Tuesday, September 25, 2012

အမှောင်ထဲက အဖွားအိုတစ်ဦးရဲ့  ဘ၀မြင်ကွင်း။

မြန်မာပြည်မှာ မီးမရှိ စားသောက်စရာမရှိနဲ့  အမှောင်ထဲမှာ ဘ၀ကြမ်းတမ်းစွာဖြင့် နေနေရတဲ့ အဖွားအိုတစ်ဦးရဲ့  ဘ၀မြင်ကွင်း။



မြန်မာပြည်မှာ မီးမရှိ စားသောက်စရာမရှိနဲ့  အမှောင်ထဲမှာ ဘ၀ကြမ်းတမ်းစွာဖြင့် နေနေရတဲ့ အဖွားအိုတစ်ဦးရဲ့ ဘ၀မြင်ကွင်း။

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ (၇၂) ရပ်ကွက်၊ သရဖီလမ်း၊ အိမ်အမှတ် (၁၄၆) ရှိ ဒေါ်ခင်မြင့်နေအိမ်သို့ NLD - Blood Group) မှ တာဝန်ခံ ကိုညီညီ ဦးဆောင်၍ BG မိသားစုများဖြစ်သော ကိုကျော်ကျော်၊ ကိုအောင်အောင်နှင့် ရပ်ကျေး NLD တို့နှင့် ပူးပေါင်းကာ သွားရောက်ဆေးဝါးကုသပေးရင်း အ၀တ်အထည်နှင့် စားစရာများ၊ မီးအလင်းရောင်အတွက် မီးချောင်းတစ်ချောင်းကို စက်တင်ဘာ (၁၉) ရက်နေ့ ညဦးပိုင်းက လှူဒါန်းနိုင်ခဲ့သည်ဟု ကြားသိရပါတယ်။
အဆိုပါ အိမ်ရှိ ဒေါ်ခင်မြင့်သည် ခိုကိုးရာမဲ့နေသော အဖွားအို ဖြစ်ပါတယ်။ ဒီလိုမျိုး အဖိုးအို အဖွားအို၊ ခလေးငယ်များကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူမသိ၊ သူမသိ မြောက်များစွာရှိနေသည်ဟုလည်း BG တာဝန်ခံ ကိုညီညီမှ ပြောဆိုသွားပါတယ်။

(သတင်း/ဓါတ်ပုံ - လင်းဆက်)။

မီးထိန်ထိန်လင်းနေတဲ့ စားစရာပေါများနေတဲ့ နေပြည်တော်မှ တိုင်းပြည်ကို အုပ်ချူပ်နေသူများ ဒီမြင်ကွင်းနဲ့  ပြည်သူတွေဘ၀ကို မြင်ရအောင် ဖေါ်ပြလိုက်ရပါတယ်”  

 

No comments: