Friday, August 31, 2012

ကမာရွတ်မြို့နယ် အထက်တန်းကျောင်းအမှတ်(၂) မှ ကျောင်းသားမိဘများကိုခေါ်၍ အလှူငွေ အတင်းအကျပ်ကောက်ခံခြင်း



by Burma VJ Media Network on Friday, August 31, 2012 at 11:42am ·
၂၆. ၈.၂၀၁၂ ရက်နေ့တွင် နံနက်ပိုင်းနှင့် နေ့လည်ပိုင်း (၂)ကြိမ်ခွဲ၍ ၁၀ တန်းနှင့် ၉တန်းကျောင်းသားများ၏
မိဘများကို တွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေလှရီမှ မီးလောင်သွားသော

ကျောင်းဆောင်အား ပြန်လည်ဆောက်လုပ်ရန်အတွက် ကျောင်းသားမိဘများအနေနှင့် တစ်ဦးလျှင်အနည်းဆုံး ငွေကျပ်တစ်သိန်း အလှူငွေထည့်ဝင်ခိုင်းပါသည်။ တတ်နိုင်သောမိဘများအနေဖြင့် ပိုထည့်ပါ၊ တစ်သိန်းကို တခါထဲမပေးနိုင်သော မိဘများရှိပါက ခွဲထည့်ပါဆိုသော အလှူငွေမဟုတ်သော ခွဲတမ်းဖြင့် တောင်းဆိုမှုကို အတင်းအကျပ်ပြုလုပ်ခဲ့ပါသည်။ ၎င်းနောက် ဆရာမကြီးမှ ဆက်လက်၍ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း လာရောက်၍ လှူဒါန်းသောအလှူငွေ သိန်းသုံးထောင်မှာ စက္ကူပုံးခွံသာရပြီး ငွေလုံးဝမရကြောင်း ဒါကြောင့် အခုလိုကောက်ခံခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ (၅)လပိုင်း M C C ခန်းမတွင်စတိတ်ရှိုးပွဲပြုလုပ်ရာ သိန်းသုံးရာရှစ်ဆယ်ရရှိကြောင်းနှင့် နိုဝင်ဘာလတွင် မျှော်စင်ကျွန်းတွင် စတိတ်ရှိုးပြုလုပ်မည်ဖြစ်ကြောင်းလည်း ပြောပါသည်။ ၎င်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်းမှာ ၄၀၀၀ကျော်ရှိပြီး တစ်သိန်းထည့်ရန် မတတ်နိုင်သော မိဘများအနေဖြင့် စိတ်ဆင်းမှုဖြစ်နေကြပါသည်။ ယခုတွေ့ဆုံပွဲတွင် လပတ်စာမေးပွဲတွင် ကျောင်းသားများ၏ အမှတ်စာရင်းကို ပရိုဂျက်တာဖြင့် ထိုးပြသောကြောင့် ယခုမထည့်နိုင်သေးပါက မိမိတို့၏ကလေးများနာမည်ကို ပရိုဂျက်တာ ထိုးပြမည်ကို စိုးရိမ်သောကြောင့် ပိုက်ဆံကို မဖြစ်မနေရှာနေကြရပါသည်။
news from....https://www.facebook.com/burmavjmedia?ref=stream

No comments: