ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှု နောက်ဆုံးရ သတင်းများ
- ဗုံးရှင်းလင်းရေးတပ်ဖွဲ့၊ FBI ၊ ဘော်စတွန် မှုခင်းတပ်ဖွဲ့ ၊ ယစ်မျိုးဌာနမှ အရာရှိများနှင့် လူဝင်မှု ကြီးကြပ်ရေး အရာရှိများ ပါဝင်သည့်အဖွဲ့သည် ယမန်နေ့က ဆေးရုံးတွင် အစောင့်အကျပ်ဖြင့် ထားရှိထားသည့် ဆော်ဒီလူငယ်၏ ဘော်စတွန်မြို့၊ Revere ရပ်ကွက်ရှိ တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေပြီး အထုပ်ကြီးငယ် အများအပြားအား သက်သေအဖြစ် သိမ်းဆည်းသွားခဲ့
- လက်ရှိအချိန်၌ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိန်းသိမ်းထားခြင်း မရှိသေးဟု FBI ဆို
- ဘော်စတွန် ရဲမင်းကြီး၏ ယခုဖြစ်ရပ်သည် ယင်း၏ ဌာနသမိုင်းတစ်လျှောက် အခက်ခဲ၊ အနက်နဲဆုံးဟု ဆို
- သေဆုံးသူ အရေအတွက်မှာ ၃ ဦးသာဖြစ်ပြီး ၁၇၆ ဦး ဒဏ်ရာရရှိခဲ့။ ထို့အနက်မှာ ၁၇ ဦးမှာ အထူးစိုးရိမ်ရသည့် အနေအထားတွင်ရှိပြီး အခြား ၂၀ ကျော်မှာ အရေးပေါ် အနေအထားတွင် ရှိနေ
- ဘော်စတွန်မြို့ရှိ ဆေးရုံးများမှ ဆရာဝန်များ၏ အဆိုအရ ယင်းတို့အနေဖြင့် ယမန်နေ့ညနေပိုင်းမှ စတင်ပြီး ညလုံးပေါက် အရေးပေါ် ခွဲစိတ်မှုများ ပြုခဲ့ရပြီး ကိုယ်အင်္ဂါပြတ်တောက်ခဲ့ရသူ အများအပြားရှိဟုဆို
- လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် လန်ဒန်မာရသွန်ကို လုံခြုံရေးတိုးမြှင့်ပြီး ကျင်းပသွားမည်ဖြစ်
- နူးယောက်ခ်၊ လော့စ်အန်ဂျလိစ်နှင့် ဝါရှင်တန်ဒီစီစသည့် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများနှင့် လန်ဒန်၊ ပဲရစ်စ်စသည့် ကမ္ဘာ့မြို့ကြီးများတွင် လုံခြုံရေးများ ထူထပ်စွာချထား

No comments:
Post a Comment