by Wira Thu
ပဲခူးတိုင်းအနောက်ပိုင်း ဖြစ်စဉ်များအား တာဝန်သိ ဗုဒ္ဓဘာသာဝင် ပြည်သူတစ်ယောက်အနေဖြင့် ငြိမ်းချမ်းတည်ငြိမ်ရေးအလို့ငှာကျဉ်းချုပ်လေ့လာရေး စာတစ်စောင် ဖြစ်ပါသည်။
အကြောင်းအရာ- ပဲခူးတိုင်း အနောက်ပိုင်းဖြစ်စဉ်များနှင့် ပတ်သက်သမျှအားလုံးအားအတတ်နိုင်ဆုံး လေ့လာနိုင်သမျှအား တင်ပြအပ်ပါသည်။
ရည်ရွယ်ချက်- မိတ္ထီလာဖြစ်စဉ်မှကူးစက်ကာ အကြမ်းဖက်သည်ဟု ပုံဖော်ကြသောနိုင်ငံတကာ မီဒိယာများနှင့် လူ့အဖွဲ့အစည်းများအား တတ်နိုင်သမျှ အဖြစ်မှန်များ ရှင်းလင်းပြနိုင်ပါရန်လည်းရည်ရွယ် ပါသည်။
မိတ္ထီလာဖြစ်စဉ်မှကူးစက်သည် ဆိုသည်မှာ လုံးဝမဟုတ်ပါ။ သီးခြားဖြစ်စဉ်တစ်ခုအဖြစ် (၂၀၁၂)ခုနှစ်ခန့်ကတည်းကဖြစ်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ အိုးသည်ကုန်းမြို့၊ ဗလီမြေ တိုးချဲ့မည့်ကိစ္စ ဖြစ်နေစဉ်အတွင်းအိမ်ထောင်ရှိ မွတ်ဆလင်အမျိုးသားတစ်ဦးက မြန်မာအမျိုးသမီးငယ် (၁၄)နှစ်အရွယ်အား သားမယားအဖြစ်ပေါင်းသင်းမိရာမှ လက်ရှိအုတ်ဖို့မြို့နယ် တရားရုံးအမှုဖြစ်ဆဲကိစ္စနှင့် မြို့လည်ကျောင်းဆရာတော်အားမွတ်ဆလင်တစ်ယောက်မှ ကြမ်းတမ်းရိုင်းပြစွာ ဆဲဆိုသော ဝစီကံမှုမှ စတင်ကာ (၂၀၁၃) ဖေဖော်ဝါရီလအတွင်းတွင်မြို့မိ မြို့ဖများ စုဝေးတိုင်းပင်ကာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်းများဆီသို့ တင်ပြခဲ့ပြီးဒေသတွင်းနိုးကြားနေစဉ် မင်းလှမြို့နှင့် အိုးသည်ကုန်းနယ်စပ် ဗောဓိကုန်းရွာတွင် ဘာသာခြားနှင့်အိမ်ထောင်ပြုထားသော ဗုဒ္ဓဘာသာအမျိုးသမီးအိမ်ရှိ ဘုရားစင်အား ခင်ပွန်းဖြစ်သူ မွတ်ဆလင်ဘာသာခြားမှဖျက်ဆီးရာ ရွာရှိမောင်ဖွားများနှင့် ဒေသခံများသည် ရွာရှိဗလီအား ရှင်းလင်းခဲ့ပါသည်။ထိုဖြစ်စဉ်အား မင်းလှရဲစခန်းမှ ရွာသား (၅)ဦးအား ထိန်းသိမ်းပြီး (၂၄-၃-၂၀၁၃)နေ့ ညတွင်အိုးသည်ကုန်းမြို့တွင်စတင်ကာ ပဋိပက္ခ စတင်ခဲ့ရာမှ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊မင်းလှ၊ မိုးညို၊ နတ္တလင်း ဒေသများသို့ Mobile ဖုန်းများမှတစ်ဆင့် ကူးစက်ဖြစ်ပွားခဲ့ပါသည်။
ထိုဖြစ်စဉ်များအတွင်းနိုင်ငံရေးပါတီများ၊ ဘာသာရေးအသင်းအဖွဲ့များ ပါဝင်ကြောင်း အထောက် အထားများ ကြားသိခြင်းများရှာဖွေပါသော်လည်း မတွေ့ရှိရပါ။
ထိုကဲ့သို့သောအဖြစ်မှန်များကိုသိရှိမှသာလျှင် နှစ်ဖက်ဆွေးနွေးကြရာတွင် မှန်ကန်သော ဆုံးဖြတ် ချက်များ ချမှတ်နိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။
"မိတ်ကောင်းဆွေကောင်းမရှိသော သူများအတွက်အကျိုးစီးပွားမဖြစ်ထွန်းနိုင်" ဟူသောဆောင်ပုဒ် နှင့်အညီ-
မွတ်ဆလင်မိတ်ဆွေများသည်ကာလကြာမြင့်စွာကပင် မြန်မာမိတ်ဆွေများ၏ အသိုင်းအဝန်းတွင် အေးချမ်းစွာနေထိုင်နိုင်လျက်အကျိုးစီးပွားများဖြစ်ထွန်းခဲ့ပါသော်လည်း ယခုအခါ မွတ်ဆလင်များဘက်မှ တစ်ချို့သောသူများ၏ဝစီကံ၊ ကာယကံများသည် တစ်ဖက်သူတို့အား ပဋိပက္ခဖြစ်စေရန် ဦးတည်ကြောင်းတရား ဖြစ်လာသည်ကိုတွေ့ရှိရပေသည်။
သို့ပါသောကြောင့်မဟာဗောဓိမြိုင်ဆရာတော်၏ "လောင်မီး အမြိုက်၊လက်ပိုက်ကြည့်နေခဲ့သော်" ကဗျာထဲမှ
ဤသို့လျှင်၊ ကိုယ်တွင်ကျလာ၊ကိုယ့်ဝန်တာကို၊
ဥာဏ်မှာကတုတ်၊ ချွန်းအုပ်အသိ၊သတိတစ်ဖန်၊
ဘယ်ညာကန်လျက်၊ ဝန်းရံဖျက်ခင်း၊ဖယ်တွင်ရှင်းရန်၊
ကျွန်ခွင့်ပန်သည်
နောက်ခံမျိုးဆက် တက်ရန်ကို။
အကယ်၍သာ၊ ကျရာတာဝန်၊မကျေပွန်ဘဲ၊
လူကျွံခြေထား၊ သူ့အလား၏၊
လမ်းသွားတုဖက်၊ လုအတက်
ခါတွက် မတွက်လျှင်
ဖဲ့စား လှီးစား၊ မီးပွားဆီးတားမထားလျှင်
နောင်စဉ်ကာလ လူ့ဘဝသို့
ခဏမျှသာ သင်ရောက်လာသော်
ဘာသာလည်းပျောက်၊ မျိုးလည်းပျောက်
ကွန်းထောက် မတွေ့ပြီ။ ။
ပဲခူးတိုင်းအနောက်ပိုင်း ပြည်သူတစ်ယောက်အနေဖြင့် နိဂုံးချုပ်အပ်ပါသတည်း။
လေးစားစွာဖြင့်
ရဲလင်းအောင်
09.452336477
No comments:
Post a Comment