Wednesday, April 24, 2013

လိုအပ်နေသော ယာဉ်ရပ်နားစခန်းများ...

မြိတ်မြို့ရှိ လေယာဉ်ကွင်း တွင် လေယာဉ်ဆင်းသက်ချိန်နှင့် ထွက်ခွာ ချိန် များတွင် လမ်းများပိတ်ဆို့မှု ဖြစ်ပွားလျှက်ရှိပါသည်။

မြိတ်မြို့ လေယာဉ်ကွင်းတွင် လေယာဉ်ဆင်းသက်လာချိန်နှင့် ထွက်ခွာ ချိန်များမှာ ခရီးသည်များ ၀င်ထွက်နေမှု၊ လိုက်လံပို့ဆောင်သူများနှင့်ခရီး ဦးလာရောက်ကြိုဆိုကြသော မိသားစုဝင်များ ရဲ့ ဆိုက်ကယ်၊ကားများ မှာ လေယာဉ်ကွင်းပြင်ပထွက်ပေါက်( VIP အပေါက်မဟုတ် )အ၀တွင် ရပ်နားထားခြင်းကြောင့် ထိုသို့သော အချိန်များတွင် မြိတ်မြို့သူမြို့သား များသွားလာရ ခက်ခဲနေသလို၊ ခရီးမှဆိုက်ရောက်လာသော ခရီးသည်များ သည်လည်း ထိုထွက်ပေါ်က်ကိုဖြတ်သန်းပြီးမှသာလျှင် ဆိုက်ကယ်များ၊ကားများပေါ်သို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။

ထို့သို့ ထွက်ခွာလာသော ခရီးသည်များသည် ထွက်ပေါ်ရောက်သည်နှင့် အငှားယာဉ်မောင်းသမားများရဲ့ မေးမြန်းမှုများဖြေရှင်းပြီးမှ သာလျှင် ရှုပ်ထွေးသော လမ်းကိုအထုပ်အပိုးများဖြင့် ဖြတ်သန်းနေရသည်ကို မြို့ နေပြည်သူများ မြင်တွေ့နေရမှာဖြစ်ပါသည်။

ထိုသို့ ပိတ်ဆို့မှုများကြောင့် ယာဉ်မတော်တဆမှုများနှင့် တိမ်းမှောက်မှု များ မကြာခဏဆိုသလို တွေ့မြင်နေရပါတယ်။

သိုဖြစ်ပါသောကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူများအဆင် ပြောသွားလာနိုင်ရန်အတွက် လေယာဉ်ကွင်းအတွင်းရှိ မြေလွတ်များ အပေါ်တွင် ဆိုက်ကယ်၊ကား ပါကင်များ ပြုလုပ်ပေးမည်ဆိုပါလျှင် ပြည်သူများဘေးကင်းစိတ်ချစွာသွားလာနိုင်မည်ဖြစ်သလို ယာဉ်အန္တရယ်မှလည်းရှောင်ရှားနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

VIP လမ်းကြောင်းရှိနေချိန်တွင် လာရောက်ကြိုဆိုကြသော ဌာနဆိုင်ရာမှ ကားများ နှစ်စီးထပ်ရပ်းနားမှု မရှိစေရန်မှာ ယာဉ်ထိန်းရဲများရဲ့တာဝန်သာ ဖြစ်ပါသည်။

No comments: