Friday, June 22, 2012

ရခိုင်အရေးတွင် အစိုးရက ဒိုင်လူကြီးလုပ်မည်။ ဘင်္ဂလီများက ထပ်မံရန်ပြုအကြမ်းဖက်လျှက်ရှိ

ရခိုင်တွင် သောင်းကျန်းသူ ဘင်္ဂလီမူဆလင်ခေါင်းဆောင်တဦး ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး



Arakan Times, 21June 2012  —–

 ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိနေသူ မူဆလင်ဘာသာရေး ခေါင်းဆောင်တစ်ဦးနှင့်အတူ သောင်းကျန်းသူ ဘင်္ဂလီပစ္စည်းများအား ဘင်္ဂလာနယ်စပ် မူဆလင်ဗလီကျောင်းမှ အာဏာပိုင်က အင်္ဂါနေ့က ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ဘင်္ဂလာအာဏာပိုင်က ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်စပ်မှုရှိနေပြီး မယုံသင်္ခါမှုဖြင့် ဖမ်းဆီးအချုပ်သွင်း စစ်ဆေးနေသည့် မူဆလင် ခေါင်းဆောင် ၇ ဦးနှင့်ဆက်စပ်နေသည့် တာခ်နာမြို့နယ် နီလာမြို့မှ ဘာသာရေးကျောင်းဆရာ တစ်ဦးနှင့်အတူ သောင်းကျန်းသူ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီများ၏ ပစ္စည်းများ ဖမ်းဆီးရမိကြောင်း ဒေသ Websiteနှင့် သတင်းစာများက ယမန်နေ့က ဖေါ်ပြသည်။
သောင်းကျန်းသူများနှင့် ဆက်နွယ်နေသော နောက်ထပ် ဖမ်းဆီးရမိသူမှာ အာဘ်ဒူ ဆူက္ကူရ် ဖြစ်ကြောင်းနှင့် နီလာမြို့ မူဆလင် ၀တ်ပြုသည့် နုရာနီ ဗလီကျောင်းတွင် ဘာသာရေးစာပြ ကျောင်းဆရာဖြစ်ကြောင်း ဆိုသည်။
ဘင်္ဂလာ ဒေသခံအာဏာပိုင်များက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်စပ်မှုများ အများအပြား ရှိနေသည်ဟု ယူဆရသည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်ရှိ မူဆလင်ဝတ်ပြု ဘာသာရေးကျောင်းများနှင့် တခြားမယုံသင်္ခါမှုများ ရှိနေသည့်နေရာများကို သက်ဆိုင်ရာက အထူးစုံစမ်းလျက် ရှိနေကြောင်း ဒေသခံအာဏာများက ပြောဆိုသည်။
ဘင်္ဂလာအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ပြဿနာကြောင့် မြန်မာနှင့် ဆက်ဆံရေး၊ နှစ်နိုင်ငံသဘောတူ ချုပ်ဆိုထားသည့် စာချုပ်များ အများအပြားအပြင် တခြားပူးပေါင်းလုပ်ဆောင်နေမှုများ ပျက်ပြားသွားမည်ကို အထူးစိုးရိမ်နေကြောင်း လေ့လာသူများက ဆိုသည်။
ဘင်္ဂလာ အာဏာပိုင်များက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသည်ဟု စွပ်စွဲပြီး နယ်စပ်တွင် ဖမ်းဆီးရမိသော သောင်းကျန်းသူ ဘင်္ဂလီများ စုစုပေါင်း ၉၀၁ ဦးအား ရခိုင်ပြည်သို့ တရားမ၀င် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ယနေ့ထုတ် THE DAILY SAIKAT သတင်းစာတွင် ဖေါ်ပြသည်။
ထို့ပြင် တာခ်နာလူဝင်မှုကြီးကြပ်ရေးမှတဆင့် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု လာလျှောက်လာသူ သြစတေးလျနိုင်ငံသူ ဂိုလ်ရိယာ (၃၀)အား သက်ဆိုင်ရာမှ အင်္ဂါနေ့က ဖမ်းဆီးပြီး လုံခြုံရေးအရ ကော့စ်ဘဇားမြို့ ရဲဋ္ဌာနသို့ ပို့ဆောင်လိုက်ကြောင်း ဒေသထုတ် သတင်းများက ဆိုသည်။
တာခ်နာမြို့ လူဝင်မှုကြီးကြပ်ရေးဋ္ဌာန အနေဖြင့် မည်သည့်နိုင်ငံခြားသားဖြစ်စေ တဖက်နိုင်ငံသို့ သွားရောက်ရန် အခွင့်ပေးခွင့် အာဏာမရှိကြောင်း သတင်းစာများက ဆိုသည်။
သူမအနေဖြင့် ဘင်္ဂလာသို့ ဇွန် ၁၇ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်သည်ဟု သူမ၏ နိုင်ငံကူးလက်မှတ်တွင် ဖေါ်ပြချက်အရ သိရှိရကြောင်း သတင်းများက ဆိုသည်။

ဘင်္ဂလာရေပြင်နှင့် နယ်စပ်ကုန်ချင်းထိစပ်နေသည့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် အနောက်ပြင် ကျေးရွာမှ သောင်းကျန်းသူ ဘင်္ဂလီများက ယမ်းထောင်းတူမီးသေနပ်များ အသုံးပြုပြီး ရခိုင်ကျေးရွာများကို အင်္ဂါနေ့က မီးလာရှို့ရာ၌ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရခိုင်(၁၁)ဦးသေဆုံးကာ (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကုလား(၂)ဦးသေးဆုံးခဲ့ပြီး ပိုမို၍ ပြဿနာကြီးထွားလာမည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ကူတောင်ကျေးရွာသားတဦးက ပြောသည်။
ယင်းသေဆုံးသွားသည့် အလောင်းများနှင့် ဒဏ်ရာရရှိခဲ့သူများမှာ တူမီးသေနပ် ဒဏ်ရာများ အများအပြား တွေ့ရကြောင်း မျက်မြင်သက်သေများက ပြောသည်ဟု သူကဆိုသည်။ တူမီးသေနပ်များမှာ ဘင်္ဂလာနယ်စပ်တွင် မှောင်ခိုလုပ်သော သေနပ်များ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက အကဲခတ်ပြောဆိုကြသည်။
Written by သဇင်ဥ


 ရိုဟင်ဂျာနှင့် ပတ်သက်၍ ဒေါ်စု ဘာပြောခဲ့သနည်း

၁။ ရိုဟင်ဂျာတွေပတ်သက်ပြီး ဒေါ်စုကပြောခဲ့တာကို မိမိသန်သလို ဘာသာပြန်နေသူများအတွက် ဇွန်လ(၁၈) ၂၀၁၂က Oslo Forum Press Conference မှာ ဒေါ်စုတစ်ကယ်ပြောခဲ့တာကို နားထောင်ရေးချပြီး မြန်မာဘာသာပြန်ကိုပါ တင်ပြသည်။ အချက်အလက်ကို ထောက်ပြခြင်းသာဖြစ်တယ်။ ရိုဟင်ဂျာ တိုင်းရင်းသား ဖြစ် မဖြစ်ကို ငြင်းခုန်နေခြင်း မဟုတ်ပါ။


မေးခွန်း။ ။ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်မှုကို ဘယ်လိုမြင်သလဲ။ သူတို့ဟာ နိုင်ငံသား ဟုတ်လား၊ မဟုတ်ဘူးလား။


ဒေါ်စုဖြေ ။ ။ရှင်က ရိုဟင်ဂျာအကြောင်း ပြောတဲ့အခါမှ ကျမတို့အနေနှင့် ရှင်ဘယ်သူတွေကို ပြောနေမှန်း မသေချာပါဘူး။ ဘယ်သူတွေကို ဆိုလိုမှန်း မသိတဲ့ ပြသနာရှိနေတယ်လို့ ကျမပြောခဲ့တယ်။ ရိုဟင်ဂျာဆိုသူတွေဟာ မြန်မာပြည်သားတွေ မဟုတ်ဘူး၊ မကြာခင်ကမှ ဘင်္ဂလာဒက်က လာသူတွေပါလို့ တစ်ချို့ကပြောနေတယ်။ နောက်တစ်ဖက်က ပြန်ကြည့်ရင်လည်း မဟုတ်ဘူး။ သူတို့က ဒုက္ခသည်တွေကို မလိုလားဘူး။ ဒီလူတွေဟာ ဘင်္ဂလားဒက်နိုင်ငံသားတွေ မဟုတ်ဘူး။ မြန်မာပြည်က လာတာဖြစ်တယ်လို့ ဘင်္ဂလားဒက်က ပြောနေတယ်။


ဒါဖြစ်ရင် ဘယ်လိုဖြေရှင်းမလဲ။ တရားဥပဒေ စိုးမိုးမှု မရှိဘဲ၊ သင့်လျော်တဲ့ လူဝင်မှုဥပဒေတွေ မရှိဘဲ၊ သင့်လျော်သော ရဲတပ်ဖွဲ့တွေရဲ့ ကြပ်မတ်အုပ်ချုပ်မှု မရှိဘဲ၊ သင့်လျော်သော ဥပဒေအရ ဆောင်ရွက်မှု မရှိဘဲ မဖြစ်နိုင်တာမို့ ပြသနာရဲ့ အရင်းအမြစ်က တရားဥပဒေစိုးမိုးမှုဖြစ်တယ်လို့ ကျမပြောခဲ့တာဖြစ်တယ်။ ဒီပြသနာကို ဖြေရှင်းဖို့က ဆယ်စုနှစ်ပေါင်းများစွာကို နောက်ကြောင်းပြန်ပြီး ဆန်းစစ်ရမဲ့ကိစ္စဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်လလောက်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုလောက်ကိုကြည့်ယုံနှင့် မရဘူး။


အောက်မှာ မူရင်း အင်္ဂလိပ်ကို ရေးထားတယ်။ ဘယ်နေရာမှာမှ ဒေါ်စုက ရိုဟင်ဂျာကို တိုင်းရင်းသား မဟုတ်ဘူး၊ ဟုတ်တယ် မပြောခဲ့ပါဘူး။ သူ့အနေနှင့် မသေချာတာကိုဘဲ ပြောခဲ့တယ်။ ဒေါ်စု မပြောဘဲ အပြော မလုပ်ကြစေချင်ပါဘူး။ နောက်ဒီပြသနာကို တရားဥပဒေတွေအရ ဖြေရှင်းဖို့သာ ဆိုခဲ့တယ်။


Question What should it (Rohingya) be regard to Citizenship? Are they or are they not?


DASSK I do not know because when you talk about Rohingya we are not quite sure who you’re talking about. As I said the problem of who were referring to; some folks who say that these who claim to be Rohingya are not the one who are actually native to Burma, but just come over recently from Bangladesh. But on the other hand Bangladesh said no, they don’t want them the refugees because they are not native to Bangladesh. They come over from Burma.


So how do we sort it out? Without rule of law, without proper immigration process, without proper policing, without proper implementation of law; that is why I said the root of all is rule of law. (It) is going back (to) many decades, not going back (to) just the crime that had been committed a couple months ago.


၂။ ဇွန်လ(၁၉) ၂၀၁၂ တွင် London School of Economics (LSE) မှာ ဒေါက်တာဇာနည်ရဲ့ ဆွေးနွေးချက်တွေက အင်မတန်ကျယ်ပြန့်ပြီး ဒေါ်စုက ဒေါက်တာဇာနည်ရဲ့ ဆွေးနွေးချက်တွေကို အင်မတန်ကောင်းတယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီ ဆွေးနွေးချက်ကို ပြန်လှန်ဆွေးနွေးရာမှာ ဒေါ်စု ထည့်သွင်းပြောသွားတာက


- - - Reform should not be used to protect certain group or to promote another group - - -


ဒီအဓိပ္ပါယ်က “ပြုပြင်ပြောင်းလဲရေးဆိုတာကို သီးခြားအုပ်စုတစ်စုကို ကာကွယ်ဖို့အတွက်သော်၎င်း။ နောက် တစ်အုပ်စုရဲ့ အရေးကို အသာစီးရစေဖို့၎င်း မဖြစ်သင့်ဘူး”လို့ ဆိုခြင်းဖြစ်တယ်။ အင်္ဂလိပ်သဒ္ဒါအရ မတူညီသော အုပ်စုနှစ်ခုကို သိသိသာသာ ခွဲခြားရည်ညွှန်းခဲ့ခြင်းဖြစ်ပါ

တယ်။ အုပ်စုတစ်ခုတည်းကို နှစ်ခါ ဆိုလိုခြင်း လုံးဝ မဟုတ်ပါ။

သို့သော် VOA ဝက်ဆိုက်ရဲ့ ဇွန်လ (၁၉)ရက် ၂၀၁၂ မှာ “ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်တွေ ဒေါ်စုထောက်ပြ” ဆိုတဲ့ ခေါင်းစဉ်နှင့်


- - - “ပြုပြင်ပြောင်းလဲမှုတွေဟာ လူတချို့ကို အကာ အကွယ်ပေးတာမျိုး၊ လူတချို့ နေရာရအောင် အသုံးချတာမျိုး မဖြစ်သင့်ပါဘူး။” - - - လို့ ဘာသာပြန်ခဲ့တယ်။ ဒီဘာသာပြန်မှုက မူလဒေါ်စု ထင်ထင်ရှားရှားဆိုတဲ့ မတူခြားနားသော အုပ်စုနှစ်စုအစား အုပ်စုတစ်ခုတည်းကိုဘဲ ထပ်ခါရည်ညွန်းသလို ဖြစ်သွားတာမျိုး ဖြစ်တာမို့ မမှန်ပါဘူး။


အောင်တင်

ဇွန်လ (၂၀) ၂၀၁၂
 
 

ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ခဲ့သော်ဆိုသော်လည်းဘင်္ဂလီများက ထပ်မံရန်ပြုအကြမ်းဖက်လျှက်ရှိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာနှင့် အနောက်ပြင်ကလား ရွာကြားဖြစ်ပေါ်လျှက်ရှိသော သတင်းများ မှာ စိတ်မချမ်းမြေ့ဖွဝ်ဖြစ်လျှက်၇ှိကြောင်းကြားသိရသည်။

ရသေ့တောင်မှလာသော ၂၀ ရက်နေ့သတင်းအရ အသေအပျောက်များလျှက်ရှိကြောင်းကြားသိရ..

သေဆုံးသူများထဲမှလက်ရှိရရှိသောစရင်းများမှာ
(၁)ပြူးချေ (၃၅)နှစ်
(၂)သင်္ဂအောင်(၅၀)နှစ် (ရယကစာရေး)


(၃) ထွန်းဇော်မြင့် (သား)
(၄)ဦးသိန်းဟန်(ဦးဂါရွာသား၊RNDP)အသင်းဝင်)
(၅)ထွန်းမောင်(၃၅)နှစ်
(၆)စိုးသန်း(၄၅)နှစ်
(၇)သန်းရွှေ
(၈)ဦးသိန်းလှိုင်
(၉)ကျော်မင်းထွန်း(လောင်းချောင်းကျေး၇ွာ)
(၁၀)သောင်းရွှေထွန်း
လက်ရှိဖြစ်ပေါါ်နေသောပြသနာများအရ ၄င်းများထဲမှ ဦးသိန်းဟန်အားလည်ပင်းပြတ်ဒါဏ်ရာများနှင့်
တွေ့ရှိရပြီး ကျန်အလောင်းများအား ရသေ့တောင်ရဲစခန်းမှသွားတောင်းရာ ရသေ့တောင်တွင် အခြေစိုက်သော တပ်မ(၅၃၈)မှရွားတွင်းဝင်ခွင့်မပြုခဲံကြောင်းသိရှိရ။၎င်းအလောင်းများအား ထပ်မံရယူရန်အတွက် ရသေ့တောင်မြို့ပေါ်၇ှိ မြို့နယ်သံယာဥက္ကဌအပါအ၀င် ဦးဇင်းအပါး (၃၀) မှ ထွက်ခွာ
သွားကြောင်း ကြားသိရ။
 
 
သတင်း — June 22, 2012 at 11:53 am

ရခိုင်အရေးတွင် အစိုးရက ဒိုင်လူကြီးလုပ်မည်ဟု ကယ်ဆယ် ဒုဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင်ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ၀န်ကြီး ဘုန်းဆွေက အစိုးရ အနေဖြင့် ယခု ရခိုင်အရေးတွင် ဒိုင်လူကြီး လုပ်မည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော် ခန်းမ
စစ်တွေမြို့ ရခိုင်ပြည်နယ် လွှတ်တော်ရုံးခန်းမတွင် ဇွန်လ ၁၉ ရက် နေ့လည် (၁) နာရီတွင် ပြုလုပ်သော မြို့တော် သန့်ရှင်းရေးနှင့် လှပရေး အစည်းအဝေး ပြုလုပ်စဉ် ထိုသို့ ဒုဝန်ကြီး ဘုန်းဆွေက ပြောကြားလိုက်ခြင်း  ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ရခိုင် ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် ပြည်နယ် အဆင့် တာဝန်ရှိသူများ၊ ရတပ ပါတီမှ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်ဟု သိရသည်။
ထိုသို့ပြောကြားလိုက်ခြင်းမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီး တစ်ဦး အနေဖြင့် မပြောသင့် မပြောထိုက်သော စကားဖြစ်ပြီး တာဝန်မဲ့ရာ ကျလွန်းသည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စား လှယ် တစ်ဦးက ပြောသည်။
၎င်းပြင် အစည်းအဝေးတွင်လည်း ရခိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရွှေထွန်းအောင်မှ အစိုးရ အနေဖြင့် ဒိုင်လူကြီး မလုပ်ဘဲ ပြည်ထောင်စု အရေးနှင့် အချုပ်အချာ ပိုင်စိုးမူအတွက် အသေအချာ စဉ်းစား လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု ဆိုသည်။
“ ဦးရွှေထွန်းအောင်က ဘယ်လိုတင်ပြသလဲဆိုရင် ယခုအချိန်တွင် တိုင်းရင်းသား၊ နိုင်ငံခြားသားကို ခွဲခြားရမည့် အချိန်ဖြစ်ပါကြောင်း၊ အစိုးရ အနေဖြင့် ဒိုင်လူကြီးမလုပ်ဘဲ ပြည်ထောင်စုကြီးနဲ့ အချုပ် အချာ ပိုင်စိုးမူ အတွက် ပြတ်သားစွာ ဆုံးဖြတ်ရမည့် အချိန်အခါကောင်းဖြစ်ကြောင်း၊ တိုင်းရင်းသား များမှာ အမိမဲ့သား ရေနည်းငါး ပမာ အားကိုးရာမဲ့ ဖြစ်နေကြရသည်ကို စဉ်းစားပေးရန် သင့်ပါကြောင်း တင်ပြခဲ့ပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။
နောက်ပိုင်းတွင် ဒုဝန်ကြီး ဦးဘုန်းဆွေ မိမိက ထိုသို့ ပြောလိုခြင်းမဟုတ်ကြောင်း  ပြန်လည် ပြောဆို ခဲ့သည်ဟု ဆိုသည်။
ယခုအခါ ဒုဝန်ကြီး ဘုန်းဆွေ၏ ပြောစကားမှာ လူထုအတွင်း ကျယ်ပြန့်စွာ ရောက်ရှိသွားပြီး ယခု ရခိုင် ဆူပူအကြမ်းဖက်မူ အရေးအခင်းတွင် အစိုးရမှ ဒိုင်လူကြီးလုပ်မည်ဟု ပြောဆိုသဖြင့် အစိုး ရကိုယ်တိုင်က ဒိုင်လုပ်လို၍ ယခုအရေးအခင်းကို ဖန်တီးသလားဟု ဆိုကာ မေးခွန်းများလည်း ထွက်ပေါ်နေကြောင်း  သိရသည်။
ယခုကဲ့သို့ အစိုးရ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးဖြစ်ပါလျှက် တာဝန်မဲ့ စကားပြောကြားသော ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒုဝန်ကြီး ဘုန်းဆွေကို အစိုးရမှ အနီကပ်ပြကာ  တာဝန်မှ ထုတ်ပယ်သင့်ကြောင်း လူအများက ပြောဆို ဝေဖန်လျှက် ရှိကြောင်း သတင်း ရရှိသည်။
 

တည်ငြိမ်စပြုနေသော စစ်တွေတွင် ၃ ရက်မြောက် မီးရှို့မှု ဖြစ်ပွား

ထွန်းထွန်း
ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ရက်ပေါင်းမျာစွာ တည်ငြိမ် နေခဲ့သော စစ်တွေမြို့တွင် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ မီးရှို့မူ ပြန်ဖြစ်ပွားရာ ယမန်နေ့ကလည်း စစ်တွေ လေယာဉ်ကွင်း အနီးတွင် မီးရှို့မူ တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ စစ်တွေ လေယာဉ်ကွင်း  အနီးက အုန်းတောမှာ ဖြစ်ပါတယ်။ များများတော့ မလောင်ဘူး။ သူတို့အိမ် ကို သူတို့ လာရှို့တယ်လို့ သိရပါတယ်။ နောက်မီးသတ်ကားက အချိန်မှီ ရောက်လာတော့ မီးက ငြိမ်း သွားပါတယ်။” မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ  ၂၀ ရက်နေ့က စစ်တွေတွင် မီးလောင်မှုတခု ထပ်မံဖြစ် ပွား ခဲ့သည်။
မီးလောင်မှုမှာ အောင်မင်္ဂလာရပ်ကွက် ဦးအောင်ထွန်းဦးလမ်းနှင့် မင်းဘာကြီးလမ်းကြား စစ်တွေ တက္ကသိုလ်ဟောင်းအနီးတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံလူငယ်တဦးမှ ပြောသည်။
“မီးလောင်မှုဖြစ်တာက ဇွန်လ ၂၀ ရက်၊ ညဥ့် ၁၀ နာရီခန့်မှာ အစိုးရအမှု ထမ်းတွေ နေတဲ့နေ ရာမှာ ဖြစ်တာပါ။ မီးထဲ အိမ်တချို့ ပါသွားပါတယ်။ သက်ဆိုင်ရာက မီးသတ်တပ်ဖွဲ့က အချိန်မီ မီးငြိမ်း လိုက်နိုင်ပါတယ်။ အကြီးအကျယ်ပျက်စီး တာတော့ မရှိဘူး” ဟုပြောသည်။
အဆိုပါရပ်ကွက်၌ အစိုးရအမှုထမ်းများ ဖြစ်သည့် ပင်စင်စား၊ ရဲဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်း များ နေထိုင်သည့် ရပ်ကွက်ဖြစ် သည်။
“မီးလာရှို့တာက ဘင်္ဂလီ အမျိုးသမီး တဦးဖြစ်တယ်။ အဲဒီရပ်ကွက်ထဲကို ၀န်ထမ်းတဦးရဲ့ အ၀တ်ကို ၀တ်ဆင်ပြီး လာလျှို့ခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားစဉ် အတွင်း ရဲတွေက အဲဒီအမျိုးသမီးကို ဖမ်းဆီး လိုက်နိုင် ပါတယ်” ဟုပြောသည်။
မီးရှို့မူများမှာ ဇွန်လ ၂၀ ရက်နေ့မှ စ၍ ကွက်ကြားကွက်ကြား ပေါ်ပေါက်နေပြီး သက်ဆိုင်ရာနှင့် မီး သတ်တပ်ဖွဲ့မှ အချိန်မီ သွားရောက် ငြိမ်းသတ်နေရသည်ဟု သိရသည်။
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဇွန်လ ၁၉ ရက်နေ့အထိ သေဆုံးသူ ၆၂ဦး၊ အိုး အိမ်စွန့်ခွာ ထွက်ပြေး သူ ၉ သောင်းကျော်နေပြီး ဖြစ်ကြောင်း သိရသည်။
အစိုးရမှ ရခိုင်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် ဆူပူမူကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပြီဟု ဆိုသော်လည်း  လုံခြုံရေးအင်အား နည်းပါးမူကြောင့် တချို့ နေရာများတွင် ဆူပူ အကြမ်းဖက်မူများ ဆက်လက် ဖြစ်ပေါ်နေကြာင်း သိရသည်။


သတင်း — June 22, 2012 at 12:05 pm

ဟိန္ဒူဘာသာဝင်တွေကို ရိုဟင်ဂျာ လူမျိုးလို ၀တ်ဆင်ခိုင်းပြီး မီးရှို့ခိုင်းနေဟု ဆို

ဆစ်ဒနီတက္ကသိုလ်က ရိုဟင်ဂျာလူမျိုးဆိုသူ ဒေါက်တာလှမြင့်မှ ရခိုင်ပြည်နယ်တွင်းက ဟိန္နူ ဘာသာဝင်တွေကို အာဏာပိုင်တွေဟာ  ရိုဟင်ဂျာလူမျိုးလို ဝတ်ဆင်ခိုင်းပြီး မိမိအိမ်ကို ပြန်ပြီး မီးရှို့ထွက်ပြေးတာမျိုး လုပ်ခိုင်းနေတယ်လို့ ရေဒီယိုသြစတြေးလျကို ပြောကြားလိုက် ပါတယ်။

ရေဒီယို သြစတြေးလျ မြန်မာပိုင်းက ရေသားတဲ့ သတင်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ http://www.radioaustralia.net.au/burmese/2012-06-22/965130
ဒေါက်တာ လှမြင့်က ခုလို ပြောဆိုတာကို ဒီတပတ်အတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ပြောဆိုပါတယ်။
စစ်တွေမြို့မှာ ဗုဒ္ဓဟူးနေ့ ညပိုင်းနဲ့ မနေ့နေလည်ပိုင်းတုန်းက ရခိုင်အိမ်တွေအများစုရှိတဲ့နေရာမှာ အကြမ်းဖက်လို သူတွေက သူတို့ အိမ်သူတို့မီးရှို့ပြီး ထွက်ပြေးတာ မျိုးတွေရှိနေတယ် လို့ ပြည်နယ် အမတ် ဦးအောင်မြကျော်က ပြောပါတယ်။
ရခိုင်မှာ ပျောက်ဆုံးသူတွေရဲ့ အလောင်းတွေ တွေ့ပြီ ခေါင်းစဉ်နဲ့  ရေဒီယို သြစတြေး လျ မြန်မာပိုင်း က ရေးသားထားတဲ့ အဲဒီ သတင်းမှာ ခုလို ဒေါက်တာ လှမြင့် ပြောကြားချက်ကို ဖေါ်ပြထားပေမယ့် ဟိန္ဒူလူမျိုးတွေရဲ့  တုန့်ပြန်မူကိုတော့ ဖေါ်ပြထားတာ မတွေ့ရပါဘူး။


သတင်း — June 22, 2012 at 6:10 pm

စစ်တွေ အင်ဘလာရပ်ကွက် မိသားစုများကို မြို့ပြင်သို့ ပြောင်းရွှေ့

စစ်တွေမြို့ အင်ဘလာခေါ် အောင်မင်္ဂလာ ရပ်ကွက်မှ အိမ်မီးလောင်ပြီး ဒုက္ခရောက်နေသူ အနည်းဆုံး လူပေါင်း  ၇၀၀ ကို အဆိုပါ ရပ်ကွက်မှ မြို့ပြင်သို့ ယနေ့တွင် ပြောင်းရွှေ့ ပေးလိုက်ကြောင်း သတင်း ရရှိသည်။

“ ဒီနေ့ နေ့လည် ၁၂ နာရီက စပြီး စစ်တပ်က ကားတွေနဲ့ ပြောင်းရွှေ့ပေးတာ ဖြစ်ပါတယ်။ ဒီရပ်ကွက်က ရခိုင်တွေနဲ့ နီးနေတော့ သူတို့လည်း အပြင်ကို မသွားလာနိုင်တော့ စားရေး သောက်ရေးက အစ ပြဿနာ ဖြစ်လာပုံ ရပါတယ်။ ဒီနေ့တော့ သူတို့ သဘောတူညီချက်နဲ့ မြို့ပြင်ကို အစိုးရ တာဝန်ရှိသူတွေက ပြောင်းရွှေ့ပေးတာ ဖြစ်ပါတယ်” ဟု ဖေယာလမ်းမှ ဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်ကျော်ဝင်းက ပြောသည်။
ပြောင်းရွှေ့ခံရသူ အရေအတွက်မှာ ၇၀၀ မှနေ ၈၀၀ ကြားထိ ရှိနိုင်ပြီး စစ်တပ်က ကား (၁၀) စီးဖြင့် လုံခြုံရေး ယူကာ ပို့ဆောင်ပေးခဲ့သည်ဟု သူက ပြောသည်။
“ လုံခြုံရေးတွေကတော့ အပြည့်ပါဘဲ။ သူတို့ကို သက်ကယ်ပြင် ရွာနားမှာ တည်ဆောက်ထားတဲ့ ဒုက္ခသည်တွေ စခန်းတွေမှာ နေရာချပေးတယ်လို့ သိရပါတယ်။ ဟိုက အခြေအနေကိုတော့ ကျွန်တော်တို့လည်း သွားမကြည့်နိုင်တော့ မသိဘူး။ ဒါကြောင့် ဟိုမှာ မွတ်ဆလင် ဒုက္ခသည်တွေရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုတော့ မပြောနိုင်ဘူး” ဟု သူက ပြောသည်။
စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများတွင် ခိုလုံနေသူများမှာ ယခင်က ကဲ့သို့ အခြေအနေ မဆိုးဘဲ စားရေးသောက်ရေး အဆင်ပြေကြောင်း တစ်ခြား ရခိုင်တိုင်းရင်းသားပါတီမှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောသည်။
အင်ဘလာရပ်ကွက်တွင် မီးရှို့မခံရသော အိမ်များတွင် လူအများအပြား နေထိုင်၍ ရှိနေသေးကြောင်း၊ သူတို့အား ဆက်လက် ပြောင်းရွှေ့မည် မပြောင်းရွှေ့မည်ကို မသိရသေးကြောင်း သူက ဆက်လက်ပြောကြားသည်။
စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလုံနေသူ ရခိုင် လူမျိုး ၁၆၀၀၀ ခန့်ကျန်ရှိနေသေးပြီး တချို့လည်း အခြေအနေ တည်ငြိမ်စ ပြုလာပြီ ဖြစ်သဖြင့် မိမိအိမ်သို့ ပြန်သွားကြပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်နေသူ ဦးစံရွှေကျော်က ပြောသည်။
“ ရခိုင်လူမျိုးကတော့ ၁၆၀၀၀ ခန့် ကျန်ပါသေးတယ်။ မွတ်ဆလင် ဒုက္ခသည် အရေအတွက်တော့ ကျွန်တော်တို့ မသိရပါဘူး” ဟု ပြောသည်။
အစိုးရ တာဝန်ရှိသူများမှ ဆူပူ အကြမ်းဖက်မူကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး ခိုလုံသူ သုံးသောင်းကျော် ရှိကြောင်း ထုတ်ဖေါ် ပြောဆိုသော်လည်း   WFP ခေါ် နိုင်ငံတကာ စားနပ်ရိက္ခာ အဖွဲ့မှ ထွက်ပြေး ခိုလုံသူ  ၉၀၀၀၀ ကျော်ရှိကြောင်း ဖေါ်ပြသည်။
ယနေ့ စစ်တွေမြို့၏ အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး ဈေးဆိုင်များလည်း ဖွင့်လှစ်ကာ နယ်ဒေသများမှလည်း ဈေးလာဝယ်သူများ ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။

No comments: