သတ်ဖြတ်ခံခဲ့ရ သူတွေထဲက တဦးဖြစ်တဲ့ ဦးစိန်ရဲ့ သမီးဖြစ်သူက အဲဒီအချိန်က
တာဝန်ရှိတဲ့ ABSDF (မြောက်ပိုင်း) ခေါင်းဆောင်ပိုင်းကို အရေးယူပေးဖို့
ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းကို ပြီးခဲ့တဲ့ ရက်ပိုင်း က
တိုင်ကြားခဲ့ထားတာကို ထောက်ခံတယ်လို့ ကျောင်းသား တပ်ဖွဲ့ဝင်ဟောင်းတွေက သတင်း စာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် တခြားသေဆုံးသွားတဲ့ ကျောင်းသား တစ်ချို့ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ ကလည်း သူတို့ အနေနဲ့ ဥပဒေကြောင်း အရ တရားစွဲဆိုတာကို ထောက်ခံသွားမယ်လို့ ပြောပါတယ်။
ဒီလိုလုပ်ဆောင်ရတာဟာ အာဃာတ တရားကြောင့် မဟုတ်ဘဲ သမိုင်းသင်္ခန်းစာ ရယူဖို့အတွက် ဖြစ်တ ယ် လို့လည်း အဲဒီတုန်းက သတ်ဖြတ်မှုတွေကနေ လွတ်မြောက်လာတဲ့ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ပြော ပါတယ်။

No comments:
Post a Comment