Friday, April 26, 2013

လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို နိုင်ငံသား ဟုတ်၊ မဟုတ်စစ်ဆေး

ပျက်အစဉ်၊ ပြင်ခဏ ဆိုသလိုပါဘဲ့။ အမှားကိုသိပြီးအမှန်ကိုပြင်နိုင်ခဲ့ရင် အားလုံးအတွက် အလွန်တရာအကျိုးများတဲ့ မင်္ဂလာတပါးပါဘဲ့။
က်ဆိုင်ရာတာဝန်ရှိသူအာဏာပိုင်များအချိန်မှိပြုပြင်နိုင်ကြပါစေ။
ဘလော့ဂါ
..................................................................................
ရန်ကုန်၊ ဧပြီ ၂၄

ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် သုံးဦးကို နိုင်ငံသား ဟုတ်၊ မဟုတ် စစ်ဆေးလျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ပြည်ပရောက် ရခိုင်တိုင်းရင်းသား များက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် တွေ့ဆုံစဉ် ဦးရွှေမောင်အပါအဝင် နိုင်ငံသားလည်းမဟုတ် တိုင်းရင်းသား လည်းမဟုတ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေသူများရှိပါက စစ်ဆေးရန်၊ ပြည်သူ များကိုရှင်းပြရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းသဖြင့် ၄င်းကအထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်ရောက် ရခိုင်တိုင်းရင်းသား ဦးခိုင်အောင်ကျော်က ပြောသည်။

"တရားဝင်လွှတ်တော် အမတ်တစ်ယောက်ကို ကျွန်တော်တို့က မှန်၊ မမှန် သက်သေပြရမှာ ဆိုတော့ သေသေချာချာ အထောက်အထားနဲ့ စစ်ဆေးလျက်ပါ" ဟု ဦးခင်ရီက ပြောကြားသွားကြောင်း ဦးခိုင်အောင်ကျော်က ဆိုသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသူ၏ အဖေ၊ အမေ၊ အဘိုး၊ အဘွား များသည် မြန်မာနိုင်ငံတွင်း မွေးဖွား ထားသူများ ဖြစ်ရမည်ဆိုသော ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက်ဖြင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးနေသည်ဟု ဝန်ကြီးက ဖြေကြားသွားသည်ဟု ၄င်းကဆိုသည်။

ယင်းအမတ်သုံးဦးကို စစ်ဆေးပေးရန် မတ်လအတွင်း တိုင်စာရောက်ရှိ လာသဖြင့် စစ်ဆေးနေခြင်း ဖြစ်ကြောင်း ဦးခင်ရီက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ မှတ်တမ်းများဖြင့် စစ်ဆေးနေခြင်း ဖြစ်နိုင်ကြောင်း၊ မိမိကိုမူ ခေါ်ယူစစ်ဆေးခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ပြောကြားသည်။
"ကျွန်တော့်အမိအဖ တွေတင် မဟုတ်ဘူး။ အဘိုးအဘွားတွေပါ ဒီနိုင်ငံမှာ မွေးတာ။ ကျွန်တော်ကတော့ ယုံကြည်မှု ရှိပါတယ်" ဟု ဦးရွှေမောင်က ဆိုသည်။

ယင်းသို့ အစွပ်စွဲခံရသော ကျန် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်ကိုမူ အတိအကျ မသိရသေးပေ။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦး သည် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ရွေးကောက်တင်မြှောက်ခြင်း မခံရမီ နိုင်ငံအတွင်း အနည်းဆုံးဆယ်နှစ် အခြေချနေ ထိုင်ထားသူ ဖြစ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၁၂၀) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း သတ်မှတ်ချက်တွင် ထည့်သွင်းပြဋ္ဌာန်း ထားသည်။

မြန်မာနိုင်ငံသားတစ်ယောက် အဖြစ် လက်ခံနိုင်ရန် ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာ နိုင်ငံတွင်း ဝင်ရောက်နေထိုင်သော လူမျိုး များမှ မွေးဖွားလာသောသူ ဖြစ်ပါက အဆိုပါ လူမျိုးများ၏ တတိယမျိုးဆက် ဖြစ်ရမည် ဖြစ်ပြီး မူလတိုင်းရင်းသား လူမျိုးမှ မွေးဖွား သူဖြစ်ပါက မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ရှိ ကြောင်း ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်သည် လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ အများဆုံး အနိုင်ရရှိ ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

No comments: