Thursday, September 26, 2013

" All We Want is Our Freedom" ဆောင်းပါးမှ ကောက်နုတ်ချက်

PARADE မဂ္ဂဇင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သော " All We Want is Our Freedom" ဆောင်းပါးမှ ကောက်နုတ်ချက်။ ။

မြန်မာနိုင်ငံတဝှမ်း ခရီးသွားရင်းကျမက ပြည်သူတွေကို ဒီမိုကရေစီ ဘာကြောင့် လိုချင်တာလဲ အမြဲ မေးကြည့်တယ်။

သူတို့ဘဝနဲ့ကံကြမ္မာကို သူတို့ကိုယ်တိုင် ပုံဖော်ခွင့်မရတဲ့ ဖိနှိပ်ခံအနေအထားမှ လွတ်မြောက်လိုကြတာ တွေ့ရပါတယ်။
လက်နက်အင်အားအဖြေခံတဲ့ အမိန့်တွေ၊ထင်ရာစိုင်းခံရမှုတွေအောက် ကျရောက်နေတဲ့ သူတို့ရဲ့ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို ရင်ဖွင့်ပြောပြလိုကြပါတယ်။

သူတို့အသိဥာဏ်ပညာရဲ့ စိန်ခေါ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတဲ့ ပညာရေးစနစ်အပေါ် မကျေနပ်မှုတွေကို ထုတ်ဖော်ပြောလိုကြတယ်။

ကျမတွေ့ဆုံခဲ့တဲ့ လယ်သမား၊ယာသမားတွေရဲ့ဆန္ဒက ကျိုးကြောင်းမဆီလျော်တဲ့ အမိန့်တွေ နားလည်ရခက်တဲ့ အာဏာပိုင်တွေကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကို ပြုပြင်ပေးစေချင်ကြတယ်။ သူတို့တွေဟာ နေ့စဉ်နဲ့အမျှ မြေနဲ့ဖက်ပြီး ဘဝကို ရုန်းကန်ရပ်တည်နေရသူတွေပါ။

တိုင်းပြည်တဝှမ်း လှည့်လည်သွားလာတဲ့အခါ ပြည်သူတွေက နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်တွေ ကျမဘယ်လိုခံစားရလဲ ပြန်မေးကြပါတယ်။
>>>ဒီအာဏာရှင်နိုင်ငံမှာ ယုံကြည်ချက်အတွက် အကျဉ်းချခံရသူက အမှန်တကယ် လွတ်လပ်သူဖြစ်တယ်လို့ ကျမပြန်ဖြေပါတယ်။
>>>ဒီနေရာမှာ ပြည်သူလူထုအတွက် ကျမအဖြစ်လိုဆုးံဆန္ဒကတော့ စစ်မှန်တဲ့လွတ်လပ်ခွင့်ကို အာမခံကာကွယ်ပေးဖို့နဲ့ အမှန်တကယ်လုံခြုံစွာ ကာကွယ်ပေးထားနိုင်မယ့် လွတ်လပ်ခွင့်ပါပဲ။
*****************************

[ဆောင်းပါးတစ်ခုလုးံ အပြည့်အစုံမဟုတ်။ ကောက်နုတ်ချက်သာ ဖြစ်ပါသည်။]


{EAIDO}

No comments: