Sunday, September 30, 2012

သမ္မတ ဦးသိန်းစိန် သတင်း

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ BBC ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်က ''သူမအနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူး ဆိုတာ ပြည်သူတွေရဲ့ ဆနသဘောပေါ်မှာ မူတည်ပါတ

ယ်။ တစ်ကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ''ဟု ပြောကြားခဲ့သည်။

''မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ ပြသနာ တစ်စုံတစ်ရာ မရှိပါဘူး။ ကျွန်တော်တို့ အတူလက်တွဲ လုပ်ဆောင်နေကြပါတယ်''ဟုလည်း ၄င်းက ပြောကြားခဲ့သည်။


ထို့ပြင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာရယူထားသော စစ်တပ်အနေဖြင့် တိုင်းပြည်၏ နိုင်ငံရေးတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြော
င်းလည်း သမ္မတဦးသိန်းစိန်က ဖြည့်စွက်ပြောကြားခဲ့သည်။
 
 
ပြည်သူလူထုက လိုလားမယ်ဆိုရင် မစုလည်း ၂၀၁၅ မှာ သမ္မတဖြစ်နိုင်ပါတယ် (၁၉၉၀ ရလဒ်ကို မေ့သွားသဖြင့် ....)

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကုလသမဂ္ဂ ညီလာခံတွင် မိန့်ခွန်း ပြောကြား ခဲ့သည့် ပြည်ထောင် စု မြန်မာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အား အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈နာရီကရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်လမ်းမတွင် ဂုဏ်ပြု ကြိုဆိုရန်စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်။

၆၇ကြိမ်မြောက်ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်တို့၏ လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ဂုဏ်ယူမိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်ဆိုတဲ့ကြံ့ဖွတ်ခေါင်းဆောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူကလိုလားရင် သမ္မတဖြစ်လာနိုင်ပါတယ်တဲ့။ ဒီသမ္မတဆိုသူဟာ ခုထက်ထိ ဘူးလုံးနားမထွင်း ဖြစ်နေပါသေးတယ်။ တကယ်တော့ သူသမ္မတဖြစ်လာတာဟာ ပြည်သူထောက်ခံလို့ မဟုတ် တိုင်းပြည်ကိုဖျက်ဆီးနေတဲ့သူတစုကသာ မဲလိမ်မဲညာတွေနဲ့ ၊ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့ တွေကို မဖိတ်ခဲ့ပဲနဲ့ ၊ ပြည်သူနဲ့ သတင်းမီဒီယာတွေကို မပြရဲဘဲနဲ့ အတင်းတက်ပြီး သမ္မတလုပ်နေတာပါ။ သတ္တိရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြီး မဲပုံးကို ဘက်လိုက်မှုမရှိပဲ ထောင်ကြည့်လိုက်ပါ။ ပြည်သူက လိုလား မလိုလားဆိုတာ သမ္မတဆိုသူကြီး သိလာပါလိမ့်မယ်။
Christina Jglbll ပြည်သူ့ရင်မှာ. ဖြစ်တည်နေခဲ့တာကြာပါပြီ။
Chit Aung Hla Patrick ကတိန်းစိန်ရယ် ကိုယ့် အသက်လဲကိုပြန်ကြည့် ပါဦး... စေတာနာဒီလောက်ထားတတ်
ရင် နိုင်ငံတော်ကို တကယ်တိုးတက်အောင်လုပ်နိုင်မဲ့ သူလဲရှိနေပီ တကမ္ဘာလုံးကလဲ ယုံကြည်တယ်။ ဒါတောင် နောက်သက်တမ်းဆက်လုပ်ဥိးမှဆိုသေးတော့  သူ့ အသက်ကိုယ်အသက် တွက်ကြည့် ဥိး ။သူက ဘယ်တော့  သမ္မတ လုပ်ရဦးမှာလဲ..ငါ လဲမပြောချင်ပါဘူးဆို မနေနိုင်ဘူး ဒီလဒတွေနဲ့ တော့ ကွာ
Arr Gyi ခင်ဗျားတို့  နေ၇ာဖယ်မပေးတာ နှစ်၅၀ကျော်လာပြီနော် ...လူထုတွေအမှန် တင်သူသာ သမ္မတ ဖြစ်သင့် တာ ဒီမိုကေ၇စီနိုင်ငံတိုင်းပါဗျာ....ဒီတမတ်သားက လွတ်တော်ထဲ က ထွက်မပေးသေး၇င် လက်ခံချင်စ၇ာမရှိဘူ.၂၀၀၈ ဖွဲ့ စည်းပုံကိုလဲတွန်းလှန်ဖယ်ရှား၇မှာဘဲ.....အမေ့ ကို နည်းမျိုးစုံနဲ့  နှောက်ယှက်ဖို့ အစီအစဉ်ရှိသေး တယ်ဆိုတာ ကြိုမြင်နေ၇တယ် စကားထဲက ဇာတိကပြပြလာတာဖုံးမ၇ဘူးဗျ ..သမဒဂျီး၇ဲ့ အယုံသွင်း... နောက်ကျော ဒါးနဲ့ ထိုးဇာတ်ကွက်တွေ လဲ လူတွေက အတော့ ကိုသဘောပေါက်ထာပါ... ခပ်ဝေးဝေး မကြည့် နဲ့  ဘင်္ဂါလီတွေ နေ၇ာ ပေးတာတခုထဲနဲ့ ထောက်ကွက် ဘဲ..။

Chit Aung Hla Patrick ကတိန်းစိန် က ငါထက်မတော်ရင်တောင် ငါ့ လောက်တော့  မညံ့ ပါဘူး.. နောက်ကျောက သေနပ်ကြီး ထောက်မထားဘူးဆိုရင်ပေါ့ လေ။ အမေရိကားခရီးစဉ်မစခင်အထိ နောက်သက်တမ်း ဆက်မလုပ်တော့ ပါဘူး အသက်အရွယ်အရပါလို့  ပြောပီးသား။ အမေရိကားခရီးစဉ်မှာ အနောက်ကလူတွေက တရင်းတနှီး ဆက်ဆံပေးလာတာမှာ ငါကွဆိုပီး မန်တက်အလာ စစ်တပ်ကလဲနောက်ကျောမှာ ပြောင်းဝကပ်လိုက်တော့  စကားတွေ ပြောင်းကုန်တာဖြစ်မယ်။
 
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမေရိကားခရီးစဉ်မှပြန်လည်ရောက်ရှိပြီး ကြိုဆိုနှုတ်ဆက်သူများကို လေယာဉ်ကွင်းပြင်ခြံစည်းရိုးထိလိုက်လံနှုတ်ဆက်ခဲ့သည်။
ဓါတ်ပုံ - ဂျေပိုင်

No comments: