Wednesday, April 17, 2013

ဒေါ်အောင်ဆန်းစုကြည်အား စစ်မှန်သောအသုံးချနိုင်ဖို့လိုသည်


Mail from:   :  U Htay Zaw
အသုံးချခံရတယ်ဆိုတာ အသုံးတည့်လို့ဖြစ်ပါတယ်။ အသုံးမတည့်ရင် အသုံးချလို့မရပါ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် (၁၀)နှစ်သားအရွယ် မန္တလေးမြတောင်ကျောင်တိုက်မှာ ကိုရင်ဝတ်နေစဉ် သီပေါမင်းနဲ့ စုဖုရားလတ်တို့ ဘီရိုမြင်းလှည်း(ယခု ပြင်ဦးလွင်ရှိ ရထားလုံးမြင်းလှည်းမျိုး)ပေါ်တင် ဖမ်းဆီးခေါ်ဆောင်ခံသွားရသည့်မြင်ကွင်းကို မြင်ပြီးတဲ့အချိန်ကစပြီး အသက်အရွယ်ရလာတာနှင့်အမျှ ကျွန်ဘ၀ကျရောက်နေသည်ကိုသိပြီး သခင်ဘ၀ပြန်ရောက်ဖို့ ဒို့ဗမာအစည်းအရုံးဝင်ကာ မြန်မာပြည်လွတ်လပ်ရေးအတွက် နည်းပေါင်းစုံနှင့် ပါဝင်လှုပ်ရှားခဲ့ပါသည်။ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် အယူအဆအမျိုးမျိုးကွဲကြ၊ (နေရာ+အာဏာ=ငွေ)လိုချင်တတ်မက်မှုကွဲကြ ပြဲကြဖြစ်ပြီး ပြည်တွင်းစစ်မီးကြီးတောက်လောက်လာသည့်အခါ (နေရာ+အာဏာ=ငွေ)ကို မမက်မောသည့် မျိုးချစ်ပုဂ္ဂိုလ်ကြီးလဲ မနေနိုင်တော့ပါ။
ဆရာကြီးက အသက်ကြီးရင့်နေသော်လည်း အာဏရသူရော အာဏာမရသူရောက ဆရာကြီးနာမည်အမျိုးမျိုးသုံးလုပ်စားနေတာ သိပေမဲ့ ဘာမှမပြောပါ။ တိုင်းပြည်အကျိုးအတွက် ငြိမ်းချမ်းရေးက မဖြစ်မနေလုပ်ရတော့မှာကိုသရှိလာသည့် ဆရာကြီးက (ငြိမ်းချမ်းရေးအတွက်ဆိုရင် ငါ့ကို ဘယ်ဘက်ကဖြစ်ဖြစ် ကြိုက်သလို အသုံးချစမ်းကွာ)လို့ ထုတ်ပြောလပါသည်။ ဆရာကြီးက ဒီလို ကောင်းတဲ့ဘက်ကို အသုံးချစေချင်ပါတယ်။
ယနေ့အချိန်သည် ပြည်တွင်းစစ်အဆုံးသတ်ရေးမဖြစ်မနေ လုပ်ဆောင်ရမဲ့ကာလပါ။ ဆရာကြီးရဲ့ မျှော်မှန်းချက်တွေ အိမ်မက်တွေကို အကောင်အထည်ဖေါ်ဆောင်ရမည့်အချိန်ပါ။
ပြည်တွင်းငြိမ်းချမ်းရေးမှသည် ဒေသတွင်းငြိမ်းချမ်းရေး၊ ဒေသတွင်းငြိမ်းချမ်းရေးမှသည် တကမ္ဘာလုံးငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်မှာ ဖြစ်ပါသည်။
ထို့အတွက် အစစ်အမှန်ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့ ကြားခံပုဏ္ဏားထိုင်ပုဂ္ဂိုလ်တဦးလိုအပ်လာပါပြီ။ ဒီနေ့ဒီအချိန်အတွက် အကောင်းဆုံးစံပြုနိုင်မည့်ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်မှလွဲပြီး မဖြစ်နိုင်ပါ။  သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဲ့သို့ (အမျိုးသားနိုင်ငံရေးသမား-အမျိုးသားနိုင်ငံရေးသက်သက် မရပ်တည်ဘဲ) ပါတီနိုင်ငံရေးသမားအဖြစ် ရပ်တည်လာသည့်အတွက် တတိုင်းပြည်လုံးအကျိုးစီးပွားအတွက် မွန်မြတ်ကောင်းမွန်သည့်ဘက်မှ အသုံမချမခံရဘဲ (နေရာ+အာဏာ=ငွေ)အများအတွက် မကောင်းမွန်သည့်ဘက်မှ အသုံးချခြင်းခံနေရပါသည်။
ဂျပန်တွင် ပုဂံဆေးရန် ရောက်ရှိလာသောလူများ-သင်္ဘောသားများသည် နိုင်ငံရေးလုပ်ခဲ့လို့ ထွက်ပြေးလာရပါဟု အကြောင်းပြကာ (ပါတီများ လူမှုရေးအဖွဲ့အစည်းများ လူပုဂ္ဂိုလ်များကို နည်းမျိုးစုံ ကိုယ်ကျိုးအသုံးချကာ) နယ်စပ်သို့ထွက်ပြေးလာသော တော်လှန်ရေးယောင်ယောင် နိုင်ငံရေးသမားယောင်ယောင်သမားကို ငွေပေးထောက်ခံခိုင်ပြီး နေထိုင်ခွင့်ဗီဇာကိုရယူကာ အဖွဲ့ထောင်ပြီး နောက်ရောက်လာသောသူများကို အကြောင်းအမျိုးမျိုးပြ အထောက်အထားအတုများလုပ်ကာ အဆိုင်လမ်-ရဖျူဂျီလိမ်လျှောက်ပေးပြီး သံရုံးရှေ့တွင် တောင်အော်မြောက်အော် အော်နေသော ပုံများကို အင်မီဂေးရှင်းတင်ပြကာ မြန်မာပြည်ပြန်လျှင် အဖမ်းခံရနိုင်သဖြင့် နေထိုင်ခွင့်ဗီဇာရရန် အသုံးချခဲ့ပါသည်။ အဖွဲ့ထောင်စားသောလူလိမ်များသည် အဖွဲ့ဝင်ကြေး၊ လစဉ်ကြေး၊ ခရီးထွက်ငွေရှာခြင်း၊ ပျော်ပွဲရွှင်ပွဲလုပ်ငွေရှာခြင်း၊ (NLD)တံဆိပ်ရောင်းချ ငွေရှာခြင်း၊ တိုက်ပုံအင်္ကျင်္ီ ကချင်လုံချည်ရောင်းချခြင်းများပြုလုပ်ကာ နည်းပေါင်းစုံနှင့် ငွေရှာလုပ်ကိုင်စားနေကြပါသည်။ ယနေ့အချိန်အခါသည် ဒေါ်အောင်ဆန်းစုကြည်သည် (၂၀၁၃ခုနှစ် ဧပြီ၁၃-ရပ်နေ့မှ ဧပြီ ၁၉-ရက်နေ့အထိ ဂျပန်အစိုးရ ဖိတ်ခေါ်ချက်အရ လာရောက်လည်ပတ်နေစဉ်) နိုင်ငံရေးကို ကိုယ်ကျိုးအခွင့်အရေးအတွက်အသုံချတတ်သည့် လူလိမ်များက ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ဖြင့် အကျဉ်းကျခံနေရစဉ် သံရုံးရှေ့သွားအော်ကာ အထောက်အထားဓါတ်ပုံရိုက် ရဖျူဂျီလိမ်လျှောက် နေသည်ကို နိုင်ငံရေးလုပ်နေတာဟုပြောပြီး ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက်နေသူများ ပြည်တွင်းသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး လွတ်တော်အတွင်း အဆိုတခုတင်သွင်းကာ ဥပဒေပြုပေးရန် ထပ်မံလုပ်စားတောင်းဆိုနေကြပါပြီ။ သံရုံများသည် မြန်မာနိုင်ငံသားကို (Passport)ကို ထုတ်ပေးခဲ့သူများဖြစ်သောကြောင့် မည်သူမည်ဝါသည် နိုင်ငံရေးသမား သင်္ဘောသား အလုပ်လာလုပ်သူများကို အထောက်အထားခိုင်မာစွာ သိပြီးဖြစ်သည်။ ထို့အတွက် အလုပ်လာလုပ်သူများသည် (၂၀၁၂)ခုနှစ်အထိ အခွန်ဆောင်ရမည်ဖြစ်သည် အခွန်မဆောင်နိုင်ဘဲ ပြန်ချင်လျှင်လည်း (ဘယ်သူဘယ်ဝါဖြစ်ကြောင်း)(CI)အထောက်အထားဖြင့် ပြည်ပရောက်ရှိသည့်နှစ်မှ (၂၀၁၂)နှစ်ကုန်အထိ အခွန်ကြွေးကျန်ကို မှတ်တမ်းတင်ရေးပေးမည်ဖြစ်သည်၊ ပြည်ပပြန်ထွက်လိုလျှင် ကြွေးကျန်အခွန်ဆောင်လျှင် (Passport)ပြန်ထုတ်ပေးမှာ ဖြစ်သည်၊ အခွန်အပြည့်ဆောင်လျှင် (Passport)ရှင်သန်ပြီး အမြဲတန်းနေထိုင်သူများအတွက် နှစ်နိုင်ငံကူးလူးသွားလာလို့ ရမည်ဖြစ်သည်၊ ထို့အတွက် လိမ်ညာဗီဇာရယူထားသော လူလိမ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို မရမကလိုက်လံတွေ့ဆုံပြီး လိမ်ညာအခွင့်အရေးရယူထားသည်ကို အားမရဘဲ  အခွန်မဆောင်ရဘဲ လွတ်လပ်စွာနိုင်ငံအတွင်းဝင်ထွက်နိုင်ရေးကို ထပ်မံအသုံးချကာ လွတ်တော်အတွင်းအဆိုတင်သွင်းပေးဖို့ ဥပဒေပြုပေးဖို့ အခွန်မပေးဆောင်ရရေးကို အသုံးချနေပါပြီ။ ဒီလိုအဘက်ဘက်မှ အသုံးချခံနေရသည်ကို အမျိုးသားနိုင်ငံရေးတည်ဆောက်ရေးဘက်မှ အမျိုးသားနိုင်ငံရေးအမြင်ဖြင့် ရည်ရှည်အကျိုးအတွက်မကြည့်ဘဲ လူထုထောက်ခံမှုရရန် အမှန်များကို ထောက်မပြဘဲ အမှားများကို မသိချင်ယောင်ဆောင်ပြီး ပါတီစည်းရုံးရေးအသွင်ကိုကြည့်ပြီး ရပ်တည်လာလျှင် အမျိုးသားရေး အသွင်လက္ခဏာများ ပျောက်ကွယ်ပြီး အဘက်ဘက်မှ(နေရာ+အာဏာ=ငွေ)အများရဲ့ မကောင်းမွန်သည့် အသုံးချခံရကာ ပြည်သူများရဲ့ အစစ်အမှန်ထောက်ခံမှုကို တဖြည်းဖြည်း ကျဆင်းလာနိုင်ပါသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို တဖက်အာဏာရသူများမှ မည်ကဲ့သို့ အသုံးချနေသည်ကို ၂၀၁၀နှစ်မှစပြီးလေ့လာလျှင် ယခင်တော်လှန်ရေးကာလတွင် ပြည်သူများ၏လိုအပ်ချက်အတိုင်း ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်လာသည့်အတွက် ပြည်သူ့ခေါင်းဆောင်အဖြစ် ပြည်သူများက အသိအမှတ်ပြုခဲ့ပါသည်။
၂၀၁၀ခေတ်လွန်ကာလ မြန်မာ့နိုင်ငံရေးအခင်းအကျင်းပြောင်းလဲလာပြီး နိုင်ငံရေးကျားကွက်အသစ်ရွှေ့ရလာခဲ့သည်။ ဒီအခင်းအကျင်းတွင် ယခင်ဆန့်ကျင်ရေးပုံစံသက်သက်ဖြင့် ရပ်တည်လို့မရနိုင်တော့ပါ။ အပြောင်းအလဲက မြန်ဆန်ပါသည်။ ၂၀၁၀မှာ (၂၀၀၈)ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲလုပ် အရပ်သားအစိုးရပြောင်းလဲပြီး အမာထည်များကို ရပ်နားက အပျော့ထည်များအသုံးချလာပြီး အာဏာကို (၁၀-၁၅)နှစ်တန်သည်အထိ ကိုင်တွယ်သွားမည်ဟု ခန့်မှန်းရပါသည်။
ဦးသိန်းစိန်အစိုးရတက်ပြီး (NLD)ကို ဦးသန်းရွှေစစ်အစိုးရက မှတ်ပုံပြန်မတင်သောအဖွဲ့အဖြစ် ခြိမ်းခြောက်ကြည့်ပါသည် အနှစ်(၂၀)ကျော် ရပ်တည်လာသော (NLD)ကို ခြိမ်းခြောက်ဟန့်တားရုံဖြစ် ကိုင်တွယ်လို့မရမှန်း သိလာသည့်အခါ ဆက်သွယ်ရေးတာဝန်ယူထားသော ဦးအောင်ကြည်နှင့် အကြိမ်ကြိမ်တွေ့ဆုံပြီး နောက်ဆုံး သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံကာ ဒီမိုကရေစီဖေါ်ဆောင်နေသည်ဟုဆိုသော ဘောင်းဘီချွတ်အရပ်သားအစိုးရ အ၀န်းအ၀ိုင်းထဲသို့ ၀င်ရောက်သွားခဲ့ရပါသည်။
ဘောင်ခတ်ထားသော အ၀န်းအ၀ိုင်းထဲတွင် လုပ်ဆောင်မှုများသည် ကန့်သတ်ခံမည်မှာ အမှန်ဖြစ်သည်။ ဘဘဦးဝင်းတင်ကတော့ ရှင်းသည် ပြတ်သည် တိရိစ္ဆာန်တွေကို ခိုင်းနှိုင်းပြောသည်။ သောင်ပြင်လွှတ်ခံတဲ့ခွေးက လွတ်လပ်ကြောင်း ဟောင်လို့ရကြောင်း၊ ရှေ့နွားဖြောင့်ဖြောင့်သွားလျှင် နောက်နွားဖြောင့်ဖြောင့်လိုက်တယ်ဆိုစကားရှိပေမဲ့ ကျုပ်တို့က လူတွေဖြစ်လို့ စဉ်းစားဥာဏ်အသုံးချသွားရမည်ဖြစ်ကြောင်း ပြောနေမြဲပါ။
ဘောင်ခတ်ထားသောအ၀န်းအ၀ိုင်းဝင်လိုက်ရသည့်အတွက် ၀င်ဝင်ခြင်း (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမ်းကြိမ်သစ္စာဆိုခဲ့ရပြီး
ထို့နောက် နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖေါက်မှုကြောင့် နိုင်ငံတကာမှ ပိတ်ဆို့ထားသော ပိတ်ဆို့များဖြေလျှော့ကာ ပြန်လည်ဆက်ဆံလာရန် ဒေါ်အောင်ဆန်းစုကြည် အမေရိကားရောက်စဉ် သမ္မကြီးဦးသိန်းစိန်နှင့်တွေ့ပြီး (မစုနည်းနည်းပိန်သွားတယ်၊)ဟု လုပ်ပြ အသုံးချခဲ့သည်။ ထိုအသုံးချမှုသည် တိုင်းပြည်အတွက် အကျိုးစီးပွားဖြစ်သည့်အတွက် ကောင်းသောအသုံးချခြင်းဟု ယူဆနိုင်ပါသည်။
ရခိုင်ပြဿနာဖြစ်သောအခါ ဒေါ်အောင်တန်းစုကြည်မှ ဘာမှမပြောဘဲ ဒီမိုကရေစီစံနှုန်းများအတိုင်း လူများစုက လူနည်းစုကို ညာတာရမည် ထောက်ထားရမည်ဟုသာ ယေဘူယသဘော ပြောခဲ့သည်မှာ ပြည်သူများ၏ စိတ်ကျေနပ်မှုကို မရခဲ့ပေ။ အမှန်မှာ အာရှသည် ဒီမိုကရေစီစံနှုန်းများကို အနောက်နိုင်ငံများနည်းတူ အပြည့်အ၀မကျင့်နိုင်သေးပေ။ မြန်မာနိုင်ငံသည် ဒီမိုကရေစီအစပြုဖို့(ကောင့်ဒေါင်း)ရည်တွက်နေချိန်သာဖြစ်သည်၊ နိုင်ငံတကာဥပဒေများအတိုင်း ခိုးဝင်သောလူများ ဧည့်နိုင်ငံသား နိုင်ငံသားအဆင့်ဆင့်ကို လူဝင်မှု့ကြီးကြပ်ရေးဥပဒေအရ ဆောင်ရွက်ရမည်ဖြစ်သည်။ ဧည့်နိုင်ငံသားများကို မည်သည့်နိုင်ငံမှ တန်းတူအခွင့်ရေးမပေးကြပေ။ အချိန်ကာလတခုဖြတ်သန်းပြီး မိမိနိုင်ငံသားများနှင့် လူမှု့ဘ၀များ အံဝင်ဂွင်ကျဖြစ်တည်ဖြတ်သန်းနိုင်မှ နိုင်ငံသားများအဖြစ် အဆင့်ဆင့်တိုးမြင့်ကြမြဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကချင်စစ်ပွဲများတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ပြီး ငြိမ်းချမ်းရေအတွက် မပြောဆိုခြင်းမှာ မည့်သည့်ကန့်သတ်ချက်များကြောင့် ဖြစ်သနည်းမသိနိုင်ပါ။ လွှတ်တော်အတွင်း ကချင်လွှတ်တော်အမျိုးသမီးအမတ်တဦး၏ အပြစ်အခတ်ရပ်စဲစေရန် အဆိုတင်သွင်းသွားသည်ကိုသာ ကြားရပါသည်။ ထို့အတွက် ပြည်သူများ၏ မကျေနပ်ချက်များ ခံစားရနိုင်သည်။
အစိုးရက ငြိမ်းချမ်းရေးနှင့်ပြန်လည် ထူထောင်ရေးဗဟိုဌာနMyanmar Peace Center (MPC)ကိုဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းနိုဘယ်ဆုရှင် မပါဝင်ခြင်းသည် နာမည်ရမည့်နေရာတွင် အသုံးမချဘဲ၊ လက်ပံတောင်းတောင် တောင်ဖြိုနေသော ပြဿနာအား ပြည်သူများနှင့် ထိပ်တိုက်တွေ့နိုင်ရန် စုံစမ်းစစ်ဆေးရေးဥက္ကဌပေးကာ ဖြေရှင်းခိုင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း (မီးခိုးဗုံး)ဟု တွင်တွင်ပြောသော်လည်း အစိရင်ခံစာ(၉၄)(ဃ-၃)တွင် ဖော့စဖောရပ်ဓာတ်ပါဝင်သည်ဟု အတိအကျ ဖေါ်ပြခဲ့သည်။ ဖော့စဖောရပ်သည် ရေနှင့်ဓါတ်ပြုမှသာ မီးလောင်သောကြောင့် အဓိကရုဏ်း ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့ဝင်များ အလေ့အကျင့်မရှိလို့ ဖြစ်ရသည့်ပုံစံ တင်ပြထားသည်။ အမှန်မှာ ရဲတပ်ဖွဲ့ဝင်များအား အထက်မှခိုင်းခြင်းဖြစ်သည်၊ အထက်သည် မည်သူများဖြစ်သနည်း နှစ်ပေါင်း(၅၀)နီးပါး အဓိကရုဏ်း ဖြိုခွဲသည့်အတွေအကြုံရှိကြသူများဖြစ်မည်။ ထို့ကြောင့် ရေနှင့်ဓါတ်ပြုမှ မီးလောင်သော ဖော့စဖောရပ်ပါ မီးခိုးဗုံးအသုံးမပြုခင် မီးသတ်ပိုက်များဖြင့် အရင်ပတ်ဖြန်းခြင်းသည် အဓိကရုဏ်းဖြိုခွဲရာတွင် အတွေ့အကြုံရင့်ကျက်သည်ကို ခန်မှန်းနိုင်သလို အစီအစဉ်တကျ လုပ်ဆောင်ခြင်းမျိုး ဖြစ်နိုင်သည်။ ထို့အတွက် ပြည်သူများနှင့် ထိပ်တိုက်ရင်ဆိုင် နာမည်ပျက်ရာတွင် အသုံးချခံခဲ့ရပါသည်။
(၂၀၀ဂ)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြွေးကြော်ပြီး ပါလီမန်အ၀န်းအ၀ိုင်းထဲ ၀င်ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်တို့(NLD)မှ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဆွေးနွေးနိုင်ခင် လက်ဦးမှုရယူကာ  ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်ပြီး (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ကော်မတီဖွဲ့ခဲ့သည်။
လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့်ဆွေးနွေးပွဲများကို ထောက်ခံသူ ကန့်ကွက်သူများစွာဖြင့် အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ(၄၃၆)(က-ခ)တို့ကို အချိန်ယူဆွေးနွေးမည် ဖြစ်သောကြောင့် (၂၀၁၅)မတိုင်ခင် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမပြီးနိုင်ပါ။ ပြီးအောင်လည်းလုပ်မည်မဟုတ်ပါ။ သို့တွက် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း (၂၀၁၅)ခုနှစ်မှာ ရွေးကောက်ပွဲ ၀င်ရမည်ဖြစ်သည်။
(၂၀၁၅)ခုနှစ် ရွေးကောက်ပွဲတွင် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားမည်ဖြစ်သောကြောင့် အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအခန်းတွင် ပုဒ်မ(၅၉)(ဃ-စ)တို့၏ ကန့်ကန်ခြင်းကို ဒေါ်အောင်ဆန်းစုကြည် ခံရမည်ဖြစ်သည်။ စံပြနမူနာအဖြစ် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေကို အခြေခံဥပဒေအတိုင်း ကန့်သတ်ပြခဲ့ပြီးဖြစ်သည်။
ထို့အပြင် (၂၀၁၅)ခုနှစ် ရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်သဖြင့် လက်ရှိပါတီမျာအပြင် အသစ်တိုးမည့်ပါတီများ ပါဝင်မည်ဖြစ်သည်။
တိုင်းရင်းသားပါတီများသည် ဒေသတွင်းပြည်သူများက မိမိတို့ပါတီများကို အဓိကထားမဲပေးကြမည်ဖြစ်သည်။ ထို့အတွက်(NLD)အနေနှင့် ပြည်နယ်များတွင် အမတ်နေရာ မမျှော်မှန်းနိုင်ပါ။ တိုင်းဒေသကြီးများတွင် ဖဲ့ယူမည့် ဒီမိုကရေစီအင်အားစုပါတီများ၊ တဆညပါတီမှ တွက်ချက်လို့ ရသော အမာခံနေရာများ၊ ကြံခိုင်ရေးပါတီ၏ အမာခံနေရာများသည် သူ့နေရာနှင့်သူ ရှိပြီးဖြစ်သည်။ (NLD)ပါတီသည် ရပ်ကျေးမှစပြီး ဗဟိုညီလာခံအထိ ပြုလုပ်ချိန်တွင် (နေရာ+အာဏာ=ငွေ)သမားများက ဒီမိုကရေစီ၏အားနည်းချက်ကို  အခွင့်ကောင်းယူကာ အုပ်စုဖွဲ့နေရာရယူသွားမှုများကြောင့် ယုံကြည်ချက်ကို တန်ဘိုးထားရပ်တည်လာသော အစစ်အမှန်နိုင်ငံရေးသမားများ ဘေးထိုင်းသွားကာ ဒေသခံပြည်သူများ၏ ညိုငြင်ခြင်းခံရပြီး အောက်ခြေတွင် ဒေသတွင်း မဲရရှိမှုကျဆင်းနိုင်သည်။
သို့အတွက် ရွေးကောက်ခံရမည့် (၇၅%)နေရာတွင် (၅၀%)နေရာကို (NLD) မရနိုင်ပါ။ (၅၀%)နေရာ (NLD)က ရရှိသော်လည်း (၂၀၀၈)ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် (၂၀၁၅)နှစ်အတွင်း ပြည်သှူ့ဆန္ဒခံယူပွဲအတွင်း မပြီးနိုင်ပါ။ ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လိုချင်သော သမ္မတနေရာ မရနိုင်ပါ။
(၂၀၁၅)ခုနှစ်ရွေးကောက်ပွဲသည် အထက်ပါအကြောင်းအမျိုးမျိုးကြောင့် အမတ်နေရာ(၃၅%)လောက်သာရပြီး ကြံ့ခိုင်ရေးပါတီက (၂၅%)၊ တိုင်းရင်းသားနှင့် အခြားပါတီများက (၁၅%)ရရှိလျှင် ကြံ့ခိုင်ရေးပါတီက စစ်တပ်ပုံသေ(၂၅%)အမတ်နေရာနှင့်ပေါင်းပြီး အစိုးရဖွဲ့မြဲ ဖွဲ့သွားမည်ဖြစ်ပြီး (NLD)ပါတီက အတိုက်ခံပါတီအမည်ခံကာ အတိုက်အခံအလုပ်သဘောမလုပ်နိုင်ဘဲ အစိုးရပံ့ပိုးသော ပါတီတရပ်အသွင် ယခုအခြေအနေမျိုးအတိုင်း ရပ်တည်သွားနိုင်ပါသည်။
ကြံ့ခိုင်ရေးပါတီက (၂၀၁၅)ခုနှစ်တွင် အမတ်နေရာကို (NLD)ပါတီနှင့် မတိမ်းမယိမ်းထိန်းထားနိုင်လျှင် (၂၀၂၀)ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် (၇၅)နှစ်အရွယ် ရောက်ရှိနေပြီဖြစ်သောကြောင့် (NLD)ပါတီအနေနှင့် (၂၀၂၀)ရွေးကောက်ပွဲသည် မျှော်လင့်စရာမရှိနိုင်တော့ချေ။ (NLD)ပါတီအနေနှင့် (၂၀၁၅)ခုနှစ်အတွင်း (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဓိကထား အစောတလျင်လုပ်ဆောင်နိုင်မှသာ (၂၀၁၅)ခုနှစ်အတွင်း ပြည်သူက ရွေးကောက်သော ပြည်သူ့အစိုးရတရပ်အဖြစ် ဖြစ်တည်လာနိုင်ဘွယ် ရှိပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေစဉ် တိုင်းပြည်အတွက် စစ်မှန်စွာ အသုံးချနိုင်ဖို့ လိုပါသည်။        ။

No comments: