Friday, September 28, 2012

နယူးယောက်ကကချင်တွေဆန္ဒပြပွဲ

သမ္မတဦးသိန်းစိန်ရှိနေတဲ့ နယူးယောက်က မြန်မာမစ်ရှင်ရှေ့မှာ နှစ်နာရီကျော်ကြာ လာရောက် ဆန္ဒပြကြတဲ့ ကချင်တွေထဲက ဆန္ဒပြပွဲကို ဦးဆောင်တဲ့သူတွေကို နယ်စပ်ရေးရာဝန်ကြီးနဲ့ လ၀က၀န်ကြီးနှစ်ပါးက ခေါ်ယူတွေ့ဆုံပြီး ဆန္ဒပြသူတွေက သမ္မတထံပေးစာကို လက်ခံယူခဲ့ကြပါတယ်။ တနာရီနီးပါး နှစ်ဘက်တွေ့ဆုံပွဲအပြီးမှာ ဆန္ဒပြ ကချင်တွေက အေးအေးဆေးဆေးနဲ့ ပြန်လည်ထွက်ခွာသွားသလို သူတို့ ထွက်ခွာပြီး ချက်ချင်းဆိုသလို သမ္မတဦးသိန်းစိန်လည်း အာရှလူ့အဖွဲ့အစည်း Asia Society မှာ ဟောပြောဖို့အတွက် ထွက်ခွာနိုင်ခဲ့ပါတယ်။

No comments: