Friday, April 26, 2013

တော်လှန်ကြယ်တစ်ပွင့်။

တော်လှန်ကြယ်တစ်ပွင့်။

ဦးမောင်မောင်ကြီး ( ၁၉၆၃ - ၂၀၁၃ )။

ကိုယ်ရေးအတ္ထုပတ္တိ။

ဦးမောင်မောင်ကြီးကို အဖ ဦးအုန်းဖေ နှင့် အမိ ဒေါ်ညွန့်ရီတို့မှ ၁၉၆၃ ခုနှစ်၊ ဇန္န၀ါရီလ(၁၇) ရက်နေ့တွင် ရန်ကုန်တိုင်း ၊ ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်း(၈)ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ၁၉၆၉ ခုနှစ်မှစ၍ ရန်ကင်းမြို့နယ် ၊ အလယ်တန်း ကျောင်း (အ လ က ၃) တွင် ပညာ စတင်ဆည်းပူးခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကင်းမြို့နယ် အထက်တန်း ကျောင်း (အ ထ က ၂) သို့ ပြောင်းရွှေ့ပြီး ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ လုပ်သားများ ကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ပညာဆက်လက်ဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီ နည်းပြသင်တန်း ၊ လမ်းစဉ်လူငယ် ခေါင်းဆောင်နှင့်မွမ်းမံသင်တန်း အပြင် အလုပ်သမားအစည်းအရုံး ရုံးစီမံခန့်ခွဲမှု ပညာရပ်များကိုသင်ယူခဲ့သည်။

ကျောင်းသားဘဝ ကတည်းမှစ၍ စာပေ၀ါသနာပါသောကြောင့် မြန်မာစာပေများ ၊ ဒုတိယကမ္ဘာစစ်ဆိုင်ရာ စာပေများ၊ အလုပ်သမားစာပေများအပါအ၀င် တော်လှန်စာပေများအား လေ့လာဆည်းပူးခဲ့သည်။ လုပ်သားများ ကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ပညာသင်နေရင်း ရန်ကင်းမြို့နယ် ၊ ရက်ကွက်စာကြည့်တိုက်တွင် လည်း အတွင်းရေးမှူးအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်ခဲ့သည်။ ပညာသင်နေရင်း လုပ်ငန်းခွင်များ ၀င်ရောက်လုပ်ကိုင်စဉ် ၁၉၈၈ ခုနှစ် မတ်လ ကျောင်းသား (ကိုဖုန်းမော်) လှုပ်ရှားမှုအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး (၁၉၈၈) ခုနှစ် မြန်မာတနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးတွင် တာဝန်ကျရာ အခန်းဏ္ဍမှ တက်ကြွစွာပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၈၈ လူထုအရေးတော်ပုံမတိုင်မီအထိ မြန်မာ့ရေနံ ကော်ပိုရေးရှင်းရုံးဝန်ထမ်း ၊ ရန်ကင်းမြို့နယ် ကြက်ခြေနီ တပ်စုမှူး နှင့် လုပ်သားများကောလိပ် အလုပ် အမှု ဆောင်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် စစ်အစိုးရ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)၏ စစ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ်အား တိုက်ဖျက်ရန်အတွက် တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အခြေခံဒေသသို့ ထွက်ခွါလာခဲ့သည်။
လွတ်မြောက်နယ်မြေသို့ရောက်ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) သို့ မွန်ပြည်နယ် ၊ ဘုရားသုံးဆူဒေသ ၊ တပ်ရင်း (၁၀၂)မှ စတင်ဝင်ရောက်ကာ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)တွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တပ်ရင်းစည်းရုံးရေးအဖွဲ့ဝင် ၊ စခန်း ကော်မတီအတွင်းရေးမှူး (၂) ၊ အမှတ် (၁၀၂)တပ်ရင်းမှူး ၊ စခန်းကော်မတီ ဒုတိယ ဥက္ကဌ ၊ နယ်မြေကော်မတီ အတွင်းရေးမှူး နှင့် မကဒတ ဒုတိယအကြိမ်ညီလာခံသက်တမ်းအတွင်း ဗဟိုကော်မီတီဝင် ၊ ဗဟိုလုပ်ငန်း စစ်ဆေးရေးဌာနအတွင်းရေးမှူးအဖြစ်လည်းကောင်း ၊ ၄င်းနောက် တပ်ရင်း (၂၀၉)သို့ပြောင်းရွှေ့ပြီးနောက် တတိယအကြိမ်ညီလာခံသက်တမ်းအတွင်း ကျောင်းသား တပ်မတော် စစ်ရုံးချုပ် ရုံးအုပ်ကြီးအဖြစ် လည်းကောင်း ၊ ၁၉၉၆ခုနှစ် ပေါင်းစည်းရေးညီလာခံ သက်တမ်းကာလအတွင်း ဗဟိုကော်မတီဝင် ၊ ဌာနချုပ် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သက္ကရာဇ်(၂၀၀၀)ခုနှစ်မှစ၍ ကွယ်လွန်ချိန်အထိ ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုတွင် ဗဟိုဦးဆောင်ကော်မတီဝင်အဖြစ် ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုတွင်လည်း မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေး ၊ စစ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ်မှာပင် ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ လူထုစည်းရုံးရေး ၊ ရုံးစီမံခန့်ခွဲရေး အပါအ၀င် အခြားသော ပညာရပ်များကိုလေ့လာဆည်းပူးကာ နိုင်ငံတကာတက္ကသိုလ်များမှ အသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။ ၄င်းအပြင် မိမိတတ်ကျွမ်းသောပညာရပ် များကို သင်ကြားပို့ချသည့် ကျောင်းဆရာ ၊ သင်တန်းဆရာအဖြစ်လည်း နှစ်ပေါင်းမျာစွာ ဆောင်ရွက်ခဲ့သည်။

မကွယ်လွန်မိအချိန်အထိ Children Development Center ပညာရေးကော်မတီတွင် ဒုတိယ ဥက္ကဌအဖြစ် လည်းကောင်း ၊ ခလေးအခွင့်အရေးကာကွယ်စောင့်ရှောက်မှုကော်မတီတွင် တွဲဖက်အတွင်း ရေးမှူးအဖြစ် လည်းကောင်း ၊ Suwannimit Foundation တွင် ဆပ်ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်မှစ၍ အသည်းရောဂါ ဝေဒနာကြောင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းသွားသော်လည်း စစ်အာဏာရှင် များကို အရှုံးမပေး လက်မလျှော့ဘဲ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သည်။

၁၉၉၅ခုနှစ်တွင် မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့မှ နော်လေးဒီနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ စောရန်နိုင် နှင့် စောဇင်မင်း သား (၂) ယောက် ထွန်းကားပြီး မကွယ်လွန်မီအချိန်အထိ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခဲ့သည်။
 
မန်မာပြည်ဒီမိုကရေစီနှင့်လူ့ အခွင့်ရေးပြန်လှယ်ရရှိစေရေးအတွက် သမိုင်းပေးတာဝန်ကို ကျေပျွန်ခဲ့သည့် တိုင်းပြည်နှင့်လူမျိုး အကျိုးကို နောက်ဆုံးထွက်သက်အထိ တာဝန်ကျေပျွန်ခဲ့သော တော်လှန်သောရဲဘော်
ဦးမောင်မောင်ကြီးအား တိုက်ပွဲဝင်ခွပ့်ဒေါင်း အပေါင်းတို့ မှလေးစားဦးညွှတ်အလေးပြုအပ့်ပါသည်။
ရဲဘော်ကြီး ကောင်းရာသုဂတိသို့ ရောက်ပါစေသော်။
ရင်ထဲမှအစဉ်ထာဝရ ဂုဏ်ယူလေးစားဦးညွှတ်အလေးပြု ရင်း
ဘလော့ဂါ 
 
Myat Thu သူ့ရဲ့အရည်အချင်းထဲမှာ အပျောင်မြောက်ဆုံးက ဖ၀နဥာဏ်ပါ။ ဒီမှာ သူရေးသွားခဲ့ဖူးတဲ့ "မီးရထားဖြင့် ခရီးသွားကြသူများ" ဆိုတဲ့ လက်ရာလေးပေါ့ http://kyawpa.blogspot.com/2012/12/blog-post_561.html

မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)

အခန်း ၁

မီးရထား ရုံပိုင်ကြီး ဦးသိန်းစိန်သည်

ဘူတာရုံတွင်လူ ၆ ယောက်တိုးခန့်ထားလေသည်။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ ကို လက်မှတ်ရောင်းစရာမလို ဘူတာရုံသန့်ရှင်းရေးလုပ်စရာမလိုတော့ပဲ တစ်ဘူတာဝင် တစ်ဘူတာထွက် ဘူတာများများ ရောက်ရန် ကြိုးစားခိုင်းလေသည်။

 ဦးသိန်းစိန်သည် ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ကို ရထားပေါ်တွင် တွေ့သမျှ အားလုံး တင်ရန် ကြိုးစားခိုင်းလေတော့သည်။ ထိုအခါ ရထားစီးသူများလာလေ၏။  တစ်ချို့က ရရာဘူတာမှစီး၏ တစ်ချို့က အပ်ပါးကလပ်မှ စီးချင်ကြ၏။ တချို့မှာမူ တစ်ယောက်ထည်းစီးချင်၏၊ တစ်ချို့ကား အဖွဲ့လိုက် လက်မှတ်ဝယ်၏။ တစ်ချို့သည် အမေရိကားမှ လာစီးကြ၏။ အော်စတြေးလျှမှ တစ်ချို့ကား ဖင်လန်မှ လာစီးကြ၏။ လမ်းဆုံးအထိ လိုက်မည်ဟုဆိုကာ အရှိန်များသောကြောင့် လန့်လာသဖြင့် ခုန်ဆင်း ကြသူများလည်းရှိသည်။

ရထားပေါ်တွင် အမှန်အကန် မီးရထားစီးသူ ကုန်ပစ္စည်းတင်သူ အပျော်လိုက် စီးသူ ဈေးရောင်းသူ ခေါင်မိုးပေါ်တက်စီးသူ တွယ်စီးသူ နှင့် ခါးပိုက်နိုက်များပါ ပါဝင်၏။ အမှန်အကန်စီးသူများသည် ရထားကြီးကို သူတို့ရောက်ချင်သည့် ဘူတာရောက် မည်ဟု ယုံကြည်ကြ၏။ ကုန်ပစ္စည်းတင်သူများကား ဈေးသက်သက်သာသာနဲ့ ကြက်သွန်အိတ် ပဲအိတ် ဆန်အိတ်များကို သယ်ချင်သူ မှောင်ခိုများဖြစ်၏။ အပျော် လိုက်စီးသူများမှာ အိမ်ပြန်လည်ချင်သူများဖြစ်၏။ ဈေးရောင်းသူများမှာ မြတ်ရင်ပြီး ရောဖြစ်ပြီး ခေါင်မိုးပေါ် တက်စီးသူနဲ့ တွယ်စီးသူတို့မှာ မိမိကိုယ်မိမိ သေကြောင်း ကြံစည်သူများဖြစ်၏။ ခါးပိုက်နိုက်များကား ခရီးသွားသူအချင်းချင်း ဒုက္ခပေးရန် ရရာ နှိုက်မည်သူများဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ရထားကြီးပေါ်တွင် ယခင်ကထက် လူပိုများလာသည်က အမှန်ပေတည်း။

အခန်း ၂

ရထားကြီးပေါ်တွင် စီးကြရင်းနှင့် အချင်းချင်း အပြန်အလှန်ကူညီကြ၏။ ရထားက အလွန်မြန်သဖြင့် လန့်နေသူလည်းရှိ၏၊ အချို့ဘူတာတွင် အကြာကြီးရပ်၏ အချို့ ဘူတာတွင်ကား ဘီးလိမ့်ရုံသာရပ်၏။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့သည် လည်းကောင်းတို့နားတွင် တိုလီမုတ်စခိုင်းရန် ခင်ရီဆိုသူ ကောင်လေးတစ်ယောက်ကို ခေါ်ထားကာ ထမင်းထုပ်ဝယ်ခိုင်း၏။ အဝတ်လျှော်ခိုင်း၏။ ညှောင်းလျှင်နှိပ်ခိုင်း၏။ ထိုမီးရထားလာနေချိန်တွင် ရွာထဲတွင်လည်း ရှုပ်ရှက်ခက်လျက်ရှိသည် ရွာထဲရှိ ကုလားလေးများနှင့် ရခိုင်လေးများသည် ရန်ဖြစ်လျက်ရှိသည် ရွာတောင်ဘက်ရှိ မြေ ကွက်ကို သူကြီးဖြစ်သူဦးပိုင်က မပြောမဆိုပဲ တရုတ်များကိုရောင်းလိုက်၏။ ရွာသား များက မကျေနပ်ကြ၊ ရွာထဲရှိ ဘုန်းကြီးများကို သူကြီးက တုတ်နှင့်ရိုက်၏ ဆောင့် ကန်၏၊ သေနတ်နှင့်ပစ်၏၊ ရွာအလည်ကောင်ရှိ မြေကွက်ကို ရွှေတူးမည်ဟုဆိုကာ ခြံစည်းရိုးခတ်၏ ရွာတရားရုံးကို စားသောက်ဆိုင်လုပ်ရန် ရောင်းပြန်၏။  သူကြီးသည် မူးရမ်းကာ တရုတ်လူမိုက်တစ်စုနှင့်အတူ ရွာထဲတွင်လုပ်ချင်တာလုပ်နေတော့သည်။

ထိုအကြောင်းအရာများကို မီးရထားပေါ်ရှိ တချို့လူများသိကြ၏ တချို့လူများမသိကြ။ တချို့ကား မသိချင်ရောင်ဆောင်နေကြ၏  ရွာထဲတွင် ဖရိုဖရဲ ဖြစ်နေသည်ကား အမှန်ပေတည်း။

 အခန်း ၃

ထိုပြဿနာများကို ဖြေရှင်းရန် သူကြီးသည် ဟိုဘက်ရွာမှ တရုတ်ကြီးများကို လာ လည်ခိုင်း၏ သူကြီးလည်း လေး ငါး ခြောက် ခေါက် ခုနှစ် ခေါက် ရှစ် ခေါက်သွား၏။ တော်တော်ဝေးသောရွာမှ ဘားတိုက်တွင်နေသော ဘားတိုက်အိုဘားမား ဆိုသူလည်း လာလည်၏

ရွာသားများကား စိတ်ရှုပ်သူရှုပ် ဒေါသထွက်သူထွက် ပျော်သူပျော် ပြေးသူပြေး ဖြစ်ကာ အလွန်နေထိုင်ဖွယ်ရာကောင်းသော ရွာသာယာသည် ယခုမူ ဝမ်းရောဂါဖြစ် နေသော မီးလောင်ထားသည့် တံငါရွာနှင့်တူနေလေသည်။

အခန်း၎

မီးရထားကြီးကား ရုံပိုင်ကြီး ဦးသိန်းစိန်၏ မီးစိမ်းကိုရသည်နှင့် စထွက်ရန်ကြိုးစားသည် မီးခိုးက တော်တော်ထွက်၏ စမောင်းပြီး တော်တော်အရှိန်ရသောအခါ ကိုအောင်မင်း ကား အိပ်ငိုက်လာလေသည်။ ကိုစိုးသိန်းက အရက်မူးနေသောကြောင့် ခေါင်း မထောင်နိုင်။ ၄င်းတို့၏ ကလေး မောင်ခင်ရီ က တစ်ခါတစ်ခါ ဥသြဆွဲ၏၊ မောင်း၍ အရှိန် တော်တော်ရချိန်တွင် မီးရထားလမ်းရှေ့၌ ကျွဲအုပ်ကြီးတစ်အုပ် ဖြတ်သည့် အကောင်ကဖြတ်၊ ရပ်သည့်အကောင်က ရပ်နေသည်ကိုမြင်သောကြောင့် ဘရိတ်ဖမ်း သောအခါ ဘရိတ်နှင့်လီဗါ မှား၍ ဆွဲမိသဖြင့် မီးရထားကြီးမှာ ကျွဲအုပ်ကို တိုက်ပြီး နောက် ပေ ၇၀၀၀ ကျော်အမြင့်မှ လေဟုန်စီး၍ သက်တောင့်သက်သာ မြေပြင်သို့ မီးလောင်ပေါက်ကွဲ ကျဆင်းသွားလေတော့သတည်း။

 အားလုံးရန်သူမျိုး ၅ ပါးနှင့် မီးရထားဘေးမှ လွတ်ကင်းကြပါစေ

 သဗ္ဗေသတ္တာ ကီးမားပလာတာ

မင်းရာမ
မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)
အခန်း ၁

မီးရထား ရုံပိုင်ကြီး ဦးသိန်းစိန်သည်

ဘူတာရုံတွင်လူ ၆ ယောက်တိုးခန့်ထားလေသည်။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ ကို လက်မှတ်ရောင်းစရာမလို ဘူတာရုံသန့်ရှင်းရေးလုပ်စရာမလို
တော့ပဲ တစ်ဘူတာဝင် တစ်ဘူတာထွက် ဘူတာများများ ရောက်ရန် ကြိုးစားခိုင်းလေသည်။
ဦးသိန်းစိန်သည် ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ကို ရထားပေါ်တွင် တွေ့သမျှ အားလုံး တင်ရန် ကြိုးစားခိုင်းလေတော့သည်။ ထိုအခါ ရထားစီးသူများလာလေ၏။ တစ်ချို့က ရရာဘူတာမှစီး၏ တစ်ချို့က အပ်ပါးကလပ်မှ စီးချင်ကြ၏။ တချို့မှာမူ တစ်ယောက်ထည်းစီးချင်၏၊ တစ်ချို့ကား အဖွဲ့လိုက် လက်မှတ်ဝယ်၏။ တစ်ချို့သည် အမေရိကားမှ လာစီးကြ၏။ အော်စတြေးလျှမှ တစ်ချို့ကား ဖင်လန်မှ လာစီးကြ၏။ လမ်းဆုံးအထိ လိုက်မည်ဟုဆိုကာ အရှိန်များသောကြောင့် လန့်လာသဖြင့် ခုန်ဆင်း ကြသူများလည်းရှိသည်။

ရထားပေါ်တွင် အမှန်အကန် မီးရထားစီးသူ ကုန်ပစ္စည်းတင်သူ အပျော်လိုက် စီးသူ ဈေးရောင်းသူ ခေါင်မိုးပေါ်တက်စီးသူ တွယ်စီးသူ နှင့် ခါးပိုက်နိုက်များပါ ပါဝင်၏။ အမှန်အကန်စီးသူများသည် ရထားကြီးကို သူတို့ရောက်ချင်သည့် ဘူတာရောက် မည်ဟု ယုံကြည်ကြ၏။ ကုန်ပစ္စည်းတင်သူများကား ဈေးသက်သက်သာသာနဲ့ ကြက်သွန်အိတ် ပဲအိတ် ဆန်အိတ်များကို သယ်ချင်သူ မှောင်ခိုများဖြစ်၏။ အပျော် လိုက်စီးသူများမှာ အိမ်ပြန်လည်ချင်သူများဖြစ်၏။ ဈေးရောင်းသူများမှာ မြတ်ရင်ပြီး ရောဖြစ်ပြီး ခေါင်မိုးပေါ် တက်စီးသူနဲ့ တွယ်စီးသူတို့မှာ မိမိကိုယ်မိမိ သေကြောင်း ကြံစည်သူများဖြစ်၏။ ခါးပိုက်နိုက်များကား ခရီးသွားသူအချင်းချင်း ဒုက္ခပေးရန် ရရာ နှိုက်မည်သူများဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ရထားကြီးပေါ်တွင် ယခင်ကထက် လူပိုများလာသည်က အမှန်ပေတည်း။

အခန်း ၂

ရထားကြီးပေါ်တွင် စီးကြရင်းနှင့် အချင်းချင်း အပြန်အလှန်ကူညီကြ၏။ ရထားက အလွန်မြန်သဖြင့် လန့်နေသူလည်းရှိ၏၊ အချို့ဘူတာတွင် အကြာကြီးရပ်၏ အချို့ ဘူတာတွင်ကား ဘီးလိမ့်ရုံသာရပ်၏။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့သည် လည်းကောင်းတို့နားတွင် တိုလီမုတ်စခိုင်းရန် ခင်ရီဆိုသူ ကောင်လေးတစ်ယောက်ကို ခေါ်ထားကာ ထမင်းထုပ်ဝယ်ခိုင်း၏။ အဝတ်လျှော်ခိုင်း၏။ ညှောင်းလျှင်နှိပ်ခိုင်း၏။ ထိုမီးရထားလာနေချိန်တွင် ရွာထဲတွင်လည်း ရှုပ်ရှက်ခက်လျက်ရှိသည် ရွာထဲရှိ ကုလားလေးများနှင့် ရခိုင်လေးများသည် ရန်ဖြစ်လျက်ရှိသည် ရွာတောင်ဘက်ရှိ မြေ ကွက်ကို သူကြီးဖြစ်သူဦးပိုင်က မပြောမဆိုပဲ တရုတ်များကိုရောင်းလိုက်၏။ ရွာသား များက မကျေနပ်ကြ၊ ရွာထဲရှိ ဘုန်းကြီးများကို သူကြီးက တုတ်နှင့်ရိုက်၏ ဆောင့် ကန်၏၊ သေနတ်နှင့်ပစ်၏၊ ရွာအလည်ကောင်ရှိ မြေကွက်ကို ရွှေတူးမည်ဟုဆိုကာ ခြံစည်းရိုးခတ်၏ ရွာတရားရုံးကို စားသောက်ဆိုင်လုပ်ရန် ရောင်းပြန်၏။ သူကြီးသည် မူးရမ်းကာ တရုတ်လူမိုက်တစ်စုနှင့်အတူ ရွာထဲတွင်လုပ်ချင်တာလုပ်နေတော့သ
ည်။

No comments: