Thursday, September 26, 2013

နိုင်ငံပျောက်နေသူများ...


နိုင်ငံခြားသို့ တရားမဝင် အလုပ်သွားလုပ် သူများမှ မွေးလာသည့် ကလေးကို ကျန်းမာရေး ဌာနမှ မွေးစာရင်း ထုတ်ပေးနိုင်မှု မရှိဟု ပြော

26.9.2013

နိုင်ငံခြားသို့ တရား မဝင် အလုပ် သွားလုပ်သူများမှ မွေးဖွားလာသော ကလေး များသည် နိုင်ငံသား အဖြစ် ဆုံး ရှုံးမှု မရှိသော်လည်း ကျန်းမာရေး ဌာနမှ မွေးစာရင်း ထုတ်ပေးနိုင်မှု မရှိပါကြောင်း ကျင်းပနေသော မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် က ဖြေကြားသည်။

မြန်မာနိုင်ငံမှ အကြောင်း အမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံ (နိုင်ငံခြား)တွင် သွားရောက် အလုပ်လုပ်ကိုင် သူများ ထဲတွင် အချို့က တရားဝင်နှင့် တရား မဝင် သွားရောက် အလုပ်လုပ် သူ သိန်းချီ ရှိနေကြောင်း၊ တရားမဝင် သွားရောက် အလုပ်လုပ် သူများ နိုင်ငံခြားတွင် လက်ထပ်ပြီး မွေးဖွား လာသော ကလေး အရွယ်ရောက် လာ ၍ ကျောင်း အပ် သည့်အခါ မွေးစာရင်း မရှိ၍ ကျောင်းအပ်၍ မရကြောင်း၊ အိမ်ထောင်စု စာရင်းမှာ မပါ၍ နိုင်ငံသား စိစစ်ရေးကတ် မရရှိ၍ ၄င်း၊ ကလေးများကို မည်သို့ သတ်မှတ် မည်နည်း၊ နိုင်ငံသား တိုင်းရင်းသား အဖြစ် သတ်မှတ်ပါသလား၊ မွေးစာရင်း အတွက် ပုံစံကြေး မည်မျှ သတ်မှတ်ထား သနည်း မေးခွန်းကို စက်တင်ဘာ ၁၈ ရက်နေ့ တွင် ကျင်းပသည့် ပထမ အကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး ပထမနေ့တွင် ကျိုက်မရော မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်း က ကြယ်ပွင့်ပြ မေးခွန်း အဖြစ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ မွန်ပြည်နယ် ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့် အောင်က နိုင်ငံခြားသို့ တရား မဝင်သွား ရောက်ပါက ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှု ကြီး ကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက် များ) အက်ဥပဒေ ပုဒ်မ ၃(၂) ၁၃(၁)အရ အရေးယူ ခံရမည် ဖြစ်သော် လည်း နိုင်ငံသား အဖြစ် ဆုံးရှုံးမှု မရှိပါ ကြောင်း၊ မွေးဖွားမှု မှတ်ပုံတင်ခြင်း ဆိုင်ရာ ဂုဏ်အင်္ဂါရပ် များအနေဖြင့် ငွေကြေး ကုန်ကျမှု မရှိပါက မွေးစာရင်း အတွက် ပုံစံကြေး သတ်မှတ် ထားခြင်းလည်း မရှိ ပါကြောင်း ပြန် လည်ဖြေ ကြားသည်။

ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ကို စက်တင်ဘာ ၁၈ ရက်နေ့ မှ ၂ဝ ရက်နေ့ အထိ ၃ ရက် ကျင်းပကြောင်း၊ အစည်း အဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၃၇ ခု၊ အဆို ၅ ခု၊ ဥပဒေကြမ်း ၄ ခုကို တင် သွင်းရာ ဥပဒေကြမ်း ၃ ခုကို အတည် ပြုပြီး ၁ ခုကို နောင် ကျင်းပမည့် လွှတ် တော် အစည်း အဝေးတွင် ပြန်လည် ဆွေး နွေးရန် ဆုံးဖြတ် ခဲ့ကြကြောင်း သိရ သည်။

၎င်းအပြင် လွှတ်တော် အစည်းအဝေး တွင် မွန်ပြည်နယ် အစိုးရအဖွဲ့၏ အစီရင်ခံစာ၊ မွန်ပြည်နယ် လွှတ်တော်၏ အစီရင်ခံစာ၊ မွန်ပြည်နယ် လွှတ်တော် ရေးရာ ပူးပေါင်းကော်မတီ ၏ အစီရင်ခံ စာ၊ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၏ အစီရင်ခံစာ၊ မွန် ပြည်နယ် ဥပဒေချုပ် ၏ အစီရင်ခံစာ၊ မွန်ပြည်နယ် စာရင်း စစ်ချုပ်၏ အစီရင်ခံ စာ များကိုလည်း လွှတ်တော် ကိုယ်စား လှယ် များ ဆွေးနွေးပြီး မှတ်တမ်း တင်ခဲ့ ကြကြောင်း သိရသည်။

ထူးထူး(မော်လမြိုင်)
Plpular Myanmar News Journal

No comments: