Thursday, April 25, 2013

ပြည်မြို့ က စစ်သားသုံးဦး လုယက်သတ်ဖြတ်ခံရသူ ဇာပန လိုက်ပါပို့ ဆောင်သူများ “အမှန်တရားကိုဖော်ထုတ်ပေးပါ” ဟု ဆန္ဒထုတ်ဖော်

Posted: 25 Apr 2013 05:32 AM PDT
အမှန်တရားကို လိုလားသော ပြည်မြို့သူမြို့သားများမှ ၂၃.၄.၂၀၁၃ ရက်နေ့ ည ၈း၃၀ ခန့်အချိန်၌ ပြည်မြို့ န၀ဒေးတံတား အောက်ရှိ ရှုခင်းသာတွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက်မှ လုယက်ပြီး ကောင်လေးကို လည်ပင်းလိမ်ချိုး သတ်ဖြတ်ပြီး ရေထဲမျှောကာ မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားသတ်ဖြတ်ခဲ့သော တပ်မတော်စစ်သားသုံးယောက်ကို ဥပဒေနဲ့အညီထိရောက်စွာ အရေးယူ ပေးစေလိုခြင်းငှာ “အမှန်တရားကိုဖော်ထုတ်ပေးပါ” ဟူသော စတမ်းများကို လိုက်ပါပို့ဆောင်သော ကား ၊ ဆိုင်ကယ်တို့တွင်ကပ်ကာ ယနေ့နေ့လည် ၃နာရီ၁၅မိနစ်တွင် ကျန်ရစ်သူမိသားစုနှင့်အတူ အမှန်တရားကိုလိုလား သော ပြည်မြို့သူမြို့သားများမှ လိုက်ပါပို့ဆောင်ရင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူပေးပါရန် နိုင်ငံတော် သမ္မတကြီးနှင့်တကွ နိုင်ငံတော်အကြီးအကဲများကို ကျနော်တို့ပြည်မြို့သူမြို့သားများမှ သစ်ထူးလွင် သတင်းစာမျက်နှာမှ တဆင့် တောင်းဆိုအပ်ပါတယ်ခင်ဗျား။

ပြည်မြို့ သူ မြို့ သားများ

( သစ်ထူးလွင် )

No comments: