Wednesday, September 26, 2012

လွတ်လပ်မှုနှင့် တရားမျှတရေးဆီသို့


  • ၁။
    ဆွေးမိသည်တည့်၊ ဆွေးမိသည်၊
    မလေးမောင် သည်ယနေ့၊
    ဆွေးမြေ့မိသည်။

    သွေးစက်နှင့် ကျမျက်ရည်၊
    ပြည်နိုင်ငံအရေး၊
    လူ့လမ်းစဉ် လူ့ခရီးမှာ
    စီးရတယ်လေး။

    ငေးမိသည်တည့် ငေးမိသည်၊
    မလေးမောင် သည့်ယနေ့ ၊
    ငေးမေ့ မိသည်။

    ဝမ်းမဝ မျှမညီ၊
    ပြည်နိုင်ငံ အရေး၊
    လူ့ လောကီ သည်ရှုပ်ထွေး၊
    ရှင်းပါမှလေး။

    ရေးမိသည်တည့် ၊ ရေးမိသည်၊
    မလေးမောင် သည်ယနေ့
    ရေးမေ့မိသည်။

    စီးခဲ့တဲ့ သွေးမျက်ရည်၊
    ပြည်နိုင်ငံ အရေး
    စားတေး သည်မြိုင်ချောင်က
    သည်ကလောင် ရောင်ခြည်လွတ်၊
    ဦးညွတ်တယ်လေး။

    ငါးနှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေးအမှတ်တရ (လွတ်လပ်မှုနှင့် တရားမျှတရေးဆီသို့)

    ၂၆- ၉- ၁၂၀၁၂ ဆရာဇော်ဂျီ

No comments: