Saturday, September 28, 2013

မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် လက်နက်တင်ပို့မှုများ ရှိနေ



မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လက်နက်မှောင်ခိုတင်သွင်းမှုများ ရှိနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ သြဂုတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များအရ သိရသည်။

ထိုသို့ လက်နက်မှောင်ခိုတင်သွင်းရာတွင် လက်နက်များမှာ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့မှ ပမာဏအများဆုံးဖြစ်ပြီး ကမ္ဘောဒီး ယားနိုင်ငံမှလည်း ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။

လက်နက်မှောင်ခိုတင်သွင်းရာလမ်း ကြောင်းများမှာ ထိုင်း - မြန်မာ နယ်စပ်ရှိဂိတ်နှင့် အိန္ဒိယ - မြန်မာ နယ်စပ်တို့မှ ဝင်ရောက်လာ
ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ သတင်းထုတ်ပြန်ချက် များမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးချုပ်စိုးမြိုင်က “လက်နက်ကိုင်အဖွဲ့အစည်းအချို့တွေကို အခြားအိမ်နီးချင်းနိုင်ငံတွေကလက်နက်မှောင်ခို ရောင်းချနေတာတွေရှိ
တယ်။ ဒါ့ပြင် ကမ္ဘောဒီးယားနိုင်ငံမှာ ကျန်ရှိနေတဲ့ စစ်ကျန်လက်နက်တွေ
ကို မြန်မာနိုင်ငံ အတွင်းကို မှောင်ခိုပို့နေတာတွေလည်းရှိတယ်

ဒါကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့တွေက စစ်ဆေးနေပါတယ်။ အများဆုံး လက်နက်မှောင်ခိုတင်သွင်းနေတဲ့ လမ်းကြောင်းတွေကတော့ အိန္ဒိယ - မြန်မာနယ်စပ်လမ်းကြောင်း နဲ့ ထိုင်း - မြန်မာ နယ်စပ်လမ်းကြောင်း
တွေဖြစ်ပါတယ်” ဟုသြဂုတ်လ ၂၂ ရက်နေ့တွင် မှတ်ချက်ပြု ပြောကြား
ကြောင်း သိရသည်။

ထိုသို့ လက်နက်မှောင်ခိုတင်ပို့မှုများ အပါအဝင် အခြားတရားမဝင်
ကုန်ပစ္စည်းများတင်သွင်းမှုအား စက်တင်ဘာ လ ၂ ရက်နေ့မှ စတင်၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ
ေ့ပြာကြားသည်။

“နယ်စပ်ဂိတ်များက ပစ္စည်းသွင်းနေတဲ့ ကုန်သည်တွေကို ပညာပေးကာလ ၂ နှစ်ထားပေးထားတယ်။ အခု စက်တင်ဘာလဆို ကုန်ပြီ စပြီးအရေးယူ
တော့မယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ထိုသို့ တရားမဝင်ကုန်သွယ်မှု တားဆီးရာတွင် တင်သွင်းမှုပြုလုပ်နေသည့် ကုန်သည်များအပါအဝင် ထိုသို့ တင်သွင်းနိုင်ရန်အတွက် အခကြေးငွေယူ
ကာ လာဘ်ပေးလာဘ်ယူပြုလုပ်နေသည့် ဝန်ထမ်းများကိုပါ တပါတည်း
အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကုန်သွယ်မှုဆိုင်ရာ ဥပဒေများကိုလည်း ပြန်လည်သုံး သပ်ပြင်ဆင်သွားမည် ဖြစ်ကာ တရားမဝင်ကုန်သွယ်ရေးတားဆီးရန်အတွက် အားနည်းနေသည့် အစိုးရဌာနများကိုလည်း ပြန်လည် စစ်ဆေးသွား မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“တရားမဝင် ကုန်သွယ်ရေးကို တားဆီးဖို့ အားနည်းနေတဲ့ ဌာနဆိုင်ရာ
တွေနဲ့ ဥပဒေတွေကိုပါ ပြန်လည်သုံးသပ် သွားမယ်” ဟု ဦးဝင်းမြင့်မှ ထပ်လောင်းရှင်းလင်းသည်။

တရားမဝင် ကုန်သွယ်မှု တားဆီးရေးအတွက် အရေးယူမှုများကို လက်ရှိ ထုတ်ပြန်ပြဋ္ဌာန်းထားသော ပို့ကုန်သွင်း ကုန်လုပ်ငန်း ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်အ တွင်း တရားဝင်ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်များထက် အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်မြင့်တက်လာ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းဇယားများ
အရ သိရသည်။

Yangon Chronicle

No comments: