Sunday, September 30, 2012

အီဂျစ်ရှိ အမေရိကန် အမျိုးသမီး ခရစ်ယာန်ဘာသာရေး မစ်ရှင်အဖွဲ့တွေကို သတိပေး


အမေရိကန်ရောက် အီဂျစ် ခရစ်ယာန်တချို့ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုခွေကြောင့် ဒေါသထွက် ဆန္ဒပြနေကြတဲ့ အီဂျစ်နိုင်ငံသားတချို့။ (စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၂)။
TEXT SIZE
ဗွီအိုအေ (မြန်မာဌာန)
မူစလင်တွေအများစုရှိတဲ့ အီဂျစ်နိုင်ငံမှာ အမေရိကန် အမျိုးသမီး ခရစ်ယာန်ဘာသာရေး မစ်ရှင်အဖွဲ့တွေ အနေနဲ့ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ကို သတိထားကြဖို့ ကိုင်ရိုမြို့မှာရှိတဲ့ အမေရိကန် သံရုံးက သတိပေးချက် ထုတ်ပြန်ပါတယ်။

အကြမ်းဖက်သမားတွေဟာ အမေရိကန် အမျိုးသမီးမစ်ရှင်အဖွဲ့ တွေကို ပစ်မှတ်ထားနေတယ် ဆိုတဲ့ ယုံကြည်ရတဲ့ အထောက်အထားတွေ ရှိထားတယ်လို့ သံရုံး ၀က်ဘ်ဆိုက် ကြေညာချက်မှာ ဖော်ပြ ပါတယ်။ အီဂျစ်မှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ သူတို့ လုံခြုံရေးအတွက် အထူး သတိထား နေကြဖို့ လိုအပ်သလို၊ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားကြဖို့လည်း သံရုံးက တိုက်တွန်းပါတယ်။

အမေရိကန် သံတမန်တွေ အနေနဲ့ အရေးပေါ် အခြေအနေ ကြုံလာရင် ဆက်သွယ် အကူအညီယူနိုင်ဖို့ STEP လို ခရီးသွား လုံခြုံရေး အစီအစဉ်အတွက် အွန်လိုင်းပေါ်မှာ ၀င်ရောက် စာရင်းသွင်းထားကြဖို့ လည်း အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းနေပါတယ်။

မူစလင် အများစုရှိတဲ့ အီဂျစ်လူဦးရေ ၈၃ သန်းရဲ့ ၁၀ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပြီး၊ ခွဲခြား ဆက်ဆံခံရတယ် ဆိုပြီး တိုင်တန်းမှုတွေ ရှိခဲ့ပါတယ်။ အီဂျစ်နိုင်ငံတွင်း ခရစ်ယာန် ဘာသာဝင်တွေ ဟာ ဘာသာရေးအရ ဖိနှိပ် အကြမ်းဖက် ခံရတာမျိုးတွေ ရှိတယ် ဆိုပြီးတော့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။ 
 
http://profile.ak.fbcdn.net/hprofile-ak-ash4/373228_6815841748_1514951842_n.jpg
အမေရိကန်မှာ စော်ကားတဲ့ အပြုအမူတွေ ဖြစ်ပေါ်နေတာ မရေတွက်နိုင်ပါဘူး။ ကျွန်တော့်လိုပဲ အမေရိကန်ပြည်သူအများစုဟာ ခရစ်ယာန်တွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုအပေါ် ကန့်ကွက်ရှုတ်ချတာတွေကိုတော့ အခုထိ ပိတ်ပင်ထားတာ မရှိပါဘူး။ ပြီးတော့ နိုင်ငံ့ခေါင်းဆောင်၊ စစ်သေနာပတိချုပ်တစ်ဦးဖြစ်နေတဲ့ ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်း စော်ကား ပြောဆိုမှုတွေ ခံရတာပါပဲ။ ဒါပေမဲ့ အဲဒီလိုမပြောဆို ရဘူးဆိုပြီး သူတို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သွားမှာ မဟုတ်ပါဘူး။ ... ဒါပေမဲ့ အပြစ်မဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေအတွက် ဆင်ခြေတွေပေးစရာ မလိုဘူး။ သံရုံးတစ်ခုကို တိုက်ခိုက်ရလောက်တဲ့အထိ အကြောင်းပြချက် ခိုင်လုံတဲ့ ဗီဒီယိုဆိုတာ မရှိသေးပါဘူး''
(အမေရိကန်သမ္မတ အိုဘာမား၏ ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းမှ)
 

No comments: