Friday, April 19, 2013

ရဲအဖွဲ့ပေါင်းစုံကိုသမ္မတအိုဘားမားက ချီးကျူးပြောဆို

အခုမိနစ်ပိုင်းမှာပဲ သမ္မတအိုဘားမားက ပြည်သူကို အိမ်ဖြူတော်ကနေ စကားပြောဆိုပါတယ်။

ရဲအဖွဲ့ပေါင်းစုံကစုပေါင်းပြီး လုပ်ဆောင်လို့ အခုလိုဖမ်းမိတာဖြစ်ကြောင်း အိုဘားမားက ချီးကျူးပြောဆိုပါတယ်။ သေဆုံးသွားတဲ့ ၂၃ နှစ်အရွယ် ရဲအရာရှိအတွက် ၀မ်းနဲ ဂုဏ်ယူကြောင်း၊ ပြောပါတယ်။ ဒီဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း၊  စည်းလုံးညီညွတ်မှုနဲ့ မတူကွဲပြားမှုတွေက အမေရိကန်နိုင်ငံကို အင်အားကြီးအောင်
 ဆောင်ရွက်ပေးနေကြောင်း၊ တရားဥပဒေအရ စုံစမ်းစစ်ဆေးမှာမို့ ဘာကြောင့် ဘယ်သူကြောင့်ဆိုတဲ့ နောက်ခံအကြောင်းတွေကို သိရှိလာမှာ ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။
တပြိုင်နက်ထဲမှာပဲ တက်ဆက်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆပေါက်ကွဲမှုက
 ပြည်သူတွေရဲ့ အခြေအနေကို မမေ့မလျော့ရှိနေပြီး ကူညီဆောင်ရွက်သွားမယ် လို့လည်း သမ္မတ အိုဘားမားက ထဲ့သွင်းပြောဆိုသွား ပါတယ်။ z
ကိုးကား- အိမ်ဖြူတော် live

No comments: