Thursday, September 27, 2012

သမ္မတသက်တမ်းပြည့်လျှင် ကျောင်းဆရာပြန်လုပ်မည်

Photo: Two American presidents want to thank you in person for all you’re doing to help this campaign win. Pitch in $5 or more before midnight tomorrow and you could fly out to meet them next week—airfare included: http://OFA.BO/x2FgfQ
 
သမ္မတသက်တမ်းပြည့်လျှင် ကျောင်းဆရာပြန်လုပ်မည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြားလိုက်သည်။

“ကျောင်းဆရာဘ၀ကို ကျွန်တော် အချစ်ဆုံးပါ၊ စာသင်ရတဲ့အလုပ်ကို ကျွန်တော် တကယ် လွမ်းပါတယ်” ဟု မစ္စတာ အိုဘားမားက The View ရုပ်သံအစီအစဉ် စကားပြောခန်းတွင် ပြောကြားလိုက်သည်။

မစ္စတာ အိုဘားမားသည် လွှတ်တော်အမတ်မဖြစ်မီက ရှီကာဂို တက္ကသိုလ် ဥပဒေဌာနတွင် ၁၂ နှစ်တိုင်တိုင် ကျောင်းဆရာလုပ်ခဲ့သူ ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲတွင် အမေရိကန်သမ္မတ ဒုတိယသက်တမ်းအတွက် ဆက်လက်ယှဉ်ပြိုင်သွားဖို့သည် ၎င်း၏ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း၊ ဒုတိယသက်တမ်းအတွက် အနိုင်ရပါက ဆက်လက်ထမ်းဆောင်မည်ဖြစ်ပြီး ထိုသက်တမ်းပြည့်ပါက ကျောင်းဆရာအဖြစ် အေးအေးဆေးဆေး နေထိုင်လိုကြောင်း မစ္စတာ အိုဘားမားက ပြောကြားသွားသည်။

Source: BBC

No comments: