Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Friday, July 14, 2017

ရွာထဲ`ပရိုတို​ကောလ်​´

`ပရိုတို​ကောလ်​´
ရွာထဲမှာ protocol သံ​တွေ ဆူညံ​နေတယ်​...

ဖိုးလေး သာ​အောင်​ရဲ့ မိန်းမနှစ်​​ယောက်​ protocol နဲ့ ရန်​ဖြစ်​​နေ ကြတယ်​...
"ဟဲ့... ကမ.ရဲ့... ဒီ​ခေတ်​မှာ မယားကြီး မယားငယ်​ဆိုတာ မရှိ​တော့ဘူးဟဲ့... မယားပြိုင်​ပဲ ရှိတယ်​ဟဲ့..."
"​တော်​စမ်းပါ... ကမ.ရဲ့... protocol အရ ညီးဟာ နံပါတ်​ နှစ်​ လယ်​ဗယ်​ပဲဆိုတာ သ​ဘော​ပေါက်​ထားစမ်းပါ​အေ..."

ကိုရင်​သာ​အေးက စိတ်​​ကောက်​​နေတဲ့ သူ့ချစ်​သူ​လေး မိစာဥကို ​protocol နဲ့ ချော့​နေတယ်​...
"မငိုပါနဲ့ စာဥရာ... ဟို​နေ့က ​ဗွေးထုပ်​နဲ့ငါ ​ကောက်​ရိုးပုံ​ဘေးမှာ ​တွေ့ကြတယ်​ဆိုတာ သူ​ချိန်းလို့ ငါ သွားခဲ့တာပါကွာ...
ဘာပဲဖြစ်​ဖြစ်​ ငါ့နှလုံးသားထဲမှာ​တော့ protocol အရဆိုရင်​ နင်​ဟာ နံပါတ်​တစ်​ပါ စာဥရာ..."

ဆွမ်းကြီး​လောင်းပွဲမှာ တောင်​​ကျောင်း ဘုန်းကြီးနဲ့ ​မြောက်​​ကျောင်းဘုန်းကြီး protocol နဲ့ပဲ ကွိုင်​တက်​​နေတယ်​...
"ဟိုကိုယ်​​တော်​ကြီး​နော်​... ​ရှေ့ဆုံးကကြီးပဲ လွှတ်​ကြွမ​နေနဲ့... ကိုယ့်​ကိုယ်​ကို​ ​တောထွက်​ဒုလ္လဘကြီးဆိုတာလဲ သတိရအုံး...
သာသနာမှာ protocol အရ ဝါကြီးတဲ့သူက စီနီယာပဲ​နော်​ဘုရား..."

အရက်​သမား​အောင်​ဘု ထန်း​ရေမူးပြီး တစ်​​ယောက်​တည်း အိမ်​ထဲမှာ ​သောင်းကျန်း​နေ​တော့လဲ protocol ပဲ...
"​ဂေ့... ပါးစပ်​က ကာရာအို​ကေ ဆိုချင်​တယ်​... ​ဂေ့... နားက ချယ်​ရီအက်​ဖမ်​ နား​ထောင်​ချင်​တယ်​... ​ဂေ့... မျက်​စိက တီဗွီကြည့်​ချင်​တယ်​... ​ဂေ့...
ရှုတ်​တယ်​ကွာ... ဒီမိုက​ရေစီ​ခေတ်​ကြီးမှာ protocol အရ ဦးစား​ပေးရမှာပဲ... ​ဂေ့... နားက မျက်​စိထက်​ အ​ပေါ်ပိုင်းကို နှာတဖျားသာတယ်​... အဲ့​တော့ မင်းက အရင်​ နား​ထောင်​...
ပီးမှ တီဗွီကြည့်​... ပါးစပ်​က ​အောက်​ဆုံးကဆို​တော့ ​နောက်​ဆုံးမှ ကာရာအို​ကေဆို... ​ဂေ့..."

ဟီး... ရွာထဲမှာ ဖြစ်​​နေတဲ့ protocol ​တွေအ​ကြောင်း ဆက်​​ရေးရင်​ အများကြီး ကျန်​​သေးတယ်​...
ရေးရင်းနဲ့ ၆၆ ဃ အ​ကြောင်း ​ခေါင်းထဲ​ရောက်​လာလို့ ရှူး​ပေါက်​ချင်​သလို အီးပါချင်​သလို ဖြစ်​လာပြီ... ဒီ​လောက်​ပဲ...
စကားမစပ်​... protocol အရဆိုရင်​ အီအီးကို အရင်​ပါရမလား... ရှူးကို အရင်​​ပေါက်​ရမလား ကွယ်​ရို့...
ခရီးသည်။


Image may contain: text

Saturday, March 1, 2014

ငါတို့မြန်မာတွေ ဒီမိုကရေစီနဲ့ မတန်သေးဘူး လို့ ကမ္ဘာက ယုံကြတော့မယ်ကွ

Hawdeka Khalaylay >>>> ငါတို့မြန်မာတွေ ဒီမိုကရေစီနဲ့ မတန်သေးဘူး လို့ ကမ္ဘာက ယုံကြတော့မယ်ကွ ဦးသန်းရွှေ ဘာလုပ်သံကြီးဖြင့် ဝမ်းသာအားရပြောနေခြင်းဖြစ်သည်
(ပေးစာ)

တွေ့လား ငါ့အကွက်တွေ ဘယ်လောက်လှ လိုက်ထားလဲ ၊ ကြည့်စမ်း ၊ အားလုံး ရှုပ်ကုန်ပြီး ဟားဟားဟားဟား . .

တော်ကလဲ ၊ ဆိုင်းမဆင့် ဗုံမဆင့် ဘာဖြစ်လာတာလဲ တော့ . . .

ဦးသန်းရွှေ ၏ စကားသံအဆုံးတွင် ဒေါ်ကြိုင်ကြိုင်မှ ပြန်ပြောလိုက်ခြင်းဖြစ်ပါသည် ၊

ဒီမှာ ကြိုင်ကြိုင် အခုဆို နေရာတကာမှာ လူတွေ တစ်ယောက်နဲ့ တစ်ယောက် မယုံသကာံမျက်လုံးတွေနဲ့ ကြည့်နေကြပြီ ၊ လူတွေ အားလုံး လန့်နေကြတယ် ၊ ဟို မျိုးစောင့် ဥပဒေ ကိစ္စ သိန်းစိန်က ရွှေမန်းဆီပို့လိုက်တာလေ . .

အေးလေ သိန်းစိန်က ရွှေမန်းဆီပို့တာ ဘာဆန်းလို့လဲ သိန်းစိန်က ရှင်ခိုင်းတဲ့ အတိုင်းပဲ လုပ်တတ်တာလေ ၊ ရှင်ခိုင်းလို့ ပို့တာမဟုတ်လား ၊

အေး အခု ရွှေမန်းက သိန်းစိန်ဆီ ပြန်ပို့လိုက်ကွ . . . ကြိုင်ကြိင်ရ

အော် ဒါလဲ ရွှေမန်းကို ပြန်ပို့လိုက်ဆိုပြီး ရှင်က ခိုင်းလို့ ရွှေ မန်းက ပြန်ပို့တာမဟုတ်လား . . ကျမက ရှင့် အကွက်တွေကို ဒါလောက်တော့ မြင်ပါတယ်တော် . . .

အေး အဲလို ဟိုဘက်က ဒီဘက်ကို လွှဲ ဒီဘက်က ဟိုဘက်ကို လွှဲပြီး အချိန်ဆွဲထားတာ အကြောင်းရှိတယ်ကွ . . . ဒါမှ ထောက်ခံတဲ့ သူတွေကလည်း စိတ်ထဲမှာ ရွစိရွစိဖြစ် . . . ကန့်ကွက်တဲ့ သူတွေကလည်း စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရဖြစ် . . . လူတွေ လူတွေ

ကြားမှာ ဖြစ်နေမှာနော် . . . အဲလိုဖြစ်ပြီး တစ်ယောက် နဲ့ တစ်ယောက်ကနေ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ဖြစ် ၊ အဲဒီကနေ တစ်ဖက်နဲ့ တစ်ဖက် ဖြစ်ကြမယ်လေ . . .

ရှင်က လူတွေကို ရန်ဖြစ်ခိုင်းပြီး အာဏာပြန်သိမ်းချင်လို့လား တော့ . . .

ဘယ်ဟုတ်ပါ့မလဲ ကြိုင်ကြိုင်ရယ် ကိုကိုသန်းရွှေ က ဒီ့ထက်ပိုလျှင်ပါတယ် ဗျ . . . ဒီပုံစံ အတိုင်းဆို မကြာတော့ဘူး ဟို ဝီရသူ နဲ့ ဆန္ဒာဓိက နဲ့ နောင်ဂျိန်ချကြတော့မယ်လေ . . နောက်က အုပ်စုခြင်းပါ ချကြတော့မှာပေါ့ . . . ဗျ . . .

အဲ လို ချကြတော့ ဘာဆက်ဖြစ်မှာတုန်းတော့ . . .

ဟ စကားကို ဆုံးအောင်နားထောင်မှပေါ့ကွ . . . ဗမာတွေက အဲလို အချင်းချင်း နောင်ဂျိန်ချကြမယ် . . . တခြား တိုင်းရင်းသားတွေက သန်းခေါင်စာရင်းပြီးရင် နောင်ဂျိန်ချကြတော့မယ် . . . လာမယ့် သင်္ကြန်ဆို သေနတ်ပစ်သံတွေနဲ့ နားဝင်ချိုတော့မှာကွ . . .

ဘယ်လိုဘယ်လို သေနတ်သံတွေက ဘယ်လို ဘယ်နေရာက ထွက်လာမှာတုန်း . . .

ဟ . . ရန်စောင်နေတဲ့ အုပ်စု ၂ စု ကို နောက်ကနေ သေနတ်တွေ တိတ်တိတ် ပေးလိုက်ရင် ပွဲက အရမ်းလှသွားပြီလေ . . အမုန်းဆွဲကြတော့မှာလေ . . .

အလိုတော် ရှင်က ဒီလိုနည်းနဲ့ အောင်ဆန်းစုကြည်ကို အပြတ်ရှင်းမယ်ပေါ့ ဟုတ်လား . . .

အာ . . . မိန်းမရာ ငါဒီလောက် အပါ့မလားကွ . . . ဒါ ၂၀၀၄ မဟုတ်တော့ဘူးကွ . . ဒီတစ်ခေါက် ငါတို့ ရွှေ့မယ့် အကွက်မှာ သူက ဇာတ်ပို့ကွ . . သူ သေ ပေးစရာ မလိုဘူးကွ . . သူ က အသက်ရှည်ရမှာ . . . သူ အသက်ရှည်လေလေ ငါတို့ အိုကေ လေလေ

ပဲကွ . . .

ဘယ်လို ဘယ်လို ကျုပ်တော့ နားရှုပ်သွားပြီ . . ရှင်းပါအုံးတော့ . . .

ဟား ဟား ဟား ဒီလိုကွ . . . လာမယ့် သကြံန်မှာ အဲသလို လူအုပ်စုလိုက် သတ်တာဖြတ်တာတွေ သေနတ်နဲ့ ပစ်တာတွေ ဖြစ်လာပြီဆိုရင် ကမ္ဘာက စောင့်ကြည့်နေတဲ့ အကောင်တွေက ငါတို့ကို ဘာပြောမယ်ထင်သလဲ . . . ငါတို့မြန်မာတွေ ဒီမိုကရေစီနဲ့

မတန်သေးဘူး လို့ပြောမှာပေါကွ . . .

အဲဒီတော့ . . .

အဲဒီတော့ကွာ သူတို့က အောင်ဆန်းစုကြည် တစ်ယောက်ထဲနဲ့ မြန်မာပြည်ကြီးကို မထိန်းနိုင်တော့ဘူး ၊ မြန်မာပြည်သူပြည်သားတွေက မရင့်ကျက်သေးဘူး ၊ ဒီမိုကရေစီ နဲ့ မတန်သေးဘူး ၊ မြန်မာပြည်မှာ အာဏာရှင်တစ်ယောက်တော့ လိုသေးတယ်လို့ မြင်လာမှာလေ

ကွ . . . ဟား ဟား . . . အရင် အာဏာရှင်ပုံစံ မဟုတ်ဘူးနော် . . ဒီမိုကရေစီကို အားပေးထောက်ခံရှေးရှုသော အာဏာကိုချုပ်ကိုင်ထားနိုင်သူ ဆူပူနေတဲ့ တိုင်းပြည်ကို ငြိမ်းချမ်းအောင် သေနတ် နဲ့ ထိန်းထားနိုင်သူ ပေါ့ကွ . . . နီရိုအာဏာရှင်ပေါ့ကွ . . .

ဟားဟား ဟားဟား . . .

ရှင်ကတော့ ဉာဏ်နီဉာဏ်နက်တွေ အတော်ထုတ်နိုင်တာကိုး . .

ဒီလိုရှုက်ရှက်ခတ်နေတဲ့ အချိန်မှာ ငါတို့က ဝင်ထိန်းရမယ် ဒီမိုကရေစီလမ်းကြောင်းကနေ မသွေဖည်သွားအောင် ဝင်ထိန်းရတယ်ပေါ့ . . ဒီတော့ လွှတ်တော်အထဲမှာ ငါတို့ ၂၅% ယူထားတာကို ယူသင့်တယ်လို့ ပြောကြတော့ မှာလေ . . ဟဲ ဟဲ . . နောက်ပြီး

ဘာသာရေး အမျိုးသားရေး ပါတီ ဆိုတာတွေ ပေါ်လာမယ်လေ . . .

ဘာသာရေး ပါတီ ပေါ်လာဖို့ ဖြစ်နိုင်ပါ့မလား တော့ . . .

အာကွာ မင်းကလဲ အ ရန်ကော . . . သီရိလင်္ကာက ဆရာတော်တွေ ပင့်ပြီး တရားဟောခိုင်းလိုက်တာနဲ့ ဘာသာရေး ပါတီတွေ တင်မက ဘူး ဘုန်းကြီးတွေ ပါ မဲပေးလို့ ရသွားပြီပေါကွ . . .

အော် ရှင်က ဘုန်းကြီးတွေကိုပါ လွှတ်တော်ထဲ ထည့်အုံးမှာလားတော့ ရှင့် အကြံက တယ်ပိုင်ပါလားတော့ . . .

ဟဲ ဟဲ ၂၀၁၅ မှာ အပြတ်အသတ်နိုင်မယ်ဆိုတဲ့ ဒီချုပ် မျက်ရည်လေး တစမ်းစမ်း နဲ့ ဖြစ်နေမှာ မြင်ယောင်မိပါသေး အ ဟေး ဟေး . . .

ဒါဆို ၂၀၁၅ မှာလည်း ရှင့် တပည့်တွေပဲ နိုင်အုံးမှာပေါ ဟုတ်လား . . .

ဟုတ်တာပေါ့ကွ . . ဒီလိုပဲ ဖြစ်ရမှာပေါ့ . . ဒါပေမယ့် အနိုင်ရမယ့်ပါတီက ကြံ့ဖွံ့တော့ မဟုတ်တော့ ဘူး . . ကြံ့ဖွံ့ကို ငါတို့ ဖြူတ်ချလိုက်တော့မှာ . . .

ဘယ်လို ဘယ်လိုတော် . . .

အော် ဒီလို ရှုပ်ရှက်ခတ်တွေ ဖြစ်နေတဲ့ အချိန်မှာ ငါတို့ ကြံ့ဖွံ့ကြီးက ထီးထီးကြီးညီညွတ်နေရင် မကောင်းဘူးလေ . . ဒီတော့ ကြံ့ဖွံ့ထဲမှာလည်း ကွဲပြဲပြီး ပါတီအသစ်တွေ ခွဲထောင်ကြတယ်ပေါ့ . . ဒီလိုနဲ့ ကြံ့ဖွံ့လည်း ပါတီသေးလေးဖြစ်သွားမယ်ပေါ့ . .

အော်ရှင်က အကြံတယ်ပိုင်ပါ့လား . . . ကြံ့ဖွံ့ငွေစာရင်းတွေ ရှင်းစရာမလိုတော့ဘူးပေါ့ . .

ဟား ဟား ဒီတစ်ခါတော့ ငါ့မိန်းမ က ပေါက်တာပဲ ဗျ . . . ဟုတ်တယ် . . ၂၀၁၅ မှာ တက်လာမယ့် အစိုးရက ညွန့်ပေါင်း အစိုးရပုံစံ ဖြစ်ရမယ် . . ဒီချုပ်ကိုလည်း သဘောထားကြီးစွာ ဆိုတဲ့ ပုံစံ နဲ့ ဝန်ကြီး တစ်နေရာ လောက်တော့ ပေးရမှာပေါ့ဗျ . . . ဟဲ ဟဲ

ပွဲကတော့ ရှင်းနေပြီ . . ဟို ဝီရသူ က ဒီပုံစံအတိုင်း ဆက်ပြောနေဖို့ပဲလိုတယ်ကွ . . .

ဒါနဲ့ အဲဒီ ဝီရသူက ရှင့် အကြံတွေ သိသွားပြီး ရှင့်ကို ဆန့်ကျင်လာရင်ကော ရှင်ဘယ်လိုလုပ်မလဲ . . .

ဟာကွာ . . မိန်းမကလဲ . . . ကျည်ဆန် တစ်တောင့်ပဲပေါ့ကွ . . ဝီရသူ တရားပွဲမှာေုံးကွဲတယ်ဆိုပြီးလုပ်ထားသေးတယ်လေ . . ကျည်ဆန်တစ်တောင့်ပဲပေါ့ . . ဝီရသူကို ဘာသာခြားတွေက လုပ်ကြံလိုက်ကြတယ်ပေါ့ . . ဒါပဲပေါ့ . . နောက်ပြီး

အခုလောက်ဆို မဘသ အဖွဲ့ထဲမှာ ဝီရသူကို နောက်မှာ ကျိတ်ပြီး ဝေဖန်နေတဲ့ အသံတွေ တိုးတိုးတိတ်တိတ် ထွက်နေကြပြီလေ . . . ဗမာတွေလေ မိန်းမရဲ့ ဗမာတွေလေ . . မကွဲတဲ့ အဖွဲ့ ရှိဖူးလို့လားကွ . . . နဲနဲလေးသာလွှတ်ပေးထားလိုက် ငါ့လက်

ဝင်ပါစရာမလိုဘူး . . ဝီရသူ က အချိန်တန်ရင် သူ့ဖာသာသူ ကုန်းဆင်းသွားမှ ကွ . . . အ ဟေး ဟေး . .

ရှင့် အကြံကတော့ အတော်လန်းတဲ့ အကြံပဲ ရှင့် . . လာပါ အုံး . . အာဘွား . . .

(နေပြည်တော် သတင်းရပ်ဝန်းသို့ ပေးပို့လာသော ပေးစာဖြစ်သည် ၊ အထက်ပါစာများသည် အယ်ဒီတာအဖွဲ့၏ အာဘော်မဟုတ် ရေးသားသူ၏ အာဘော်သက်သက် သာဖြစ်သည်)

Monday, February 24, 2014

နေပြည်တော်ကို လေးခွနဲ့ပစ်ကြ

နေပြည်တော်ကို လေးခွနဲ့ပစ်ကြ
-----------
ရေးသားသူ- ဘစီ

အလိုဗျာ။ ခေါင်းစဉ်ကြည့်ပြီး လန့်လည်းမသွားကြပါနဲ့ဦး။ ကျုပ်စကားဆုံးတဲ့အခါကျတော့ ကိုယ့်လူတို့ အလိုလိုသဘောပေါက်သွားကြမှာပါလေ။ ဒီလိုဗျ ဒီလို။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ကျုပ်သိပ်ကြိုက်မိသွားတဲ့ သတင်းကလေးတစ်ပုဒ်ရှိသဗျ။ ကိုယ့်လူတို့လည်း သတိထားမိလိုက်မှာပါ။ တခြားဟုတ်ပါရိုးလားဗျာ။ ထိုင်းနိုင်ငံက လယ်သမားတွေ သုဝဏ္ဏဘူမိလေဆိပ်ကို ပိတ်ဆို့မယ့်သတင်းပါပဲ။ အနှီလိုကြုံးဝါးပြီးသကာလ ထွန်စက်တွေနဲ့ စီတန်းပြီးချီတက်လာကြတဲ့ လယ်သမားတွေကိုမြင်ပြီး ကျုပ်ရဲ့ဘ၀င်မှာ ပြုံးစိစိ နှစ်သက်သဘောကျဖြစ်ခဲ့ရသဗျ။

နို့ ..ထိုင်းနိုင်ငံက လယ်သမားတွေ သူ့ဟာသူ မြို့တော်ဘန်ကောက်ကို ချီတက်သွားတဲ့ဥစ္စာ။ ကျုပ်က ဘာသဘောကျစရာရှိသတုံး။ အနေသာကြီးပဲဟာ ဘာညာနဲ့ ဘစီကို မေးခွန်းထုတ်စရာရှိတာပေါ့။ ဘယ့်နှယ့်သဘောမကျ မရှိရမှာလဲဗျာ။ လမ်းမကြီးပေါ်မှာ အနီရောင်သုတ်ထားတဲ့ ထွန်စက်ကြီးတွေနဲ့ ညီညွတ်စွာချီတက်လာတဲ့ ထိုင်းလယ်သမားအင်အားစုကြီးဟာ အစိုးရအဖွဲ့ကို ကိုင်လှုပ်နိုင်ခဲ့တယ်ခင်ဗျ။ နောက်ဆုံးမှာ အစိုးရက ညှိနှိုင်းသဘောတူညီချက်ရလိုက်လို့မို့ လေဆိပ်ကိုပိတ်ဆို့မယ့်ကိစ္စကို ပယ်ဖျက်ပြီး နေရပ်ပြန်ခဲ့ကြတယ်ဗျာ။

သူတို့ ထိုင်းလယ်သမားတွေ မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမယ်ဆိုတဲ့ကိစ္စကလည်း ကျုပ်တို့ဆီနဲ့တော့ ပြောင်းပြန်ခင်ဗျ။ သူတို့က အစိုးရဘက်က ပေးချေရန်ရှိတဲ့ စပါးအကြွေးတွေ မရသေးလို့ဆိုပဲ။ အစိုးရက အကြွေးမဆပ်တော့ ထိုင်းလယ်သမားတွေ ဒေါသထွက်တာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့နဲ့ နောက်ထပ်ကွာခြားတာတစ်ခုက ထိုင်းအစိုးရကလည်း ဒီကိစ္စကို အရေးတယူရှိတယ်ခင်ဗျ။ ပြေလည်ရာပြေလည်ကြောင်း ချက်ချင်းပဲဆောင်ရွက်တယ်။ မကြာမတင်လာမည့် သီတင်းပတ်တွေအတွင်းမှာ ကျန်ရှိနေတဲ့ အကြွေးငွေများကို လယ်သမားများအား ပေးချေသွားပါမယ်တဲ့။ ကျုပ်တို့ဆီနဲ့များ ကွာခြားချက်ကတော့ဗျာ။ အံ့သြစရာ။

ဘယ်နိုင်ငံက လယ်သမားပဲဖြစ်ဖြစ်ပါ။ လယ်သမားသားသမီးဖြစ်တဲ့ ဘစီတို့အနေနဲ့ကတော့ အခုလို လယ်သမားတွေက အစိုးရအပေါ် တစ်ကွက်မျှသာပဲဖြစ်ပါစေ အောင်ပွဲခံလိုက်နိုင်တာကို သိပ်ကိုအားရတယ်။ အားကျတယ်ဗျာ။ အခုဆိုရင် အများအားလုံးသိတော်မူကြတဲ့အတိုင်း ကျုပ်တို့တိုင်းပြည်မှာ လယ်မြေသိမ်းယူတဲ့ကိစ္စနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ပြဿနာတွေဟာ ပွက်လောကိုထနေတာပဲမဟုတ်လား။

ခုနကပြောခဲ့တဲ့ ထိုင်းလယ်သမားတွေ အစိုးရဆီက စပါးအကြွေးမရတဲ့ အဖြစ်လောက်များတော့ ကျုပ်တို့မြန်မာလယ်သမားတွေက သနားတယ်။ ဒီမှာ အစိုးရက မြေပါသိမ်းသွားလို့မို့ လုပ်စရာလယ်၊ နေစရာမြေတောင် မရှိတော့တဲ့ဘ၀တွေ။ လွန်ခဲ့တဲ့သုံးနှစ် အစိုးရသစ်တက်လာပြီးကတည်းက ကျုပ်တို့လယ်သမားတွေ လမ်းပေါ်ထွက်ဆန္ဒမပြတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲဗျာ။ သတင်းစာတွေထဲမှာ လယ်သမားတွေနဲ့ ဆက်စပ်ပတ်သက်ရာ သတင်းမပါတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ မြန်မာပြည်တစ်လွှား မြေသိမ်းခံလယ်သမားတွေရဲ့ အသံတွေဟာ အခုအချိန်မှာ ဆူညံမြည်ဟည်း ကျယ်လောင်ပေါက်ကွဲနေဆဲပဲခင်ဗျ။

မြန်မာပြည်အရပ်ရပ်မှာတော့ လယ်သမားတွေရဲ့အန်တုအုံကြွ တွန်းလှန်ဆန္ဒပြပွဲတွေကတော့ ရပ်မသွားဘူး။ အာဏာပိုင်အချို့ရဲ့ မြေသိမ်း၊ ရွာဖျက်၊ ဇာတ်လမ်းတွေကလည်း ဆက်လို့သာဖြစ်မြဲပဲ။ ဒီကြားထဲ ကျုပ်တို့အစိုးရက စေတနာဗရပွနဲ့ လယ်သမားအကျိုးစီးပွား မြှင့်တင်ကာကွယ်ရေးဆိုတဲ့ အဖွဲ့ကလေးများတောင် ဖွဲ့ပေးလိုက်သေးဗျ။ နို့ပေတဲ့ သိတယ်မဟုတ်လား။ မြန်မာ့လယ်သမားအောက်ခြေမှာ ပြားမြဲပြားလျက်သာပဲ။

သို့ဖြစ်လို့မို့ ကျုပ်တို့လယ်သမားတွေ ဆန္ဒပြမလား။ ပြလည်းပြပဲ။ ထွန်တုံးတိုက်ပွဲနွှဲမလား။ နွှဲလည်းနွှဲပဲ။ အစိုးရက တယ်ဂရုစိုက်တာမှတ်လို့။ ဒီကြားထဲမှာ ဘောင်တော့ကျော်မလာနဲ့ ကိုယ့်လူ။ အရေးယူဖို့ကတော့ အဆင်သင့်ပဲ။ ဒီရက်ပိုင်းတွေအတွင်းမှာ လယ်သမားအချို့ ကိုယ့်လယ်ကိုယ်ဝင်ထွန်လို့ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတဲ့အမှုတွေက နည်းမှမနည်းဘဲဟာ။ တစ်နေ့က ဒေးဒရဲမြို့နယ်ထဲမှာ ဟိုယခင် စားကျက်မြေထဲ ကျွဲဝင်ကျောင်းမိတဲ့ လယ်သမားတွေ တရားစွဲခံရတယ်ဆိုပဲ။ ကျုပ်တို့ရဲ့ ဒီမိုကရေစီခေတ် ဥပဒေကတော့ ကျွဲလား၊ နွားလား၊ လူလား ဘာမှခွဲခြားတာမှမဟုတ်ဘဲနော။ ဆိုတော့ကာ ကိုယ့်ဘေးကိုယ်သာကြည့်လို့ ရှောင်ကြရတော့မှာပေါ့ခင်ဗျာ။

ကျုပ်စိတ်ထဲဗျာ။ စဉ်းစားမိနေတာတော့ ကြာပြီဗျ။ အစောကပြောခဲ့သလိုပေါ့ဗျာ။ ဒီနေ့ဒီအချိန်မှာ တစ်နိုင်ငံလုံး ကြိမ်မီးအုံးမျှလှုပ်လှုပ်ရွရွဖြစ်နေတဲ့ လယ်ယာမြေပြဿနာဟာ တကယ့်ကို အကြီးကြီးခင်ဗျ။ ရှေ့ရေးနောင်ရေးကို တွေးကြည့်ရင်လည်း ဒီနေ့ဖြစ်ပျက်နေတဲ့ မြေသိမ်း၊ ယာသိမ်းကိစ္စတွေကို နတ်လူသာဓုခေါ်စရာ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ရင် တစ်ချိန်မှာ ၀မ်းနည်းပူဆွေးစရာကိစ္စတွေ ဖြစ်ပေါ်လာမှာပဲ။ သို့ကလိုဖြစ်လို့မို့ မြန်မာပြည်ဟာ စိုက်ပျိုးရေးနိုင်ငံပါလို့ ယုံကြည်ဂုဏ်ယူစွာပြောဆိုနေတဲ့ အစိုးရအနေနဲ့ မိဘပြည်သူ ကြည်ဖြူတဲ့အစိုးရဖြစ်ရပါစေ့မယ်လို့ အာမဘန္တေအကြိမ်ကြိမ်ခံထားတဲ့ အစိုးရအနေနဲ့ တမင်ခေါင်းလွဲ အချိန်ဆွဲနေတာဟာ ဘာကြောင့်များလဲပေါ့ဗျာ။

အဲဒါပဲဗျာ။ ကျုပ်စဉ်းစားနေတယ်ဆိုတာ။ နေ့ရောညပါ စဉ်းစားလွန်းလို့ ဘစီမှာ ဆံပင်တောင်ဖြူလာပါပေါ့။ နို့ပေတဲ့ အကြောင်းရှာတော့ နေပြည်တော်မှာ တွေ့တာပဲဗျ။ အားလုံးပဲ သိကြတယ်ဟုတ်။ ကျုပ်တို့ရဲ့ ဒီကနေ့ အစိုးရအဖွဲ့ဝင်လူကြီးအများစု ဗိုလ်မှူး၊ ဗိုလ်ချုပ်ဘ၀က မစုတေကြခင် မဝေးလှတဲ့အချိန်ကလေးမှာပဲ အစိုးရရုံးစိုက်ရာ မြို့တော်သစ်ကို တည်ခဲ့ကြတယ်မဟုတ်လားဗျာ။ တချို့များပြောတာတော့ စစ်ရေးမဟာဗျူဟာ ဘာညာကိစ္စတွေကြောင့် ပြောင်းတယ်ဆိုပဲ။ ဟုတ်မှာပဲ။ ပြီးတော့ တစ်ချိန်မဟုတ်တစ်ချိန် ဖြစ်လာမယ့် လူထုဆန္ဒပြပွဲတွေကို ရှောင်လွှဲချင်တာ။ အဝေးကနေ ထိန်းချုပ်ကိုင်တွယ်ချင်တာလည်းပါမှာပဲ။

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ အခုလို တစ်တိုင်းပြည်လုံးမှာ ခေါင်းစဉ်ပေါင်းများစွာနဲ့ ဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲမျှ ဆင်နွှဲနေကြတဲ့ကာလမှာ နေပြည်တော်မှာတော့ အေးဆေးပဲ မဟုတ်လားဗျ။ အော်ချင်သလောက်အော်၊ ပြချင်သလောက်ပြ နေသာသပ နေပြည်တော်ကဆိုတာလိုပဲ ကျုပ်တို့အစိုးရအဖွဲ့ကတော့ နားအေးပါးအေးနဲ့ အဝေးမှာ သူတို့လုပ်ချင်တာတွေ ဆက်လို့သာ လုပ်မြဲမဟုတ်လားခင်ဗျာ။ အရေးကြီးတာက ပြည်သူ့ကိစ္စအတွက် နေပြည်တော်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာဖို့ပဲဗျ။

ဒါကြောင့် ထိုင်းနိုင်ငံလယ်သမားတွေ ဘန်ကောက်ကို ချီတက်လာတော့ ကျုပ်သိပ်သဘောကျတယ်လို့ ပြောခဲ့တာပေါ့။ မကျဘဲနေမလား။ အာဏာရဲ့ဗဟိုချက်က ဘန်ကောက်မဟုတ်လားဗျ။ အဲဒီကို ချီတက်ကြမယ်ဆိုရင် တိုင်းပြည်ကလည်း အာရုံစိုက်ရမယ်။ အစိုးရကလည်း မျက်နှာလွှဲလို့မရတော့ဘူး။ သိပ်ကိုမဟာဗျူဟာပိုင်နိုင်ကြတဲ့ ထိုင်းလယ်သမားတွေပဲဗျာ။

မြန်မာပြည်မှာ အာဏာတည်ရာဗဟိုချက်က နေပြည်တော်ပဲ မဟုတ်လားဗျ။ အဲဒီနေပြည်တော်ဆီကိုသာ ကျုပ်တို့ မြန်မာလယ်သမားတွေများ ချီတက်သွားရင် ဘာတွေဆက်ဖြစ်မလဲ။

နေပြည်တော်သွား အမြန်လမ်းမကြီးပေါ်မှာ တစ်တိုင်းပြည်လုံးက ချီတက်လာမယ့် လယ်သမား အလုပ်သမားထုကြီးနဲ့ ဖွေးဖွေးလှုပ်နေမှာပဲ။ အဲ..အဲ..လုံထိန်းနဲ့ စစ်ကားများလည်း မည်းနေမှာပဲခင်ဗျ။ စိတ်ကူးယဉ်ကြည့်တာပါ။ တစ်မျိုးမမြင်ပါနဲ့။

ထိုင်းလယ်သမားတွေက အာဏာဗဟိုချက်ကို ချီတက်လာတာဟာ ကျုပ်တို့အတွက် တယ်လည်းထူးတယ် မဆိုသာပြန်ဘူးဗျ။ ဘာကြောင့်လဲ။ ၁၃၀၀ ပြည့် ရေနံမြေသပိတ်ကြီးတုန်းက အလုပ်သမားတွေ ရန်ကုန်ကို ချီတက်ခဲ့ကြတာပဲဟာ။ အဲဒီအချိန်တုန်းက အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေးအာဏာရဲ့ ဗဟိုချက်ဟာ ရန်ကုန်ပဲမဟုတ်လား။ ဒါကြောင့် ပြည်သူ့ရေးရာလှုပ်ရှားမှုတွေဟာ အာဏာရဲ့ဗဟိုချက်ဆီပဲ ဦးတည်ရမယ်ဆိုတာ ထိုင်းလယ်သမားတွေကတော့ အကောင်းဆုံးသဘောပေါက်သွားကြတယ်ဗျ။ ဒါကြောင့် ဘစီက အားကျတယ်၊ အားရတယ်လို့ပြောခဲ့တာ။

ဟုတ်တယ်လေ။ ကိုယ့်နေရာလေးမှာ အသားကုန်အော်နေ အစိုးရဂရုမစိုက်မိရင်၊ ကိုယ့်အသံသူတို့မကြားရင်၊ ကိုယ့်အလှုပ်အရှားကို သူတို့မမြင်ရင် ကိုယ့်လှုပ်ရှားမှုဟာ ဘယ်မှာသွားအောင်မြင်ပါ့မလဲဗျ။ ပြီးခဲ့တဲ့တစ်နှစ်လောက်ကလည်း ကမ္ဘာ့သတင်းထဲဖတ်ခဲ့ရတယ်။ ဘာတဲ့ဗျာ။ Occupy Wall Street (ဝေါလမ်းမကို သိမ်းပိုက်ကြ)ဆိုတဲ့ လှုပ်ရှားမှုတွေ အနောက်ကမ္ဘာမှာ ပေါ်ခဲ့သေးမဟုတ်လား။

ဘစီကတော့ အဲသလိုလှုပ်ရှားတာမျိုး သိပ်သဘောကျတာ။ နို့ပေတဲ့ Occupy Naypaydaw “နေပြည်တော်ကို သိမ်းပိုက်ကြ”လို့တော့ မပြောရဲဘူးခင်ဗျ။ ဟိုတစ်လောက ဒီအခြေအနေတွေ ကျုပ်တို့အာဏာပိုင်တွေက မြင်လို့ထင်ပါရဲ့။ အီးယူရဲ့အကူအညီနဲ့ မြန်မာ့ရဲသားကြီးများကို အဓိကရုဏ်းနှိမ်နင်းနည်းတွေ ဘာတွေ ပေးနေတာ တွေ့လိုက်ရတယ်။ ဘစီတို့ ကြောက်ပါတယ်။ အနီးသာကပ်သွားရင် အရိုက်ခံရမှအခက်။

ဆိုတော့ ဘစီတို့က အဝေးကနေ လှမ်းပြီးကလိတာမျိုးပဲ လုပ်တတ်တယ်။ ဒါကြောင့် ကျုပ်တို့အဖြစ်ကို နေပြည်တော်ကသိအောင် ဘယ့်နှာလုပ်ရမယ်ဆိုတာ စဉ်းစားတော့ ဟိုတရုတ်ကြီးတို့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မော်စီတုံးရဲ့စကားတစ်ခွန်းကို ခေါင်းထဲပေါ်လာတယ်။ ဒါနဲ့ စာအုပ်တွေထဲ ပြန်ရှာဖတ်တော့ သူ့စကားလုံးကလည်း တင်စားပြောတာဆိုပေတဲ့ ရုတ်တရက်ကြည့်ရင် ကြောက်စရာကြီးခင်ဗျ။ ဥက္ကဋ္ဌမော်က Boombard the Headquarters ဆိုပဲ။ “ဌာနချုပ်ကို ဗုံးခွင်းကြ” တဲ့။ အောင်မလေးဗျာ။ နေပြည်တော်ကို ဗုံးခွင်းကြလို့သာ ပြောလို့ကတော့ ဘစီမှာ ကွိခနဲနေမှာပဲ။ ကြောက်စရာ။

ဒါတွေအားလုံးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တင်စားသုံးနှုန်းတဲ့ စကားလုံးတွေပါ။ ကိုယ်မကျေနပ်တဲ့ အဖွဲ့အစည်းတစ်ရပ် (သို့မဟုတ်) အစိုးရတစ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြတဲ့အခါ အဲသလိုတွေ တင်စားပြောဆိုကြတာပဲဖြစ်သဗျ။ ဌာနချုပ်ကို ဗုံးခွင်းကြဆိုတာ မော်စီတုံးက သူ့ပါတီအတွင်း တချို့လုပ်ရပ်တွေကို အားမလိုအားမရဖြစ်တာကို တင်စားပြောခဲ့တာပါ။ ဒါကြောင့် ဘစီက ထိုင်းလယ်သမားတွေ ဘန်ကောက်ဆီချီတက်သွားတာနဲ့ ဆက်စပ်ပြီး စဉ်းစားတဲ့အခါ ကျုပ်တို့မြန်မာလယ်သမားတွေလည်း နေပြည်တော်ဆီ ချီတက်သွားတဲ့အခါ ဘာတွေများဖြစ်မလဲ တွေးကြည့်တာ။ ဆိုလိုတာက နေပြည်တော်က သိအောင်လုပ်ရမယ်ဗျ။

တကယ်တော့လည်း ကျုပ်တို့ဆီမှာ လောလောဆယ်အချိန်ထိ နေပြည်တော်ကို သိမ်းပိုက်စရာမလိုပါဘူး။ ပြီးတော့ ဗုံးနဲ့ခွင်းရအောင်လည်း ကျုပ်တို့မှာ ဗုံးမှမရှိတာ။ ကျုပ်တို့မှာ ပြည်သူ့အတွက် အလုပ်အကျွေးပြုမယ်ဆိုပြီးသကာလ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ ပြည်သူ့ကိုယ်စားလှယ်အမတ်မင်းများက ကျုပ်တို့ရဲ့အခွင့်အရေးကို ဆောင်ကြဉ်းပေးမယ်လုပ်ကာ နေပြည်တော်အရပ်မှာ ရှိနေနှင့်ပြီပဲဟာ။ သူတို့တစ်ခုခုလုပ်မယ်ထင်တာပဲ။ အခုထိတော့ ကျုပ်တို့လယ်သမားတွေကလည်း နေပြည်တော်က အဆုံးအဖြတ်ကိုပဲ မျှော်နေစောင့်နေကြတာပါ။

အဲ..ဗျာ။ သူတို့ထင်သလိုဖြစ်မလာရင်တော့ မြန်မာလယ်သမားတွေက ခေသူတွေမဟုတ်ဘူးခင်ဗျ။ သူတို့ကလည်း ဘစီလိုပဲ ထိုင်းလယ်သမားတွေ ဘန်ကောက်ကိုချီတာ အားကျနေကြတာကလား။ အဝေးကအော်လို့မှ အာဏာပိုင်တွေက မကြားယောင်ပြုနေရင် နေပြည်တော်ဆီ ချီတက်ချင်တက်လာမှာပါ။ ထိုင်းလယ်သမားတွေလိုတော့ ခေတ်မီထွန်စက်တွေ မရှိဘူးပေါ့ဗျာ။ နို့ပေမဲ့ နွားလှည်းနဲ့ နေပြည်တော်သွားရင်တော့ရမှာပဲ။ ဒါလည်း နွားတွေအတွက် သနားစရာ။ သူတို့မှာ စားကျက်မြေကျယ်တောင်မရှိတော့ အစာမှကောင်းကောင်းမစားရရှာတာ။ နေပြည်တော်အထိ သူတို့ကို လှည်းဆွဲခိုင်းဦးဖို့ဆိုရင် မဖြစ်နိုင်ပါဘူး။

အရေးကြီးတာက ကျုပ်တို့လယ်သမားတွေဒုက္ခ နေပြည်တော်က တကယ်သိဖို့ပဲလိုတာ။ နေပြည်တော်ကသိအောင်တော့ လုပ်ရမှာပဲ။ မော်စီတုံးကိုတော့ ဗုံးနဲ့ခွင်းမယ် မပြောချင်ပေါင်ဗျာ။ အဲဒီစကားလုံးကြီးက ကြားရတာနားဝမှာ ကြမ်းပါတယ်ဗျာ။ သို့သော်ငြား ဆင့်ပွားပြီးပြောလို့ရတာ တစ်ခုတော့ရှိရဲ့ဗျ။ အဲဒါကတော့ ဌာနချုပ်..အဲ .. နေပြည်တော်ကို လောက်လေးခွနဲ့ ပစ်ကြတာပေါ့ဗျာ။ ဟုတ်ဘူးလား။

တကယ်လို့များ လေးခွနဲ့ပစ်ရင် နေပြည်တော်အထိတော့ ကျုပ်တို့လောက်စာလုံးက မရောက်လောက်ပါဘူး။ နို့ပေတဲ့ ကျုပ်တို့ဒုက္ခ ဘယ်လိုရှိတယ်ဆိုတာ သူတို့ကိုအသိပေးတဲ့သဘော တင်စားပြောခဲ့တာ။ ဒီကြားထဲ လောက်စာလုံးတစ်လုံးတလေလောက် လွှတ်တော်ခေါင်မိုးပေါ်ကျသွားတော့လည်း အိပ်ငိုက်နေတဲ့အမတ်မင်းများကို နှိုးပြီးသားဖြစ်တာပေါ့ဗျာ။ ၀န်ကြီးတွေလည်း အလန့်တကြားရှိသွားမှာပေါ့။ ကျုပ်တို့ပြည်သူတွေဒုက္ခ နေပြည်တော်က အရေးတယူမပြုသမျှ ဘယ်တော့မှ သက်သာရာရမယ်မထင်ပေါင်။ ဒါကြောင့်ပြောတာ။ နေပြည်တော်ကို လေးခွနဲ့ပစ်ကြ။

(ယခုဖော်ပြပါသရော်စာသည် စာရေးသူဘစီ၏ အာဘော်သာဖြစ်သည်။)

Wednesday, February 5, 2014

တန်ဘိုးနားမလည်ကြသူများ

( နေရဲနီ ) ရေးသားထောက်ပြဝေဖန်ထားတာ ကောင်းလို့ မျှဝေပေးလိုက်ပါတယ်

share
တန်ဘိုးနားမလည်ကြသူများ  တို့ရွာနံဘေးက ကားလမ်းမှာ ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့ ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း ဖြတ်သွားဖြတ်လာ လူတစ်ယောက်က ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့ သံတိုသံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။ သူ့အတွက်တော့ ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့ ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့ အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။ ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး အမှိုက်ပုံ ရောက်သွားကြတယ်။ ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။  တို့ရွာနားက လယ်ကွင်းမှာ ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့ နောက်နှစ်အတွက် မပြန်တော့ဘဲ နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။ရွာမှာ ဇရှိတဲ့လူတွေက ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။ ဘိုဒူဇာပြင်ဘို့ ကုမ္မဏီကစင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀၀ဘိုးကျသတဲ့။ သူခိုး နွားကောင်းမသိရ ဆိုတာ ဒါမျိုးနဲ့တူပါရဲ့။  မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိုယိုးဒယားကိုရောင်းတာ တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။ယိုးဒယားကလာတဲ့ ဓာတ်ဆီက တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။ မနက်မိုးလင်းတိုင်းမှာထိုင်းပြည်သူတွေက ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း နှုတ်ခွန်းဆက်နေလေရဲ့။  ရွှေလီမြစ်ပေါ်က ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့် တရုပ်ပြည် ယူနန်ပြည်နယ်မှာ တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။  လျှပ်စစ်အရောင်းအ၀ယ် ဘယ်လိုဆိုတာ ကျုပ်တို့ပြည်သူတွေမသိရပေမဲ့ ယူနန်ပြည်သူအပေါင်းကတော့ ညနေမိုးချုပ်လေတိုင်း ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီးအိပ်ယာဝင်တိုင်းကျေးဇူးတင်လေရဲ့။  ကျုပ်တို့မြန်မာပြည်မှာတော့ မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း……ထောင်ဘိုး သင်္ကန်းကျွန်းဈေး………… ပခုက္ကူဈေး…………… မုံရွာဈေး………………………မော်လမြိုင်ဈေး……………… ဈေးတွေ…………..ဈေးတွေ…….  မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့ လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ  ပူအိုက်တဲ့ရာသီမှာ မီးမလာလို့ မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန် ကာဗွန်အဆိပ်သင့်ပြီးမာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။ ဒီအချိန်မှာ မီးပျက်နေကျ မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။  တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကြောင့် ထောင်သောင်းမကသော အဆုတ်ရောဂါသည်တွေဟာ တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရတယ်။ ၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့ သကြားလုံးက အဆစ်ပါလာသေးတယ်။  ချောင်းဆိုးရင် ရွှေတောင်ကြီး ရင်ကြပ်တော့ ထက်လင်း သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး ဘာမှန်းမသိတဲ့ ဆေးတွေနဲ့ ၂ပါးသွားနေလိုက်ကြတာ ကွမ်းယာသည် ကုလားအတွက်တော့ ဟီးနေတဲ့တိုက်အိမ်ကြီးကို အပြီးတိုင်စေခဲ့တယ်။ ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ မှိုလိုပေါလာခဲ့တယ်။  ငွေကြေးတက်နိုင်တဲ့ သူတွေကတော့ ကိုယ့်တိုင်းပြည်က ဆေးရုံကို ဘာကြောင့်ရယ်မသိ ကျော်ခွလို့ ယိုးဒယားသွား ဆေးကုဘို့အတွက် သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။  တရုပ်နဲ့ ထိုင်းကလာတဲ့ လျှပ်စစ်နဲ့ ပတ်သက်သမျှသော တီဗီအောက်စက် ရေခဲသေတ္တာအစရှိသောလူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း မမှန်လေသော လျှပ်စစ်မီးကြောင့် ပျက်အစဉ် ပြင်ခဏဆိုသောစကားကဲ့သို့ ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့် ပြင်ခမတတ်နိုင်ရကား အမှိုက်ပုံသို့ သာမြန်းရလေသတည်း။  လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း ဘတ္ထရီအိုး ၀ယ်သုံးလေသောကြောင့် အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့် ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။  နံနက်လင်းတိုင်း ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍ မြန်မာပြည်တ၀ှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏ အကြောင်းချင်းရာအစုံလင်ကို နှံ့စပ်သိမြင်သောအရာ၌ ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍ မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ ဆည်အရာ၌ ဧတဒဂ်ရတော်မူသော နွားနှင့်ပင်လျှင် လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌ သူလည်းတပါးအပါဝင်ဖြစ်သော ဟိုဝန်ကြီးပြောစကားအရ လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့် အိမ်နီးချင်းတိုင်းပြည်ကိုအလကားနီးပါးဈေးနှင့် ကြိုးသွယ်၍ရောင်းရသည်။  ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည် ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှလုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း  ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော ကြယ်ခေါင် ကာရာအိုကေခန်းမှ ပလောင်ပျိုဖြူငယ်တို့၏ ငိုညည်းသံကဲ့သို့သော်လည်းကောင်း  ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍ ထောက်ခံအပ်၏။  တိမ်သလ္လာဖုံးအုပ်သော လကွယ်ည၏သန်းကောင်ယံအခါကာလ၌တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကားညအိပ်ယာဝင်လေတိုင်း ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။ တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။ ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။  စက်မှုစွမ်းအား ခေတ်ကျော်လွှား ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့ အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာစက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား ဘူရိဒတ် ဇာတ်တော်လာ စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသောပုဏ္ဏားနှင့်သာ တူချေတော့သည်။  နံနက်လင်းသော် ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း  ညနေမိုးချုပ်သော် တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း မြန်မာပြည်ဘက်သို့ လှည့်ကာ နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။  ( နေရဲနီ )


တန်ဘိုးနားမလည်ကြသူများ 

 တို့ရွာနံဘေးက ကားလမ်းမှာ ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့ ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း ဖြတ်သွားဖြတ်လာ လူတစ်ယောက်က ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့ သံတိုသံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။ သူ့အတွက်တော့ ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့ ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့ အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။ ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး အမှိုက်ပုံ ရောက်သွားကြတယ်။ ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။ တို့ရွာနားက လယ်ကွင်းမှာ ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့ နောက်နှစ်အတွက် မပြန်တော့ဘဲ နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။ရွာမှာ ဇရှိတဲ့လူတွေက ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။ ဘိုဒူဇာပြင်ဘို့ ကုမ္မဏီကစင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀၀ဘိုးကျသတဲ့။ သူခိုး နွားကောင်းမသိရ ဆိုတာ ဒါမျိုးနဲ့တူပါရဲ့။ မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိုယိုးဒယားကိုရောင်းတာ တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။ယိုးဒယားကလာတဲ့ ဓာတ်ဆီက တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။ မနက်မိုးလင်းတိုင်းမှာထိုင်းပြည်သူတွေက ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း နှုတ်ခွန်းဆက်နေလေရဲ့။ ရွှေလီမြစ်ပေါ်က ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့် တရုပ်ပြည် ယူနန်ပြည်နယ်မှာ တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။ လျှပ်စစ်အရောင်းအ၀ယ် ဘယ်လိုဆိုတာ ကျုပ်တို့ပြည်သူတွေမသိရပေမဲ့ ယူနန်ပြည်သူအပေါင်းကတော့ ညနေမိုးချုပ်လေတိုင်း ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီးအိပ်ယာဝင်တိုင်းကျေးဇူးတင်လေရဲ့။ ကျုပ်တို့မြန်မာပြည်မှာတော့ မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း……ထောင်ဘိုး သင်္ကန်းကျွန်းဈေး………… ပခုက္ကူဈေး…………… မုံရွာဈေး………………………မော်လမြိုင်ဈေး……………… ဈေးတွေ…………..ဈေးတွေ……. မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့ လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ ပူအိုက်တဲ့ရာသီမှာ မီးမလာလို့ မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန် ကာဗွန်အဆိပ်သင့်ပြီးမာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။ ဒီအချိန်မှာ မီးပျက်နေကျ မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။ တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကြောင့် ထောင်သောင်းမကသော အဆုတ်ရောဂါသည်တွေဟာ တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရတယ်။ ၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့ သကြားလုံးက အဆစ်ပါလာသေးတယ်။ ချောင်းဆိုးရင် ရွှေတောင်ကြီး ရင်ကြပ်တော့ ထက်လင်း သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး ဘာမှန်းမသိတဲ့ ဆေးတွေနဲ့ ၂ပါးသွားနေလိုက်ကြတာ ကွမ်းယာသည် ကုလားအတွက်တော့ ဟီးနေတဲ့တိုက်အိမ်ကြီးကို အပြီးတိုင်စေခဲ့တယ်။ ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ မှိုလိုပေါလာခဲ့တယ်။ ငွေကြေးတက်နိုင်တဲ့ သူတွေကတော့ ကိုယ့်တိုင်းပြည်က ဆေးရုံကို ဘာကြောင့်ရယ်မသိ ကျော်ခွလို့ ယိုးဒယားသွား ဆေးကုဘို့အတွက် သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။ တရုပ်နဲ့ ထိုင်းကလာတဲ့ လျှပ်စစ်နဲ့ ပတ်သက်သမျှသော တီဗီအောက်စက် ရေခဲသေတ္တာအစရှိသောလူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း မမှန်လေသော လျှပ်စစ်မီးကြောင့် ပျက်အစဉ် ပြင်ခဏဆိုသောစကားကဲ့သို့ ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့် ပြင်ခမတတ်နိုင်ရကား အမှိုက်ပုံသို့ သာမြန်းရလေသတည်း။ လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း ဘတ္ထရီအိုး ၀ယ်သုံးလေသောကြောင့် အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့် ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။ နံနက်လင်းတိုင်း ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍ မြန်မာပြည်တ၀ှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏ အကြောင်းချင်းရာအစုံလင်ကို နှံ့စပ်သိမြင်သောအရာ၌ ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍ မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ ဆည်အရာ၌ ဧတဒဂ်ရတော်မူသော နွားနှင့်ပင်လျှင် လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌ သူလည်းတပါးအပါဝင်ဖြစ်သော ဟိုဝန်ကြီးပြောစကားအရ လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့် အိမ်နီးချင်းတိုင်းပြည်ကိုအလကားနီးပါးဈေးနှင့် ကြိုးသွယ်၍ရောင်းရသည်။ ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည် ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှလုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော ကြယ်ခေါင် ကာရာအိုကေခန်းမှ ပလောင်ပျိုဖြူငယ်တို့၏ ငိုညည်းသံကဲ့သို့သော်လည်းကောင်း ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍ ထောက်ခံအပ်၏။ တိမ်သလ္လာဖုံးအုပ်သော လကွယ်ည၏သန်းကောင်ယံအခါကာလ၌တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကားညအိပ်ယာဝင်လေတိုင်း ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။ တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။ ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။ စက်မှုစွမ်းအား ခေတ်ကျော်လွှား ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့ အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာစက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား ဘူရိဒတ် ဇာတ်တော်လာ စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသောပုဏ္ဏားနှင့်သာ တူချေတော့သည်။ နံနက်လင်းသော် ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း ညနေမိုးချုပ်သော် တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း မြန်မာပြည်ဘက်သို့ လှည့်ကာ နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။ 

( နေရဲနီ )

Tuesday, January 14, 2014

လူကလေး မောင်ဆိတ်သိုး

မြန်မာပြည် မှာ ဖွင့်တဲ့ ဆိုင် မြန်မာ မ၀င်ရ ဘူး..... ဆိုတာ ခင်ဗျားတို့ ကြားဖူးကြလား... အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး" လို့ အော်ပြီး မနက် စောစောကြီး ရောက်လာသူ ကတော့ တပည့်ကျော် မောင်ဆိတ်သိုးပေါ့ ခင်ဗျာ။ ဒါနဲ့"ကဲ ဆိုစမ်းပါဦး၊ မင်းရဲ့ ကိုယ့်လူမျိုးကို စော်ကားခံရတဲ့ ကိစ္စကြီး။ ငါတို့လူမျိုးက အစော်ကား ခံနေရတာ ကြာပါပြီ" "ဒီသတင်းက အစ်ကိုကြီး လက်နဲ့ရေးမှ ရမှာ။ သတင်း ဂျာနယ်တွေ သွားပေးရင် ထူးမခြားနား ဇာတ်ဖြစ်မှာစိုးလို့ အားကိုးတကြီး လာခဲ့တာ။ ပြီးတော့ ဒီကိစ္စက အရေးကြီးတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့ လူမျိုးကို စော်ကားတဲ့ကိစ္စ ဖြစ်နေလို့" အဲဒီလို မောင်ဆိတ်သိုး ပါးစပ်က မပြောစဖူး ပြောလိုက်တော့ မာဂျေလည်း မျက်စိကျယ်သွားတယ်။ ဒီလိုဗျ၊ အခု ကျွန်တော်တို့ နိုင်ငံထဲကို နိုင်ငံခြားသားတွေ အတော် လာကြတယ်။ အဲဒီအထဲမှာကိုရီးယားတွေ၊ ယိုးဒယားတွေ၊ ဂျပန်တွေက မဟုတ်မဟတ်တွေ လုပ်နေတာ တွေ့လို့။ သူတို့က ဒီမှာ အိမ်ကြီးကြီး တစ်လုံး ငှားတယ်ဗျာ။ ပြီးရင် သူတို့ဆီက လာတဲ့ တိုးရစ်တွေ အတွက် အခန်းတွေ ဖွဲ့ပြီး ငှားစားတယ်။ သူတို့ရုံး က သူတို့လူမျိုး စကားပြန်နဲ့ တစ်နိုင်ငံလုံး လျှောက်လည်တယ်ဗျာ။သူတို့လူမျိုး ဖွင့်ထားတဲ့ ဆိုင်တွေမှာ စားတယ်။ နောက်ဆုံးမတော့ ကျွန်တော်တို့ နိုင်ငံမှာ သူတို့ ယိုခဲ့တာတွေပဲ ကျန်ခဲ့ တော့တယ်" အဲဒီလို လုပ်နေကြတော့ ဒီကောင် တွေက အိမ်ငှားခပဲ ပေးရတာလေ။ ကျန်တဲ့ငွေ အားလုံး သူတို့အိတ်ထဲ ရောက်ရုံမက ဟိုတယ်နဲ့ပတ်သက်တဲ့ အခွန်အခ တွေ၊ ကျွန်တော်တို့ နိုင်ငံက မနာပေဘူးလား။ ပြည်တွင်းက ခရီးသွား လမ်းညွှန် တွေ မနစ်နာပေဘူးလား" "အဲဒါက ဟိုတယ်ခရီးတို့၊ အခွန်ဦးစီးတို့၊ ကုမ္ပဏီ မှတ်ပုံတင် ရုံးတို့နဲ့ ဆိုင်တယ် ထင်တာပဲ။ ပြည်တွင်းက တိုးဂိုက်လို့ ခေါ်တဲ့ ခရီးသွား လမ်းညွှန်တွေကိုတော့ ဟိုလိုမ၀တ်ရ၊ ဒီလိုမ၀တ်ရ၊ ဟိုအခွန်ဆောင်၊ ဒီစည်းကမ်း လိုက်နာနဲ့၊ ပြည်ပကနေ ပြည်တွင်းကို တရားမ၀င် လာလုပ်နေ တဲ့ သူတွေကိုတော့ ဖမ်းဖို့ဆီးဖို့၊ အရေးယူဖို့ ဘာဥပဒေမှ မရှိဘူး ထင်ပါတယ်ကွာ။ ဗိုလ်တထောင် ဘိုးဘိုးကြီး နတ်ကွန်းမှာ ယိုးဒယား တိုးဂိုက်က သူ့လူမျိုးတွေကို ဘိုးဘိုးကြီး ပွဲတင် ပေးနေတာတောင် ငါတွေ့ဖူးတယ်။အောင်မယ် တာဝန်ကျ ဘုရားလူကြီး ပွဲတင်ပေးတာ ထက်တောင် စနစ်ကျသေး" ဒီထက်ဆိုးတာ ပြောစရာကျန်သေးတယ်။ အခု ရန်ကုန်မှာ မြန်မာမ၀င်ရ ဆိုတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ စဖွင့်နေကြပြီ" သူ့ကျွန်ဘ၀တုန်းက မျက်နှာဖြူတွေက ပဲခူးကလပ်မှာ မြန်မာများ၊ ခွေးများ ၀င်ခွင့်မပြုဆိုပြီး ဆိုင်းဘုတ် ချိတ်ခဲ့လို့ အတော် ဆူသွားခဲ့ဖူးတယ်။ ကမ်းနားလမ်းက စထရင်း ဟိုတယ်မှာလည်း အရှေ့တိုင်းသားများ တည်းခွင့်မပြုဆိုတဲ့ စာကပ်ခဲ့ဖူးတယ်။ အခုက ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံလေ ကွာ။ ဒီလိုလုပ်လို့ ဘယ်ရမလဲ" "လုပ်နေကြလို့ ပြောတာပေါ့ဗျ။ တစ်နေ့က ရွှေဂုံတိုင် မီးပွိုင့်နားရှိတဲ့ ဟိုတယ်အပေါ်ဆုံးက ဘားကိုသူငယ်ချင်း တစ်ယောက်နဲ့ ရောက်သွား တာ။ နိုင်ငံခြားသားမှ၊ ဒါမှမဟုတ် ဂျပန် စကားပြောတတ်မှ ၀င်ရမယ်ဆိုလို့ စိတ်ဆိုးပြီး ပြန်လာခဲ့ရတယ်။ ပြီးတော့ ခန့်ထားတဲ့ ဘားမယ်လေးတွေ က မြန်မာမ ငယ်ငယ် ချောချောလေးတွေကို တစ်လသုံးသိန်း ပေး ခန့်ထား တယ်တဲ့။ပြီးတော့ ဆိုင်အားလုံး ည၁၁ နာရီ ပိတ်ရပေမယ့် မနက် ၂ နာရီအထိ ခပ်တည်တည်နဲ့ ဖွင့်နေသတဲ့။ပိုင်ရှင်က နိုင်ငံခြားသားတဲ့။ "ဒီမယ် လူကလေး မောင်ဆိတ်သိုး၊ တာဝန်ရှိတဲ့ သူတွေတောင် မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား၊ ဘယ်သူနဲ့ ဘယ်လိုပိုင်လို့ ဒီလိုတွေ လုပ်နေကြမှန်း မသိဘဲ ရမ်းရေးလို့ မရပေဘူး။ ငါက အမတ်လည်းမဟုတ်၊ တရားဥပဒေ စိုးမိုးရေးမှာ တာဝန်ရှိတဲ့သူလည်း မဟုတ်၊ သတင်းဂျာနယ် ထုတ်ခွင့်ရသူလည်း မဟုတ်နဲ့ ဘာကောင်မှ မဟုတ်ဘူး လေကွာ။ အဲဒီအစား ရောတိရောရာ ငါလည်းပါ ဆိုသလို ဂျပန်စကားလေး သင်ပြီးသွားစားတာ၊ ဘားမယ်လေးတွေနဲ့ ပရောပရည် လုပ်တာကမှ အနေအစား ချောင်မလား လို့ပါ"လို့လည်း ပြောလိုက်ရော မောင်ဆိတ်သိုးက ဒေါသတွေ ထွက်ပြီး ခင်ဗျားကြီး တို့လို လူတွေကြောင့် တိုင်းပြည် ဒုက္ခ ရောက်နေတာ၊ လူမျိုး ပြုတ်တော့မှာ ဆိုပြီး စိတ်ဆိုးတကြီးနဲ့ ပြန်သွားလေရဲ့။ မာဂျေ ‪#‎Burmarpyithar‬

Thursday, December 19, 2013

" ဗိုလ်ချုပ်ရွာတွေ ပီတူ သီခေါင်စီရင်းစစ်မီလဲ "



တစ်နေ့သောနံနက်တွင် ပြည်မကြီးမှရောက် ရှိနေသော ပေါက်ဖော်ကြီးသည် သူ သင်ကြားလျက်ရှိသည့် ဗမာစကားကို ကောင်းစွာကြွယ်ဝစေရန် ကျွန်တော့်ထံသို့ လာရောက် လေ့ကျင့်ပြောဆိုသတတ်။

”မိဂလာပါ မကီးရေ၊ ဝ မီတိတာလေး နည်းနည်း မေးချင်လယ်၊ နီထောင့်ဆယ့်လေး(၂ဝ၁၄)မှာ နီတို့ အီလုပ်တွေ မီတိရားများ လယ်လား၊ ချီးပွားရေးတွေ အီများကီးတိုးမယ်၊ နီတို့ အီလုပ်ကောင်းကောင်း ဖြစ် မယ်လယ့်”

”ဟုတ်ပါ့ ပေါက်ဖော်ကြီးရယ်၊ ၂ဝ၁၄ ဟာ ကျွန် တော်တို့အတွက် စပယ်ရှယ်ပဲဗျ၊ ကမ္ဘာက မြန်မာကို လှမ်းမျှော်ကြည့်မယ့်နှစ်”
”အာရား၊ နီဗီမာပီသလယ်၊ ဝ နည်းနည်းပြော လယ်၊ နီသောက်ရမ်းကြွားလယ်၊ ကိတ်စမီချိဘူး၊ ကီမာ ကီး လာမကြည့်လည်း၊ ဝ တို့ကြည့်ပါလယ်”

”တော်ပါ ပေါက်ဖော်ကြီး ရယ်၊ ပေါက်ဖော်ကြီးတို့ ကြည့်လာတာ နှစ်ပေါင်းသုံးဆယ်ပြည့်တော့မယ်။ မြန် မာပြည်တစ်ခြမ်းတောင် ကုန်တော့မယ်၊ ကဲ စောစော ကစကား ဆက်ပါဦး”

”ဝမီတိလို့ မေးချင်လယ်။ တီခေါင်စီရင်းက ဘာ လုပ်လဲ၊ ပီတူတွေအတွက် စစ်လဲမကီး”
”ကျွန်တော်တို့ဆီမှာ လူမျိုးစုံတယ် ပေါက်ဖော်ကြီး ရဲ့၊ ၁၃၅ မျိုးတောင်ရှိတယ်။ လူဦးရေကလည်း တိတိ ကျကျ မသိရသေးဘူး၊ ခန့်မှန်းခြေပဲရှိသေးတယ်။ မှတ်

ပုံတင်ရှိတိုင်း ကျွန်တော်တို့ လူမျိုး၊ တိုင်းရင်းသားဟုတ် ချင်မှ ဟုတ်တာ။ တချို့လည်း လူမျိုးမှန်တယ်။ တိုင်း ရင်းသားစစ်ပဲ။ မှတ်ပုံတင်မရဘူး။ ပြဿနာတွေက များ တယ် ပေါက်ဖော်ကြီးရဲ့။ အဲဒါကြောင့် သန်းခေါင် စာရင်းစစ်တာ”

”ကောင်းလယ်၊ ကောင်းလယ်၊ တီခုတော့ရှိလယ် မကီး၊ တူတို့မေးခွန်းတွေ မီတိရားများလယ်၊ ပီတူမှန်မှန် ဖြေမိလဲ မကီး”
”ဘာကို ဆိုလိုတာလဲ ပေါက်ဖော်ကြီးရဲ့”
”နီတိပါလယ်မကီး၊ တီချို့ မီတိရား ချမ်းသာလယ်၊ အီတွေ၊ မြေတွေ၊ ကားတွေ၊ ကုန်ပနီတွေ အီများကီး ပိုင်လယ်၊ မီရားတွေများလယ်၊ မီရားကီးရှိလယ်၊ မီရား ငယ်ရှိလယ်၊ တူတို့ ပီလိုလုပ်မိလဲ မကီး”

”အေးဗျ၊ ပေါက်ဖော်ကြီးပြောတာ ဟုတ်တာပဲ၊ ကိုယ်က ဘာမှမဖြေတာ ထားဦး၊ ဟဝါမလေးတွေက ကိုယ့်နာမည်ထည့်ပြော၊ ကိုယ်ဝယ်ပေးထားတာတွေ
လျှောက်ပြောမှ ဒုက္ခ၊ သိပ်တော့မရိုးတဲ့ အစီအစဉ်ပဲဗျ”

”အဲလာ ဝပြောလယ်၊ နီတို့အီရပ်သားက ကိတ်စ မချိဘူး၊ ဟို ဗိုလ်ချုပ်ကီးတွေ၊ ဗိုလ်ချုပ်ငယ်တွေ ကိတ်စ ရှိလယ်၊ ဗိုလ်ချုပ်ရွာတွေ မီတိရားခက်မယ်၊ ပီတူ သီခေါင်စီရင်းဝင်စိမလဲ မကီး၊ ဝ အားကီးသိချင်လယ်၊ နီစာအုပ်တောင် ထုတ်လို့ရလယ်မကီး”

”ပေါက်ဖော်ကြီး စောစောစီးစီး ပြဿနာရှာတာပဲ။ အဲဒါအမျိုးသားလုံခြုံရေး၊ နိုင်ငံတော်လျှို့ဝှက်မှုဗျ၊ ဗိုလ် ချုပ်ရွာတွေနဲ့ စစ်တပ်ကို ဘယ်သူက ဝင်စစ်ရဲမှာတုံး”
”ဝတီကယ် သိချင်လို့မေးလယ်မကီး၊ ဗီမာစီကားပုံ ရှိလယ်၊ မီတိလင်မေး မီချင်လင်ဆေးလေ၊ ဝတိချင် လို့မေးလယ်လေ”
”အောင်မလေး ပေါက်ဖော်ကြီးရယ်၊ လုပ်လိုက်ဟ မသိလျှင်မေး၊ မစင်လျှင်ဆေးတဲ့လား၊ ကိုင်း ဒါဆို လွှတ်တော်ကို ဒီကိစ္စမေးပေးမယ်”
”ကောင်းလယ်မကီး၊ ကျီပွင့်ပြ မီးခွန်းဖြစ်မယ်လယ်”
”ကြယ်ပွင့်ပဲပြပြ၊ ဘားပဲပြပြ၊

ဗိုလ်ချုပ်ရွာတွေနဲ့ စစ်တပ်ကို ဘယ်လိုသန်းခေါင်စာရင်းစစ်မလဲ၊ ဘယ်သူ တွေစစ်မလဲ၊ ဘယ်လိုမေးခွန်းတွေ မေးမလဲ၊ ဘယ်လို မေးခွန်းတွေ မမေးရဘူးလဲ၊ အဲဒါ လွှတ်တော်ကို မေးရ မယ်ဗျ”

”အာ၊ ဝ ချင်းချားမိတာ တီခုရှိလယ်။ နီတို့မှာ ကျိုတင်မဲရှိလယ်မလား”
”ရှိတယ်လေ၊ လက်ရှိအစိုးရက ကြိုတင်မဲအစိုးရပဲ၊ သူတို့ အဲဒီမဲတွေနဲ့အစိုးရဖြစ်လာတာ၊ မသာတောင် နှစ်မဲထည့်တယ်လို့ လူရွှင်တော်တွေ ပျက်သေးတယ်၊ ဒီဘဝအတွက်ရယ်၊ နောင်ဘဝအတွက်ရယ် ကြိုထည့် သွားတယ်ဆိုပဲ”

”အီခု ကျိုတင်သီခေါင်စီရင်း လုပ်လို့မီရဘူးလား”
”ဒါလည်းရတာပဲ၊ ဗိုလ်ချုပ်ရွာတွေ၊ စစ်တပ်တွေ လွှတ်တော်အမတ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ နိုင်ငံတော် အကြီးအကဲအဟောင်းတွေ၊ အသစ်တွေ၊ ဝန်ကြီး ဝန်လေးတွေ၊ အကုန်လုံးကြိုတင် သန်းခေါင်စာရင်းထည့် မယ်နဲ့တူတယ်။ ဒါမျိုးတွေ သိပ်လုပ်တာ ထုံးစံပဲလေ”

”နီနဲ့ ဝနဲ့ အီမေးအီဖြေလုပ်မယ်၊ နီမှန်မှန်ဖြေမီ လားမကီး”
”လုပ်လေ၊ ဖြေသင့်တာတော့ ဖြေမှာပေါ့”
”အာရား၊ နီလည်း ဗိုလ်ချုပ်ရွာလို မီလုပ်နဲ့လေ၊ နီနဲ့ ဝနဲ့ အီစမ်းသီခေါင်စာရင်းစစ်မယ်လယ်”
”ကဲ၊ မေးဗျာ”
”ဝ မေးမယ်၊ နီ မီရားပီနီယောက်ရှိလဲ”
”အဲ…အဲ၊ အဲဒါ ကြယ်ပွင့်ပြ မေးခွန်းပဲ၊ နည်း နည်းခက်တယ်ဗျ၊ စိစစ်ရေးရှိတယ် ပေါက်ဖော်ကြီးရဲ့ မဖြေဘူးဗျာ”
”ရလယ်၊ ရလယ်၊ ကိတ်စမိချိဘူး၊ ဝလဲ ဒီလိုပါပဲ လယ်၊ အီတွင်းရေးတွေ တိပ်ပြောလို့ မီကောင်းတာတွေ ရှိလယ်၊ ကဲ နီအီပီနီလုံးရှိလဲ”
”အိမ်လား၊ တစ်လုံးမှ မရှိဘူး”
”အာရား၊ ဒါနီ့အီမီဟုတ်လား”
”ငှားနေတာ”
”နို့ မီးမမှာကော မီစိဘူးလား”
”သူမှာတော့ရှိတယ်၊ ဒီမှာ မဟုတ်ဘူး၊ နယ်မှာ”
”နီ လချာပီလောက်ရလဲ”
”တစ်သိန်း”
”ဘာညာဘာညာမီရဘူးလား”
”ဖြေလို့ မဖြစ်ဘူး ပေါက်ဖော်ကြီးရဲ့၊ မိန်းမနဲ့ ပြဿနာတက်မယ်၊ သူ သိလို့မဖြစ်ဘူးဗျာ”
”မီဖြေနဲ့ မီဖြေနဲ့ ဝ တီဘောပေါက်လယ်၊ နီ အခွန်ဆောင်လား”
”ဟ ပေါက်ဖော်ကြီးကလည်း၊ ရတာကမှတစ်သိန်း၊ ဘယ့်နှယ့်လုပ် အခွန်ဆောင်မှာတုံး”
”ဝါး နီစာအုပ်တွေ ထုတ်လယ်လေ၊ ပိုက်ချံရ လယ်လေ၊ အခွန်မီဆောင်ဘူးလား”
”အဲဒါလည်း စားတာနဲ့ ကုန်တာပဲဗျ”
”နီ အီရက်သောက်လား”
”နည်းနည်းပေါ့”
”ချေးလိပ်”
”တစ်ဖွာနှစ်ဖွာပါဗျာ”
”မာချက်သွားလား”
”ရံဖန်ရံခါပေါ့လေ”
”ဟဝှာ ဟဝှာရောက်သေးလား”
”ဒါတော့ ကိုယ်ရေးကိုယ်တာပဲ၊ မဖြေဘူးဗျာ”
”နီတို့ မီကျန်းမာရင် ချေးခန်းသွားလား”
”တစ်ခါတလေသွားတယ်၊ မသွားတာများတယ်”
”ဆန်ပီလောက်ကုန်လဲ”
”ဆယ့်လေးငါးပြည်”
”တီနေ့တီနေ့ ချေးဖိုးပီလောက်ရှိလဲ”
”သုံးထောင်၊ သုံးထောင့်ငါးရာ”
”နီတော်လယ်မကီး၊ နီ့ကိုပီတူမှ ပြတီနာ မီရှာ တော့ဘူး၊ နီပိုက်ချံရလယ်၊ ချားလယ်၊ သောက်လယ်၊ ကုန်လယ်၊ အီမီဝယ်ဘူး၊ ကားမီဝယ်ဘူး၊ မီရားပေါက် ချနလည်းမီထားဘူး၊ တီခုတော့ရှိ လယ်မကီး၊ နီပီတော့ မှ ဝန်ကီးမီဖြစ်ဘူး”

”ဘာလို့လဲ ပေါက်ဖော်ကြီးရဲ့”
”နီ’အ’လယ်မကီး၊ နီတော်တော် ‘အ’လယ်၊ နီ့မှာ ဘာမှ မီစိဘူးလယ်၊ တီခေါင်စီရင်းစိတာ နီဘာမှမီတိ ဘူး၊ နီတို့ကို နှစ်ပေါင်းအီများကီး အီစိုးရလုပ် မီလို့စီ တာ၊ နီမီတိဘူးလား”

”ကျွန်တော် တကယ်နားမလည်ဘူး ပေါက်ဖော် ကြီးရဲ့”
”ဝ ကို နီဖြေလယ်၊ နီ့လချာနဲ့ နီ လုံးလယ်ချာ လယ်လိုက်နေလယ်၊ နီ ပီလိုအီမတ်ဖြစ်မီလဲ မကီး၊ နီ့မှာ ဘာမှ မီချိဘူးလယ်၊ နီချမ်းသာရင် ပြတီနာဖြစ်မယ်၊ နီပိုက်ချံ ဘယ်ကရလဲ တူတို့မေးရင် နီ ပီလိုလုပ်မီလဲ”

”ဟ ပေါက်ဖော်ကြီးကလည်း၊ အခုလည်း NLD အမတ်တွေထဲမှာ သာမန်လူတွေ အများကြီးပဲဟာ”
”ဟုတ်လယ်လေ၊
အီခု ပီတူချမ်းသာလယ်၊ ပီတူဆင်းရဲလယ်၊ တီရားဝင် မီဖြစ်သေးဘူးလယ်၊ သီခေါင်စီရင်းစစ်ပြီးရင် တီရားဝင်ဖြစ်မယ်၊ ပြတီနာအီ များကီးရှိလယ်မကီး”

”သြော်၊ အခွန်ကိစ္စတွေ မပါစေရဘူးဆိုတာ ဒါ ကြောင့်လား”
”နီလဲ ‘အ’လယ်၊ နီတို့ ဆင်းရဲသားတွေ ပီတော့မှ အီစိုးရလုပ်လို့ မီရတော့ဘူးမကီး၊ ပိုက်ချံရှိတဲ့ အီစိုးရ လူတွေ၊ အီစဉ်အီမြဲ အီစိုးရဖြစ်မယ်၊ ဝပြောတာ နီ မီယုံရင် စောင့်ကိလယ်မကီး”

”မသိပါဘူး ပေါက်ဖော်ကြီးရယ်၊ မရှိဆင်းရဲသား တွေကို လက်တွေ့ကျကျ ကူညီမလို့ သန်းခေါင်စာရင်း စစ်မယ်ထင်ထားတာ”
”အာရား၊ ဘိုအောင်ဒင်လို ဝရယ်ချင်လယ်ကွယ် မကီး၊ နီတို့ အီခုဆင်းရဲလယ်၊ အီစိုးရက မီတိရားချမ်း သာလယ်၊ သူတို့ပိုက်ချံတွေ နီတို့ရလား၊ နီတို့ကို ကုလ တမီဂနဲ့ ထိုးထိုးထည့်လယ်၊

တီတောင်းစားပြည်သူ တွေလုပ်လယ်၊ တူတို့ ပိုက်ချံနဲ့တူတို့ မီကူညီဘူး၊ နီတို့ ကို ကီဗာကစောင့်ရှောက်ဖို့ သူတို့လုပ်လယ်၊ အီစိုးရက သတ်သတ်၊ နီတို့က သတ်သတ်ပဲမကီး၊ အီစိုးရက ချီးပွားရေးလုပ်လယ်၊ နီတို့က တီတောင်းစားလုပ်ရလယ်၊ ဝ အီများကီး စိမိကောင်းဘူး၊ ဝ တီကယ်ချေတနာနဲ့ ပြောပါလယ်”

”စိတ်မကောင်းမဖြစ်ပါနဲ့ ပေါက်ဖော်ကြီးရယ်၊ ဝဋ်ကြွေးပါ့ဗျာ”
”အဲတာ ဝမီသိဘူး၊ ဝတို့ချီမှာ အီစိုးရလဲ ကောင်း ကောင်းချားလယ်၊ ပြီတူတွေလဲ ကောင်းကောင်းကျွေး လယ်၊ ပြတီနာသိပ်မီရှိဘူး”
”ဒါထက်၊ ပေါက်ဖော်ကြီးတို့ဆီမှာ သန်းခေါင်းစာ ရင်း စစ်လား”
”ပီတူမှ မီစစ်ဘူးလယ်၊ ဝတို့မှာ နေ့တိုင်းနေတိုင်း သေ၊ နေ့တိုင်းနေ့တိုင်း မွေးလယ်၊ မီတေခင် အီလုပ် လုပ်လယ်၊ ထီမင်းများများချားလယ်၊ ပိုက်ချံရှာလယ်၊ ချီးပွားရေးလုပ်လယ်”

”ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ပေါက်ဖော်ကြီးပြောသလို ၂ဝ၁၄ မှာ ဗိုလ်ချုပ်ရွာတွေ သန်းခေါင်စာရင်းစစ်တာ လိုက်လေ့လာပြီး စာအုပ်တစ်အုပ်ရေးချင်သေးတယ်”
”နီတော်တော်ရူးလယ်မကီး၊ နီ့ကို ပီတူခေါ်မီလဲ၊ ဗိုလ်ချုပ်ရွာတွေ သီခေါင် စီရင်း ပီတူဝင်စစ်ရဲမီလဲ၊ ဝလဲ အားကီးသိချင်လယ် မကီးဝေ”

မာန်(တောင်လုံးပြန်)

Readmore >> http://www.popularmyanmar.com/mpaper/?p=81212

Popular Myanmar News Journal
" ဗိုလ်ချုပ်ရွာတွေ ပီတူ သီခေါင်စီရင်းစစ်မီလဲ "

တစ်နေ့သောနံနက်တွင် ပြည်မကြီးမှရောက် ရှိနေသော ပေါက်ဖော်ကြီးသည် သူ သင်ကြားလျက်ရှိသည့် ဗမာစကားကို ကောင်းစွာကြွယ်ဝစေရန် ကျွန်တော့်ထံသို့ လာရောက် လေ့ကျင့်ပြောဆိုသတတ်။ 

”မိဂလာပါ မကီးရေ၊ ဝ မီတိတာလေး နည်းနည်း မေးချင်လယ်၊ နီထောင့်ဆယ့်လေး(၂ဝ၁၄)မှာ နီတို့ အီလုပ်တွေ မီတိရားများ လယ်လား၊ ချီးပွားရေးတွေ အီများကီးတိုးမယ်၊ နီတို့ အီလုပ်ကောင်းကောင်း ဖြစ် မယ်လယ့်”

”ဟုတ်ပါ့ ပေါက်ဖော်ကြီးရယ်၊ ၂ဝ၁၄ ဟာ ကျွန် တော်တို့အတွက် စပယ်ရှယ်ပဲဗျ၊ ကမ္ဘာက မြန်မာကို လှမ်းမျှော်ကြည့်မယ့်နှစ်”
”အာရား၊ နီဗီမာပီသလယ်၊ ဝ နည်းနည်းပြော လယ်၊ နီသောက်ရမ်းကြွားလယ်၊ ကိတ်စမီချိဘူး၊ ကီမာ ကီး လာမကြည့်လည်း၊ ဝ တို့ကြည့်ပါလယ်”

”တော်ပါ ပေါက်ဖော်ကြီး ရယ်၊ ပေါက်ဖော်ကြီးတို့ ကြည့်လာတာ နှစ်ပေါင်းသုံးဆယ်ပြည့်တော့မယ်။ မြန် မာပြည်တစ်ခြမ်းတောင် ကုန်တော့မယ်၊ ကဲ စောစော ကစကား ဆက်ပါဦး”

”ဝမီတိလို့ မေးချင်လယ်။ တီခေါင်စီရင်းက ဘာ လုပ်လဲ၊ ပီတူတွေအတွက် စစ်လဲမကီး”
”ကျွန်တော်တို့ဆီမှာ လူမျိုးစုံတယ် ပေါက်ဖော်ကြီး ရဲ့၊ ၁၃၅ မျိုးတောင်ရှိတယ်။ လူဦးရေကလည်း တိတိ ကျကျ မသိရသေးဘူး၊ ခန့်မှန်းခြေပဲရှိသေးတယ်။ မှတ်

ပုံတင်ရှိတိုင်း ကျွန်တော်တို့ လူမျိုး၊ တိုင်းရင်းသားဟုတ် ချင်မှ ဟုတ်တာ။ တချို့လည်း လူမျိုးမှန်တယ်။ တိုင်း ရင်းသားစစ်ပဲ။ မှတ်ပုံတင်မရဘူး။ ပြဿနာတွေက များ တယ် ပေါက်ဖော်ကြီးရဲ့။ အဲဒါကြောင့် သန်းခေါင် စာရင်းစစ်တာ”

”ကောင်းလယ်၊ ကောင်းလယ်၊ တီခုတော့ရှိလယ် မကီး၊ တူတို့မေးခွန်းတွေ မီတိရားများလယ်၊ ပီတူမှန်မှန် ဖြေမိလဲ မကီး”
”ဘာကို ဆိုလိုတာလဲ ပေါက်ဖော်ကြီးရဲ့”
”နီတိပါလယ်မကီး၊ တီချို့ မီတိရား ချမ်းသာလယ်၊ အီတွေ၊ မြေတွေ၊ ကားတွေ၊ ကုန်ပနီတွေ အီများကီး ပိုင်လယ်၊ မီရားတွေများလယ်၊ မီရားကီးရှိလယ်၊ မီရား ငယ်ရှိလယ်၊ တူတို့ ပီလိုလုပ်မိလဲ မကီး”

”အေးဗျ၊ ပေါက်ဖော်ကြီးပြောတာ ဟုတ်တာပဲ၊ ကိုယ်က ဘာမှမဖြေတာ ထားဦး၊ ဟဝါမလေးတွေက ကိုယ့်နာမည်ထည့်ပြော၊ ကိုယ်ဝယ်ပေးထားတာတွေ
လျှောက်ပြောမှ ဒုက္ခ၊ သိပ်တော့မရိုးတဲ့ အစီအစဉ်ပဲဗျ”

”အဲလာ ဝပြောလယ်၊ နီတို့အီရပ်သားက ကိတ်စ မချိဘူး၊ ဟို ဗိုလ်ချုပ်ကီးတွေ၊ ဗိုလ်ချုပ်ငယ်တွေ ကိတ်စ ရှိလယ်၊ ဗိုလ်ချုပ်ရွာတွေ မီတိရားခက်မယ်၊ ပီတူ သီခေါင်စီရင်းဝင်စိမလဲ မကီး၊ ဝ အားကီးသိချင်လယ်၊ နီစာအုပ်တောင် ထုတ်လို့ရလယ်မကီး”

”ပေါက်ဖော်ကြီး စောစောစီးစီး ပြဿနာရှာတာပဲ။ အဲဒါအမျိုးသားလုံခြုံရေး၊ နိုင်ငံတော်လျှို့ဝှက်မှုဗျ၊ ဗိုလ် ချုပ်ရွာတွေနဲ့ စစ်တပ်ကို ဘယ်သူက ဝင်စစ်ရဲမှာတုံး”
”ဝတီကယ် သိချင်လို့မေးလယ်မကီး၊ ဗီမာစီကားပုံ ရှိလယ်၊ မီတိလင်မေး မီချင်လင်ဆေးလေ၊ ဝတိချင် လို့မေးလယ်လေ”
”အောင်မလေး ပေါက်ဖော်ကြီးရယ်၊ လုပ်လိုက်ဟ မသိလျှင်မေး၊ မစင်လျှင်ဆေးတဲ့လား၊ ကိုင်း ဒါဆို လွှတ်တော်ကို ဒီကိစ္စမေးပေးမယ်”
”ကောင်းလယ်မကီး၊ ကျီပွင့်ပြ မီးခွန်းဖြစ်မယ်လယ်”
”ကြယ်ပွင့်ပဲပြပြ၊ ဘားပဲပြပြ၊

 ဗိုလ်ချုပ်ရွာတွေနဲ့ စစ်တပ်ကို ဘယ်လိုသန်းခေါင်စာရင်းစစ်မလဲ၊ ဘယ်သူ တွေစစ်မလဲ၊ ဘယ်လိုမေးခွန်းတွေ မေးမလဲ၊ ဘယ်လို မေးခွန်းတွေ မမေးရဘူးလဲ၊ အဲဒါ လွှတ်တော်ကို မေးရ မယ်ဗျ”

”အာ၊ ဝ ချင်းချားမိတာ တီခုရှိလယ်။ နီတို့မှာ ကျိုတင်မဲရှိလယ်မလား”
”ရှိတယ်လေ၊ လက်ရှိအစိုးရက ကြိုတင်မဲအစိုးရပဲ၊ သူတို့ အဲဒီမဲတွေနဲ့အစိုးရဖြစ်လာတာ၊ မသာတောင် နှစ်မဲထည့်တယ်လို့ လူရွှင်တော်တွေ ပျက်သေးတယ်၊ ဒီဘဝအတွက်ရယ်၊ နောင်ဘဝအတွက်ရယ် ကြိုထည့် သွားတယ်ဆိုပဲ”

 ”အီခု ကျိုတင်သီခေါင်စီရင်း လုပ်လို့မီရဘူးလား”
”ဒါလည်းရတာပဲ၊ ဗိုလ်ချုပ်ရွာတွေ၊ စစ်တပ်တွေ လွှတ်တော်အမတ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ နိုင်ငံတော် အကြီးအကဲအဟောင်းတွေ၊ အသစ်တွေ၊ ဝန်ကြီး ဝန်လေးတွေ၊ အကုန်လုံးကြိုတင် သန်းခေါင်စာရင်းထည့် မယ်နဲ့တူတယ်။ ဒါမျိုးတွေ သိပ်လုပ်တာ ထုံးစံပဲလေ”

 ”နီနဲ့ ဝနဲ့ အီမေးအီဖြေလုပ်မယ်၊ နီမှန်မှန်ဖြေမီ လားမကီး”
”လုပ်လေ၊ ဖြေသင့်တာတော့ ဖြေမှာပေါ့”
”အာရား၊ နီလည်း ဗိုလ်ချုပ်ရွာလို မီလုပ်နဲ့လေ၊ နီနဲ့ ဝနဲ့ အီစမ်းသီခေါင်စာရင်းစစ်မယ်လယ်”
”ကဲ၊ မေးဗျာ”
”ဝ မေးမယ်၊ နီ မီရားပီနီယောက်ရှိလဲ”
”အဲ…အဲ၊ အဲဒါ ကြယ်ပွင့်ပြ မေးခွန်းပဲ၊ နည်း နည်းခက်တယ်ဗျ၊ စိစစ်ရေးရှိတယ် ပေါက်ဖော်ကြီးရဲ့ မဖြေဘူးဗျာ”
”ရလယ်၊ ရလယ်၊ ကိတ်စမိချိဘူး၊ ဝလဲ ဒီလိုပါပဲ လယ်၊ အီတွင်းရေးတွေ တိပ်ပြောလို့ မီကောင်းတာတွေ ရှိလယ်၊ ကဲ နီအီပီနီလုံးရှိလဲ”
”အိမ်လား၊ တစ်လုံးမှ မရှိဘူး”
”အာရား၊ ဒါနီ့အီမီဟုတ်လား”
”ငှားနေတာ”
”နို့ မီးမမှာကော မီစိဘူးလား”
”သူမှာတော့ရှိတယ်၊ ဒီမှာ မဟုတ်ဘူး၊ နယ်မှာ”
”နီ လချာပီလောက်ရလဲ”
”တစ်သိန်း”
”ဘာညာဘာညာမီရဘူးလား”
”ဖြေလို့ မဖြစ်ဘူး ပေါက်ဖော်ကြီးရဲ့၊ မိန်းမနဲ့ ပြဿနာတက်မယ်၊ သူ သိလို့မဖြစ်ဘူးဗျာ”
”မီဖြေနဲ့ မီဖြေနဲ့ ဝ တီဘောပေါက်လယ်၊ နီ အခွန်ဆောင်လား”
”ဟ ပေါက်ဖော်ကြီးကလည်း၊ ရတာကမှတစ်သိန်း၊ ဘယ့်နှယ့်လုပ် အခွန်ဆောင်မှာတုံး”
”ဝါး နီစာအုပ်တွေ ထုတ်လယ်လေ၊ ပိုက်ချံရ လယ်လေ၊ အခွန်မီဆောင်ဘူးလား”
”အဲဒါလည်း စားတာနဲ့ ကုန်တာပဲဗျ”
”နီ အီရက်သောက်လား”
”နည်းနည်းပေါ့”
”ချေးလိပ်”
”တစ်ဖွာနှစ်ဖွာပါဗျာ”
”မာချက်သွားလား”
”ရံဖန်ရံခါပေါ့လေ”
”ဟဝှာ ဟဝှာရောက်သေးလား”
”ဒါတော့ ကိုယ်ရေးကိုယ်တာပဲ၊ မဖြေဘူးဗျာ”
”နီတို့ မီကျန်းမာရင် ချေးခန်းသွားလား”
”တစ်ခါတလေသွားတယ်၊ မသွားတာများတယ်”
”ဆန်ပီလောက်ကုန်လဲ”
”ဆယ့်လေးငါးပြည်”
”တီနေ့တီနေ့ ချေးဖိုးပီလောက်ရှိလဲ”
”သုံးထောင်၊ သုံးထောင့်ငါးရာ”
”နီတော်လယ်မကီး၊ နီ့ကိုပီတူမှ ပြတီနာ မီရှာ တော့ဘူး၊ နီပိုက်ချံရလယ်၊ ချားလယ်၊ သောက်လယ်၊ ကုန်လယ်၊ အီမီဝယ်ဘူး၊ ကားမီဝယ်ဘူး၊ မီရားပေါက် ချနလည်းမီထားဘူး၊ တီခုတော့ရှိ လယ်မကီး၊ နီပီတော့ မှ ဝန်ကီးမီဖြစ်ဘူး”

”ဘာလို့လဲ ပေါက်ဖော်ကြီးရဲ့”
”နီ’အ’လယ်မကီး၊ နီတော်တော် ‘အ’လယ်၊ နီ့မှာ ဘာမှ မီစိဘူးလယ်၊ တီခေါင်စီရင်းစိတာ နီဘာမှမီတိ ဘူး၊ နီတို့ကို နှစ်ပေါင်းအီများကီး အီစိုးရလုပ် မီလို့စီ တာ၊ နီမီတိဘူးလား”

 ”ကျွန်တော် တကယ်နားမလည်ဘူး ပေါက်ဖော် ကြီးရဲ့”
”ဝ ကို နီဖြေလယ်၊ နီ့လချာနဲ့ နီ လုံးလယ်ချာ လယ်လိုက်နေလယ်၊ နီ ပီလိုအီမတ်ဖြစ်မီလဲ မကီး၊ နီ့မှာ ဘာမှ မီချိဘူးလယ်၊ နီချမ်းသာရင် ပြတီနာဖြစ်မယ်၊ နီပိုက်ချံ ဘယ်ကရလဲ တူတို့မေးရင် နီ ပီလိုလုပ်မီလဲ”

”ဟ ပေါက်ဖော်ကြီးကလည်း၊ အခုလည်း NLD အမတ်တွေထဲမှာ သာမန်လူတွေ အများကြီးပဲဟာ”
”ဟုတ်လယ်လေ၊
 အီခု ပီတူချမ်းသာလယ်၊ ပီတူဆင်းရဲလယ်၊ တီရားဝင် မီဖြစ်သေးဘူးလယ်၊ သီခေါင်စီရင်းစစ်ပြီးရင် တီရားဝင်ဖြစ်မယ်၊ ပြတီနာအီ များကီးရှိလယ်မကီး”

 ”သြော်၊ အခွန်ကိစ္စတွေ မပါစေရဘူးဆိုတာ ဒါ ကြောင့်လား”
”နီလဲ ‘အ’လယ်၊ နီတို့ ဆင်းရဲသားတွေ ပီတော့မှ အီစိုးရလုပ်လို့ မီရတော့ဘူးမကီး၊ ပိုက်ချံရှိတဲ့ အီစိုးရ လူတွေ၊ အီစဉ်အီမြဲ အီစိုးရဖြစ်မယ်၊ ဝပြောတာ နီ မီယုံရင် စောင့်ကိလယ်မကီး”

   ”မသိပါဘူး ပေါက်ဖော်ကြီးရယ်၊  မရှိဆင်းရဲသား တွေကို လက်တွေ့ကျကျ ကူညီမလို့ သန်းခေါင်စာရင်း စစ်မယ်ထင်ထားတာ”
”အာရား၊ ဘိုအောင်ဒင်လို ဝရယ်ချင်လယ်ကွယ် မကီး၊ နီတို့ အီခုဆင်းရဲလယ်၊ အီစိုးရက မီတိရားချမ်း သာလယ်၊ သူတို့ပိုက်ချံတွေ နီတို့ရလား၊ နီတို့ကို ကုလ တမီဂနဲ့ ထိုးထိုးထည့်လယ်၊ 

တီတောင်းစားပြည်သူ တွေလုပ်လယ်၊ တူတို့ ပိုက်ချံနဲ့တူတို့ မီကူညီဘူး၊ နီတို့ ကို ကီဗာကစောင့်ရှောက်ဖို့ သူတို့လုပ်လယ်၊ အီစိုးရက သတ်သတ်၊ နီတို့က သတ်သတ်ပဲမကီး၊ အီစိုးရက ချီးပွားရေးလုပ်လယ်၊ နီတို့က တီတောင်းစားလုပ်ရလယ်၊ ဝ အီများကီး စိမိကောင်းဘူး၊ ဝ တီကယ်ချေတနာနဲ့ ပြောပါလယ်”

 ”စိတ်မကောင်းမဖြစ်ပါနဲ့ ပေါက်ဖော်ကြီးရယ်၊ ဝဋ်ကြွေးပါ့ဗျာ”
”အဲတာ ဝမီသိဘူး၊ ဝတို့ချီမှာ အီစိုးရလဲ ကောင်း ကောင်းချားလယ်၊ ပြီတူတွေလဲ ကောင်းကောင်းကျွေး လယ်၊ ပြတီနာသိပ်မီရှိဘူး”
”ဒါထက်၊ ပေါက်ဖော်ကြီးတို့ဆီမှာ သန်းခေါင်းစာ ရင်း စစ်လား”
”ပီတူမှ မီစစ်ဘူးလယ်၊  ဝတို့မှာ နေ့တိုင်းနေတိုင်း သေ၊ နေ့တိုင်းနေ့တိုင်း မွေးလယ်၊ မီတေခင် အီလုပ် လုပ်လယ်၊ ထီမင်းများများချားလယ်၊ ပိုက်ချံရှာလယ်၊ ချီးပွားရေးလုပ်လယ်”

”ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ပေါက်ဖော်ကြီးပြောသလို ၂ဝ၁၄ မှာ ဗိုလ်ချုပ်ရွာတွေ သန်းခေါင်စာရင်းစစ်တာ လိုက်လေ့လာပြီး စာအုပ်တစ်အုပ်ရေးချင်သေးတယ်”
”နီတော်တော်ရူးလယ်မကီး၊ နီ့ကို ပီတူခေါ်မီလဲ၊ ဗိုလ်ချုပ်ရွာတွေ သီခေါင် စီရင်း ပီတူဝင်စစ်ရဲမီလဲ၊ ဝလဲ အားကီးသိချင်လယ် မကီးဝေ”

မာန်(တောင်လုံးပြန်)

Readmore >> http://www.popularmyanmar.com/mpaper/?p=81212

Popular Myanmar News Journal

Wednesday, December 18, 2013

မြန်မာဘောလုံးပရိတ်သတ်... ထန်းရည်မူးသမားနဲ့ ကိုယ်ဝန်သည်...

မြန်မာဘောလုံးပရိတ်သတ်... ထန်းရည်မူးသမားနဲ့
ကိုယ်ဝန်သည်...
===============

ကျနော်ငယ်ငယ်က ကြည့်ခဲ့ဘူးတဲ့ အငြိမ့်ပွဲတစ်ခုက လူရွှင်တော်တွေပျက်တဲ့ ပျက်လုံးတစ်ခုကို သတိရမိတယ်....

လူရွှင်တော် တစ်ယောက်က ပြောပါတယ်.. "ထန်းရေမူးသမားနဲ့ ကိုယ်ဝန်ဆောင်မိန်းမတွေနဲ့ အတူတူပဲ" တဲ့..

ထန်းရေမူးသမားဟာ အမူးလွန်လာရင် ထန်းတောထဲက ဒယီးဒယိုင်ထ၊ ထန်းပင်ကိုမော့ကြည့်၊ ကလော်တုတ်တော့တာပဲတဲ့၊ ဒါပေမဲ့ နောက်နေ့ အမူးပြေပြီး နေညိုလို့ လေပြိုလာရင် ထန်းနို့ကို မော့ကြည့်တာပါပဲတဲ့၊ မပြတ်နိုင်ဘူးပေါ့။ ထန်းနို့က ထန်းရည်ရတာကို...

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကလည်း ထန်းရေမူးသမားလိုပါဘဲတဲ့။ အာဝေဏိက ဒုက္ခကို အသည်းအသန်ခံစားနေရချိန်မှာ ယောက်ကျားလုပ်သူကို အပြစ်တင်ပါသတဲ့။ "မသာ ဒင်းကြောင့် ငါခံစားရတာ၊ တွေ့မယ်" ပေါ့။သူလည်း အမူးပြေတော့ ထန်းနို့ မော့ကြည့်တာပါပဲတဲ့... (လူရွှင်တော်ပြောတာနော်)

အခုလည်း... ကျနော်တို့ မြန်မာတွေ မြန်မာဘောလုံးအသင်းကို စိတ်အနာကြီးနာ... မေတ္တာတွေပို့... ဘောလုံးအဖွဲ့ချုပ်ကိုပဲ ဖျက်ခိုင်းရတာနဲ့၊ ဘောလုံးသမားအားလုံးကို အထုတ်ခိုင်းရတာနဲ့... အားလုံးကို မီးရှို့ပစ်ချင်ရတာနဲ့... အချိန်တန်တော့လည်း... ခင်ဗျားတို့ ထန်းနို့ကိုမော့ကြည့်ဦးမှာပါဗျာ.....

ကျနော်ပြောတာ မှန်လား မှားလား ညနေရပ်ကွက်ထဲက အသံတွေ နားထောင်ကြည့်လိုက်... အမူးပြေနေတဲ့ ထန်းရည်သမားတွေ ထန်းပင်အောက်ကနေ ထန်းနို့မော့ကြည့်နေတာ တွေ့လိမ့်မယ်....

Friday, December 6, 2013

မောင်မေတ္တာတုံးနှင့် အင်တာဗျူးခြင်း


မောင်မေတ္တာတုံးနှင့် အင်တာဗျူးခြင်း
မြန်မာပြည်တွင် ဆီးဂိမ်းအားကစားပွဲတော်များ စတင်ရန် နီးကပ်လာချိန် … အစိုးရမင်းများ ကတိပေးထားသည့်အတိုင်း အင်တာနက် ကွန်နက်ရှင် မြန်စေရမည်ဆိုသည့် စကားကို ဦးရုက္ခစိုး မမေ့။ ဒီနေ့ မကောင်း နက်ဖြန်ကောင်းရမည် ဆိုသည့် မလျှော့သောဇွဲဖြင့် နေ့စဉ် အင်တာနက်ကို ဖွင့်ကြည့်ရင်း စိတ်ရှည်သည်းခံစိတ် တနေ့တခြား တိုးပွားလာသည့် အဖြစ်ကိုသာ အကောင်းမြင်စိတ်ဖြင့် ရှုမှတ်နေရသည်။ “ပရော်ဘလမ် လုတ်ဒင်းပေ့ခ်ျ” တလှည့်၊ လည်နေသည့် အဝိုင်းကလေး တလှည့် ဖြစ်နေစဉ် ကွန်နက်ရှင်ကို စစ်ဆေးကြည့်ရာ “အလွန်ကောင်း” ဟု အဖြေထွက်နေကြောင်း တွေ့ရပြန်သည်။ ဆန်းပေစွ … ရန်ကုန် အင်တာနက်။
ထိုစဉ် နတ်ကွန်းရှေ့မှနေ၍ “ဗျို့ ဦးရုက္ခစိုး … ဦးရုက္ခစိုး … ရန်ကုန် အင်တာနက်ကို ခုထိ စိတ်မကုန်သေးဘူးလားဗျာ” ဆိုသည့် အသံပြာပြာကို ကြားလိုက်ရာ … ဤကား ဖိုးရှုပ်ပင် ဖြစ်ရမည်ဟု ဦးရုက္ခစိုးတွက်စစ်၍ လက်ညှိုးထောင် ကိုယ်ရောင် လင်းလိုက် ရလေသည်။
ရုက္ခစိုး။ ။ ဘာတုန်း ဖိုးရှုပ်ရာ … မင်းအသံကြားရတာ အာရုံ ပျက်လိုက်တာ။
ဖိုးရှုပ်။ ။ လုပ်မနေစမ်းပါနဲ့ဗျာ။ အဲဒီ ကွန်နက်ရှင်ကို ရာဇဝင်ထဲမှာ ထားခဲ့လိုက်တော့ ဦးရုက္ခစိုး၊ အခု ကျနော်နဲ့ ခဏလိုက်ခဲ့ပါဦး။
ရုက္ခစိုး။ ။ ဘယ်လိုက်ရမှာတုန်း၊ ငါ ဘောလုံးပွဲတွေ၊ ခြင်းပွဲတွေ ကြည့်ရမှာ ဝါသနာမပါဘူးနော်။
ဖိုးရှုပ်။ ။ လွဲပြန်ပြီ။ ကျနော်လည်း အားကစားပွဲတွေ ကြည့်ဖို့ အချိန်မရပါဘူးဗျာ။ အခု ကျနော် လူတယောက်ကို အရေးပေါ် အင်တာဗျူး သွားလုပ်မလို့။ အဲဒါ လိုက်ခဲ့ပါ။
ရုက္ခစိုး။ ။ ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာလုပ်တာလဲ၊ ဘာဖြစ်လို့လဲ၊ ဘယ်အချိန်သွားမှာလဲ … ဘာ …။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း သတင်းထောက်ထက်တောင် ကဲနေပြန်ပါပြီ။ ဘာစာပေဆုမှ မရ စာရေးဆရာ၊ ကဗျာဆရာ၊ ဝေဖန်ရေးဆရာ၊ ကပ္ပိယ မောင်မေတ္တာတုံးတဲ့ဗျ။ မကြားဖူးဘူးလား။
ရုက္ခစိုး။ ။ ကြံကြံဖန်ဖန်ကွာ … ဘာစာပေဆုမှ မရတာများ ဂုဏ်ပုဒ်လုပ်ပြီး ထည့်ပြောနေသေးတယ်။ ပြီးတော့ နာမည်ကလည်း မေတ္တာတုံးတဲ့လား။
ဖိုးရှုပ်။ ။ ဘာစာပေဆုမှ မရပေမယ့် သူက အခု facebook ပေါ်မှာ အရမ်းဟော့ နေတာဗျ။ ပြီးတော့ သူက နှယ်နှယ် ရရတော့ မဟုတ်ဘူး … နာမည်ကြီးတွေကိုပဲ တောက်လျှောက် ကလော်တုတ်ခဲ့တဲ့ စာရေးဆရာနော်။ အခု သူ့စာအုပ် ဖြန့်တော့မှာ ဆိုတော့ ဘာပဲဖြစ်ဖြစ် သွားဗျူးရမယ်လေ။
ထိုသို့ဖြင့် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့သည် မောင်မေတ္တာတုံး ထိုင်နေကျ လမ်းဘေး လက်ဖက်ရည်ဆိုင်သို့ ရောက်သွားကြ လေတော့သည်။ လက်ဖက်ရည်တခွက်၊ အကြမ်းအိုး ၁၀ အိုးခန့်နှင့် မိန့်မိန့်ကြီး ထိုင်နေသော မောင်မေတ္တာတုံးကို ထူးပြီး ရှာနေစရာ မလို၊ ဘေးတွရင် ဝိုင်းဝိုင်းလည်နေသည့် လမ်းဘေး ခွေးလေခွေးလွင့် တသိုက်နှင့် အတူ ထင်းထင်းကြီး တွေ့ရသည်။
တုံး။ ။ ကဲ … အင်တာဗျူးကြမယ် ဆိုတာ ခင်ဗျားတို့လား။ မြန်မြန်မေးဗျာ၊ ကျုပ်မှာ အချိန်က သိပ်ရှိတာ မဟုတ်ဘူး။
မောင်မေတ္တာတုံးက လမ်းဘေးမှ ကျပ် ၁၅၀၀ ဖြင့် ဝယ်ပတ်ထားပုံရသော တရုတ်နာရီကို ကြည့်ရင်း ခပ်တည်တည် ပြောလာရာ ဖိုးရှုပ်က ဦးရုက္ခစိုးနား ကပ်၍ “အလကား ငကြွားကြီးဗျ။ သူ့မှာ အချိန်တွေ ပိုနေလို့ ဘာလုပ်ရမှန်း မသိ ဖြစ်နေတာ” ဟု ခပ်တိုးတိုး ပြောသည်။
ဖိုးရှုပ်။ ။ မေးပါ့မယ်၊ မေးပါ့မယ် … မြန်မြန်ပဲ မေးပါမယ်။ မောင်မေတ္တာတုံး စာပေလောကထဲ ရောက်လာပုံက စပြောပါ။
တုံး။ ။ ပြောရရင်တော့ နည်းနည်း ရှည်မယ်ဗျ။ ဒီလို … ကျုပ်က နှပ်ချေးတွဲလောင်း ဘဝကတည်းက စာပေတွေကို လေ့လာဖတ်ရှု လိုက်စား လာခဲ့တာပေါ့။
ရုက္ခစိုး။ ။ လေ့လာ ဖတ်ရှုတာကတော့ ဟုတ်ပါပြီ။ လိုက်စားတယ် ဆိုတာက …။
တုံး။ ။ စာရေးဆရာတွေ လုပ်တဲ့ ဘာပွဲတွေ ညာပွဲတွေမှာ သိသိ မသိသိ အတင်းဝင်ရောပြီး ကျွေးသမျှဟာတွေ လိုက်စားတာ … အဲ … အဲဒီလို ဇွဲသန်ခဲ့လို့လည်း စာပေနယ်ကို ထဲထဲဝင်ဝင် သိတာပေါ့ဗျ။ ဖြတ်မပြောနဲ့ဗျာ … အဲဒီလို လိုက်စားလာတော့ သိလိုက်ရတဲ့ အသိက … ကဗျာရေးတာ အလွယ်ဆုံး ဆိုတာပဲ။
ဖိုးရှုပ်။ ။ ခင်ဗျာ …။
တုံး။ ။ ဟုတ်တယ်လေဗျာ … ဝတ္ထုရေးမလား၊ ဆောင်းပါးရေးမလား အနည်းဆုံး အေဖိုးစာရွက်နဲ့ ၃၊ ၄ ရွက်တော့ သွားမှာပဲ။ မင်လည်း ကုန်သေးတယ်။ ကဗျာကျတော့ ၃၊ ၄ ကြောင်းလောက် ရေးလိုက်ပြီးရော။ သြော် ပြောရဦးမယ်။ ကျုပ်က ကဗျာတောင် မော်ဒန်ပဲ ရေးတာဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်တာတွေက လက်ဝင်တယ်လေ၊ မော်ဒန်ကျတော့ လူနားလည်စရာ မလိုဘူး မဟုတ်လား။ ဥပမာ – ကျုပ်ရဲ့ ကဗျာတပုဒ် ရွတ်ပြမယ် … လမင်းကို ခဲနဲ့ လှမ်းပေါက်တော့ ကုက္ကိုရွက်တွေ ဖွဲကနဲ ကြွေကျလာတယ် … ချစ်သူ … ကျေးဇူးပြုပြီး ဖိနပ်ကို ခေါင်းအုံး မအိပ်ပါနဲ့ …။ ကဲ မိုက်တယ် မဟုတ်လား။
ရုက္ခစိုး။ ။ မိုက်တယ်ဗျာ … အဲဒါက ဘာအဓိပ္ပာယ်နဲ့၊ ဘယ်လိုခံစားချက်တွေနဲ့ ရေးတာလဲ။
တုံး။ ။ ခင်ဗျား အဲဒီလို မေးကတည်းက ဘယ်လောက်ညံ့တယ် ဆိုတာ ပေါ်လွင်နေပြီ။ ကျုပ်တောင် နားမလည်တဲ့ကိစ္စ ခင်ဗျား နားလည်အောင် ဘယ်လို ရှင်းပြရမှာလဲ။
ဖိုးရှုပ်။ ။ ထားပါတော့ဗျာ … အဲဒါနဲ့ မော်ဒန် ကဗျာဆရာကနေ ဘယ်လိုကဘယ်လို စာပေဝေဖန်ရေးဘက် ရောက်သွား တာလဲ။
တုံး။ ။ ဒီလိုရှိတယ် …။ ကျုပ်က ကဗျာနဲ့ ပါရမီမပါဘူးဗျ၊ နာမည်မကြီးဘူးပေါ့ဗျာ၊ ကျုပ်က နာမည်လည်း ကြီးချင် သေးတာကိုး … ဒါနဲ့ စာပေဝေဖန်ရေး လိုင်းဘက် ကူးပြီး ကိုယ့်ထက်သက်ကြီး၊ ဝါကြီး … သူများ လေးစားတဲ့ နာမည်ကျော် စာရေးဆရာကြီးတွေကို ဝေဖန်ရင် လူစိတ်ဝင်စားမှာပဲဆိုပြီး လုပ်လိုက်တာ။ ဟုတ်တယ်ဗျို့ … ကဗျာထက် စာရင် စာရွက်နဲ့ မင်နဲ့တော့ ပိုကုန်တာပေါ့၊ ဒါပေမယ့် နာမည်ကြီးပုံကတော့ မေတ္တာတုံးနဲ့ တွေ့ချင်လို့ လိုက်ရှာတဲ့သူတွေ များလွန်းလို့ ပုန်းနေရတဲ့ အထိပဲ။
ရုက္ခစိုး။ ။ ကိုယ့်ပရိသတ်တွေကို ဘာလို့ ပုန်းတာလဲဗျ။
တုံး။ ။ ဟာ … သူတို့က ကျုပ်ကို အကောင်းလိုက်ရှာတာ မဟုတ်ဘူး၊ ဓားတွေ၊ တုတ်တွေနဲ့ သတ်မယ်ဖြတ်မယ် ဆိုပြီး လိုက်ရှာတာ ဟီးဟီး။
မောင်မေတ္တာတုံးက သူ၏ အဆီပြန်နေသော မျက်နှာကြီးကို ပုဆိုးခါးပုံစဖြင့် သုတ်ရင်း ကြည့်မကောင်းစွာ စပ်ဖြီးဖြီး ရယ်ပြသည်။
ဖိုးရှုပ်။ ။ စာပေဝေဖန်ရေးမှာ သမိုင်းပညာရှင်တွေကို ဝေဖန်ရတဲ့ အကြောင်းပြောပါဦး။
တုံး။ ။ မနာလိုလို့ဗျာ …။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဦး … အချက်အလက်တွေ တိတိကျကျနဲ့ ဘယ်သူမှ ထောက်မပြနိုင်အောင် ရေးထားကြတာ။ သူတို့မို့ ကြီးကြီးကျယ်ကျယ် …။ ဘယ်ရမလဲ ကျုပ်ကလည်း ကျုပ်ပဲ။ ဘုရားသမိုင်း၊ သိုက်သမိုင်းတွေနဲ့ … ပုံပြင်စာအုပ်တွေ အသေအကျေ ဖတ်ပြီး သူတို့အမှားတွေကို ထောက်ပြတာပေါ့။
ရုက္ခစိုး။ ။ တော်တော့်ကို လေ့လာခဲ့ရ တာပါလား။ ဒါနဲ့ … ခင်ဗျားရဲ့ စာပေဝေဖန်ရေးအယူအဆကို အဓိပ္ပာယ် ဖွင့်ပြပါဦး။
တုံး။ ။ ကျုပ်အတွက်ကတော့ နာမည်ကြီး၊ သက်ကြီးဝါကြီး၊ လူအလေးစားခံ ပုဂ္ဂိုလ်ကြီးတွေရဲ့ နားရွက်ကို လိုက်တံတွေး ဆွတ်တာက သော့ချက်ပဲ။ စာအကြောင်း နည်းနည်း၊ ပုဂ္ဂိုလ်ရေး များများ မဟုတ်တန်းတရားတွေ ရေးလေ၊ ကျုပ် နာမည် ကြီးလေ။ ဒါပေမယ့်ဗျာ …။
မောင်မေတ္တာတုံး၏ အသံက ဆွေးဆွေးမြေ့မြေ့ နိုင်လာသည်။
တုံး။ ။ ဒါပေမယ့်ပေါ့နော် … ကျုပ်ရဲ့ တန်ဖိုးရှိတဲ့ ဝေဖန်စာတွေကို ဘယ်မဂ္ဂဇင်းကမှ ဆက်မသုံးတော့ဘူးဗျ။
ဖိုးရှုပ်။ ။ အဲဒါကြောင့် စာပေဝေဖန်ရေးက အနားယူပြီး ကပ္ပိယ လိုင်းဘက် ကူးလိုက်တာလား။
တုံး။ ။ ဒါကတော့ ဝါးတီးကိစ္စနဲ့ ဆိုင်တယ်ဗျ။ ကပ္ပိယလုပ်တော့ ဘာပဲဖြစ်ဖြစ် ထမင်းတော့ မငတ်ဘူးလေ။ ဒီထက် အကျိုးရှိတာကတော့ အခု စာစောင်တော်ကြီး တစောင်မှာ စာမျက်နှာ တမျက်နှာလောက် ရတော့ ပေါက်တတ်ကရ ရေးစရာ ကုန်ကြမ်းတွေက အဲဒီ ကပ္ပိယဘဝက ရလိုက်တာပဲ ဟဲဟဲ …။
ဖိုးရှုပ်။ ။ ဟုတ်ပြီ ဟုတ်ပြီ လိုရင်းရောက်လာပြီ။ အခု ခင်ဗျားရဲ့ “နာမည်ကြီးသူတိုင်းကို ပြစ်ပြစ်နှစ်နှစ် ကလော်တုတ်မည်၊ မည်သူ အမျိုးစောင့်စောင့် မစောင့်စောင့် ကျွန်ုပ် စောင့်မည်” ဆိုတဲ့ စာအုပ်ကိစ္စ ပြောပါဦး။
တုံး။ ။ ဟဲဟဲ … ဒါက နောက်တပိုင်းဖြစ်သွားပြီ။ ကျုပ်ရဲ့ ဘဝက သုံးပိုင်းဗျ။ စာပေနယ်၊ ဘာသာရေးနယ်၊ ပြီးတော့ … အခု နိုင်ငံရေး နယ်ပယ်ပေါ့နော် …။
မောင်မေတ္တာတုံး၏ စကားကြောင့် ဦးရုက္ခစိုး ဘုရားတလိုက်သည်။ မောင်မေတ္တာတုံးက မကြားဘဲ သူပြောချင်ရာ ဆက်ပြောသည်။
တုံး။ ။ အဲဒီလို နယ်ပယ် သုံးနယ်ပယ်မှာ ကျင်လည်လိုက်တော့ သိသွားတာ တခုက … အခုအချိန်မှာ စာပေသမားတွေ၊ သမိုင်းဆရာတွေကို ဝေဖန်လို့ အလုပ်မဖြစ်ဘူးဆိုတာပဲ။ ကျုပ်ရဲ့ ငုတ်လျှိုးနေတဲ့ ကလောင်လေး ပြန်လည် ထွန်းတောက်လာဖို့ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေကို ဝေဖန်ရမယ်၊ ဝေဖန်ရာမှာလည်း တခါတည်းနဲ့ ပွဲပြတ် … ဒိုင်ပွဲရပ်ပေါ့ဗျာ …။
ရုက္ခစိုး။ ။ ဆက်ပါဦး။
တုံး။ ။ ဒိုင်ပွဲရပ်ဖို့ဆိုတော့ ပွဲဆူမယ့်ကိစ္စကို စဉ်းစားလိုက်တာ ဘယ်သူအမျိုးစောင့်စောင့် မစောင့်စောင့် ကျွန်ုပ်စောင့်မည် ဆိုတဲ့ ခေါင်းစဉ်ကို သွားတွေ့တော့တာပဲ။
ဖိုးရှုပ်။ ။ ကိုယ့်ဘာသာ အမျိုးစောင့်တာနဲ့ ဟိုလူတွေကို ကလော်တုတ်တာနဲ့ ဘာဆိုင်လို့လဲဗျာ။
တုံး။ ။ ဆိုင်ပါသော်ကောဗျာ … ဟိုလူတွေ အမျိုးမစောင့်ကြောင်း ပယ်ပယ်နယ်နယ် ပြောတော့မှ ကျုပ် ဘယ်လောက် အမျိုးစောင့်တယ် ဆိုတာ ပေါ်လွင်တော့မှာပေါ့ … ဟုတ်ဘူးလား။
ထိုစဉ် … တုတ်များ၊ ဓားများ ကိုင်ဆောင်ထားကြသော လူအုပ်ကြီးသည် မောင်မေတ္တာတုံးအမည်ကို အော်ဟစ်ရင်း ဒေါသတကြီး တရွေ့ရွေ့ လျှောက်လှမ်းလာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။
မောင်မေတ္တာတုံးကား လျင်ပါပေသည်။ ပုဆိုးကို ပြင်ဝတ်ကာ ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့ကိုပင် နှုတ်မဆက်၊ လက်မပြနိုင်ဘဲ ထိုနေရာမှ တချိုးတည်း လစ်ပြေးလေသောကြောင့် သူသောက်ထားသည့် လက်ဖက်ရည် တခွက်ဖိုးကို ဖိုးရှုပ်က စိုက်ရှင်းလိုက်ရ လေတော့သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

Saturday, November 16, 2013

သာဂိနှင့်နှာပိ



သူတို.နှစ်ယောက်သည် ရွှေစလွယ်ရသူကြီးဖြစ်သောအဖိုး၏မြေးတော်ချစ်များဖြစ်ကြ၏။ ရွှေစလွယ်ဆိုလိုက်၍ မည်သူကပေးခဲ့သနည်းဟုစိတ်ဝင်စားစရာပင်။ ဖဲနိုင်သောကြောင့် မြို.ပန်းတိမ်တွင် ကိုယ့်ဖာသာခတ် ကိုယ့်ဖာသာပေးသော စလွယ်သာဖြစ်၏။

သူတို.တွင် အာစိဟူသော စကားသိပ်မဆိုသည့် ညီငယ်တစ်ယောက်လည်းရှိသေး၏။ သာဂိသည်ငယ်စဉ်ကတည်းကကာလသားခေါင်းဖြစ်လိုစိတ်ပြင်းပြ၏။ ခက်သည်က ဇမရှိခြင်းပင်။ သာဂိတို.အဖိုးကား သာဂိနှင့်မဆိုင်၊ တပည့်တပန်းပေါ၏၊ လက်ယဉ်၏၊ မိုက်ကန်း၏၊ လော်မာ၏၊ စစ်ပြန်ဖြစ်၏။ အလောင်းအစားခုံမင်၏။ အရက်သောက်၏၊ ဖဲရိုက်၏၊ ကြက်တိုက်၏။ ရွာနီးချုပ်စပ် ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများသာမက မြို.တက်၍ပင် ခြောက်ကောင်ဂျင်၊ အနီထောင်၊ ကြက်ပွဲ၊ မြင်းပွဲများလောင်းလေ့ရှိ၏။ ကိုယ်ပိုင်စီးပွါးမည်မည်ရရမရှိ။ သူမျက်စိကျလျင် ခပ်တည်တည်သိမ်းတတ်၏။ ခေါက်ဆွဲဆိုင်ပိုင်ရှင် တရုတ် အဖုန်နှင့် ဆာရီဆိုင်ပိုင်ရှင် ကုလားလေးမာမွတ်တို. ဆိုင်အသိမ်းခံရ၍ ယခုတိုင်ကမ္ဘာမကြေကြ။ တစ်ခါတွင် ရွာနယ်နိမိတ်အတွင်းက ဂျပန်သိုက်မှရသောပစ္စည်းအားလုံးကို သူ.အဖိုးဘုံးလိုက်သည်ဟု သတင်းကြီး၏။ မည်သူမျှတော့တိတိပပမပြောရဲကြ။ အဘယ်ကြောင့်ဆိုသော် ယခင်ရွာအစည်းအဝေးတွင်ထပြောသူတစ်ယောက်၊ နှစ်ယောက် အစရှာမရဘဲ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြသောကြောင့်ပေတည်း။ ထိုမျှမကသေး သာဂိတို.အဖိုးသည် အချစ်ကြမ်း၏၊ သျှတ္တရဆရာတစ်ဆူဖြစ်၏။ ရွာကွန်းတောင်ကိုင်လည်းအလွှတ်မပေး၊ တစ်လင်ကွာလည်းမချမ်းသာရ၊ သားသည်အမိလည်းမရှောင်ချေ။

ရွှပ်၊ ရွှပ်၊ ရွှပ်၊ ... (သမိုင်းစာမျက်နှာများကိုလှန်သံ)

...
ဤသို.ဖြင့် ရွာတွင်သူကြီးသစ်တက်လေတော့သည်။
ယခင်ကတစ်ရွာလုံးက ပေါတာ ဟုသတ်မှတ်ထားသူ သူကြီးဖြစ်လာသည်နှင့် မြန်မာစကားပုံဖြစ်သော ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ ဆိုသည့်စကားရပ်ကိုတစ်ရွာလုံး ကာယကံမြောက်နားလည်လာကြလေတော့၏။

ရွှပ်၊ ရွှပ်၊ ရွှပ်၊ ... (သမိုင်းစာမျက်နှာများကိုလှန်သံ)

...
အခန်.မသင့်ခြင်းသည် သာဂိတို.ညီနောင်သုံးဦးကို ယင်းတို.၏ဖခမည်းတော်နှင့်တကွသူကြီး၏အချုပ်ခန်းတွင် ထိပ်တုံးခတ်လိုက်ခြင်းအထိရောက်အောင် ပို.ဆောင်ပေးလိုက်ချေတော့၏။ သာဂိ၏ ကာလသားခေါင်းအိပ်မက်နှင့် နှာပိ၏လူမိုက်ဂိုဏ်းထောင်မည့်အစီအစဉ်တို.တစ်ခန်းရပ်သွားချေတော့သည်။

ရွှပ်၊ ရွှပ်၊ ရွှပ်၊ ... (သမိုင်းစာမျက်နှာများကိုလှန်သံ)

...
ရွာ၏ လက်ရှိသူကြီးသည် သူကြီးဟောင်းဖွင့်ထားသောအပေါင်ဆိုင်၏စာရေးဟောင်းဖြစ်၏။ သူသည် စကားကို ဘူးလုံးနားမထွင်းပြောတတ်သောအရာတွင်နာမည်ရ၏။ အဝှါပြုတာပေါ့၊ ဟိုဒင်းပေါ့နော်၊ အခုနကလိုပေါ့ ဆိုသောစကားလုံးတို.သည် သူ၏ ဒိုင်ကြောင်များဖြစ်၏။ သို.ရာတွင်သူသည်မကျန်းမာရှာ။ ရွာဗိန္ဓောဆရာ၏စကားအရ နှလုံးမကောင်း၊ သည်းခြေမကောင်းဟုသိရ၏။ ရှေ.မှီ နောက်မှီလူကြီးများကတော့ သည်းခြေမကောင်းလျင်ရူးတတ်၏ဟု ပြောဆိုသံကြားဖူးလေသည်။

ရွှပ်၊ ရွှပ်၊ ရွှပ်၊ ... (သမိုင်းစာမျက်နှာများကိုလှန်သံ)

...
ထိပ်တုံးကလွှတ်လာသော နှာပိသည်လွပ်လပ်ခြင်းအရသာကို ခံစားရင်း ရင်တွင်းကလိကလိဖြစ်လာသော ဝေဒနာကိုမမြိုသိပ်နိုင်ချေ။ ထို.ကြောင့်ပျို.တက်လာသော ယင်းဝေဒနာကို စကားလုံးများအဖြစ်ပြောင်းလိုက်လေ၏။ နှာပိသည် လက်သီးလက်မောင်းတန်း၍ပြော၏၊ မေးကြောကြီးများထောင်နေအောင် အံကြိတ်၍လည်းပြော၏၊ အာဘောင်အာရင်းသန်သန်နှင့်လည်းပြော၏။ စကားလုံးများကပါးစပ်နှင့်မဆံ့။ အကြောင်းသိများက ခိ ခိ ဟုရယ်၏။
ပြောရင်း ပြောရင်းနှင့် " ... ကျနော်ကတော့ အကုန်လုပ်မယ်ဗျာ ... " ဟုအဆုံးသတ်လိုက်လေ၏။

အကုန်လုပ်တော့မည်ဟု လူသိရှင်ကြားပွင့်လင်းသော နှာပိကို ဇာတ်သွင်းရန် မာမီသံ၊ အာလူးမ၊ ခင်စန်းဝင်းတို. ကြိတ်ဝိုင်းဖွဲ.တိုင်ပင်နေကြသည် ဟုလည်း ယနေ.သတင်းသန်.သန်.ကြားရပါသည်။

ဤတွင်သတင်းများကိုကြေငြာလို.ပြီးပါပြီ။ ။

Saturday, October 26, 2013

" သမ္မတလောင်း ဟစ်တစ်လုံး "


=================

" ကိုဟစ် ,, ကိုဟစ် ,, ရှင့်မလည်းတော် ခေါ်မကြား အော်မကြား တကတည်း မှပဲ "

အင်တာနက်ကလေး လိုင်းကောင်းတုံး မိုးစက်ဝိုင် လေးကို ဗုတ် မလို့ ရှိသေး တယ် ,, ဟစ်တစ်လုံး ကတော် မဒမ်ဟစ်တစ်လုံး ရဲ့ အော်သံကြောင့် ဟစ်တစ်လုံး ကွန်ပျူတာ ပိတ်ပြီး ပျာပျာသလဲ ထပြေး ရရောဗျာ ။
" ဘာလည်းကွာ မင်းကလဲ,, , ဆောင့်ကြီးအောင့်ကြီး ,, ခွီး တယ်မ "
" ရှင့်မလဲ ဒီ ကွန်ပျူတာရှေ့ တစ်နေကုန် မခွာဘူး ,, အပြင်လောက လည်း ထွက်ကြည့် ပါအုံး"

လက်တစ်ဖက်က ခါးထောက်ပြီး တစ်ဖက်က သစ်သား ယောင်းမ ကိုင်ထားတဲ့ မဒမ်ဟစ်တစ်လုံး ကိုကြည့်ပြီး ငယ်ကြောက်မို့ ဟစ်တစ်လုံး အသာ ကိုယ်ရှိန်သတ်ပြီး မေးရတယ်ဗျ ။

" အပြင်မှာ ဘာဖြစ်နေလို့လဲ မိန်းမရယ် ,, သီတင်းကျွတ် ဗျောက်အိုး ဖေါက်တာ မို့ လား ,, ဗုံး ကွဲတဲ့ သတင်း တွေလည်း အေးနေပါပြီ "
" ရှင့် မလဲ အဲလို တုံးလို့ မကြီးပွားတာ , သီတင်းကျွတ် ပြီးကတည်း က လူတွေ အားလုံး သမ္မတ အကြောင်းပဲ ပြောနေကြတာ ,, ရှင်သာ အခေါင်းထဲ အောင်းနေ လို့ ဘာမှ မသိတာ "
" သမ္မတ ဘာဖြစ်လို့ လဲကွာ ,, ငါတို့ သမ္မတကြီး ဟိုတစ်လောကပဲ ဘရူနိုင်းက ပြန်လာတာ ,, နေကောင်းတဲ့ ပုံလည်း ပေါ်ပါတယ် ဟ "

" အဲဒီ သမ္မတကြီးကို ပြောတာ မဟုတ်ဘူးတော့ ,, အခု ရပ်ကွက်ထဲမှာ သီတင်းကျွတ်ပြီး ကတည်းက သမ္မတ ဖြစ်ချင်တဲ့ သူနဲ့ သမ္မတ ဝင်အရွေး ခံမဲ့ သူနဲ့ ,, ရှင်သာ အကြံတုံး ဥာဏ်တုံး ဒီ မတောက်တစ်ခေါက် စာပဲ ရေးနေ တယ် ,, နည်းနည်း ပါးပါးလည်း ကြီးပွား ချမ်းသာ ဖို့ လုပ်အုံး တော့ "

" မင်းကလည်းကွာ ,, သမ္မတ ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်လို့ ရတာမှ မဟုတ်တာ ,, သမ္မတ အရည် အချင်း သတ်မှတ်ချက် တွေ ရှိသေးတယ်ဟ ,, တို့ အမေစု တောင် သမ္မတ ဖြစ်ဖို့ ဟို ပုဒ်မ ၉၅ ဆိုတာကြီး ကန့်လန့်ကန့်လန့် ဖြစ်နေတာ တဲ့ "

" အို ,, ပုဒ်ထီးတွေ ပုဒ်မ တွေ ကျုပ် မသိဘူး ,, အခု တစ်ရပ်ကွက်လုံး သမ္မတ ဖြစ်ချင်နေကြပြီ တော့,, လမ်းထိပ် က အမှိုက်ပုံ မှာ အိပ်တဲ့ ဟိုရွှေမန်းတင်မောင်ရူး ရူးနေတဲ့ အရူးတင်မောင်ကြီး တောင် သမ္မတ ဝင် အရွေးခံ မလို့ တဲ့ ,, အဲ ပြီးတော့ ဟို အနှေးယာဉ် ဥက္ကဌ စစ်သား လူထွက်ကြီးလည်း သူ့အဖေဆီ ဆိုလား သူ့အဘ ဆီ ဆိုလား သီတင်းကျွတ် သွားကန်တော့ပြီး ပြန်လာ ကတည်းက သမ္မတ လုပ်မယ်ချည့် ပြော နေတာ ,,သူ့ အိမ်မှာ ဆို ဆိုက်ကားသမား တပည့်တွေနဲ့ စည်ကား နေတာပဲ ,, ရှင်လည်း လူရှိန်အောင် သမ္မတ ဝင် အရွေးခံမယ် ဘာညာ ရွှီး အုံး ,, ဟိဟီး ,, တကယ်ဖြစ်ရင်လည်း ကျုပ်တို့ ထောပြီတော့ ,, ဟိုရပ်ထားတဲ့ မြစ်ဆုံ စီမံကိန်းကြီး တစ်ခု ပြန် စ တာနဲ့ တင်ပွပြီ ,,ဟီး ဟီး "

သောရောဟဲ့ နန္ဒိယ ၊ ပေါတောတော မဒမ်ဟစ်တစ်လုံးကို ဟစ်တစ်လုံး ဖနောင့်နဲ့ ပေါက်ချင်စိတ် ကို မနည်း အောင့်အည်းထားရတယ် ။ ဒါပေသိ အစဉ်အလာ မျိုးနဲ့ ရိုးနဲ့ ကျောက်ဆည် သားပီပီ မယားကြောက်ရ တာမို့ ညစာ မငတ်ရအောင် ဟစ်တစ်လုံး ဖေါ်လို လိုက်ရတာပေါ့ဗျာ ။

" အေး ,, ငါလည်း မသေခင် သမ္မတလေး တော့ လုပ်ဖူး ချင်တာပေါ့ဟာ ,, ဒါပေသိ ငါက နိုင်ငံရေး ဆိုလို့ နကန်းတစ်လုံးတောင် နားမလည်,, ဘာမှ လည်း မတတ် တော့ ,,,တော့ "
" အို ,, ရှင်ကလည်း ဘာနားလည်စရာ လိုလည်း ,, အခု သမ္မတ ဖြစ်ချင်တယ် ပြောနေတဲ့ သူတွေ ကော ဘာနားလည်လို့လဲ ,, ဘာတတ်လို့လဲ ,,, အတူတူ နဲ့ အနူနူပဲ ,, ရှင်ဟာ လေ "

ဟစ်တစ်လုံး မလည်း သမ္မတ အရည်းအချင်း ဆိုလို့  ဖေါ်လိုပင် ကောင်းကောင်း မလိုက်တတ် ။ မဒမ်ဟစ်တစ်လုံး ဆဲတာလဲ မလွန်ဘူးဗျ ။
" ရှင်ကလည်း တုံးရန်ကော , ကျုပ်တို့ မိသားစု စီးပွားရေးက သမ္မတ အရည်းအချင်း မှီနေတာမှ လွန်တောင် နေသေး "
" ဘာလဲ ,, မိန်းမရာ ,, ငါတို့ က စီးပွားရေး ဆိုလို့ မူးလို့ တောင်ရှူ စရာ မရှိတာ "

" ရှင်ကလည်း တုံးပြီးရင်း တုံးရင်း ,, အဲဒီ မရှိတာကြီးကို က အရည် အချင်း တဲ့ တော့ ,, ရှင့် သား နှစ်ယောက်ဆိုလည်း တစ်ယောက်က ဆိုက်ကားနင်း တစ်ယောက်က စပါယ်ယာ ,, ကျုပ် က ပဲပြုတ်ရောင်း ,, ရှင်က လည်း ယောင်ခြောက်ဆယ် စာရေးဆရာ ကာတွန်းဆရာ ,, ကဲ လာဘ်ပေး လာဘ်ယူ လည်း မရှိ ,, အခွင့်ထူးခံ လည်း မဟုတ် ,, ဥပဒေ နဲ့ အညီ စီးပွားရေး လုပ်တာ ,,အချိန်မရွေး အစစ်ခံနိုင်တယ် ,,, အဲ လို ကလီးယား ဖြစ်မှ သမ္မတ ဝင် အရွေးခံ နိုင်တာ တဲ့တော့ "

ဟိုက် ရှာလပတ်ရည် ၊ မဒမ်ဟစ်တစ်လုံး ပြောမှ ဟစ်တစ်လုံး တော်တော် ဘဝင်မြင့် သွားတယ် ဗျ။
အမယ် မဒမ်ဟစ်တစ်လုံးက ပြုံးဖြီးဖြီးနဲ့ ဆက်ပြောသေး တယ် ။

" ရှင့် ကို တုံးလွန်းလို့ မွဲလွန်းလို့ ကျုပ်က စိတ်ကုန်နေတာ ,,ဟီးဟီး ခုတော့ သမ္မတ ဖြစ်ချင်ရင် မသိမှ မရှိမှ တဲ့တော့ ဟီးဟီး,, "
ဟစ်တစ်လုံး လည်း မဒမ်ဟစ်တစ်လုံးပြောမှ ကိုယ့်မှာ သမ္မတလောင်း အရည်အချင်းတွေ ရှိမှန်း သိပြီး သူနဲ့ လိုက်ပြီး တဟီးဟီး အူမြူး သွားတာပေါ့ ဗျာ ။

" ကဲ ကဲ ,, ပြောနေတာ ကြာတယ် ,,ရှင့် ဝှိုက်ဘုတ်ပေး ,, အိမ်ရှေ့ မှာ ကြော်ငြာ ရေးထားရမယ် "
ပြောပြော ဆိုဆို မဒမ်ဟစ်တစ်လုံးက ဝှိုက်ဘုတ်ပေါ် မှာ စာ ကောက်ရေး တော့တယ် ။

ဟစ်တစ်လုံး သမ္မတ ဖြစ်ချင်သည် ။
သမ္မတ ဝင်အရွေးခံမည် ။
ပုံ/
သမ္မတလောင်း ဟစ်တစ်လုံး

သဗ္ဗေသတ္တာကမ္မသကာ

" ဟစ်တစ်လုံး "

" ကျွန်တော် ဟစ်တစ်လုံး အား သမ္မတလောင်း အဖြစ် ပရိတ်သတ်ကြီးမှ အားနာပါးနာ မဲပေးလိုပါက Like တစ်ချက်သာ ကလစ် လိုက်ပါဗျာ ,, ငိ ငိ "

ဟစ်တစ်လုံး via
MyanmarDaily.net

Friday, October 18, 2013

ကဝိများမိန့်ကြား လောကရယ်ဆေးများ



အီးမေး အင်တာနက်တွေထဲက ဗမာပြည်နဲ့ပါတ်သက်တဲ့ သတင်းအကြောင်းအချက်တွေလိုက်ဖတ်ရင်း စိုးရိမ်သောကဖြစ်လိုက်၊ ခံပြင်းဒေါသဖြစ်လိုက်၊ ဝမ်းနည်းကြေကွဲဖြစ်လိုက်၊ မချိတင်ကဲဖြစ်လိုက်၊ ယူကြုံးမရဖြစ်လိုက်၊ ဒီကြားကပဲ မချိသွားဖြဲရယ်စရာတွေကလဲတွေ့နေရပြန်တယ်။

သောက်ရှက်မရှိ စစ်ဝတ်စုံကြီးဝတ်ပြီး ဌာနီဌာနမသိ တက္ကသိုလ်ဘွဲ့နှင်းသဘင်တက်နေတဲ့ ဗိုချုပ်လဒူတွေ၊ ဒါတင်မက ပြိတ္တာငရွှေမြေး ဘာမဟုတ်တဲ့ ဖိုးလပြွတ်ဆိုတဲ့ ခွေးပြုတ်တဲ့ဒစ်လောက်ကလေးကို ဥက္ကဌတင် ခယနေတဲ့ ပညာရှိ ဒီသာပါမောက္ခကြီးတွေ၊ လူထုအသက်အိုးအိမ်ကိုခြိမ်းခြောက်တဲ့ ဗုံးခွဲသူကိုတောင် နားလည်လေးစားနေတဲ့ အာဏာပိုင်ဆိုသူတွေ၊ သူတပါးအလိုဆန္ဒကိုဖြည့်ဆည်းနေရတဲ့ လက်ကိုင်တုတ်ကျွန်တွေက တန်ခိုးအာဏာပြနေတာတွေ၊ လူထုအကျိုးဆောင်မယ်ဆိုပြီး လူထုငိုကြွေးသံကို မကြားချင်ယောင်ဆောင်နေတဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေ၊ ပြီးတော့ လွတ်တော်အသံလူထု အသံဆိုပြီး လူထုငိုသံကိုမကြား ကွမ်းတံတွေးထွေးတာလောက်ပဲပြောတတ်တဲ့အမတ်တွေနဲ့ နပုန်းပဏ္ဍုတ်ရဲ့တရားကိုမှတ်သားနာယူနေကြသူများမှီခိုရာ လွတ်တော်ကြီးဆိုတာတွေ မြင်ရတော့ ရီဝေမျက်လုံးများနဲ့ မချိသွားဖြဲရင်း ပညာရှိသူတော်ကောင်းတွေက ရယ်မောခြင်းကိုဘယ်လိုများ အဓိပ္ပာယ်ဖွင့်ခဲ့သလဲလို့ရှာကြည့်မိတယ်။

ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသကတော့ သုတေသနသရုပ်ပြအဘိဓာန်မှာ စိန္တကျော်သူဦးသြရဲ့ သြဝါဒထူးပျို့က ထုတ်နုတ်ပြီးအောက်ကအတိုင်း ရှင်းပြထားတယ်။ ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်ပါတ်ဝန်းကျင်က ရယ်စရာတွေကိုတိုက်ကြည့်စေချင်တယ်။

ရယ်ခြင်းသုံးပါး လူအများတရားရစေမှု။

၁။ မယားရယ်ခြင်း…..ချစ်လို့မငြီး၊ ဇနီးအိမ်ရှင်၊ မိမိလင်သည်၊ ချစ်ခင်သောအား၊ သမီးသားကို၊ ပိုက်ဖျားအားရမ်း၊ ချီရှုတ်နမ်းသော်၊ မယ့်ဝမ်းကမွေး၊ သူများသွေးကို၊ အလေးတမြတ်၊ သင့်သားမှတ်၍၊ လည့်ပတ်ဖက်ချီ၊ နမ်းလေပြီဟု၊ မထည်(ထီ)မလေး၊ အသွမ်းသွေး၍၊ အဝေးမျက်ကွယ်၊ မယားရယ်၏။ (ကိုယ့်မယားကမွေးတိုင်းကိုယ့်ကလေးထင်ပြီး ပွေးဖက်ချိနမ်းတဲ့နေတဲ့လင်ကိုကြည့်ပြီး သစ္စာဖောက်ပြားလင်ငယ်ထားတဲ့ မယားကရယ်သတဲ့)

၂။ မြေ လယ် ယာကရယ်ခြင်း…ငါ့လယ်ငါ့ယာ၊ငါ့မြေတာဟု၊ ဥစ္စာခင်မင်၊ ဆိုပြန်လျင်လည်း၊ အရှင်မဲ့ပါ၊ ငါတို့မှာမူ၊ ကမ္ဘာမကြေ၊ မခြင်းနေ၏၊ မသွေယွင်းယို၊ သင်တို့ကိုယ်မျှ၊ လိုမပိုင်ဘဲ၊ ဘွယ်သရဲဟု၊ ပြောင်ဖြဲသောနှယ်၊ မြေယာရယ်၏။ (အချိန်တန်ရင် သေဆုံးပျောက်ကွယ်သွားရမဲ့လူက ငါ့မြေငါ့ယာလို့ လောဘမာနတက်ကြွေးကြော်ရင် ကမ္ဘာသုဉ်းတဲ့အထိတည်မဲ့ ပြေကြီးကရယ်သတဲ့)

၃။ ရွှေငွေရတနာကရယ်ခြင်း….ငါ့စိန်ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း၊ ကြမ္မာဆောင်တိုက်၊ ကောင်းတော်ခိုက်မို့၊ အိမ်ဆိုက်မျှသာ၊ တည်းခိုပါရှင့်၊ ငါးဖြာရန်သူ၊ ယူလည်းတို့ပါ၊ သေမင်းခွါလည်း၊ သင့်ရာအလျောက်၊ ငါ့တို့ရောက်သည်၊ တို့သခင်လျင်၊ ဖြစ်ချင်လွန်းလှ၊ လွန်မင်းစွဟု၊ ဒေါသချီးရယ်၊ ရွှေငွေရယ်သည်၊ သုံးသွယ်ရယ်ဆေး၊ ပြက်သွယ်သွေး။ ( ရန်သူမျိုးငါးပါး နှိပ်စက်ယူဆောင်တာဖြစ်ဖြစ် သေရင်ထားခဲ့ရမှာကို မသိပဲ ကံအလျောက် ခေတ္တလာနားခိုတဲ့ စိန်ရွှေငွေရတနာတေကွို ငါဥစ္စာငါ့ဟာလို့ လောဘတက်နေသူကို စိန်ရွှေရတနာတွေက ရယ်သတဲ့)

ရယ်ဘွယ်ဆယ်ပါး ကဝိများမိန့်ကြား အဘယ်နည်း..

ရယ်ဘွယ်ဆယ်ပါး၊ မှတ်ကြောင်းသွယ်ပိမ့်၊ (၁) ဥာဏ်ကျယ်ပါလျက်၊ ပွဲလည်ချက်ဝယ်၊ နှုတ်ထွက်ယွင်းပါး၊ ဖွင်ဆိုမှားအံ့ (၂ ) ခစားသူမှာ၊ သူလိုရာသို့ လိုက်လျောရလျက်၊ မာနတက်အံ့ (၃) လက္ခဏာမဲ့၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲစွာလျက်၊ ကာမဂုဏ်မှု၊ လုံ့လပြုအံ့ (၄) ပြီးထုထပ်ပွား၊ ဥစ္စာများလျက်၊ မိုက်အားဖုံးလွမ်း၊ မပေးကမ်းပဲ၊ ဒါနနည်းအံ့ (၅) ငြိမ်းချမ်းသာယာ၊ နေရပါလျက်၊ သူများမှီနေ၊ ခစားနေအံ့ (၆) သားရေလျော့ပါး၊ အိုပါငြားလည်း၊ တရားမဂ်ဖိုလ်၊ မမှီခိုအံ့ (၇) ရန်ပြိုပယ်လှစ်၊ ပြည့်ရှင်ဖြစ်လျက်၊ မူညစ်ဆိုးနွမ်း၊ မူးမတ်သွမ်းနှင့်၊ ချစ်ကျွမ်းဝင်ဝင်၊ ရေးတိုင်ပင်အံ့ (၈) သန့်စင်နွယ်ဓာတ်၊ မျိုးရိုးမြတ်လျက်၊ အတတ်မသင်၊ နားဝင်မကျွမ်း၊ လော်လီသွမ်းအံ့ (၉) မနွမ်းဂုဏ်အင်။ ယောင်္ကျားစင်လျက်၊ ချစ်ခင်စိုးပိုင်၊ မယားနိုင်အံ့ (၁၀) သုံးဆိုင်ဗေဒင်၊ ကုန်စင်မြောက်မြား၊ ထုံးနှယ်ထွားသည်၊ ပုဏ္ဏားဖြစ်လျက်၊ အကျင့်ပျက်အံ့၊ ကန့်ကွက်ခြားနား၊ ဤဆယ်ပါးကို၊ အများလူတွင်၊ ရယ်ဘွယ်ထင်သည်၊ သည့်ပြင်ရယ်ဆေး ရမည်ဝေး။

၁။ အမှန်သိပညာရှိပါလျက် လူပုံအလယ်မှာ အမှန်တရားကိုမပြောနိုင် တလွဲအမှားတွေကိုပြောတဲ့ ပညာရှင် ပညာရှိ။
၂။ သူတပါးအရှိန်အဝါနဲ့ မောက်မာ အာဏာပြတဲ့ သူတပါးကိုခစား အလုပ်အကြွေးပြုနေရတဲ့ တပါးကျွန်လုပ်ခစား
၃။ ဥစ္စာဓနခေါင်းပါးတဲ့ ကြားသောက်စားပျော်ပါး ကာမဂုဏ်လိုက်စားသူ
၎။ ပစ္စည်းဥစ္စာများပြာပြည့်စုံပါလျက် ကုသိုလ်ဒါနပြုဖို့ နှမြောတွန့်တိုသူ
၅။ ကိုယ်ဟာကိုယ် အေးချမ်းလွတ်လပ်နေနိုင်ပါလျက် သူတပါးဆီမှာ မှီခိုခစား ဖားယားတတ်သူ
၆။ အသားအရေခြောက်ခန်းအိုမင်းမစွမ်းဖြစ်တာတောင် တရားမရသူ
၇။ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်နေပါလျက် ပေါတောချာတာ အကျင့်ယုတ်တဲ့မူးမတ်တွေနဲ့ပဲတိုင်ပင်လုပ်ကိုတဲ့ မင်း၊ အုပ်ချုပ်သူ
၈။ မျိုးရိုးစဉ်လာကောင်းကမွေးပါလျက် အကုသိုလ်ကင်းတဲ့ အသက်မွေးမှုအတွက် အတတ်ပညာမသင်ပဲ အလွယ်လမ်းလိုက်သူ
၉။ မယားကြောက်သူ နဲ့ (၁၀) တရားဓမ္မ ဗေဒင်ကျမ်းဂန်တွေကို နားလည်တတ်မြောက်ပါလျက် အကျင့်သီလပျက်တဲ့ ရဟန်းပုဏ္ဏား…စတဲ့ပုဂ္ဂိုလ်အကြောင်းးဆယ်ပါးထက် ရယ်စရာကောင်းတဲ့ဆေး လောကကြီးမှာ မရှိပါ..တဲ့ဗျား။

ရဲဘော်ကျော်သန်း