တက္ကဆက်ပြည်နယ်၊ ဝက်စ်မြို့ ဓာတ်မြေသြဇာစက်ရုံ ပြင်းထန်စွာပေါက်ကွဲ
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဝက်စ်မြို့ရှိ ဓာတ်မြေသြဇာစက်ရုံ ဧပရယ်လ ၁၈ ရက် နံနက်အစောပိုင်းတွင် ပေါက်ကွဲမီးလောင်ခဲ့သည်။
- လူ ၁၅ ခန့်သေဆုံးခဲ့ရပြီး ၁၆၀ ကျော် ဒဏ်ရာများရရှိပြီး မီးသတ်နှင့် ကယ်ဆယ်ရေးလုပ်သား ၅ ဦးလည်း အသက်ပေးသွားခဲ့ရ
- အခင်းဖြစ်ပွားရာသို့ နီးစပ်ရာ မြို့များမှ ကယ်ဆယ်ရေး၊ လုံခြုံရေး၊ ကူညီစောင့်ရှောက်ရေး လုပ်သားပေါင်း ၇၀၀ ခန့်က ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
- လူနေအိမ်ခြေ ၆၀ ခန့် ပျက်စီးခဲ့ရပြီး စက်ရုံမှာ ပြာကျသွားခဲ့ရသည်။
- ပေါက်ကွဲမှုမှာ လွန်စွာပြင်းထန်ပြီး မိုင် ၅၀ အကွာကပင် ခံစားခဲ့ရဟုဆို
- အချို့သော မျက်မြင်သက်သေများက နျူကလီးယားဗုံးပေါက်သလား ထင်မှတ်မှားခဲ့ရကြောင်း၊ ယင်းတို့၏ ဘဝတွင် အဆိုးရွားဆုံးသော ဖြစ်ရပ်ဖြစ်ကြောင်းဆို
- အမေရိကန် ငလျင်တိုင်းထွာရေးဌာနက ဤပေါက်ကွဲမှုသည် အင်အား ၂.၁ အဆင့်ရှိ ငလျင်နှင့် ညီမျှသည်ဟုဆို
- တက္ကဆက်ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ကလည်း တပ်သားများ စေလွှတ်ကူညီစေလျက်ရှိ
- အဆိုပါ စက်ရုံ၌ ဓာတ်မြေသြဇာ ထုတ်လုပ်ရာတွင် အသုံးပြုသည့် နမိုးနီးယားနှင့် အခြားဓာတုပစ္စည်း ပေါင် ၅၄၀၀၀ ခန့် သိုမှီးထားရှိ
စက်ရုံမှာ ပြာကျသွားခဲ့ပါတယ်။

No comments:
Post a Comment