Friday, June 29, 2012

ဒုက္ခသည် ရခိုင်ပြည်သူများအား ကူညီကယ်ဆယ်ရေး

မြေပုံမြို့တွင် ရေကန်အဆိပ်ခတ်ခံရ၍ ပြည်သူများစိုရိမ်
Written by မင်းသွီး    Friday, 29 June 2012 13:57    PDF Print E-mail
MrayBonမြေပုံမြို့တွင် ဒေသခံပြည်သူများ သောက်သုံးနေသော ရေကန် အဆိပ်ခတ်ခံရ၍ ပြည်သူများအား မသောက်သုံးရန် မြို့နယ်အုပ်ချူပ်ရေးရုံးမှ မြို့အနှံ့ကြေငြာထားကြောင်း သတင်းရရှိသည်။
ရေကန်အဆိပ်ခတ်ခံရခြင်းကြောင့် ရေကန်ရှိငါးများသေဆုံးသွားပြီး ယင်းရေကန်အား အဆိပ်ခတ်သွားသည့် တရားခံကို စုံစမ်းလျက်ရှိသည်။ မြေပုံမြို့နယ်အတွင်း ယင်းရေကန်အဆိပ်ခတ်မှုကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန်အတွက်လည်း မြို့အနှံ့ လုံခြုံရေးများ တင်းကျပ်စွာချထားကြောင်းသိရှိရသည်။
“မနက်ပိုင်း လူတွေက ရေသွားခပ်ကြတယ်လေ၊ ရေကန်မှာ ရေခပ်မယ်လုပ်တော့ ငါးတွေအကုန်လုံး မျှောနေတာတွေ့တယ်၊ အဲဒါနဲ့သက်ဆိုင်ရာကို အကြောင်းကြားလိုက်တော့၊ မြို့နယ်အုပ်ချူပ်ရေးရုံးကလာပြီး စစ်ဆေးတော့ ရေကန်အဆိပ်ခတ်ခံထားရတယ်လို့ ပြောတယ်၊ အဲဒါနဲ့ မြို့နယ်အုပ်ချူပ်ရေးရုံးကကားနဲ့ မြို့ကိုပတ်ပြီးတော့ အဲဒီမြို့ရေကန်က ရေကိုမသောက်ကြဖို့ သတိပေးတယ်။ ရေကန်ကိုအဆိပ်ခတ်သွားတာကတော့ ဘင်္ဂလီမူဆလင်တွေ ခတ်တယ်လို့ ခန့်မှန်းရတာပေါ့၊ ရခိုင်တွေသောက်နေတဲ့ ရေကန်ကို ရခိုင်တွေက အဆိပ်ခတ်မလား စဉ်းစားလို့ရတာပေါ့”ဟု မြေပုံမြို့မှ ကျောင်းဆရာမတစ်ဦးမှ ပြောသည်။
ဆူပူအကြမ်းဖက်မှုများ ဖြစ်မလာစေရန်အတွက် မြေပုံမြို့ဈေးကို ပိတ်လိုက်ရပြီး ရခိုင်ပြည်သူများမှာလည်း ပြဿနာတစ်စုံတစ်ရာထပ်ပြီး ဖြစ်လာမည်ကို မလိုလားကြောင်းနှင့် ယနေ့ည လုံခြုံရေးကို တင်းကျပ်စွာ ပိုမိုချထားသင့်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။


ဦးအောင်မင်းအဖွဲ့နှင့် ရခိုင်လွတ်မြောက်ရေးပါတီတို့ တွေ့ဆုံ
Written by မင်းသွီး    Friday, 29 June 2012 06:12    PDF Print E-mail
ALP and Aung Marmငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဌ ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ၀န်းကြီး ဦးခင်ရီတို့အဖွဲ့သည် ရခိုင်လွတ်မြောက်ရေးပါတီ ALPနှင့် ဘန်ကောက်တွင် ဇွန်လ ၂၈နေ့၊ နေ့လည် ၁၂နာရီမှ ၁နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ယင်းတွေ့ဆုံဆွေးနွေးရာတွင် ALPနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့မှုအပေါ်တွင် ချက်မှတ်ခဲ့သော သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် ပြည်ထောင်စုအဆင့်ထိ တက်လှမ်းနိုင်ရန် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
“ကျနော်တို့ ပြည်နယ်အဆင့် ဆွေးနွေးခဲ့တဲ့ အချိန်တုန်းက တင်ပြခဲ့တဲ့ မြို့နယ်တွေမှာ ဆံဆက်ရေးရုံးတွေ ဖွင့်လှစ်ခွင့်ပေးရန်၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်းမှာ ALPရဲဘော်တွေ သက်ဆိုင်ရာ ရဲစခန်း ဒါမှမဟုတ် စရဖကို အကြောင်းကြားပြီးတော့ လွတ်လပ်စွာသွားလာခွင့်တွေပေးမယ့် ကိစ္စတွေနဲ့ ပက်သက်ပြီးတော့ ဆွေးနွေးခဲ့တယ်၊ ဦးအောင်မင်းကလည်း အဲဒါတွေကို လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ြ့ပီးတော့ ရခိုင်ပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းနဲ့ ပက်သက်ပြီးအကျဉ်းအားဖြင့် ဆွေးနွေးခဲ့တယ်၊ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီကလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပက်သက်ပြီး ပေါ်လစီတွေချမှတ်ပြီးတော့ နယ်စပ်ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တယ်” ဟု ရခိုင်လွတ်မြောက်ရေးပါတီ ALP ဒု-ဥက္ကဌ ဦးခိုင်စိုးနိုင်အောင်က ပြောသည်။
ရခိုင်လွတ်မြောက်ရေးပါတီ ALPနှင့် ရခိုင်ပြည်နယ်အစိုးရတို့သည် ဧပြီလ(၅)ရက်၊ ၂၀၁၂ခုနှစ်တွင် သဘောတူညီချက်(၅)ချက်ဖြင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့တို့၏ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်တွင် ယခင်သဘောတူချက်(၅)ချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရေး အပါအ၀င် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တက်လှမ်းဆွေးနွေးနှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ပြဿနာများအား ဖြေရှင်းပေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဒီပြဿနာ ဘယ်လိုရှင်းကြမလဲ
Written by ဦးအောင်ကိုကို    Thursday, 28 June 2012 00:00    PDF Print E-mail
UNHCRရခိုင်ပြည်နယ်အတွင်းမှာ ဒီသီတင်းပတ်တွေအတွင်း တွေ့မြင်ကြားသိနေရတဲ့ အရေးအခင်းကတော့ တကယ်ဘဲ ရင်နာစရာကောင်းလွန်းလှပါတယ်။ ကမ္ဘာပေါ်မှာဖြစ်ပွါးခဲ့ရတဲ့ အရေးအခင်းတိုင်းမှာ ဖြစ်ပေါ်ရခြင်းအကြောင်းရင်းရှိပါတယ်။ လတ်တလောအကြောင်းရင်းနဲ့ ကာလကြာမြင့်စွာကပင် တစိမ့်စိမ့်ဖြစ်ပေါ်နေတဲ့အကြောင်းရင်းလို့ ခွဲခြားသုံးသပ်ကြပါတယ်။ အခုဖြစ်ပွားလာခဲ့တဲ့ ပြဿနာတွေရဲ့အကြောင်းရင်းကို သတင်းမီဒီယာတွေကတော့ ကျောက်နီမော် ပြဿနာကြောင့်လို့ ဖော်ပြ၊ ထုတ်လွှင့်ပြသနေခဲ့ကြပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒါဟာ တကယ့်ပြဿနာမဟုတ်ဘူးဆိုတာပါပဲ။
ကျွန်တော်ကတော့ ကျောက်နီမော်ပြဿနာဆိုတာ လတ်တလောအကြောင်းရင်းလို့ပဲ သုံးသပ်ပါတယ်။ ဆိုလိုချင်တာကတော့ ကျောက်နီမော်ပြဿနာ မဖြစ်ခဲ့ရင်လည်း ဒီအရေးအခင်းက ဖြစ်လာမှာပဲလို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အကြောင်းရင်းခံတွေက ရှိနေပြီးသားဖြစ်နေလို့ပါ။ မီးစာ (လောင်စာ)လည်းရှိနေတယ်၊ လောင်စာဆီလည်း ရှိနေတယ်၊ မီးတောက်ဖို့အတွက် မီးစတစ်စပဲ လိုတော့တာပါ။ ကျောက်နီမော်ပြဿနာဆိုတာ မီးစလေးတစ်စပါပဲ။ တောင်ကုတ်ပြဿနာဆိုတာလည်း မီးထတောက်ဖို့ စတင်နေခဲ့တဲ့ အခြေအနေပါ။ အဲဒီမီးစကို လေပင့်ပေးလိုက်တာက (ကုလား - မူစလင်)ဆိုတဲ့ ဝေါဟာရ ပြဿနာပါ။
ပထမဆုံးတင်ပြချင်တဲ့ အကြောင်းရင်းကတော့ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုဆိုတဲ့ ပြဿနာပါပဲ။ ပညာရှင်တွေရဲ့တင်ပြချက်တွေ ရှိနေပြီးဖြစ်တော့ ဒီနေရာမှာ သမိုင်းကြောင်းကို မတင်ပြလိုတော့ပါဘူး။ နိုင်ငံသားမဖြစ်သင့်တဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံသားမဖြစ်ကြောင်း၊ ဘာကြောင့်မဖြစ်ထိုက်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေကရော နိုင်ငံတော်အစိုးရ အဆက်ဆက်ကပါ ပြတ်ပြတ်သားသား ဖေါ်ထုတ်ခြင်းမလုပ်ခဲ့ကြလို့ပါပဲ။ နိုင်ငံသားအရည်အချင်းမရှိတဲ့သူတွေကို နိုင်ငံသားအခွင့်အရေးပေးထားခဲ့ကြလို့ပါပဲ။ ဒီနေရာမှာ လူ့အခွင့်အရေးနဲ့နိုင်ငံသားအခွင့်အရေး မတူဘူးဆိုတာကို သတိပြုကြရပါမယ်။ အစဉ်အဆက် နိုင်ငံရေးပါတီတွေက မဲရလိုမှုတစ်ခုတည်းနဲ့ မပေးသင့်တဲ့အခွင့်အရေးကို ပေးခဲ့တာ၊ ကိုယ်ကျိုးရှာအကျင့်ပျက် ၀န်ထမ်းတွေ (ကျွန်တော်ကတော့ အကျင့်ယုတ်ဝန်ထမ်းတွေလို့ ပြောချင်ပါတယ်) ရဲ့ ငွေကြေး၊ ဥစ္စာပစ္စည်းရလိုမှုတစ်ခုတည်းနဲ့ မလုပ်သင့်တာတွေကို လုပ်ခဲ့ကြ၊ လုပ်နေကြတာတွေဟာလည်း အကြောင်းရင်းတစ်ခုပါပဲ။ အဲဒါတွေကြောင့်ပဲ နောက်ဆုံး အခုအချိန်မှာ လွှတ်တော်ထဲအထိဝင်ပြီး မတန်မရာတွေတောင်းဆိုရဲကြတာပါ။ ဒီပြဿနာကို အခုအချိန်မှာ ကျေလည်အောင်ရှင်းလင်းဖို့အချိန်ကျပြီလို့ တင်ပြချင်ပါတယ်။
သိပ်မကြာသေးတဲ့ကာလ (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ)ထဲမှာ ဘင်္ဂလီတွေ အဲဒီခေါ်တောတွေဟာ ဘူးသီးတောင်၊ မောင်တော ဒေသမှာ အဓိကလှုပ်ရှားမှု တစ်ခုကို ပြုလုပ်ခဲ့ကြပါသေးတယ်။ ဒါကတော့ ရှင်းရှင်းလေးပါ။ ဒီနေရာ၊ ဒီဒေသကို သူတို့အပိုင်သိမ်းထားနိုင်ပြီလို့ ကြေငြာလိုက်တာပါပဲ။ ဒီလှုပ်ရှားမှုကို လူတွေသိပ်မသိလိုက်ပေမယ့် သိပ်မကြာခင် သူတို့တွေဒီထက်ပိုပြီး လှုပ်ရှားလာတော့မယ်ဆိုတာ ခန့်မှန်းနိုင်ခဲ့မိပါတယ်။ သိပ်မကြာခင်မှာပဲ ARAKAN အမည်ကို သူတို့ကအလွဲသုံးစားလုပ်၊ နိုင်ငံတကာမှာသမိုင်းလိမ်တွေကိုဖေါ်ထုတ်လာကြတဲ့ လှုပ်ရှားမှုတွေပါ။ အခုရက်ပိုင်းအတွင်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက အရေးအခင်းကို ရခိုင်တိုင်းရင်းသားများနှင့် ကျွန်တော်တို့ မူစလင်တိုင်းရင်းသားများလို့ ဗွီအိုအေအင်တာဗျူးတစ်ခုမှာ တင်ပြသွားခဲ့ပါသေးတယ်။
ဒီကိစ္စကို ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ရပါမယ်။ ကုလားဆိုတဲ့ ဝေါဟာရတစ်ခုကို သူတို့တွေက ပြင်းပြင်းထန်ထန်ကန့်ကွက်သလို ကျွန်တော်တို့ကလည်း ခေါ်တောတွေက ဒီလိုမူဆလင်တိုင်းရင်းသားလို့ပြောတာကို ကန့်ကွက်ရပါမယ်။ လွှတ်တော်ထဲမှာအထိ အရေးဆိုကြဖို့ ကိုယ်စားလှယ်များကို တောင်းဆိုတင်ပြလိုပါတယ်။ ဒီ ခေါ်တောတွေဟာ တိုင်းရင်းသားမဟုတ်ကြောင်း၊ နိုင်ငံသားမဟုတ်ကြောင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ကြေငြာပေးဖို့ အားလုံးက ၀ိုင်းဝန်အရေးဆိုကြဖို့ကိုပါ တင်ပြတောင်းဆိုပါတယ်။ နောက်တစ်ခုက ရိုဟင်ဂျာပြဿနာပါ။ နိုင်ငံသားပြဿနာနဲ့ ဒီရိုဟင်ဂျာပြဿနာဟာ ဆက်စပ်နေပါတယ်။ သမိုင်းကြောင်းအချက်အလက်တွေကိုတော့ မတင်ပြလိုတော့ပါဘူး။ ဒီပြဿနာကိုဖြေရှင်းတဲ့အခါ ထည့်သွင်းစဉ်းစားဖို့လိုတဲ့အကြောင်းခြင်းအရာများကို တင်ပြလိုပါတယ်။
မောင်းတောမြို့အရေးအခင်းမှာ တိုင်းရင်းသားရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ တိုင်းရင်းသားတွေအသက်၊ အိုးအိမ်၊ စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အမှန်တကယ် ဒုက္ခတွေ့ကြုံခံစားရတာက တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ မောင်းတောမြို့မှာ ခေါ်တောတွေရဲ့ အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့တာမရှိခဲ့ပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတဲ့ဒုက္ခသည်အမည်ခံတွေကတော့ ခေါ်တောတွေပါပဲ။ ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မခံနိုင်လို့ ပြန်နှင်လွှတ်ကြောင်းသတင်းဗွီဒီယိုတွေ ထွက်ပေါ်လာပြန်ပါတယ်။ ဒါနဲ့တစ်ဆက်တည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီရက်ပိုင်းအတွင်း နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာ သူ့နိုင်ငံကဒုက္ခသည်စခန်းမှာ ဒုက္ခသည်အမည်ခံ ပုဂ္ဂိုလ်တွေက အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လှုပ်ရှားနေကြတယ်၊ ဒါကြောင့်လည်း သူတို့နိုင်ငံမှာ လက်မခံနိုင်ပါလို့ ထုတ်ပြန်တာကို ကြားသိရပါတယ်။
ဒီအချိန်မှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းအားလုံးက တစ်ညီတည်း၊ တစ်သံတည်း ထွက်လာတာကတော့ ရိုဟင်ဂျာဆိုတာ ဒီနိုင်ငံမှာမရှိဘူး ဆိုတဲ့အသံပါ။ လောလောဆယ် ဒီရိုဟင်ဂျာလှုပ်ရှားမှုတွေ၊ RSO လက်နက်ကိုင် လှုပ်ရှားမှုတွေမှာ အကာအကွယ်ပေး၊ ကူညီပေးနေတာက UNHCR နှင့် လက်အောက်ခံ INGO တစ်ချို့ပါပဲ။ UN အဖွဲ့အစည်းတွေ၊ INGO တွေ ဒီလိုပတ်သက်နေတယ်ဆိုတဲ့သတင်းတွေက ကျွန်တော်တို့လူထုထဲကို သိုးသိုးသန့်သန့်ထွက်ပေါ်လာပါတယ်။ အဲဒီအဖွဲ့အစည်းတွေထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ တိုင်းရင်းသားဝန်ထမ်းတွေဆီကပါ။ အတူတူလုပ်ကိုင်နေတဲ့ ၀န်ထမ်းအချင်းချင်း ရိပ်မိသိရှိပြီး နီးစပ်ရာ၊ နီးစပ်ရာ ပေါက်ကြားလာတာမျိုးပါ။
ဒါတွေက လက်ဆုပ်လက်ကိုင်နှင့် သက်သေထုတ်ပြတိုင်ကြားဖို့ခက်ခဲတဲ့ အခြေအနေမျိုးပါပဲ။ သတင်းတွေဟာ မဖြစ်နိုင်ပါဘူးလို့လဲ မငြင်းနိုင်တဲ့ အခြေအနေပါ။ ၂၀၁၀ ခုနှစ်အတွင်း မောင်းတောမြို့ ခမောင်းဆိပ်မှာ ဖမ်းဆီးအရေးယူခဲ့တဲ့ အကြမ်းဖက်လှုပ်ရှားမှု အမှုတစ်ခုမှာ မောင်းတော UNHCR ၀န်ထမ်းတချို့ ပါဝင်ပတ်သက်နေပါတယ်။ အခုလတ်တလောစစ်ဆေးအရေးယူမှုတွေမှာလည်း UNHCR ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ၊ မိတ်ဖက် INGO တွေက ၀န်ထမ်းတွေ ပါဝင်နေတယ် ဆိုတာလည်း ကြားသိနေရပါတယ်။
(၈-၆-၂၀၁၂)ရက်နေ့၊ မောင်းတောမြို့အရေးအခင်းပြီးတာနဲ့ တစ်ဆက်တည်း ဖြစ်ပေါ်လာတာက စစ်တွေအရေးအခင်းပါ။ မောင်းတောမြို့မှာ တိုင်းရင်းသားတွေ ဒုက္ခတွေ့ကြုံနေတဲ့အချိန်မှာ UNHCR ရုံးက ဘာမှအရေးယူဆောင်ရွက်လာတာကို မတွေ့ရတဲ့အပြင် ယာယီခိုလှုံဖို့တောင်းခံတဲ့ တိုင်းရင်းသားတွေကိုလည်း လောက်လောက်လဲလဲ နေရာပေးကူညီတာ မရှိခဲ့ပါဘူး။ သို့သော် တခြား ခေါ်တော တွေကိုတော့ သီးသန့်နေရာပေးထားခဲ့တာကို တွေ့ရပါတယ်။ (သူတို့သီးသန့်နေရာပေးထားခဲ့တဲ့ ခေါ်တောတွေဟာ မူစလင်အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နေတယ်လို့ သံသယရှိလို့ ယခုလောလောဆယ် စစ်ဆေးခံနေရတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေပါတယ်) စစ်တွေမြို့အရေးအခင်းမှာကျတော့ သူတို့ခေါ်တောတွေ ခံနေရတယ်လို့ သတင်းတွေထွက်လာတာနဲ့ UN အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့ကို အပြေးအလွှား ရောက်ရှိလာပါတော့တယ်။ ဒါဟာစဉ်းစားစရာကောင်းတဲ့ အချက်ပါပဲ။ နိုင်ငံတော်ကမည်သူဖိတ်ခေါ်တယ်လို့ သတင်းထုတ်ပြန်ပါစေ (သံတမန်ရေးရာလုပ်ထုံးလုပ်နည်းများအရ ထုတ်ပြန်ချက်လည်းဖြစ်နိုင်ပါတယ်) အလွန်စဉ်းစားစရာ ကောင်းလှပါတယ်။
ဒီနေရာမှာ မောင်းတောမြို့ UNHCR ရုံးရဲ့ လုပ်ငန်းတစ်ချို့နဲ့ပတ်သက်ပြီးတော့ တင်ပြချင်ပါတယ်။ ဒုက္ခသည်အမည်ခံ ခေါ်တောတွေကို စားဝတ်နေရေး အကူအညီပေးနေတာပါ။ UNHCR ရဲ့လုပ်ငန်းတွေကို အကောင်အထည်ဖေါ်ဖို့အတွက် INGO တွေကို Partner အဖြစ်နဲ့ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေအပြင် UNHCR ရဲ့ လုပ်ငန်းတွေထဲမှာ နိုင်ငံရေးနဲ့ဆိုင်တာတွေလည်း ရှိပါသေးတယ်။ နောက်တစ်ခုက Imigration နဲ့ဆိုင်တဲ့ လုပ်ငန်းတွေပါ။ အဲဒီအထဲက သိသာထင်ရှားတဲ့တစ်ခုကို ဖေါ်ပြချင်ပါတယ်။ တရားမ၀င်နိုင်ငံဖြတ်ကျော်ဝင်ရောက်မှု (လ၀က မှု/၁၃(၁) လို့ သိကြပါတယ်) တွေကို ဖမ်းမိအရေးယူတဲ့အခါမျိုးမှာ တရားခံကိုရုံးတင်စစ်ဆေးတဲ့ခါ တရားခံဘက်က ခုခံချေပဖို့အတွက် ရှေ့နေကို UNHCR က ငှားရမ်းပေးပြီး၊ ကုန်ကျစရိတ်ကိုပါ ကျခံပေးပါတယ်။ ဒါဟာ ဘာသဘောပါလဲ။ ဒီလိုပြစ်မှုမျိုးကို UNHCR က ကူညီထောက်ပံ့ပေးထားတယ်ဆိုတာ နိုင်ငံဖြတ်ကျော်မှုကျူးလွန်တာကို UNHCR က ထောက်ခံထားတဲ့ သဘောပါသလား၊ ဆက်လက်ကျူးလွန်ကြဖို့ အားပေးနေတဲ့သဘောလား၊ စဉ်းစားစရာအလွန် ကောင်းပါတယ်။ ကျွန်တော်နားလည်ထားတာက UN ဖြစ်ဖြစ်၊ တခြား Agencies ဖြစ်ဖြစ်၊ INGO တွေပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရနဲ့ တရားဝင် MOU (နားလည်မှုသဘောတူညီချက်) ရှိမှ လုပ်ငန်းဆောင်ရွက်ခွင့်ရှိပါတယ်။ နိုင်ငံတော်က UNHCR ကို ဒီလောက်ထိတော့ ဆောင်ရွက်ဖို့ သဘောတူထားလိမ့်မယ် မထင်မိပါဘူး။ ဒီ MOU တွေကို ပြန်လည်သုံးသပ်ဖို့လည်း တောင်းဆိုပါတယ်။
UNHCR ရဲ့လုပ်ငန်းတွေဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ရှိနေပါတယ်။ ဒီလုပ်ငန်းတွေဟာ ဆက်စပ်နေတော့ UNHCR ရဲ့ Speed Boat တွေက နတ်မြတ်တလျောက် အစုန်အဆန်သွားလာနေကြပါတယ်။ အဲဒီလိုပဲ လုပ်ငန်းဆောင်ရွက်ကြတဲ့ ၀န်ထမ်းတွေကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်ကို စစ်ဆေးမေးမြန်းခြင်းမရှိ ကူးသန်းနိုင်နေကြပါတယ်။ ဒီ့အပြင်ကူးသန်းနေကြတဲ့ UN ၀န်ထမ်းတွေဟာ ခေါ်တောတွေဖြစ်နေပါသေးတယ်။ ဒါတွေကိုထောက်ချင့်ခြင်းအားဖြင့် တဖက်က အယ်လ်ကိုင်ဒါ၊ တာလီဘန်၊ အာရ်အက်စ်အို၊ ဂျမားလ်အစ္စလာမီယာ စတဲ့ ကမ္ဘာကျော်အကြမ်းဖက်အဖွဲ့အစည်းကြီးတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့အတွက် အခွင့်အလမ်းအင်မတန် များပါတယ်။ နောက်ပြီး ဘူးသီးတောင်၊ မောင်းတောလို ဒေသမျိုးမှာ Internet ဆက်သွယ်ရေးဆိုတာ နေရာတိုင်းမှာ မရှိပါ။ UNHCR တစ်ခုတည်းမှာပဲ (၂၄) နာရီ အကန့်အသတ်မရှိ သုံးစွဲခွင့်ရရှိထားပါတယ်။ ဒီတော့ ဒီဝန်ထမ်းတွေအတွက် တစ်ကမ္ဘာလုံးနဲ့ အချိန်မရွေးဆက်သွယ်ခွင့် ရရှိသွားပါတော့တယ်။ သူတို့အနေနဲ့ သတင်းတစ်ခုကိုထုတ်ပြန်ဖို့ အလွန်လွယ်ကူနေသလို ပြင်ပကလည်း သတင်းတစ်ခုကိုလက်ခံဖို့ အလွန်လွယ်ကူနေပါတော့တယ်။ ဒီခေါ်တောတွေအတွက် ရရှိထားတဲ့အခြေအနေတွေက အကြမ်းဖက်ကွန်ယက်ထဲမှာ ပါဝင်ဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်း ရရှိထားတာပါပဲ။ ဒီခေါ်တောတွေအတွက်လည်း ဒီလိုအခွင့်အလမ်းကို အမိအရ ရယူဖို့ကြိုးစားကြတာပါပဲ။ ဒီတော့ ဒုက္ခသည်အမည်ခံတွေဆီကို လုပ်ငန်းအကြောင်းပြချက်အမျိုးမျိုးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသွားအပြန်လုပ်နေကြတဲ့ UNHCR ၀န်ထမ်းတွေပါဝင်ပတ်သက်နေတယ်ဆိုတာ ဖြစ်နိုင်ခြေများသွားပါတယ်။
၂၀၀၇ ခုနှစ်၊ နောက်ပိုင်းကတည်းက UNHCR ရုံးအပါအ၀င်၊ INGO ရုံးဌာနတွေမှာ ၀န်ထမ်းခန့်ထားမှုတွေကို လေ့လာကြည့်တဲ့အခါ ခေါ်တောကုလားလူမျိုးတွေကိုသာ ပိုမိုဦးစားပေးခန့်ထားပြီး ဒေသခံတိုင်းရင်းသားဝန်ထမ်းတွေ တဖြည်းဖြည်း အင်အားလျော့ချလာတာကို တွေ့ရပါတယ်။ တိုင်းရင်းသားတွေကိုခန့်ထားတယ်ဆိုတာလည်း များသောအားဖြင့် Technical လိုအပ်တဲ့ရာထူးမျိုးတွေမှာပါ။ နောက်ဆုံး တိုင်းရင်းသားတစ်ယောက်ကို မခန့်လျင်မဖြစ်တဲ့ အခြေအနေမျိုးမှသာလျင် ခန့်ထားခြင်းဖြစ်ပါတယ်။ ခေါ်တောဝန်ထမ်းတွေကို ဘာဖြစ်လို့တိုးခန့််လာတာလဲ။ တိုင်းရင်းသားဝန်ထမ်းတွေ ဘာဖြစ်လို့လျော့ချလာတာလဲဆိုဒါတွေကိုစဉ်းစားဖို့ အချိန်ကျနေပါပြီ။ ခေါ်တောတွေက UN နှင့် INGO တွေကို အကာအကွယ်ယူဖို့အသုံးချနေပြီး UN နှင့် INGO တွေမှာ တာဝန်ခံဆိုတဲ့ ပုဂ္ဂိုလ်နိုင်ငံခြားသားတွေ မသိလို့အလိမ်ခံနေကြတာလား၊ သိသိနဲ့ ကိုယ်တိုင်ပါဝင်သတ်သက်နေတာလား အဖြေရှာဖို့လိုပါပြီ။
နောက်ပြီးသူတို့အခေါ် Vulnerable People, Beneficiary စသည်ဖြင့် ခေါ်ဝေါ်နေကြတဲ့ အကျိုးခံစားခွင့် ရရှိထားသူတွေဟာလည်း ခေါ်တောတွေချည်းပါပဲ။ တိုင်းရင်းသားထဲက ဘယ်လောက်ပင် ဆင်းရဲနေပလေ့စေ၊ ဘယ်လောက်ပင် ကျန်းမာရေး၊ ပညာရေး အခက်အခဲအမျိုးမျိုးတွေ့နေရပါစေ အကြောင်းတစ်ခုမဟုတ် တစ်ခုနှင့် ပယ်ပစ်ခဲ့တာပါပဲ။ မျက်မြင်အထောက်အထားအဖြစ်နဲ့ ဘူးသီးတောင်၊ မောင်းတောဒေသက စာသင်ကျောင်းအဆောက်အအုံတွေ၊ အဲဒီစာသင်ကျောင်းတွေမှာ ရရှိထားတဲ့ သင်ထောက်ကူပစ္စည်း၊ ပရိဘောဂ အသုံးအဆောင်တွေ ဘယ်လိုရရှိထားတယ်ဆိုတာ ကြည့်တာနဲ့ သိနိုင်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသဖို့အတွက် ထောက်အပံ့ရနေတာ ဘယ်သူတွေပါလဲ။ အာဟာရချို့တဲ့မှုအတွက် အထောက်အပံ့ရရှိနေတာ ဘယ်သူတွေပါလဲ။ နောက်တစ်ခုက ဘူးသီးတောင်၊ မောင်းတောဒေသမှာ အနီးစပ်ဆုံး (၁၅-၆-၂၀၁၂)နေ့မှာ ဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ရေကြီးမှုကိုအကြောင်းပြပြီး ဒီနေ့အထိအကျိုးခံစားခွင့်ရရှိနေတာတွေပါပဲ။ သဘာဝဘေးဆိုတာ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာခွဲခြားမှုမရှိပဲ ထိခိုက်ခံစားခဲ့ရတာပါ။ ဒါပေမယ့် နိုင်ငံတကာအကူအညီရရှိခဲ့တဲ့နေရာမှာတော့ ခေါ်တောတွေရဲ့ရွာတွေမှာပဲ ရရှိခဲ့ပါတယ်။ စားနပ်ရိက္ခာ၊ သောက်ရေ၊ သုံးရေနှင့် သန့်ရှင်းရေးအစီအစဉ်တွေမှာ ရေတွင်း၊ ရေကန်၊ အိမ်သာ စတာတွေ အထောက်အပံ့ကို အခုအချိန်ထိ ခေါ်တောရွာတွေပဲ ရရှိခံစားနေတာပါပဲ။ စီမံချက်ဧရိယာတစ်ခုအတွင်းမှာ တိုင်းရင်းသားရွာတစ်ရွာ ပါဝင်နေရင်တောင်မှ အိမ်ခြေ(၅၀)မပြည့်လို့ ခံစားခွင့်မပေးနိုင်ပါ ဆိုတဲ့အကြောင်းပြချက်နဲ့ ချန်ထားခဲ့တာပါပဲ။ (လူနည်းစုဖြစ်လို့၊ လူများစုဖြစ်လို့ဆိုပြီး ပြောတဲ့ဆရာမကြီး ကျပ်ကျပ်သတိထားသင့်ပါတယ်) ရင်နာစရာအကောင်းဆုံးက အကြီးဆုံးနိုင်ငံရေးပါတီကြီးက ရေကြီးမှုအတွက် အကူအညီအဖြစ် ရိက္ခာထောက်ပံ့ရေးအစီအစဉ်မှာတောင် ခေါ်တောရွာ၊ ခေါ်တောရပ်ကွက်တွေကိုပဲ ထောက်ပံ့ပေးခဲ့တာပါဗျာ။ (မဲရဖို့ လိုနေတယ်မဟုတ်လား) အဲဒီတော့ ခွဲခြားဆက်ဆံမှု (discrimination) ပြုနေတာ ဘယ်သူတွေပါလဲ။ နောက်ထပ်သူတို့ ကျယ်ကျယ်လောင်လောင်ပြောနေတဲ့ လူ့အခွင့်အရေး (Human Right) ကိုချိုးဖေါက်နေကြတာ ဘယ်သူတွေပါလဲ။ ဘာသာရေးလွတ်လပ်ခွင့်ကို တမင်သတ်သတ်ချိုးဖောက်နေတာ ဘယ်သူတွေပါလဲ။ ဒါတွေဟာ တင်ပြဖို့တောင်မလိုတော့အောင် ထင်ရှားနေပြီးသားပါ။ မဖြစ်ပါနိုင်ဘူးလို့ ထင်တဲ့သူ၊ မယုံတဲ့သူတွေ ကျွန်တော်တို့ ဘူးသီးတောင်၊ မောင်းတောဒေသကို လာခဲ့ကြပါ။ ကိုယ်တိုင်လေ့လာဆန်းစစ်ပြီးမှ သုံးသပ် ဆုံးဖြတ်ကြပါ။ ကျွန်တော်ကိုယ်တိုင် စရိတ်ငြိမ်း အစအဆုံးအားလုံးကို တာဝန်ယူပြီး လိုက်ပြချင်ပါတယ်။ ဒီဒေသကို မလာနိုင်ရင်လဲ ခင်ဗျားတို့ နီးစပ်ရာဒေသကို ကြည့်ပါ။ ၂၀၀၈ ခုနှစ် က နာဂစ်မုန်တိုင်းကို အမှတ်ရနေကြအုံးမှာပါ။ နောက်ပြီး ၂၀၁၀ ဂီရိမုန်တိုင်း၊ အခု အဲဒီဒေသက ပြည်သူတွေကို ထောက်ပံ့ကူညီပေးနေတဲ့ UN အဖွဲ့အစည်း အရေအတွက် ဘယ်နှစ်ခုရှိပါသေးသလဲ။ အရေအတွက်တူညီခဲ့ရင်တောင် (Budget) ရံပုံငွေပမာဏနဲ့ လူဦးရေအချိုး ဘယ်လောက်ရှိပါသေးသလဲ။ ရှင်းရှင်းလေးပါပဲ - ဒါတောင် သိပ်မကြာသေးပါဘူး။ ဒါပေမယ့် ဘူးသီးတောင်၊ မောင်းတောဒေသမှာ UN အဖွဲ့အစည်းတွေ၊ INGO တွေ ၀င်ရောက်လှုပ်ရှားနေတာ နှစ်ပေါင်း (၂၀)တောင် ပြည့်ပါတော့မယ် ခင်ဗျား။ ဘူးသီးတောင် - မောင်းတော ဒေသဟာ နာဂစ်လည်း မဖြစ်ဖူးဘူး၊ ဂီရိလည်း မ၀င်းဖူးဘူး၊ ဆူနာမီဆို ယောင်လို့တောင် မျက်စောင်းမထိုးတဲ့နေရာဒေသတစ်ခုပါ။
အခုလည်း ဒီအရေးအခင်းအတွက် ကူညီထောက်ပံ့ပေးကြဖို့ အစိုးရကဖိတ်ခေါ်ထားတာကို ကြားသိလိုက်ရပါတယ်။ ကျွန်တော်ပြောရဲပါတယ် - တကယ်တမ်း UN နဲ့ INGO တွေက အကူအညီပေးလာခဲ့ မယ်ဆိုရင်လည်း နစ်နာဆုံးရှုံးခဲ့ရတဲ့ တိုင်းရင်းသားတွေအတွက်ကို အစီရင်ခံစာမှာဖေါ်ပြနိုင်အောင် ပေးတယ်ဆိုရုံလေး မစို့မပို့ရာခိုင်နှုန်းလောက်သာပေးပြီး ခေါ်တောတွေကိုတော့ နောက်ထပ်နှစ်ပေါင်းနှစ်ဆယ်ကျော်မက ထပ်ပေးနေဦးမှာပါ။ ဒါက UN, INGO စတာတွေမှာ ခေါ်တောတွေချည်းကြီးစိုးနေပြီး တိုင်းရင်းသားတွေ ခွဲခြားဆက်ဆံခံနေရတဲ့ အခြေအနေကို ကြုံကြိုက်တုန်း တင်ပြခဲ့တာတွေပါ။
အခုအရေးအခင်းမှာ ခေါ်တောတွေဆီက လက်နက်တွေရရှိထားတယ်ဆိုတာနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်ကြေငြာတာ မတွေ့ရသေးပေမယ့် ယနေ့အထိ သိရှိထားရသမျှတွေအရတော့ အမှန်ပဲဖြစ်ပါတယ်။ ခေါ်တောတွေ ဘင်္ဂလား - မြန်မာ နယ်စပ်မှာ UN ကိုအကြောင်းပြပြီး လှုပ်ရှားနေကြတယ်ဆိုတာ မှန်ကန်ကြောင်း သက်သေပြနေပါတယ်။ UNHCR ၀င်းထဲမှာ တစ်ညနေခဲ့ကြတဲ့ တိုင်းရင်းသားဒုက္ခသည်တွေကလည်း သံသယဖြစ်စရာလှုပ်ရှားမှုတွေ တွေ့မြင်ကြားသိခဲ့ကြရတဲ့အကြောင်း ပြန်ပြောပြတာတွေရှိပါတယ်။ လူပုဂ္ဂိုလ်နာမည်တွေကအစ တိတိကျကျဖေါ်ထုတ်ပြောလာခဲ့တာပါ။ (ဒေသခံတိုင်းရင်းသားတွေဟာ ခေါ်တောစကားကို အထိုက်အလျှောက် နားလည်တတ်ကျွမ်းကြပါတယ်) နောက်ဆုံးဖမ်းဆီးအရေးယူမှုခံရသူတွေထဲမှာ မောင်းတောမြို့ UNHCR ရုံးဝင်းထဲမှာ ၀န်ထမ်းမဟုတ်ဘဲ ၀င်ရောက်ခိုလှုံနေသူတွေကိုပါ ဖမ်းမိခဲ့ပါတယ်။ ဒေသခံတွေပြောတဲ့နာမည်နဲ့ ခေါ်တောတွေ အမှန်တကယ်ပဲ ဖမ်းဆီးတဲ့အထဲ ပါဝင်နေပါတယ်။ ဒါကြောင့် UN ရဲ့ တာဝန်ခံအကြီးအကဲတောင် ဒီကစ္စမှာပါဝင်ပတ်သက်နေသလားလို့တောင် သံသယဖြစ်စရာကောင်းနေတာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထိထိမိမိ စုံစမ်းစစ်ဆေးသင့်ပါတယ်။
တစ်ခါ UN အထူးကိုယ်စားလှယ်ကြီးရဲ့ထုတ်ပြန်ချက်တွေမှာ ကျွန်တော်တို့ရခိုင်ဒေသက ထွက်ပြေးခိုလှုံလာတဲ့ Rohingya (ရိုဟင်ဂျာ) တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံပေးဖို့ထုတ်ပြန်ခဲ့ပြီး Rohingya (ရိုဟင်ဂျာ)ဆိုတဲ့အသုံးအနှုန်းသစ်ဝေါဟာရ ကိုတမင်သုံးနှုန်းထုတ်ပြန်သွားတာတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတာကို မရှိပါဘူး၊ လက်မခံနိုင်ပါဘူးလို့ တရားဝင်ထုတ်ပြန်၊ တင်ပြထားကြပါလျက် အခုလိုထုတ်ပြန်ကြေငြာချက်တွေမှာ ရိုဟင်ဂျာလို့ သုံးနှုန်းသွားခဲ့တော့ UNHCR ဆိုတာ ဒုက္ခသည်အမည်ခံအကြမ်းဖက်သမားတွေကို အကာအကွယ်ပေးနေတဲ့ အဖွဲ့အစည်းလို့ဘဲ သုံးသပ်ရပါလိမ့်မယ်။ High Commissioner for Refugees မဟုတ်တော့ပါ။ High Commissioner for RSO (Rohingya) သို့မဟုတ် High Commissioner for Rebels လို့ပဲ ပြောရတော့မှာပါ။
အခုဖြစ်ပေါ်ခဲ့တဲ့အရေးအခင်းကို အသေအချာသုံးသပ်ကြည့်မယ်ဆိုလိုရှိရင် အားလုံးဟာ သေသေချာချာ အကွက်ချစီမံထားတဲ့ အခင်းအကျင်းတစ်ခု၊ အရေးအခင်းကို တနည်းနည်းနဲ့ မဖြစ်ဖြစ်အောင်ဖန်တီးကြိုးစားလာခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ အစောပိုင်းကကျွန်တော်တင်ပြခဲ့သလို ကျောက်နီမော်ပြဿနာ၊ တောင်ကုတ်ပြဿနာဆိုတာတွေဟာ လတ်တလောအကြောင်းရင်းပါပဲ။ တကယ့်အကြောင်းရင်းကတော့ ရခိုင်ဒေသကို ခေါ်တောတွေက သူတို့နယ်မြေအဖြစ်အပိုင်ကျူးကျော်သိမ်းပစ်နိုင်ဖို့ စစ်ဆင်လာတာဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါဟာ ရခိုင်ဒေသတစ်ခုတည်းနဲ့ဆိုင်တဲ့ပြဿနာ ဟုတ်ပါသလား ခင်ဗျား။ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်အဆင့်ဆင့်က ဒီပြဿနာကိုဘယ်လိုကိုင်တွယ် ဖြေရှင်းကြမလဲ။ နည်းလမ်းရှာဖို့လိုပါပြီ။ လတ်တလောမီိးငြိမ်းသွားရင်တောင် နောက်ထပ်မီးတောက် မလောင်ရအောင် လောင်စာကို သေချာရှင်းလင်းဖို့လိုပါပြီ။ မီးရှို့မယ့် လက်တွေကို ဖြတ်ပစ်လိုက်ဖို့ လိုနေပါပြီ။ ကျွန်တော်တို့သာမန်ပြည်သူတွေရဲ့သဘောထားကတော့ ခေါ်တောတွေဆိုတာ ကျွန်တော်တို့နိုင်ငံသားမဟုတ်ပါဘူး။ တိုင်းရင်းသားတွေမဟုတ်မှန်း လ.၀.က ၀န်ကြီးကလည်း ခေါ်တောလား၊ တိုင်းရင်းသားလားဆိုတာ ခွဲခြားမရဘူးဆိုရင် ရခိုင်တွေသာသိတယ်၊ ရခိုင်တွေကိုမေးပါလို့ ဆိုထားပါတယ်။ ကျူးကျော်လာတဲ့ခေါ်တောတွေဟာ တိုင်းရင်းသား (လုံးဝ) မဟုတ်၊ နိုင်ငံသားဖြစ်ပိုင်ခွင့် (လုံးဝ)မရှိသည့် မတရားခိုးဝင်လာကြသူများသက်သက်သာဖြစ်ပါသည်။
ခေါ်တောတွေဟာ နိုင်ငံမဲ့ဒုက္ခသည်တစ်ဖြစ်လဲ အကြမ်းဖက်သမားတွေပါပဲ။ သူတို့တွေနဲ့ နေထိုင်ပုံစရိုက်၊ အသွင်သဏ္ဍန်၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေတူတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတောင် ဧည့်သည်အဖြစ်နဲ့မှ လက်မခံတာကြီးကို ကျွန်တော်တို့ မြန်မာပြည်ကြီးက နိုင်ငံသားမှတ်ပုံတင်တွေထုတ်ပေးပြီး၊ တိုင်းရင်းသားအဖြစ် လွှတ်တော်ထဲ အ၀င်ခံကြမလို့လား။ နိုင်ငံတကာလှည့်လည်ပြီး ဧည့်သည်ဟာအိမ်ရှင်တွေကို အနှောင့်အယှက်မပေးရလို့ သြ၀ါဒပေးနေတဲ့ ဆရာမကြီးကိုလည်း တစ်ခုလောက်တင်ပြချင်ပါတယ်။ အခု ကျွန်တော်တို့က ဧည့်သည်အဖြစ်တောင်လက်မခံပါဘဲ အိမ်ရှင်ကိုပြန်ပြီးစော်ကားနေတဲ့ ခေါ်တောတွေကို ဘယ်လိုသြ၀ါဒပေးဦးမှာလဲ ဆိုတာပါ။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဒီခေါ်တောတွေကို သနားလှပါတယ်၊ သူတို့လူ့အခွင့်အရေးဆုံးရှုံးနေကြရပါတယ်ဆိုပြီး ရင်ထုမနာဖြစ်နေကြရင် အကောင်းဆုံးဖြေရှင်းဖို့နည်းလမ်းတစ်ခုရှိနေပါတယ်။ UNHCR တို့၊ INGO တို့ကနေ ဆယ်စုနှစ်ပေါင်းများစွာ လှူဒါန်းမယ့်ရံပုံငွေတွေအစား မိတ်ဆွေတို့နိုင်ငံမှာ ခေါ်တောတွေကို နေရာပေးပြီး ထားပေးလိုက်ကြပါ။ အလှူရှင်နိုင်ငံတွေအနေနဲ့ ခေါ်တောပြဿနာကို အဲဒီလို အချိုးကျ ခေါ်ယူဖြေရှင်းလိုက်ကြရင် အဆင်ပြေသွားပါလိမ့်မယ်။ မိတ်ဆွေတို့လည်း ရံပုံငွေတွေစုဆောင်းပေးပို့နေစရာမလိုအပ်တော့ပါဘူး။ သူတို့အတွက်လည်း နိုင်ငံမဲ့ဘ၀က အဆုံးသတ်သွားပါလိမ့်မယ်။ 


ကိုမြအေး အပြောနှင့်အလုပ်ညီပါစေ
Written by ဦးစောသိန်း    Monday, 25 June 2012 10:14    PDF Print E-mail
mya ayeဧရာဝတီသတင်းမှာ ဇွန်လ ၅ ရက်နေ့က ဖော်ပြပေးခဲ့တဲ့ ကိုမြအေးနှင့်တွေ့ဆုံမေးမြန်းခန်းဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေခဲ့တဲ့မှုခင်းကိစ္စတွေကို ထင်ဟပ်ပြီး၊ ဘာသာတရားရဲ့အဆုံးအမ တွေကို ခံယူဖို့ပါ မေတ္တာရပ်ခံခဲ့ပါတယ်။ လူမျိုးရေး၊ ဘာသာရေးကိုအခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ်စုကဘဲ ဖန်တီးဖန်တီး လုံးဝလက်မခံကြဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။ ဒါဟာနိုင်ငံသားတယောက်ရဲ့ တာဝန်ကျေပွန်မှုတစ်ခုလို့ ဆိုပါရစေ။
မြန်မာနိုင်ငံသားတိုင်းက ချက်ချင်းဘဲဗြုန်းခနဲထခုန် သြဘာလက်ခုပ်ပေးလိုက် ကြမှာသေချာတယ်။ ရခိုင်အမျိုးသမီးလေး မသီတာထွေးကိုမတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါတာမျိုးမဖြစ်သင့်ပါဘူး။ တဆက်ထဲမှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်ခဲ့ကြတာ ကလည်း ကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ မရှိတာကြောင့် ရာဇဝတ်မှုလို့ သူမြင်ခဲ့တယ်။
ထပ်ပြီး သူပြောတာက ကျွန်တော်တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့ကရိုဟင်ဂျာမဟုတ်ဘူး။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေလို့ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါကျွန်တော်လုံးဝနားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာကျော် နိုင်ငံကနေ ပြိုလာမယ့်လူမျိုးတွေ အနေနဲ့ ရခိုင်အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်းနားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမှာ ပြည်တွင်းမှာ ရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့အစ္စလာမ်ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်း ပြောချင်တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါလူမျိုးရေးကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော် လည်း ကျွန်တော်တို့အမျိုးသားရေးကိုတော့ ရှေ့တန်း တင်ရမှာပဲ။ ကိုမြအေးဟာ တကယ့် မျိုးချစ်စိတ်ဓါတ်ပြည်ဝသူ တစ်ယောက်ဆိုတာ ယုံမှား သံသယ ဖြစ်စရာမလိုတော့ပါ။ ဘာသက်သေ သာဓကမှပြဖို့ မလိုတော့တာ သေချာပါတယ်။ ကိုမြအေးက ဆက်ပြီးလဲပြောပါသေးတယ်။ ကျွန်တော့အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ် ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့သန်း(၆၀) အတွက်ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာကိစ္စကို ထပ်ပြောပါ့မယ်။ ရိုဟင်ဂျာအရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကိုလည်း ကျွန်တော်တို့ ကာကွယ်တားဆီးရမှာ ဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသောအစ္စလာမ်ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်း သတိပြုရမှာဖြစ်ပါတယ်တဲ့။ ဒီလို လူမျိုးတွေ ဦးနုဝန်ကြီးချုပ် ဖြစ်တဲ့ခေတ်မှာသာ ရှိနေခဲ့ရင် ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရလည်း မြန်မာမြေပေါ်မှာ ထွက်ပေါ်လာခဲ့မှာ မဟုတ်သလို၊ မူဂျာဟစ် သူပုန်တွေဆိုတာလည်း ရှိနေခဲ့မှာ မဟုတ်တာသေချာတယ်။ ခုခေတ် RSO, ARIF ဆိုတဲ့ ဘင်္ဂလီလက်နက်ကိုင် အုပ်စုတွေ လည်း ပေါ်ပေါက်လာစရာ အကြောင်းတရားမရှိတော့ပါ။ RSO, ARIF တို့နဲ့ အလူးအလဲအဆက်အသွယ် ရှိတဲ့Al-Qaeda နှင့် Taliban တွေကိုလည်း မြန်မာပြည်သူတွေသိပ်ပြီးစိတ်ဝင်တစား ရှိကြမှာလဲမဟုတ်ဘူး။ သူကတဖန် ဆက်ပြောသေးတာက ကျွန်တော်တို့နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသား တွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ်ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့လက်ခံရမယ့်ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီကပြိုဆင်းလာမဲ့ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာ ၀င်တွေအရေးကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်းမခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့် လင်းလင်း ဘဲပြောပါမယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့က မြန်မာပြည်မှာနေပြီး၊ မြန်မာပြည်ကိုချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာကြီးတယ်။ အဲဒီအတွက် အမေကိုကျော်ပြီး ဒွေးတော်လွမ်းနေစရာအကြောင်း မရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာ ဖြစ်ပါတယ်တဲ့။ ဒီစကားတွေ အရဆိုရင် ကိုမြအေးဟာ တကယ့်ကို တိုင်းပြည်အတွက် အားထား လောက်တဲ့သူပါ။ လူမျိုး၊ဘာသာခွဲခြားမှုကို အားမပေး တတ်သလို၊ လက်တွေ့ကိုလက်ခံ တတ်သူတစ်ယောက် လည်း ဖြစ်တယ်။ အမျိုးသားရေးကိုသာ ဦးစားပေး သူလည်းဖြစ်တယ်ဆိုတာငြင်းပယ်ဖွယ်ရာအကြောင်း မရှိတော့ပါဘူး။ အေးအတူ ပူအမျှ နေထိုင်နိုင်ရေးကို အလေးထားသူ ဆိုတာလည်း သူ့ရဲ့ပြောစကားတွေအရ ထင်ရှားလှပါတယ်။ ကိုမြအေးပြောတာတွေ ကောင်းပါတယ်။
သို့သာ် ကိုမြအေးရဲ့ ဖြေကြားချက်တွေထဲက တချို့အချက်တွေဟာ ရှင်းးမလင်းဘဲကျန်နေခဲ့တယ် လို့ခံစား ရမိပါတယ်။ လစ်ဟာမှုတွေ၊ မသဲကွဲမှုတွေကြောင့်ေ၀၀ါးနေတယ်လို့ ယူဆပါတယ်။ သူ့ဖြေကြားချက်တွေထဲမှာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို မေးသူက တစ်ခါသာ သုံးခဲ့ပေမယ့် သူကရှစ်ကြိမ်ရှစ်ခါ ထပ်တလဲလဲ သုံးစွဲပြောဆို နေခဲ့တာကို တွေ့ရတယ်။ ကျုပ်မရှင်းမလင်း ခံစားရတာက ဒီရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို ဘယ်ကနေ ကောက်ယူ သုံးစွဲနေတာလဲ ဆိုတာပါဘဲ။ ဒါဟာ တစ်အချက်ပါ။ ကိုမြအေးက ကျွန်တော် တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော် တို့က ရိုဟင်ဂျာ မဟုတ်ဘူးလို့အသေအချာပြောတာတွေ့ရတယ်။ ဒီတော့ သူက မြန်မာဆိုတာကိုဗမာလို့ ဆိုလို တာလား၊ ဒါမှမဟုတ်ရင် မြန်မာပြည်ထဲက ဘာလူမျိုးလဲ ဆိုတဲ့မေးခွန်းက တစ်ခုပါ။ ရခိုင်ပြည်ဖက်မှာတော့ ကမန် အမျိုးသားတွေရှိတယ်။ မွတ်စလင်ဘာသာဝင်တွေပါ။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြ သူတွေပါ။ ဌာနေသားတွေနဲ့ ဘယ်တော့မှ ပြသနာမရှိကြသူတွေ ဖြစ်တယ်။ တသားတည်းနေ တတ်ကြသူတွေ ဖြစ်ကြတယ်။ နှစ်အချက်ကတော့ ရိုဟင်ဂျာဆိုသူတွေကကော ဘယ်သူတွေလဲ ဆိုတဲ့မေးခွန်းပါ။ ထူးထူးခြားခြားတစ်ခု တွေ့ရှိ ရတာကတော့ ကိုမြအေး ပြောတဲ့ အထဲမှာ အသေအချာ ရှင်းလင်းထားတာဖြစ်တဲ့ "ရခိုင် အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာသဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်း ဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီကပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကိုဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေအရေးကိုဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး" ဆိုတဲ့ဖွင့်ဆိုချက်ပဲဖြစ်ပါတယ်။ အဓိပ္ပါယ်ကလည်း ရှင်းလင်းကြည်လင်မှုရှိတယ်လို့ ယူဆတယ်။ သူဆိုလိုတာက ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ဘက်ကို တရားမ၀င်ပြိုကျစီးဝင်လာနေတဲ့ လူတွေဟာ ရိုဟင်ဂျာဆိုသူတွေဖြစ်တယ်လို့ အတိအလင်း ရှင်းလင်းချက်ပေးလိုက်တာပါဘဲ။ ဒါဆိုရင်ပွဲကပြီးသွားပြီ ဖြစ်တယ်။ ကိုမြအေးအနေနဲ့ တိုင်းပြည်နှင့်လူမျိုး အတွက်သူဟာတကယ်စစ်မှန်တဲ့ ၈၈ မျိုးဆက်သာ ဖြစ်ခဲ့ရင် နိုင်ငံအသီးသီးမှာရောက်ရှိနေကြတဲ့ ရိုဟင်ဂျာလို့အမည်ခံပြီး ဟစ်ကြော်နေကြသူတွေအားလုံးမိမိ၏ ဇာတိရပ်မြေကို စောလျင်စွာ ပြန်သွားကြဖို့၊ ကိုမြအေးလိုဘဲမိမိရဲ့ အမျိုးဘာသာကိုချစ်ဖို့၊ သူများသမိုင်းကို ကိုယ့်သမိုင်း အဖြစ် လိမ်လည် ခြင်းမပြုဖို့၊ သူများ ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေကို ကိုယ်ပိုင်မြေအဖြစ်လိမ်ညာပြီး အပိုင်စီးဖို့ မကြိုးစားကြဖို့ တရားဝင် ရှင်းလင်း ဟောပြောပေးဖို့ဘဲဖြစ်ပါတယ်။ နောက်တချက်က RSO, ARIF လို့သိကြတဲ့ ဘင်္ဂလီအကြမ်းဖက်အဖွဲ့တွေကလဲဘဲ မဟုတ်မမှန်တဲ့ လုပ်ရပ်တွေကို ရပ်တန့်က ရပ်လိုက်ကြဖို့ တောင်းဆိုသင့်ပါတယ်။ ဒါဟာ တိုင်းချစ်ပြည်ချစ်တို့ရဲ့အမှန်တရား အတွက်ထားရှိတဲ့ သစ္စာတရားထဲက ပေါက်ဖွား လာခဲ့ရမှာဖြစ်တယ်။ ဒါဟာမြန်မာ နိုင်ငံရဲ့ ကောင်းသောအနာဂါတ်ကို ဖော်ဆောင်ပေးတာလည်း ဖြစ်သလို၊ ကိုမြအေး ပြောသလို တိုင်းပြည်အတွက် ထားရှိတဲ့ နိုင်ငံရေးသမားရဲ့ စိတ်ဓါတ်လည်းဖြစ်တယ်။ ဘာသာရေးနှင့် လူမျိုးရေးကို ကွဲကွဲပြားပြားနားလည်ထားတဲ့ ကိုမြအေးလိုလူတွေကို ဒို့နိုင်ငံသားတွေက တောင့်တစောင့်ကြို နေကြတယ်။ ကိုမြအေးကိုယ်တိုင် နိုင်ငံခြားမှာ ပညာသင်နေတဲ့ ချစ်သမီးအတွက် ရှေ့ဆက်မမှားဖို့ တာဝန်ယူပေးတာကိုက ချီးကျူးလောက်ပါတယ်။ မကြာမနှောင်းမှာ ကိုမြအေးဆီက ထွက်ပေါ်လာမဲ့ ရှင်းလင်း နှိုးဆော်ချက်တွေကို ပြည်သူတွေ နားစွင့်နေကြဆဲပါ။ မျှော်တလင့်လင့် စောင့်စားနေကြဆဲပါ။

No comments: