Thursday, April 25, 2013
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုမှာ ၁ ဦး သေနတ်ဒဏ်ရာရ
လက်ပံတောင်းတောင်အရေးအခင်းမှာ ပြည်သူတွေဘက်ကမှားမှားမှတ်မှတ်ရပ့်တည်
အကျိုးဆောင်ပေးမယ့်ပြည်သူ့ ခေါင်းဆောင်တွေမရှိကြတော့ပါဘူး။
NLD, ၈၈မျိုးဆက်တွေ အပါအဝင်နှင့်  
တခြားသောဒီမိုကရေစီဘက်တော်သားပါတီတွေခေါင်းဆောင်တွေ 
အားလုံးဟာရာထူးအာဏာပါဝါ နေရာတွေနှင့်သူတို့ ထိုင်ခုံတည်တန့် ခိုင်မြဲစေရေးအတွက်
 ပြည်သူ့ ဆန္တတွေကိုလစ်လူရှု့ ထားကြပေပြီ။
 ပြည်သူ့ ဆန္တတွေကိုလစ်လူရှု့ ထားနိုင်ကြလေပြီ။
အားလုံး နာစေး၊ ချောင်းဆိုး၊ အာစေးမိနေကြလေပြီ။
မဟုတ်ကြတော့ပါ။
ဒီလက်ပံတောင်းတောင်ပြည်သူ့ အရေးတော်ပုံကြီးဟာ ပွင့်လင်းစဒီနေ့ မြန်မာနိုင်ငံအတွက်အလွန်အရေးကြီးလှပါတယ်။
ဘာကြောင့်ဆိုတော့...
ကလာကာနောက်ကွယ်ကကြိုးဆွဲနေတဲ့ လက်မဲကြီးတွေကိုလည်းဖေါ်ထုတ်ပြနိုင်မှာဖြစ်ပါတယ်။
အဲဒါကိုပြည်သူ့ ဘက်တော်သား ခေါင်းဆောင်များက(အရင်ကအတိုက်အခံခေါင်းဆောင်ဆိုသူများ) ကအဖြစ်မှန်ကိုဖေါ်ထုတ်တင်ပြကြဘို့  သေမလောက်ဝန်လေးနေကြတယ်။
ဒီတော့...
သူတို့ ကိုယ်သူတို့ ကိုးစားယုံမှတပါး (မိမိကိုယ်သာကိုးကွယ်ရာ မှတပါး) မှိခိုအားထားရာကင်းမဲ့နေပြီဖြစ်တဲ့ လက်ပံတောင်းတောင်လူထုတိုက်ပွဲ အတွက် အမှန်တရားကိုချစ်မြတ်နိုးကြသူများတတ်နိုင်ရာများမှတတပ့်တအား
ပါဝင်ဝန်းရံပေးကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်။
ဘလော့ဂါ
2013-04-25
lpt-apr-25-305.jpg
လက်ပံတောင်းဒေသခံ တောင်သူလယ်သမားတွေနဲ့ စီမံကိန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဧပြီလ ၂၅ ရက်နေ့က တွေ့ရပုံ
Photo: RFA
မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ လျော်ကြေးယူမထားတဲ့ ဒေသခံတောင်သူ လယ်သမားတွေက အသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ၀င်ရောက်ထွန်ယက်ရာမှာ  စီမံကိန်းလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်း တဲ့အတွက် ဆန္ဒပြသူတစ်ဦး သေနတ်ဒဏ်ရာရခဲ့ပြီး ၃ ဦးကို မုံရွာဆေးရုံတင်လိုက်ရပါတယ်။
ဒီနေ့မနက် ၉ နာရီ ပတ်ဝန်းကျင်လောက်က ကြေးနီစီမံကိန်းအနီး ဆည်တဲရွာမြောက်ဖက် လက်ပံတောင်းတောင်ခြေမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေ အပြန်အလှန် အခြေအတင်ဖြစ်ခဲ့ပါတယ်။
ဒီလိုဖြစ်ရာမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေက လက်ကိုင်တုတ်တွေ၊ သေနတ်တွေသုံးပြီး ဖြိုခွဲခဲ့သလို၊ ဆန္ဒပြသူတချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဉ်မှာပါဝင်ခဲ့သူ ဆည်တည်းရွာက ကိုဇော်နိုင်က RFA ကို ပြောပြပါတယ်။
အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေနတ်ဒဏ်ရာရရှိသူတစ်ဦးနဲ့ အရိုက်ခံရသူ ၂ ဦး၊ စုစုပေါင်း ၃ ဦး မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေနဲ့ အတူရှိနေခဲ့တဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်စိုးအပါအ၀င် ဒေသခံ ၂ ဦးလည်း အဖမ်းခံထားရတယ်လို့ဆိုပါတယ်။ ကြေးနီစီမံကိန်း နေရာတ၀ိုက်မှာ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ဆားလင်းကြီးမြို့နယ် စခန်းမှူးကို RFA က ဆက်သွယ်မေးမြန်းရာမှာ မသိကြောင်းနဲ့ ကုမ္ပဏီလုံခြုံရေးအဖွဲ့တွေပဲ သိမယ်လို့ဖြေဆိုသလို၊ ခရိုင်အုပ်ချုပ်ရေးမှူးကို တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါမှာလည်း အစည်းအဝေးသွားနေတယ်လို့ပဲ သူ့လက်ထောက်အရာရှိက ပြန်လည်ဖြေဆိုပါတယ်။
ဒီကနေ့ လက်ပံတောင်းဒေသ အကြမ်းဖက်ဖြိုခွဲမှုနဲ့ ပတ်သက်လို့ ဆည်တဲရွာသား ကိုဇော်နိုင်ကို RFA က မရတနာဦး ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ လယ်သမားတွေကို ကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ရက်က ကိုလတ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
No comments: