Tuesday, September 25, 2012

ရခိုင်ဒေသ လူထု အစည်းအဝေး ပထမ နေ့မှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့ကြသလဲ


ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ
ဒီကနေ့ နံနက်စပြီး ၂ ရက်ကြာမယ့်
ရခိုင်ဒေသ လူထု အစည်းအဝေးကို
ကျင်းပ ပြုလုပ်နေပါတယ်။ အဲဒီ အစည်း

အဝေးကို မြို့နယ် ပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြပါတယ်။

ဒီကနေ့ နံနက်ပိုင်းမှာ ဘာတွေကို ဆွေးနွေး ဖြစ်ပါသလဲလို့ လူထု အစည်းအဝေး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးကိုကိုမောင်ကို မေးတော့ သူက ခုလို စပြောပါတယ်။



-      ဒီနေ့ ကျွန်တော်တို့ ရခိုင်ဒေသလူုထု အစီအစဉ် နံပတ် ( ၁) က အဖွင့် အစီ

အစဉ် ဖြစ်ပါတယ်။

အဖွင့် အစီအစဉ်မှာ  ရခိုင်စည်တော်တီးပြီး မောင်တောခရိုင် မြေစာရင်း ဦးစီး

ဦးသာစိန်လှက ရတု ရွတ်ဆိုပြီးတော့ အခမ်းအနားကို စတင်ဖွင့်လှစ်ပါတယ်။

အစီအစဉ် (၂) မှာတော့ မြို့နယ်တွေထဲက ရွေးချယ်ထားတဲ့ သဘာပတိ ၅ ဦးထဲက

ဦးစံလှမောင်က အဖွင့်အမှာ စကားပြောပါတယ်။ အဲဒီနောက် ကျင်းပရေး ကော်မီတီ
 ဥက္ကဌ ဦးခင်မောင်သန်းက လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး အမှာ
စကားပြောပါ တယ်။

အဲဒီနောက်မှာ ရန်ကုန်ကနေ ပေးပို့တဲ့ ဦးဝေလင်းဖြူ “ သမိုင်းကပေးသော သင်္ခန်းစာ”

ဆိုတဲ့စာ တန်းကို  ဦးလှဖော်အောင်က ဖတ်ကြားပါတယ်။ အဲဒီနောက် ရသေ့တောင်မြို့
နယ်က စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို တင်ပြမယ့် စာတန်း မြို့နယ်ဖြစ်နဲ့
ပတ်သတ်ပြီး ရေးထားတဲ့ စာတန်းကို ဦးသိန်းမောင်က ဖတ်ကြားပါတယ်။

အဲဒီနောက်မှာ ဘင်္ဂလီ ကိစ္စနဲ့ရေးထားတဲ့ ဦးမောင်ဗသိန်း (စစ်တွေ) ရဲ့ “ကိုလိုနီ

ဆိုးမွေခံ ရခိုင်ပြည်နှင့် စစ်တကောင်းသား တို့၏ နယ်သစ်ချဲ့ရေး ထကြွမှု”
ဆိုတဲ့ စာတန်းကို ဦးမောင်ကျော်ငြိမ်းက ဖတ်ကြားတင်သွင်းသွား ပါတယ်။

အဲဒီနောက် စာရေးဆရာ လေးဝတီခိုင်ကျော်ရဲ့ “ရီဖြူဂျီပြဿနာနဲ့  ရခိုင်ပြည်နယ်

အနာဂတ် အရေး” ဆိုတဲ့စာတန်းကို ဦးစံရွှေလှက ဖတ်ကြားတင်ပြသွားပါတယ်။
  အဲဒီနောက် ဦးမောင်ခင်သိန်း (သစ်တော်) ရဲ့ စာတန်းကို ဦးထွန်းကြည်ကနေ
 ဖတ်ကြားပါတယ်။

အဲဒီနောက်မှာ ပုဏ္ဏားကျွန်းမြို့နယ် ကိုယ်စားပြုတက်ရောက်လာတဲ့ ဦးထွန်းထွန်းက

ပုဏ္ဏား ကျွန်းမြို့နယ် လူထုရဲ့ဆန္ဒ သဘောထားတွေကို တင်ပြသွားပါတယ်။
 ကျောက်ဖြူမြို့က တက်ရောက် လာတဲ့ ဦးထွန်းကလည်း ကျောက်ဖြူမြို့လူထုရဲ့ အသံကို ထုတ်ဖော် ပြောကြားသွားပါတယ်။

အဲဒီနောက်မှာ စာရေးဆရာ ဦးဘသောင်း (သူမြတ်မဟာ အောင်မြေက) ပြည်တွင်း IDP

 တွေဖြစ်ခဲ့ရတဲ့ အကြောင်းအရာနဲ့ အခုသူတို့ ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေနဲ့
 ပတ်သတ်ပြီး စာတန်းတစောင် တင်ပြသွားပါတယ်။

အဲဒီနောက်မှာ စာရေးဆရာ ဦးခိုင်စိုးက ရခိုင်ဒေသ လူထုအစည်းအဝေး ဆုံးဖြတ်ချက်

အတွက် ဖွဲ့ထား တဲ့ ကော်မီတီတွေရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းပြသွားပါတယ်။
အခန်းအနားကို အခု မနက် ၁၁ နာရီမှာ ရပ်နားလိုက်ပါတယ်။

မေး။  ။ ဒီလူထုအစည်းအဝေးကိုက ဘာရည်ရွယ်ချက်တွေနဲ့ လုပ်ရ

တာပါလည်း ခင်ဗျာ။


-      ကျွန်တော်တို့ ဒီရခိုင်ဒေသ လူထုအစည်းအဝေးက ဆုံးဖြတ်ချက်တွေ၊ တောင်း

ဆိုချက်တွေကို စုံစမ်းစစ်ဆေးရေး ကော်မီတီနဲ့ လွတ်တော်နာယက၊ လွတ်တော်
ဥက္ကဌ ၊ လွတ်တော် ကိုယ်စားလှယ်၊ ပြီးတော့ နိုင်ငံတော် သမ္မတရုံးအပါအ၀င်
သမ္မတကြီး အထိပါ  လိပ်မူပြီးတော့ ပေးပို့ပါမယ်။ ပြီးတော့ UNကိုလည်း
 ပို့ပေးဖို့ရှိပါတယ်။

မေး။ ။ အဲဒီလို ပို့ပေးတဲ့အတွက် ရခိုင်လူထုတွေ မျော်လင့်တဲ့ လိုအပ်ချက်တွေ ရရှိ နိုင်မယ်လို့ထင်ပါလား။


-      ကျွန်တော်တို့ရဲ့ လူထုဆန္ဒကို လေးစားလို့ရှိရင် လုပ်ပေးနိုင်တဲ့ အတိုင်းအတာတော့

ရှိမှာပါ။ ကျွန်တော်တို့ အခုလုပ်တဲ့ အစည်းအဝေးက ပါတီတွေက ဦးစီးပြီးလုပ်တဲ့ အစည်း
အဝေး မဟုတ်ပါ။

ရပ်မိ ရပ်ဘတွေ ဦးဆောင်ပြီးလုပ်တဲ့ အစည်းအဝေးပါ။ ပြည်သူလူထုက လုပ်တဲ့

အစည်းအဝေးပါ။ ကျွန်တော်တို့ရဲ့ ဆန္ဒသဘောထားတွေကို လေးစားလို့ ကျွန်တော်တို့ရဲ့ခံစားချက်တွေကိ
ု နားလည်လို့ရှိရင် လုပ်ပေးလို့ရပါတယ် ခင်ဗျား။

မေး။  ။ အစည်းအဝေးကို လူပေါင်း ဘယ်လောက်တက်ရောက်ပြီး လုံခြုံရေး

အခြေအနေက ဘယ်လိုရှိပါလဲ။

-      အစည်းအဝေးကိုတော့ လူပေါင်း ၂၀၀၀ ကျော်တက်ရောက်ပါတယ်။ လုံခြုံရေး
အတွက် မြို့နယ်ရဲက လုံခြုံရေးပေးပါတယ်။ မြို့နယ်က ကိုယ်ခံပညာရှင် အသင်း
ကလည်း လုံခြုံရေးပေးပါတယ်။

မေး။  ။ ဒီအစည်းအဝေးက မနက်ဖန်အထိ ဆွေးနွေးမယ်ဆိုတော့ မနက်ဖန်မှာ ဘာတွေကို ဆွေးနွေးဖို့ အစီအစဉ်ရှိပါလည်း။


-      မနက်ဖန်တော့ စာတန်းဖတ်တာတွေ၊ ဟောပြောတာတွေ ပါဦးမယ်။ ဒီနေ့လည်း

ကျွန်တော်တို့ ဆက်လုပ်မယ်ဆိုတော့ စာတန်းတွေလည်းရှိသေးပါတယ်။ အဲဒီနောက်မှာ
 ဒီအစည်းအဝေးက ဆုံးဖြတ်ချက်တို့၊ တောင်းဆိုချက်တို့ လာဦးမှာပါ။ အဲဒီ ဆုံးဖြတ်ချက်တွေ တောင်းဆိုချက်တွေ ထွက်တဲ့အထိ အစည်းအဝေးက ဆက်လုပ်
သွားမှာပါ။
(ပြီး)

နိရဉ္စရာ

No comments: