Wednesday, September 26, 2012

ကိုဌေးနိုင် သေသွားပြီး မိုးသီးရှင်းပြတဲ့စာ






































































မိုးသီးဇွန် ရိုးသားခဲ့ရင် ဘာလို့ လုပ်ရတာလဲ ။

ကိုဌေးနိုင်ကို စဖမ်းတော့လဲ ရိုးသားမှု မရှိခဲ့ဖူး ။
အဖွဲ့ အင်အားပြိုင်ရင်း ဖမ်းတယ်
နိုင်အောင် သတင်းပေးလို့ ဖမ်းတယ်
ကရင်ဖိအားပေးလို့ ဖမ်းတယ် ။


စစ်ဆေးတော့လဲ မြစ်တဖက်ကမ်း လူမသိအောင် စစ်ဆေးခဲ့တယ် ။
ကိုဌေးနိုင် ထောက်လှမ်းရေးပါလို့ ဝန်ခံတဲ့ အထိ နှိပ်စက်ခံရတယ် ။
ကိုဌေးနိုင် ဝန်ခံတဲ့ ဗီဒီယို ရှိနေတယ်

ကိုဌေးနိုင် သေဆုံးပြီးချိန်မှာ

ရဲလင်းကို ဝါးလုံးနဲ့ ပုဆိုးထဲမှာ ထဲ့ပြီး လှေဆိပ်ကို ထမ်းချသွားတယ် ။
ကျောင်းသားရဲဘော်တွေအားလုံးကိုတော့
ကိုဌေးနိုင်ကို အသက်ရှင်ရက် သယ်သွားတယ်လို့ ပြောခဲ့တယ် ။

မိုးသီးကို နှစ်ပေါင်းများစွာအသက်ပေးပြီး ယုံကြည်သူတွေက

ကိုဌေးနိုင် သေတဲ့ ကိစ္စကို ပြန်လည်ထုတ်နေကြပြီ ။

နှစ်ပေါင်း ၂၀ ကျော် ကိုဌေးနိုင်ကို ရန်သု့ လူလို့ ပြောခဲ့ ရေးခဲ့တယ် ။

စထဲက ရိုးသားခဲ့ရင် အခုရှင်းစရာမရှိတော့ဖူး ။

Zaw Naing ဆိုသူသည် မိုးသီးနှင့် အမှတ်၁၁ မူလတန်းကျောင်း မိကျောင်းကန် သင်္ကန်းကျွန်း ရန်ကုန်မြို့ က ဖြစ်ပြီး မိုးသီးဇွန်ဟု ခေါ်သောသူကို ငယ်စဉ်ဘဝက စပြီး သိလာခဲ့သူဖြစ်သည် ။

 (http://www.facebook.com/zaw.naing.14 )
 September 17 2012
မိုးသီးဇွန်က ဌေးနိုင်ကို သတ်မိန့် မပေးခဲ့ဘူးဆိုရင်။ဒါကိုဖြေပေး။
စစ်ရုံးထဲမှာ ည၉နာရီကျော်ထိ ဌေးနိုင် အကောင်းပကတိရှိနေသေးတယ်။
ဝင်းနိုင်ဦး ( ခ ) ကိုရင်မောင်၊ဘ
စောထွန်း။့  အောင်လွန်း၊ရဲလင်း ။စိန်ရွှေ၊မက်ဒေါတို့ 
ဌေးနိုင်ကိုချုပ်ထားတဲ့ နေရာကို ၁၀နာရီလောက်မှာစဝင်တယ်။
စစ်ရေးချုပ် ဝင်းချို ( ယခု မဲဆောက် ) စစ်ရုံးအုပ် စိုးလွင် ( ကြီးမိုက် )တို့ ကို စစ်ရုံးဝန်းထဲက ထွက်ပေးဘို့  ဝင်းနိုင်ဦးပြောတယ်။
၁နာရီလောက်ကြာတော့ ပြန်ဝင်လို့ ရပြီးလို့ ဝင်းနိုင်ဦးပြောတယ်။ အချုပ်ထဲမှာ ဌေးနိုင်မရှိတော့ဘူး။ စစ်ရုံးဝန်းထဲက ကျင်းအဟောင်းထဲမှာ ထိုင်လျှက်ထည့်လိုက်တယ်။ ဌေးနိုင်ဆီမှာ ဒါး၊ ချွန်းထက်တဲ့အရာ။ကြိုး။ပုဆိုး၊မာကျောတဲ့ ပစ္စည်းတခုခုမရှိဘဲ ဘယ်လို လုပ် သူ့ ကိုယ် သူ သတ်သေလို့ ရမလဲ။
မိုးသီးဇွန် အဲ့ဒိလို သေလို့ ရရင် မင်း ငါ့ရှေ့ မှာ သေပြ။


Aung Htun ဌေးနိုင် သေဆုံးရခြင်း နဲ့  ပါတ်သက်ပြီး အကိုအရင်းဖြစ် သူက သေဆုံး သွားရတဲ့ နေ့ ရက် အတိအကျ နှင့်  သေဆုံးရပုံ ကိုသိဖို့  တောင်းဆိုနေတာ တရားမျှတပါတယ်။ အတိအကျ သိရှိထားသော လူများက မိမိတို့ ၏ AB မိသားစု သဖွယ် သဘောထား ကူညီပြောကြား ပေးစေချင်ပါတယ်။ဒါမှလဲ ကျန်ရစ်သူ မိသားစုများ အနေနဲ့  ရက်လည် သပိတ်သွတ် လုပ်ငန်းများ ကို စိတ်ရှင်းရှင်း သန့် သန့်  နှင့် လုပ်ဆောင်သွား နိုင်မှာဖြစ်ပါတယ်။ MTZ ကို ကျနော် မေးကြည့်တဲ့  အခါ သူကိုယ်တိုင် အတိအကျ မသိရှိရကြာင်း ပြောပါ တယ်။ အပေါ်က ပိုစ့်ကို ဖတ်လိုက်ရတော့  အသက်မသေပဲ ကျန်ရစ်ခဲ့ တဲ့ သူေ တွတောင် ကံကောင်းထောက်မစွာ လွတ်မြောက်လာတာ တွေရပါတယ်။ အဲဒိအချိန်ကာလ အကျဉ်းချခံထားရသူ လူတစ်ယောက် သေဆုံးသွားရတဲ့  ကိစ္စကို အရေးတယူ လုပ်ဆောင်နိုင်ဖို့  အလွန်တရာခက်ခဲးကြောင်း သုံးသတ်မိပါ သည်။ မည်သို့ ပင်ဖြစ်စေကာမူ ကျနော် အထက်မှ ဆိုခဲ့ သည့်အတိုင်း ၀ိုင်းဝန်းကူညီပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။
January 29 at 1:16pm · Like · 5
Soe Lwin ကိုအောင်ထွန်း...ဌေးနိင်ကိစ္စနဲ့ပတ်သက်ပြီး ကိုဌေးတင့်ကို အာလုံးပြောပြီပါပြီး...MTZတိတိကျကျမသိတာအမှန်ဘဲ..ဘကြောင့်ဆို HNကိုဖမ်းပြီးတဲ့နောက် သူ BKK ကိုပြန်တက်သွားပြီးကထဲက တောထဲကိုပြန်မလာတော့ဘူး...
February 2 at 5:30am · Like
Moe Zaw Aung    MTZတိတိကျကျမသိတာဘဲ ဘာဖြစ်လို့ တောင်ပိုင်းအေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီအစည်းအဝေးမှာ ကိုဌေးနိုင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ လံကြူပ်လုပ်ပြီး တင်ပြရတာလဲ!!!
February 2 at 12:26pm · Like
Soe Lwin ဒါတော့ ကျနော်လဲမသိတော့ပါ...
February 2 at 12:35pm · Like · 1
Zaw Ye Moe   Zaw Aung ကိုမိုးသီး က ဗဟို ရဲ့ ဥက္ကဌ လေ သူမရှိပေ မဲ့ ဗဟို မှာဘာဖြစ်ခဲ့လဲ ဆို တာ သူရှိ ကို အစီရင်ခံ သတင်းပို့  ရတယ် သူမရှိပင်ပဲ့ သူအကုန်သိတယ် ခင်ဗျာပြောပြောနေ တဲ့ လုပ်ကြံတင်ပြ တင်ပြောပြောနေရအောင် ခင်ဗျာ ကဘယ်လောက် သိလိုလဲ ဌေးနိုင် သတ်သေ တဲ့ အခါ ကျနော် တို့  အပေါ်မှာ ကွန့်မန့် ပေးသွား တဲ့ ကိုစိုးလွင် ပါရှိတယ် ဌေးနိုင် ကို ကျနော် တို့   ကောင်းကောင်းမွန်မွန် မြေမြုတ် ပေးခဲ့တယ် ဆိုတာ ခင်ဗျာနာလည်းပါ ကိုယ့် မသိတဲ့ ကိစ္စ တွေ ခင်ဗျာ လိုက်လိုက် မဖွပါနဲ့
February 2 at 3:07pm · Like
Moe Zaw Aung မိုးသီးရဲ့သဘောတူချက်မရဘဲ ကိုဌေးနိုင်ကိုဖမ်းလို့မရသလို ကိုဌေးနိုင်ဟာလဲသူဘာသာ နေရင်းထိုင်ရင်း အချုပ်ခန်းထဲမှာ သတ်တော့ သေမှာမဟုတ်ဘူး။ တနေရာမှာ ကွန့်မန်တခုသဘောကျလို့ဒီမှာ ပြန်ဖော်ပြပါစေ.... "မိုးသီးနောက်မှာရှိခဲ့ဘူးတဲ့ အမာခံတွေက ပုဂ္ဂိုလ်ရေးကိုးကွယ်မူ့ထက် အမှန်တရားကိုပိုချစ်မြတ်နိုးတာတွေ့ရတယ်"။ကိုဌေးတင့်မှာ ကိုဌေးနိုင်မတရား အသတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး videoနဲ့audio files တွေရှိပါတယ်။တချိန်ကြရင် သူအားလုံးကို ရှဲလုပ်နိုင်မယ်လို့ထင်ပါတယ်။ဖွတာကို လုံးဝ ဝါသနာမပါသလို အခုလို ရှင်းပြရတာတောင်းမော်လှပြီး။
February 2 at 3:54pm · Like
Zaw Ye တင်လိုက်လေ အဲဒီ ဗွီဒီဖိုင် ကို ရီရတာပေါ့ ဗျာ
February 2 at 4:05pm · Like
Moe Zaw Aung ကိုဌေးနိုင်ကို ကောင်းကောင်းမွန်မွန် မြေမြုတ် ပေးခဲ့တယ်အတွက် ကျေးဇူးတင်ပါတယ်
။နောက်ဆုံး..... သတ်သေသွားတယ် ဆိုတာလေးများသိခွင့်ရှိရင်သိပါရစေ ကိုZaw Ye ရယ်။
February 2 at 4:59pm · Like
Zaw Ye အမှန်တရား နဲ့နှီးစပ်ချင် ရင်လိုက်မဖွ နဲ့ပေါ့ ဖွနေရင်တော့ ဝေးနေအုံးမှာဘဲ ခင်ဗျာပြောတဲ့ အသံဖိုင် ပိုင်ရှင် ထွနိးထွန်ူဦး ပြောတာအကုန် လုပ်ဇတ်တွေဘဲ
February 2 at 5:06pm · Like
Moe Zaw Aung ဟုတ်ကဲ့....အခုလိုသိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ထင်တော့ထင်မိ့သားပဲ အဲဒီပုဂ္ဂိုလ်ပြောနေတာ တခုခုလွဲနေသလိုဘဲလို့။ ကိုZaw Ye တခုခု ဖြည့်စွက်ချင်ရင်ကျနော့် Message boxက always welcome ပါ။
February 2 at 5:16pm · Like
Zaw Ye ကျတော် တို ရှိက အရင်တုံး က အဲဒီ ကိစ္စ မှာ တာဝန်ရှိတဲ့ သူတွေ မကြာခင်မှာ တရားဝင် ထုတ်ပြန်ပါ လိမ့်မယ် အခု လို အွန်လိုင်းပေါ်မှာ လျှောက်ပြောနေကြ တာ ကလဲ တကယ့် အမှန် တရားမှ မဟုတ်တာ ကျနော် လဲသိပ်မပြောချင်ဖူးအခုတောင် မှ မတတ်တာ လိုပြောနေ ရတာ ကျနော်တို လို တကယ် ဖြစ်စဉ် မှာရှိခဲ့တဲ့ ရဲဘော်တွေ ရှိပါတယ် သူတို ပြောဆိုချက်တွေ ကိုမှ မယုံဖူး ဆိုလဲ ကျတော် တိုလဲ မပြောတတ်တော့ဖူး အမှန်တရား နဲ့ဝေးဖို့ ကကြိမ်းသေဘဲ
February 2 at 5:31pm · Like · 1
Moe Zaw Aung ဟုတ်ကဲ့......အခုလို အမှန်တရားကိုပိုချစ်မြတ်နိုတဲ့ ကို Zaw Ye လိုလူမျိုးဆီက ကြားရတာ တကယ်ဝမ်းသာစရာပါ။ ဟုတ်ပါတယ်...တကယ် အရေးကြီးတာက ကို Zaw Ye လို တကယ် ဖြစ်စဉ်မှာရှိခဲ့တဲ့ ရဲဘော်တွေရဲ့ အမှန်တရားဘက်မှရပ်တည်မူ့ဟာ
မကဒတ အတွက်သမိုင်းတခုဖြစ်စင်ပါ။
February 2 at 5:44pm · Like · 1
Moe Thiha အခုလိုပြောပြပေးတာ..ကျေးဇူးပါဘဲ...ဘာကြောင့်လဲဆိုတော့..
.ဦးတည်ရာမဲ့..နိုင်ငံရေးမဲ့.သူတွေ..လုပ်လေ့လုပ်ထရှိတဲ့သမရှိးလမ်းစဉ်ပါ...
February 2 at 7:57pm · Like



ထပ်ပြီးပြောရ ရင် နိုင်အောင်တို့က ကိုမိုးသီးကို အမှုတွဲတာပါ. 
ကိုထွန်းအောင်ကျော်တို့ အသတ်ခံရတော့ ကိုမိုးသီးတို့ အေဘီဘက်က ကြေငြာချက်ထုတ်ပြီး ကန့်ကွက်ပါတယ် 
ဒါပေမဲ့..ကိုမိုးသီးက မျက်စေ့လည်သွားပုံ ရပါတယ်.
 ကိုမိုးသီးလူဖြစ်တဲ့ ကိုမိုးသီး ယူဂျီဖြစ်ခဲ့ဘူးတဲ့ 
ကိုနေ၀င်းအောင်က အေဘီ ၂ ခြမ်းကွဲတော့ ကိုနိုင်အောင် ဘက်ကို ပါသွားပါတယ် 
ပါသွားတော့ ကိုမိုးသီး ဘက်ခြမ်းက ကိုအောင်သူငြိမ်းတို့က စပြီးတော့ 
ကိုနေ၀င်းအောင်ဟာ ရန်သူ့လူဖြစ်တယ် လို့ စပြီးတိုက်ခိုက်ခဲ့ပါတယ် 
ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက နိုင်အောင်က ဒီလို ပြောရပါ့မလားဆိုပြီး ဒေါသတွေ ထွက်လို့ ဆိုပဲ 

ဒါပေမဲ့ မဟုတ်မခံပြောတတ်တဲ့ စာအုပ်ကြီးသမား လဲ ဖြစ်တဲ့ ကိုနေ၀င်းအောင်က
 ဥက္ကဌနဲ့ အဖွဲ့ကို ဝေဖန်ရေးတွေ ပေးမြောက်ပိုင်းကိစ္စ ကန်ကွက်လွန်းရာက နေ ခွင်ဆင်ပြီး 
ကိုစိုးလင်းနဲ့ အမှု တွဲပေးလိုက်တာပါ။ 

အမှုတွဲပေးပြီးမှ ကိုမိုးသီး ဘက်ခြမ်းမှာလဲ သတ်ဖြတ်မှုတွေ ညှင်းပမ်းမှုတွေ ဖြစ်လာအောင် 
ကိုအောင်သူနဲ့ ကိုဌေးနိုင်တို့ကို ဆက်ပြီး ရန်သူလူ ဖြစ်ကြောင်း ၀န်ခံလာစေအောင်
 ကိုနေ၀င်းအောင်ကို နှိပ်စက် ညှင်းပမ်းခဲ့တာပါ။ 
ဘယ်လိုညှင်းပမ်းခဲ့တယ်ဆိုတာတော့ ကိုနေ၀င်းအောင်ကိုသာ မေးပါ.

 မိုးမခမှာ ၁၉၉၆ ခုနှစ် ကိုနေ၀င်းအောင် အေဘီအချုပ်ထောင် ဖေါက်ထွက်ပြေးလာပြီး
 ရေးခဲ့တဲ့ စာ တင်ထားပါတယ် ဖတ်ပြီး လေ့လာနိုင်ပါတယ်။ 
ကိုနေ၀င်းအောင်လဲ နောက် ထပ်ရေးဦးလို့ ပြောပါတယ် ကိုဌေးတင့် ခင်ဗျား.




ဋ္ဌေးနိုင်ဘယ်လို အသတ်ခံခဲ့ရသလဲ

ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား
မိုးသီးဇွန်ဆီမှ အီးမေးတစောင်၊ လျှို့ဝှက်စွာ တွဲပြီးပို့ခဲ့ပါတယ်။ အီးမေးထဲမှာကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလိုအရေးကြီးကာလမှာ
ဖြေရှင်းစရာမလိုဘူး။ ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ရေးထားပါတယ်။ဒီကိစ္စနှင့်ပတ်သက်လို့ ဋ္ဌေးနိုင်ကိုမိုးသီးသတ်သလားမသတ်ဘူးလားဆိုတာ ကို အများက
ဆုံးဖြတ်ပါ။ ကျနော်သိသလောက်ရှင်းလင်းတင်ပြပါ့မယ်။
ဋ္ဌေးနိုင် ဟာ ၁၉၈၈ ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်ပါ။ ၁၉၈၈ မှာ ကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကို တည်ထောင်တဲ့အခါ
ဋ္ဌေးနိုင်ဟာ ကျနော့ရဲ့လက်အောက်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ဒေသကောလိပ် () ရဲ့ သမဂ္ဂတာဝန်ခံတယောက်ဖြစ်ပါတယ်။
ကျနော့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ၁၉၈၈ နယ်စပ်ကိုရောက်တော့ သေဘောဘိုး စခန်းကိုရောက်ပါတယ်။
အဲ့ဒီအချိန်ဟာ ABSDF ပထမသက်တန်း ကျနော်အထွေထွေအတွင်းရေးမှူး ( အေဘီ ဗဟို) မှာ တာဝန်ထမ်းဆောင်နေတဲ့ ကာလဖြစ်ပါတယ်။
ဒီလိုနဲ့ နှစ်လ သုံးလ အကြာမှာ ဋ္ဌေးနိုင်ဟာ ကျနော်နဲ့အတူနေဖို့ အေဘီ ဗဟို ကိုရောက်လာပြီး၊ ကျနော့နားမှာနေခဲ့ပါတယ်။ ABSDF နှစ်ခြမ်းကွဲတော့
ကျနော် ကိုကိုဦး၊ မိုးသီး ဦးဆောင်တဲ့ဘက်ကိုရပ်ခဲ့ပြီး မိုးသီးဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကိုကိုဦး က အထွေထွေအတွင်းရေးမှူး၊ ကျနော် က EC ပါ။
မိုးသီး က ဋ္ဌေးနိုင်ကို ဗဟိုစစ်ရေးတာဝန်ခံပေးအပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုကိုဦးနဲ့ကျနော် တောင်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အချိန် ဋ္ဌေးနိုင်ကို မိုးသီး က
ဖမ်းလိုက်ပါတယ်။ ဒီအချိန်မှာ နုငိအောင်ဘက်မှာ ကိုနေဝင်းအောင် နှင့် ကိုစိုးလင်း ( မြောက်ပိုင်း ABSDF) ကို သူလျှိုမှုနှင့်ဖမ်းဆီးပြီး မြေကျင်းမှာ
ထည့်ထားခဲ့တယ်။ ( တလအကြာမှာ ဋ္ဌေးနိုင်အဖမ်းခံရတယ်ဖြစ်ပါတယ်) ကျနော်နှင့် ကိုကိုဦးက မိုးသီးဆီကိုစက်ရိုက်ပြီး၊ ဘာကြောင့် ဋ္ဌေးနိုင် ကို
ဖမ်းရတာလဲ လို့လှမ်းမေးပါတယ်။ မိုးသီး က နိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့် ကိုစိုးလင်း ကို စစ်ဆေးတဲ့အခါ သူတို့က မိုးသီးဘက်ကဋ္ဌေးနိုင်ဟာ
လည်း သူတို့နဲ့အတူတူပါပဲလို့ထွက်ဆိုလို့ ဖမ်းဆီးလိုက်ရတယ် လို့ဖြေရှင်းပါတယ်။ ကျနော်က ပြင်းပြင်းထန်ထန်ကန့်ကွက် ငြင်းချက်ထုတ်ခဲ့ပါတယ်။
ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဟုတ်ဘူး။ ငါနဲ့အတူတူလုပ်ခဲ့တာ။ လွှတ်ပေးပါ။ ငါအာမခံတယ်။ ဋ္ဌေးနိုင်နဲ့ပတ်သက်လို့ငါတာဝန်ယူတယ်လို့
စက်သွယ်ရေးစက်မှတဆင့်ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ မိုးသီး ဟာ ကျနော့်တောင်းဆိုချက်ကို ဂရုမစိုက်ပဲ ဖမ်းမြဲဖမ်းထားပါတယ်။
ကျနော် ကိုကိုဦး ကို မေးတော့လည်း ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဖြစ်နိုင်ဘူး။ နောက်ပြီး နိုင်အောင့် ဘက်ကပေးတဲ့သတင်းနဲ့ဖမ်းတယ် ဆိုတာ
အခြေအမြစ်မရှိဘူး လို့ သူ့စဉ်းစားချက်ကိုပြောပြီး၊ ကိုကိုဦး ဟာ သူ့ရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကို အသုံးပြုပြီး မိုးသီးထံကိုကြေးနန်းရိုက်ပါတယ်။
မိုးသီး ငါအထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ သဘောထားပေးတယ်။ ချက်ခြင်းလွှတ်ပေးပါလို့တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ မိုးသီးဂရုမစိုက်ပါဘူး။ ဋ္ဌေးနိုင်ကိုဖမ်းမြဲဖမ်းထားပါတယ်။ အဲ့ဒီတော့ ကျနော်အတော်ဒေါသဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မိုးသီး
မင်းဋ္ဌေးနိုင်ကိုချက်ခြင်းလွှတ်ပါ။ မင်း မလွှတ်ရင် ငါမာနယ်ပလော ကို ရောက်၊ ငါ့တပ်နှင့်တိုက်ပြီး ဋ္ဌေးနိုင် ကို ရအောင်ထုတ်ယူမယ် လို့
အကြောင်းကြားခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်မာနယ်ပလော ကို ဆင်းဖို့ကြိုးစားနေတဲ့အချိန်မှာ ကျနော့်ဆီကို ဖုံးတခုဝင်လာပါတယ်။ အဲ့ဒါကတော့ ချင်းမိုင်မြို့
က ဗိုလ်မှူးကြီး ထုံ လို့ခေါ်တဲ့ ထိုင်းထောက်လှမ်းရေးအကြီးအကဲပါ။ သူကသန်းဝင်း မင်းမဆင်းနဲ့ မင်းဆင်းရင် မယ်ဇရင်း ဘတ်စ်ကားဂိတ်မှာ ပလိပ်တွေ
က မင်း ကိုစောင့်ပြီး အပြီးသတ်လိုက်လိမ့်မယ် လို့ပြောပါတယ်။ အဲ့တော့ ကျနော်က မေးတယ်။ ပလိပ်တွေက ကျနော့် ကို ဘယ်လိုလုပ်သိလဲ ဆိုတော့
သူက မင်းကိုနယ်စပ်ကိုမရောက်အောင် ထိုင်းနယ်မြေထဲမှာ အပြတ်ရှင်းဖို့ ထိုင်းပုလိပ် ကို ဘတ် တသောင်းပေးထားပြီးဖြစ်တယ် လို့ ပြောပါတယ်။
ကျနော်အတော်အံ့သြပြီး အတော်လည်း ဒေါသဖြစ်ရပါတယ်။ ဒီလောက်တောင်ယုတ်မာရသလား လို့။ ဒါနဲ့ ကျနော် မာနယ်ပလော ကို လုံခြုံရေးအရ
မဆင်းဖြစ်တော့ပါဘူး။ နောက်တော့ မာနယ်ပလောကျခါနီးမှာ မိုးသီးဘက်ကရော၊ နိုင်အောင့်ဘက်ကပါ ဋ္ဌာနချုပ်ကိုရွေ့ပြောင်းရပါတော့တယ်။ အဲ့ဒီအချိန်မှာ
နိုင်အောင့်ဘက်မှာ ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ဟာ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ မိုးသီး ဘက်မှ ဋ္ဌေးနိုင်ကတော့ အသတ်ခံလိုက်ရပါတယ်။
နောက်ပိုင်း ကျနော်ဟာ ဋ္ဌေးနိုင်ကိစ္စနဲ့ပတ်သက်လို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ သူတွေ အားလုံး ကို မေးမြန်းပါတယ်။ သူတို့ရှင်းပြတာက ဋ္ဌေးနိုင် ကို
စဖမ်းဖမ်းခြင်း၊ တဲအိမ်တခုမှာ လှောင်ပိတ်ထားတယ်။ ဗဟိုထဲမှာပေါ့။ နောက်နှစ်ပတ်အကြာမှာတော့ ဋ္ဌေးနိုင် ကို ဗဟိုရဲ့တဘက်ကမ်း သောင်ရင်းမြစ်ရဲ့
တဘက်ခြမ်းမှာမြေကျင်းသေးသေးလေးတူးပြီးတယောက်တည်းထားပါတယ်။ ဘာအစောင့်မှမထားပဲ ထမင်းပို့မှ လှေနှင့်သွားပို့ကြပါတယ်။
နောက်ပိုင်းအစောင့်စစ်သား နှစ်ယောက်ကိုမေးတော့ သူတို့က ကိုဋ္ဌေးနိုင် ကို ထားတာသိတ်ရက်စက်တယ်ဗျာ တဲ့။ သူ့အရပ် သူ့ကိုယ်ခန္ဓာနဲ့မဆန့်တဲ့
ခြေထောက်ဆန့်လို့မရတဲ့ မြေကြွင်းထဲမှာထည့်ထားပြီး ခြေထောက်ကလည်း အချိန်တိုင်းကွေးထားရတော့ တလလောက်အကြာမှာ ဋ္ဌေးနိုင်ဟာ
မတ်တပ်ရပ်လို့မရတော့ပဲ၊ ချိသွားတယ် တဲ့။ နောက်စစ်သားတယောက်ကမျက်ရည်ဝြဲပီးပြောတာက သူတို့ထမင်းသွားပို့တဲ့အချိန်မှာ
တာဝန်ခံတယောက်ပါတယ် တဲ့။ သူတို့ ဋ္ဌေးနိုင် ကိုတွေ့တဲ့အခါ၊ ဋ္ဌေးနိုင် ကမင်းတို့ငါ့ကိုဘယ်တော့သတ်မလဲ၊ မြန်မြန်သတ်လိုက်ပါကွာ။
ငါမင်းတို့နှပ်စက်တဲ့ ဒဏ်ကိုမခံနိုင်တော့လို့ပါလို့ နေ့တိုင်းတောင်းပန်ပြောတယ်လို့ ကျနော့ကိုရှင်းပြပါတယ်။
ဒီလိုနဲ့ ဗဟိုဟာ စစ်ရေးအရရွှေ့ပြောင်းတဲ့အချိန်မှာ မိုးသီးဟာ သူများတွေမရိပ်မိအောင် ဋ္ဌေးနိုင်လိုသရုပ်ဆောင်တဲ့တယောက်ကိုရွေးပြီး
မျက်နှာကိုဂုံနီအိပ်အုပ် သဏ္ဍန်လုပ်သရုပ်မှန်အောင်လိမ်ညာပြီး လှေပေါ်ကိုတရားခံခေါ်သွားတယ်ဆိုတဲ့ပုံစံနဲ့ ဖန်တီးပါတယ်။ အဲ့ဒီသရုပ်ဆောင်တဲ့သူက
ကိုရဲလင်း လို့ခေါ်ပါတယ်။ သူကိုယ်တိုင် ကျနော့ ကို ပြောပြတာဖြစ်ပါတယ်။ သူတို့ရွေ့ပြောင်းကြတဲ့အချိန်မှာ ဋ္ဌေးနိုင်သေပြီးဖြစ်တယ်။
သူတို့သတ်ပြီးဖြစ်တယ်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိသလဲ။ ဋ္ဌေးနိုင်ကိုသတ်တာမိုးသီးမှာတာဝန်ရှိတယ်။ မိုးသီး ဟာ အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌ ပါ။
ဒါကို သူမသတ်ပါဘူး လို့ ရှောင်ထွက်လို့မရပါဘူး။ ခေါင်းဆောင်လုပ်ချင်ရင်တာဝန်ယူရဲတဲ့သတ္တိရှိရပါတယ်။
ပြည်သူရဲဘော်မိတ်ဆွေအပေါင်းတို့ခင်ဗျား
အထက်ပါအဖြစ်အပျက်ကိုဖတ်ကြည့်ကြပါ။ မိုးသီးဟာ ၈၈၈၈ ခေါင်းဆောင်တယောက်မဟုတ်ပါ။
နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်ပါ။ ကျောင်းသားချင်းသွေးစွန်းတဲ့လူသတ်ကောင်သက်သက်သာဖြစ်ပါတယ်။
ကျနော်တို့က စစ်အဏာရူးပြီးပြည်သူကိုသတ်တဲ့ စစ်အာဏာရှင်ဘီလူးတွေကို တိုက်နေတာပါ။
အခု မိုးသီးနှင့် နိုင်အောင်ဟာ အာဏာတခြမ်းပဲ့လေး ကို ရတာတောင် ဒီလိုယုတ်ယုတ်မာမာ ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ကြတဲ့
လူသတ်ကောင် လူယုတ်မာများသာဖြစ်တယ်။ နိုင်ငံရေးခေါင်းဆောင် ကျောင်းသားခေါင်းဆောင်များလုံးဝမဟုတ်ပါ။
ဒီတော့ ခင်ဗျားတို့ကိုသတိပေးချင်ပါတယ်။မိုးသီးဒီလိုစွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှု လို့ မင်းကပြောတယ်။
မိုးသီး မင်းဘဝမှာ ဒီကိစ္စဟာ အရေးကြီးတယ် ဆိုတာသတိပြုပါ။ နိုင်ငံရေးဆိုတာ မင်းလိုလူသတ်ကောင်နဲ့မပတ်သက်ဘူးဆိုတာနားလည်ပါ။
မင်းသတ်ခဲ့တဲ့ လူသတ်မှုအတွက်ဖြေရှင်းဖို့မင်းပြင်ဆင်ပါ။ ဒီနေ့က စပြီး ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်ဆိုတာလုံးဝမသုံးပါနဲ့။
မိုးသီးနဲ့နိုင်အောင်ဟာ စစ်ဘီလူးကောင်တွေလိုပဲ ဆိုးတဲ့လူသတ်တရားခံ၊ လူယုတ်မာများသာဖြစ်ပါကြောင်းရှင်းပြလိုက်ရပါတယ်။
ရှစ်လေးလုံးဂုဏ်သိက္ခာ ကို အစဉ်ဦးထိပ်ထားလျှက်
သန်းဝင်း__

No comments: