပသျှူးတွေလည်း ပါတယ်လို့ သိရပါတယ်။ အခု တစ်ယောက်မှ ဂွမှာ မရှိတော့ဘူး။ သံတွဲကို အကုန်လုံး ယူသွားပြီ” ဟု အမည်မဖေါ်လိုသူ ဂွမြို့ တည်ငြိမ် အေးချမ်းရေး ကော်မီတီ အဖွဲ့ ၀င် တစ်ဦးက ပြောသည်။

သူတို့အား ဂွမြို့မှ ၇ မိုင်ခန့်ဝေးသည့် ဂွကျွန်းတွင် ဇွန်လ ၂၀ ရက်နေ့က ဖမ်းမိခဲ့သည်ဟု သူက ပြောသည်။

“ လာတာက ဘင်္ဂလာဒေခ်ျ့ကလို့ ပြောတယ်။ ဘင်္ဂလာဒေခ်ျ့ကနေ ဂွကျွန်းကို ကမ်းကပ်ဖို့ ၀င်လာစဉ်မှာ ရခိုင်ကုတို့ ကျေးရွာနားမှာ စက်လှေက ကျောက်ဆောင်နဲ့ တိုက်မိပြီး ဗိုက်ပေါက်သွားတယ်။ အဲဒီမှာ ရွာသားတွေက သိသွားပြီး အထက်ကို အကြောင်းကြားရာကနေ ဖမ်းမိတာ ဖြစ်ပါတယ်” ဟု ပြောသည်။

သူတို့မှာ တနင်္သာရီတိုင်း ဘိတ်မြို့သို့ သွားသူများ ဖြစ်သည်ဟု ပြောကြောင်း၊ ပသျှူးများက လမ်းပြ အဖြစ် ခေါ်ယူလာခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း အများစု ဒေသခံများက ယခုကဲ့သို့ ရခိုင်တွင် ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားစဉ် သူတို့ ဂွကျွန်းကို ၀င်ရောက်လာသည့် အပေါ် သင်္ကာမကင်း ဖြစ်နေကြောင်း သူက ဆက်ပြောသည်။

သို့အတွက် လုံခြုံရေးကို တိုးမြင့်ရန် ဂွမြို့နယ် ဒေသခံများကလည်း လိုလားနေကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံ ဘင်္ဂလီ ၁၀၀ ကိစ္စနှင့် ပတ်သက်ပြီး သံတွဲ ရဲစခန်းသို့ မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိဘဲ ဖုံးချသွားခဲ့သည်။

http://www.narinjara.com/
 
( ဘူးသီးတောင်တွင် မိုးကြီး ရေနစ်၍ ဈေးကြီးတွင် ဆုံးရှုံးမူများရှိ )


မိုးကြီးရာမှ မေယူမြစ်ရေ လျှံတက်လာသဖြင့် ဘူးသီးတောင်မြို့ ဈေးကြီးကို ရေနစ်ရာမှ ပျက်စီး ဆုံးရှုံးမူ တချို့ ရှိကြောင်း သိရသည်။



“မနေ့က ညနေမှာ ရေတက်လာတဲ့ အတွက် ဈေးကြီး တစ်ခုလုံး နစ်သွားခဲ့ပါတယ်။ ဂိုဒေါင်တွေနဲ့ ဆိုင်တွေမှာ သိုလှောင်ထားတဲ့ ပစ္စည်းတချို့ ပျက်စီး ဆုံးရှုံးမူ ရှိပါတယ်။ ဆိုင်တိုင်းလိုလိုမှာ ရေနစ်တဲ့ အတွက် ပျက်စီးတာတွေ ရှိပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

မနေ့ညနေ ၁၁ နာရီခန့်တွင် ရေတက်လာပြီး ဈေးကြီး အပါအ၀င် ရပ်ကွက် တချို့ကို ရေနစ်ခဲ့သည်ဟု ဆိုသည်။

“ ဈေးကြီးတစ်ခုလုံး အပြင် အမှတ် (၃) ရပ်ကွက်သစ်၊ အမှတ် (၄) ရပ်ကွက်သစ် တို့လည်း ရေနစ်ခဲ့ပါတယ်။ ဒီနေ့က မိုးတိတ်သွားတော့ ရေက ပြန်ကျသွားတယ်။ ဟိုနှစ်ကလို အခြေအနေက မဆိုးခဲ့ပါဘူး” ဟု သူက ဆိုသည်။

အခုအခါ ရေနစ်၍ ပျက်စီးသွားသော ပစ္စည်းများထဲမှ အသုံးပြု၍ ရနိုင်သော ပစ္စည်းများကို ဈေးဆိုင် ပိုင်ချင်များမှ ရွှေးထုတ်နေကြသည်ဟု မျက်မြင် တစ်ဦးက ပြောသည်။

မောင်တောမြို့တွင် ရေနစ်ခဲ့ပြီး ကန်များ ရေလျှံပြီး ပေါက်ကျခြင်း၊ တံတားများ ကျိုးပျက်ခြင်း၊ ကားလမ်းများ ရေနစ်နေကြောင်း သိရသည်။

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် မိုးရွာပြီး ရေကြီး သဖြင့် သေဆုံးသူ ၉၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်းဌာနများက သတင်း ထုတ်ပြန်သည်။ သေဆုံးသူများ အထဲတွင် မြန်မာနဲ့ နယ်စပ် ချင်းထိစပ်နေသော ကော့စ်ဘဇားခရိုင်မှာ ၃၆ ယောက်၊ ဘင်ဒရိုဘင် (ရွာတော် ခရိုင်) မှာ ၃၃ ယောက်နှင့် စစ်တကောင်း ၂၇ ယောက်ဖြစ်ကြောင်း သိရသည်။

အများစုမှာ မြေပြို၍ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပျောက်ဆုံးနေသူများလည်း ရာချီ ရှိနေကြောင်း သိရသည်။

http://www.narinjara.com/
 

( ရခိုင် ငြိမ်းချမ်းရေး အဖွဲ့များ နယ်ခြားစောင့် တပ်ဖွဲ့ရန် တောင်းဆို )



ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် အတွင်း နေရာချထားပေးထားသော ရခိုင်ငြိမ်းချမ်းရေး တပ်ဖွဲ့များ အနေဖြင့် သူတို့အား တခြား တိုင်းရင်းသား ငြိမ်းချမ်းရေး တပ်ဖွဲ့များ နည်းတူ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် တောင်းဆိုလိုက်ကြောင်း သိရသည်။


၂၀၀၁-ခုနှစ် လက်နက်ချသွားသည့် ရခိုင်ပြည်တပ်တော် (အေအေ)နှင့် ၁၉၉၇-ခုနှစ် လက်နက် ချသွားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်)အဖွဲ့များမှ သူတို့အား နယ်ခြားစောင့်တပ် ဖွဲ့စည်းပေးရန် ရခိုင်ပြည် နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းအား တင်ပြ တောင်းဆိုထားကြောင်း သိရသည်။

“ ဒီနယ်စပ်မှာ ဆက်နေမယ်ဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေ မရှိရင် ဆက်လက် နေထိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း သူတို့တာဝန် ပီးဆုံရင် ပြန်ကြတော့မယ်။ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ဘယ်သူက တာဝန် ယူမှာလဲ။ အဲဒီတော့ ကျွန်တော်တို့ကို လုံခြုံရေး ကျွန်တော်တို့ ယူရမယ်။ ဒါကြောင့် ကျွန်တော်တို့ကို တခြားတိုင်းရင်းသားဒေသတွေမှာလို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးပေးပါဆိုပြီး တောင်းဆို တင်ပြထားပါတယ်” ဟု အမည်မဖေါ်လိုသူ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် တစ်ဦးက ပြောသည်။

သို့သော်လည်း အဆိုပါ တင်ပြထားချက်နှင့် ပတ်သက်ပြီးး တစ်စုံတစ်ရာ အဖြေမရရှိသေးကြောင်း၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းခွင့်မရပါက လုံခြုံရေး အရ သူတို့ အနေဖြင့် မောင်တော ဒေသတွင် နေထိုင်ရန် မဖြစ်နိုင်ကြောင်း သူက ပြောသည်။ e

ဒေသခံ တိုင်းရင်းသားများမှလည်း ရေရှည် သူတို့ဘ၀ လုံခြုံရေး အတွက် နယ်စပ်တလျှောက်တွင် ပြည်သူ့စစ် အသွင် တပ်ဖွဲ့များ ဖွဲ့စည်းပေးရန် လိုလားနေကြပြီး နယ်မြေခံ တပ်ဖွဲ့များနှင့် ပူးပေါင်းကာ နယ်စပ်ကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုလားနေကြသည်ဟု သိရှိရသည်။

ယခုကဲ့သို့ လိုလားနေကြောင်းကို ဇွန်လ ၂၅ ရက်နေ့က မောင်တောမြို့တွင် ပြု လုပ်သည့် အစည်းအဝေးတွင် ဒေသခံ လူကြီးများက မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးကို တင်ပြခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ တင်ပြချက်အပေါ် ခရိုင် အုပ်ချုပ်ရေးမှူးက ယခုလို ပြန်လည် ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

“ ခရိုင်မှူးပြောတာက ခင်ဗျာတို့ အိမ်ပြန်နေချင်လည်း နေကြပါ။ ကျွန်တော်တို့ကတော့ အတင်းမပြောင်းခိုင်းပါဘူး။ ဒီမှာ တပ်ရင်းတွေလည်း လုံခြုံရေးချထားတယ်။ ဒီက လုံခြုံရေးတွေ ရုတ်သွားရင်လည်း ခင်ဗျာတို့ ရေရှည် လုံခြုံ ဖို့အတွက် ပြည်သူ့စစ်တပ်ဖွဲ့စည်းပေးဖို့ အထက်ကလူကြီးတွေလည်း စဉ်းစားနေတယ်လို့ ပြောဆိုသွားပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေး အဆိုကို မကြာမီကျင်းပတော့ လွှတ်တော်အစည်းအဝေးတွင်လည်း တင်ပြ ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း ရခိုင်လွှတ်တော် အမတ် တစ်ဦးက ပြောဆိုသည်။

http://www.narinjara.com/
 

( ထီးချိုင့်တွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ပြန်ရုပ်ပြီ )


ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာတွင် ၁၀ လနီးပါး ကြာသည်အထိ ထုတ်ပြန်ထားခဲ့သော ပုဒ်မ ၁၄၄ ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီးတွင် အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေသော တကောင်းတောင် ဖရိုနီကယ်လ် စက်ရုံ စီမံကိန်း ဧရိယာအတွင်း စက်ရုံပိုင် ပစ္စည်းများ ပျောက်ဆုံး နေခြင်းကြောင့် ဒေသခံများ ဖြတ်သန်းသွားလာခြင်း မပြုရန် ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ ကို ထုတ်ပြန် ထားရာမှ ယခု ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

စက်ရုံပစ္စည်းများ၏ လုံခြုံရေးအတွက် စက်ရုံ၏ အရှေ့ဘက်ပိုင်း တန့်ကြည့်တောင်တန်းအထိ၊ အနောက်ဘက်ပိုင်း ဗန်းမော်-မန္တလေး ကားလမ်းအထိ၊ တောင်ဘက်ပိုင်း ရေရှင်ချောင်းအထိ၊ မြောက်ဘက်ပိုင်း ကွန်ကရစ်လမ်းအထိ စက်ရုံပိုင် ဧရိယာ စုစုပေါင်း ၃၀၆၈ ဒသမ ၆၆ ဧကကို ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ကာ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ပြင်ပလူများ သွားလာခွင့်ကို တားမြစ်ခဲ့သည်။

လိုက်နာမှုမရှိသူများကို အာဏာဖီဆန်မှုနှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ပုဒ်မ ၁၄၄ မှာ ရပ်ကွက်ပြည်ရွာ အုပ်စုလိုက် ရိုက်ပွဲ၊ သတ်ပွဲ၊ နှက်ပွဲ ဆူပူသောင်းကျန်းမှုများ မဖြစ်စေရန် ကြိုတင် တားဆီးသည့် အနေဖြင့် ထုတ်ပြန်သည့် ဥပဒေတရပ် ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းဒေသတွင် ပုဒ်အမ ၁၄၄ ထုတ်ပြန်ခြင်း အပေါ် တသီးပုဂ္ဂလ ပါတီ ထောင်ထားသည့် ဥပဒေ ကျွမ်းကျင်သူ ဦးစိန်လှက ကန့်ကွက်ခဲ့ရာမှ ယခုအခါ အဆိုပါ ပုဒ်မကို ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဦးစိန်လှက ဧရာဝတီကို ပြောသည်။

‘‘ပုဒ်မ ၁၄၄ ဆိုတာက တိုင်းပြည်မငြိမ်မသက်ဖြစ်ပြီး အခြေနေတွေ ထိန်းသိမ်းဖို့ ခက်ခဲမှ ထုတ်ပြန်ရတဲ့ ဥပဒေမျိုးပါ။ တဦးတယောက်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ထုတ်ပြန်လို့ မရပါဘူး။ အခုဟာက နီကယ်လ် စက်ရုံ ဧရိယာမှာ ဖြတ်သန်းသွားလာလို့ မရအောင် ထုတ်ပြန်တဲ့ အနေထားမျိုး ဖြစ်တဲ့အတွက် ကျနော် ကန့်ကွက်ခဲ့တာပါ” ဟု ဦးစိန်လှက ဆိုသည်။

ဦးစိန်လှ၏ ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က စတင်ထုတ်ပြန်ထားသော အဆိုပါ ပုဒ်မ ၁၄၄ ကို ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချိန်တွင် ကုမ္ပဏီပိုင်လမ်းများမှ ဖြတ်သန်းသွားလာသည့် ကျေးရွာဒေသခံများကို ကုမ္ပဏီဘက်က ဖြတ်သန်းခ ကောက်ခံလျှက် ရှိကြောင်း၊ အရေးကိစ္စရှိသဖြင့် ဖြတ်သန်းမည် ဆိုပါက ကွန်ကရစ်လမ်း ဖြတ်သန်းခ အဖြစ် နွားလှည်းတစီးလျှင် ကျပ် ၃ ထောင်၊ ထော်လာဂျီတစီးလျှင် ကျပ် ၅ ထောင် ပေးဆောင်ရကြောင်း ဒေသခံများက ပြောသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကို ရုပ်သိမ်းပြီးသည့် တိုင်အောင် အဆိုပါ ကောက်ခံမှုမှာ ဆက်လက်ရှိနေဆဲဟု သိရသည်။

ကုမဏီပိုင်ဆိုင်သည့် စီမံကိန်းများအတွက် တကောင်း ဒေသရှိ ဒေသခံ လယ်သမားများ ပိုင်ဆိုင်သည့် လယ်ယာမြေ ၇၃၈ ဧကကို သိမ်းဆည်း ထားသည့်အတွက် လယ်သမားတို့မှာ အလုပ်လက်မဲ့ ဖြစ်နေရကြောင်း လယ်မြေသိမ်းခံရသူ တဦးဖြစ်သည့် ကိုမြင့်လှိုင်က ရှင်းပြသည်။

လယ်မြေများ သိမ်းယူသည့်အတွက် လယ်သမားတချို့မှာ ကျပ် သောင်းဂဏန်း လျော်ကြေးရပြီး အများစုမှာ လျော်ကြေး လုံးဝ မရကြောင်း ၎င်းက ဆိုသည်။

တကောင်းဆိပ်ကမ်း တွင်လည်း ဆိပ်ခံဘောတံတား တည်ဆောက်ရန်အတွက် လယ်မြေဧက ၄၈ ဧကကို ထူး ကုမ္ပဏီက သိမ်းယူ ထားသေးကြောင်း သိရသည်။

http://burma.irrawaddy.org/
 
 
 

No comments: