Sunday, April 21, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုကော်မတီစုံညီအစည်းအဝေး ၂/၂၀၁၃ ထုတ်ပြန်ကြေညာချက်



မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး

(ကျောင်းသားတပ်မတော်)

ဗဟိုကော်မတီစုံညီအစည်းအဝေး ၂/၂၀၁၃ ထုတ်ပြန်ကြေညာချက်



မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ကျောင်းသာတပ်မတော်) ဗဟိုကော်မတီစုံညီ အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဧပြီလ ၂ဝ ရက် မှ ၂၁ ရက်အထိ ထိုင်းမြန်မာနယ်စပ်တွင် ကျင်းပခဲ့ရာ ဗဟိုဦးဆောင် ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ မကဒတ အနောက်ပိုင်း၊ မြောက်ပိုင်း ကိုယ်စားလှယ်များ၊ စစ်ဦးစီးအဖွဲ့နှင့် တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ ဗဟိုတရားသူကြီးအဖွဲ့နှင့် အထူးဖိတ်ကြားခံရသော မကဒတ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

မကဒတ၏ နိုင်ငံရေးဦးတည်ချက် ၄ ရပ် အထမြောက်အောင်မြင်နိုင်ရေးအတွက် ...

၁။ မျက်မှောက်နိုင်ငံရေးအခြေအနေတွင် လိုအပ်လျက်ရှိသော တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး နှင့် အင်အားစုများ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်။

၂။ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိအစိုးရနှင့် ဆောင်ရွက်လျက်ရှိသော ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်။

၃။ မကဒတ ၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်။





ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)



ရက်စွဲ ။ ။ ၂၀၁၃ ခုနှစ်၊ ဧပြီ လ ၂၁ ရက်။

No comments: