Thursday, April 18, 2013

ကန်တော်ကြီးတစ်နေရာတွင် မိန်းကလေးအလောင်းတစ်လောင်း အား တွေ့ရှိ

ရည်းစား ၂ဦးရန်ဖြစ်ရာမှ ကောင်လေးက ကောင်မလေးအား ဓားဖြင့်ထိုးသတ် မှုဖြစ်ပွား

၁၃၇၅ခုနှစ် မြန်မာနှစ်ဆန်း ၁ရက်နေ့ ညပိုင်းအချိန် ၉နာရီခန့်က ကန်တော်ကြီးတစ်နေရာတွင် မိန်းကလေးအလောင်းတစ်လောင်း အား တွေ့ရှိသဖြင့်သက်ဆိုင်ရာသို့ အကြောင်းကြားကာ ရပ်ကွက်နေပြည်သူများက သတင်းပေးခဲ့ကြောင်းသိရပါသည် ။

 သေဆုံးသူ မိန်းကလေးမှာ အသက် ( 22 ) နှစ်အရွယ်ခန့် ရှိပြီး ချမ်း/တောင်အကွက် ( ၈၆၄ ) တွင်နေထိုင်ကာ ----ဓာတ်ဆီဆိုင်တွင်အလုပ်လုပ်ကိုင်လျှက် ရှိကြောင်းသိရပါသည် ။ 

ရပ်ကွက်အတူနေအိမ်နီးချင်း တစ်ဦးရဲ့ပြောပြချက်အရ " နှစ်ဆန်း၁ရက်ညနေ ပရိတ်တရားနာတုန်း ကတောင်လာသေးတယ် ။ ည ၈နာရီလောက်ကစပျောက်သွားတာပါ " ဟုပြောပြပါတယ် ။ 

မိသားစုဝင် ၁ဦးရဲ့ပြောပြချက်အရ " ရည်းစားနဲ့သွားချိန်းတွေ့ရင်း အခုလိုဓားနဲ့. ရက်ရက်စက်စက်အသက်ခံရတာပါဟုပြောရင်း အလောင်းကိုပြပါတယ် ။ ၀မ်းဗိုက် ၁၀ချက်ခန့်ထိုးသွင်း ဒဏ်ရာ မျက်နှာရောပါပါတယ်ဟုပြောပါတယ် ။

 သတ်သွားသည်ဟုယူဆရသော ရည်းစားအားယခုအချိန်ထိ ရှာဖွေနေဆဲဟု " ပြောကြားသွားပါတယ် ။ 

ဓာတ်ပုံမှာအမြင်မသင့်သောကြောင့် အဝေးမှရိုက်ထားသော ၁ပုံသာတင်ပေးလိုက်ပါသည် ။

Posted From Khine Lynn Soe

ကန်တော်ကြီး မြောက်ဖက် ထွက်ပေါက် သဘာဝဥယျာဉ်
ရှေ့မှာ လူသတ်မှု တစ်မှု ည ၁၀:၀၀ နာရီ လောက်မှာဖြစ်သွားပါတယ်။ 
သေသူ က မိန်းကလေး ၂၅/၂၆ဝန်းကျင် အမည် နေရပ် မသိရသေးပါ
သေသူ အနီးမှာ ဆိုင်ကယ်တစီး တွေ့ ရပါတယ်။ နံပါတ် က ၂၇ယ/၂၇၃၇၆ဖြစ်ပါတယ်။
သတ်သွားသူ က နှစ်ယောက် ထက်ပိုနိုင်ပြီး ကတ္တီပါဘိနပ် သဲကြိုး အပြာရောင်ဖြစ်ပါတယ်။
ဓါတ်ပုံရှင် နဲ့ဆိုင်ကယ် သိသူများ ရဲ ထံဆက်သွယ်ပေးကြပါ။်
ကန်တော်ကြီး မြောက်ဖက် ထွက်ပေါက် သဘာဝဥယျာဉ်
ရှေ့မှာ လူသတ်မှု တစ်မှု ည ၁၀:၀၀ နာရီ လောက်မှာဖြစ်သွားပါတယ်။
သေသူ က မိန်းကလေး ၂၅/၂၆ဝန်းကျင် အမည် နေရပ် မသိရသေးပါ
သေသူ အနီးမှာ ဆိုင်ကယ်တစီး တွေ့ ရပါတယ်။ နံပါတ် က ၂၇ယ/၂၇၃၇၆ဖြစ်ပါတယ်။
သတ်သွားသူ က နှစ်ယောက် ထက်ပိုနိုင်ပြီး ကတ္တီပါဘိနပ် သဲကြိုး အပြာရောင်ဖြစ်ပါတယ်။
ဓါတ်ပုံရှင် နဲ့ဆိုင်ကယ် သိသူများ ရဲ ထံဆက်သွယ်ပေးကြပါ။

No comments: