Thursday, August 30, 2012

ဦးသိန်းစိန် ထောင်ဒဏ်ခံရသူများကို လွတ်ပေးပြီး ရခိုင်များအား ဆက်လက်ထိမ်းသိမ်းထား


ဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း
ဇွန်လ (၈) ရက်နေ့က စတင်သည့်
ဘင်္ဂလီများ၏ အကြမ်းဖက် သောင်း
ကျန်းမှုကာလတွင် တိုက်ရိုက်ဆက်နွယ်
နေမှုဖြင့် ၂၄ ရက်နေ့က ထောင်ဒဏ်အပြစ်

ပေးထားသည့် ဘင်္ဂလီများကို ယမန်နေ့က လွှတ်ပေးခဲ့ပြီး ဒေသခံ ရခိုင်အမျိုးသားများကို
မျက်ကွက်ပြု ခွဲခြားဆက်ဆံ ခံနေရကြောင်း မောင်တောမြို့မှ ကျောင်းဆရာတစ်ဦးက
ပြောသည်။

" အကြမ်းဖက်မှု တစ်ခုလုံးကို ကြိုးကိုင်ခဲ့တဲ့ ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်ကို ထောင်ဒဏ် (၃)နှစ်၊ ခင်မောင်ဆွေ (ခ) တာရတ်ကို (၂)နှစ်နဲ့ ချိုလေးမာခါတုန်ကို ထောင်ဒဏ်(၆)နှစ် သောကြာ (၂၄)

ရက်နေ့က မောင်တောတရားရုံးက ချမှတ်ခဲ့ပါတယ်၊

အဲသူတွေကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ဆိုပြီး မနေ့မနက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်တဲ့ဆိုပြီး လွတ်ပေးလိုက်ပါတယ်၊ ဘယ်ပုံစံဥပဒေလဲမသိဘူး၊ သူတို့က UNHCRကနှစ်ယောက်နဲ့ INGOက တယောက်ပါ။ " ဟု အမည်မဖေါ်လိုသူ ကျောင်းဆရာက ဝေဖန်ပြောဆိုလိုက်သည်။


ဆက်လက်ပြီး သူက " သောင်းကျန်းသူတွေက ကုလားတွေ၊ ဒါနဲ့ဆက်စပ်ပြီး ဘာမှအပြစ်မလုပ်တဲ့ ရခိုင်အမျိုးသားတွေကို နေရာအနှံမှာ အများကြီး ဖမ်းထားတာတွေရှိတယ်။ ထောင်ဒဏ်သာပေးနေတယ်။ ပြန်လွတ်သူဘယ်သူ့ကိုမှ မတွေ့သေးဘူး။ ရခိုင်ပြည်နဲ့ လူထုတွေ ကျိန်စာသင့်နေသလို ဖြစ်နေတယ်။


သမ္မတလွတ်ငြိမ်းချမ်းသာခွင့်လည်းမရှိ၊ တရားဥပဒေမှာဘက်လိုက်မှုရှိနေတယ်။ UNHCR လည်း ခုလိုဘက်လိုက်ခဲ့လို့ ဒီပြဿနာတွေ ပေါ်ခဲ့ပြီးပြီ၊ ကျွန်တော်တို့ ရခိုင်တွေ မြန်မာပြည်သားဖြစ်တယ်။



ရခိုင်ပြည်မှာနေပြီး အမြဲတမ်း ဘက်လိုက်မှုတွေချဉ်း ခံနေရတာ စိတ်နာဖို့ကောင်းပါတယ်။ နိုင်ငံခြားသားက အပြစ်ရှိတာတောင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ရတယ်တဲ့လားဗျာ။ နိုင်ငံတကာက အရေးအခင်းအတွင်းမှာ ရခိုင်က ကုလားကိုသတ်ဖြတ်နေတယ်လို့ အကြမ်းဖက်သမားတွေ ပြောဆိုခဲ့တာကို အမှန်အတိုင်းဖြစ်သွားစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ " ဟု ဆိုသည်။


ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းမှုကို ဖန်တီးခဲ့၍ ထောင်ဒဏ်အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသော အဏ္ဏဝါ ဆာဒတ်အား ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၅၃ (က)နှင့် ၅၀၅ (ဂ) ပြစ်မှုနှစ်ခုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းဥပဒေပုဒ်မ ၂၄ (၁) အရ တစ်နှစ်၊ ပြစ်မှုကျူးလွန်ခဲ့သူ တာရက် ကို ဥပဒေပုဒ်မ ၁၅၃ (က)နှင့် ပြစ်မှု ပုဒ်မ ၅၀၅ (ဂ) ပြစ်မှုတစ်ခုကို (၂)နှစ် ထောင်ဒဏ်ဖြစ်သော်လည်း တပေါင်းတည်း ကျခံစေဆုံးဖြတ်မှုကြောင့် ထောင်ဒဏ် (၂)နှစ်၊ ဒေါ်ချိုလေးမာခါတုန် ကို ဥပဒေပုဒ်မ ၁၅၃ (က) အရ (၂)နှစ်နှင့် ဥပဒေပုဒ်မ ၄၃၆/၁၀၉နှင့် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး ဥပဒေပုဒ်မ ၂၄(၁) အရ ထောင်ဒဏ် (၁)နှစ် ထောင်ဒဏ်ပြစ်မှုများကို တပေါင်းတည်း ကျခံစေဟု စီရင်ချက်ကြောင့် (၆)နှစ်ချမှတ်ကြောင်း သိရှိရသည်။


ယင်းပဋိပက္ခ ကာလအတွင်း နိုင်ငံတကာ NGO ၀န်ထမ်း ၁၀ ယောက် ဆက်နွယ်မှုများ ရှိခဲ့သည်ဟု သံသယဖြင့် ဖမ်းဆီးထားခဲ့ရာမှ ၃ ဦးကိုထောင်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ကျန်ဝန်ထမ်း ၇ ဦးကို အစောင်ပိုင်းက အဖြတ်လိုက် လွှတ်ပေးခဲ့ကြောင်းနှင့် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ထပ်မံလွတ်ပေးလိုက်ခြင်းဖြစ်သည်။


ထောင်ဒဏ်စီရင် ချမှတ်ခံခဲ့ရသူ (၃) ဦးမှာ ယင်းပဋိပက္ခအတွင်း တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက် ကြိုးကိုင်မှုများ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ယင်းအရေးအခင်းနှင့် ပတ်သက်၍ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြည်နယ် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်သော ဦးလှသိန်းက VOA သို့ ဖြေကြားချက်အရ သိရသည်။


ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသော UNHCR ၀န်ထမ်းများအား စွဲချက်များမှာ ဥပဒေ ပုဒ်မ ၁၅၃(က)အရ လူမျိုးစုတစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ရန်တိုက်ပေးခြင်း၊ ဥပဒေ ပုဒ်မ ၅၀၅(ဂ)အရ အများပြည်သူများ အကျိုးစီးပွားပျက်ပြားစေမှုကို ဖြစ်စေသောပြစ်မှု၊ ခိုက်ရန်ဖြစ်ပွားအောင် ရန်တိုက်ပေးမှုများ အပါအ၀င် ဥပဒေ ပုဒ်မ ၄၃၆/၁၀၉ အရ မီးဖြင့်ဖြစ်စေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့်ဖြစ်စေ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက်ပြုမှုနှင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်မြောက်အောင် လုပ်ဆောင်မှုများဖြင့် စွဲချက်ခဲ့ကြောင်း သူကရှင်းပြခဲ့သည်။


မြန်မာအစိုးရက ထောင်ဒဏ်ချမှတ်လိုက်သော UNHCR ၀န်ထမ်း ၃ ဦးမှာ ရခိုင်ပြည်နယ်နေ မူဆလင်ဘာသာဝင်များဖြစ်ကြောင်းနှင့် မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများဖြစ်ကြောင်း ပြောသည်။


သက်ဆိုင်ရာက ထောင်ဒဏ်ချမှတ် ခံခဲ့ရသူများအပေါ် အသေးစိပ်စီစစ်ကာ စစ်ဆေးမေးမြန်းမှုများ အတန်ကြာပြုလုပ်ပြီး စီရင်ချ ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း ဦးသိန်းစိန်က အလွယ်တကူ လွတ်ပေးခြင်းအပေါ် အရေးအခင်းတွင် ကျဆုံးသွားခဲ့သူများ၏ မိသားစုဝင်များ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နှင့် တခြားမြို့များမှ ရခိုင်လူထုများ မကြေနပ်မှုများ ဖြစ်ကြကြောင်း ကျောင်းဆရာက သုံးသပ် ရှင်းပြသည်။


ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်နွယ်မှုများရှိသည့်အပြင် ဦးသိန်းစိန် လွတ်ပေးလိုက်သည့် ၀န်ထမ်းများနှင့် တိုက်ရိုက် ဆက်နွယ်မှုရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းမှ မူဆလင်ဘာသာရေး အစွန်းရောက် ခေါင်းဆောင် (၁၀)ဦးအား အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။


ယင်း ကော့စ်ဘဇားခရိုင်အတွင်းမှ ၁၀ ဦးမှာ ပန်းဝါမြို့ဗလီအုပ်၊ ကော့စ်ဘဇားမြို့ဗလီအုပ်၊ ကော့စ်ဘဇားမြို့ရှိ အီစ္စလာမ်မိတ်ဆေးရုံအုပ်၊ အီစ္စလာမ်မိတ်ဘဏ်အုပ်၊ နီလာမြို့ဗလီအုပ်နှင့် အီစ္စလာမ်မိတ်အဖွဲ့အစည်းနှစ်ခုမှ ခေါင်းဆောင်ကြီးများဖြစ်ကြသည်။


ကုလသမဂ္ဂ အနေဖြင့် ဦးသိန်းစိန် အမိန့်အာဏာဖြင့် လွတ်ပေးခဲ့သော ကုလ၀န်ထမ်းများအတွက် ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး တွဲဘက်ပြောခွင့်ရ Faran Haq က ယမန်နေ့က ပြောဆိုလိုက်သည်။


လွတ်မြောက်သော ဦးခင်ရွှေမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP၏ ၀န်ထမ်းတဦးဖြစ်ကြောင်း၊ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရသော ဦးခင်မောင်ဟာ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံး၏ ၀န်ထမ်းဖြစ်ကြောင်းနှင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံရသူ ဒေါ်ချိုလေးမာခါတုန်မှာ CSSEP အမည်ရှိ ရပ်ရွာလူထုဖွံ့ဖြိုးရေး စီမံချက်က ၀န်ထမ်းများ ဖြစ်ကြသည်။


ကျောင်းဆရာက " မနေ့က မောင်တောလူထုတွေ အရမ်းစိုးရိမ်ခဲ့ကြပါတယ်၊ ကြောက်စိတ်တွေလွမ်းပြီး ရုတ်ရုတ်သဲသဲတောင် ဖြစ်ခဲ့တဲ့ မိသားစုတွေ ရှိခဲ့တယ်။ လွတ်သွားတဲ့သူတွေက လူကြီးတွေဆိုတော့ အကြမ်းဖက်မှုတွေကို ထပ်ကာဖန်တီးပြုလုပ်နိုင်တယ်လို့ ယူဆကြ တယ်။

 ပြီးတော့ ဒီလိုလုပ်တာက ကုလားတွေကို အရေးအခင်းဖြစ်ခဲ့တာ အမှန်ဘက်သို့ရောက်စေပြီး ဒေသခံတွေကို အမှားသို့ တွန်းပို့ရာ သက်ရောက်သွားပါတယ်၊ အရင်ကတည်းက ဒီမှာအခြေချနေချင်တဲ့သူမရှိဖြစ်နေချိန်မှာ ပို့ဆိုးသွားတဲ့ အခြေအနေရှိပါတယ်။ " ဟု ဆက်လက် ရှင်းသည်။

အရေးအခင်းကာလ ပထမဆုံး ဓါတ်၊ ဗီဒီယိုနှင့် သတင်းအမှားများ နိုင်ငံတကာသို့ ပေးပို့မှုနှင့် အကြမ်းဖက်ကို အဓိကဆောင်ရွက်ခဲ့သော ဒေါက်တာ ထွန်းအောင်(နရုဟောက်)အား လွတ်ပေးမည့်သတင်းများ မောင်တောတွင် ဖြစ်ပေါ်နေကြောင်း သိရှိရသည်။


ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် ပဋိပက္ခတွင် နေအိမ်စုစုပေါင်း (၂၈၂၅)အိမ်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ (၃၈)ဦး၊ ဘုန်းတော်ကြီးကျောင်း (၉) ကျောင်း၊ ဗလီကျောင်း (၇) ခု၊ ဒုက္ခသည်စခန်း (၃၇) နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း (၉၀၀၀၀) ခန့်ရှိခဲ့ကြောင်း သိရှိရသည်။


Arakan Times
 
ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းရန် Mr. Arifin Muh Hadi ဦးဆောင်သောအဖွဲ့ ရခိုင်သို့ရောက်ရှိ
Written by ရွှေဘန်း(စစ်တွေ)    Thursday, 30 August 2012 19:25    PDF Print E-mail
IMG 0535 copyအင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲ Mr. Arifin Muh Hadi ဦးဆောင်သော အဖွဲ့သည် ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းရန် Air Madalay လေယာဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေလေဆိပ်သို့ ယနေ့မနက် ၉ နာရီတွင် ရောက်ရှိလာကြောင်း သတင်းရရှိသည်။
ပြည်ပမီဒီယာအချို့၏ မမှန်မကန်သတင်းထုတ် လွှင့်ခဲ့မှုကြောင့် အင်ဒိုနီးရှား ပြည်သူများ စိုးရိမ်ခဲ့ရသော် လက်ရှိတွင် မြန်မာအစိုးရ၏ သမာသမတ်ကျသော ဆောင်ရွက်ချက်များကိုသိရှိ၍ ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါကြောင်းကို စစ်တွေလေဆိပ်တွင် ကြိုဆိုရန် ရောက်ရှိလာသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းအား စစ်တွေလေဆိပ်၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းသိရသည်။
ရခိုင်သို့ရောက်ရှိလာသော Mr. Arifin Muh Hadi ဦးဆောင်သော အဖွဲ့တွင် အင်ဒိုနီးရှားမှ ခြောက်ဦးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှ ဌာနမှူး ဦးမောင်မောင်ခင်လည်း လိုက်ပါဝင်ကြောင်းသိရသည်။
Mr. Arifin Muh Hadi အနေဖြင့်စက်တင်ဘာ (၄)ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ပြန်လည်ထွက်ခွာမည်ဖြစ်ရာ စစ်တွေမှမထွက်ခွာမှီ ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံးပြီး ဒုက္ခသည်စခန်းများသို့ သွားရောက်မည်ဖြစ်ပြီး ကျန်အဖွဲ့များမှာ စက်တင်ဘာ ၉ ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည် လွတ်မြောက်လာသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၀န်ထမ်း ဒေါ်ချိုလေးမာသည် ၄င်း၏ သားများဖြစ်သည့် စည်သူမောင်မောင်ချို၊ ဥတ္တရညီညီချို တို့နှင့်အတူ Mr. Arifin Muh Hadi တို့ စီးနင်းလိုက်ပါလာသည့် Air Mandalay လေယာဉ်ဖြင့် ယနေ့မနက် ၉း၁၅ တွင် စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာသွားခဲ့သည်။
သြဂုတ်လ (၂၉) ရက်နေ့ကလည်း အိန္ဒိယသံအမတ်ကြီး Mr. H-E.Dr. VS. Seshatii Imr သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့်တွေ့ဆုံ၍ အမေရိကန်ဒေါ်လာ နှစ်သိန်းကို ဒုက္ခသည်များအတွက်လှူဒါန်းပြီး စစ်တွေမြို့ မင်းဂံဒုက္ခသည်စခန်းနှင့် သက္ကေပြင်ဒုက္ခသည်စခန်းများကို လှည့်လည်ကြည့်ရှု၍ စစ်တွေမြို့၌ ကုလားတန်စီမံကိန်းဆောင်ရွက်နေသော Essar ကုမ္မဏီ၏စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးကာ ယင်းနေ့ညနေပိုင်းတွင် စစ်တွေမှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွားသွားခဲ့ကြောင်း သိရသည်။
H-E.Dr.VS.Seshatii Imr and U Hla Mg Tin copy
iNDONESIA copy
Last Updated ( Thursday, 30 August 2012 23:03 )
 
ပါစ်ပို့အတုကိုင်ဆောင်ထားသူများအား ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ချာဟာဇာလာလ် အပြည်အပြည်ဆိုင်ရာ လေဆိပ်တွင်ဖမ်းဆီးရမိ
Written by ခိုင်ဥက္ကာပျံ    Thursday, 30 August 2012 11:13    PDF Print E-mail
bd4တရားမဝင် ပါစ်ပို့အတုကိုင်ဆောင်ထားသည့် ဘင်္ဂလီလူမျိုး မာဟ်မူးဒါအာက့်တာရ်ပါအဝင် မိသားစုဝင် (၁၆)ဦးအား ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ချာဟာဇာလာလ် အပြည်အပြည်ဆိုင်ရာ လေဆိပ်တွင် သြဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ မိသားစုသည် လွန်ခဲ့သော (၂)ရက်လောက်က တက္ကနာနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး ၊ မာဟ်မူးဒါအာက့်တာရ် အမျိုးသားဖြစ်သူမှာလည်း လွန်ခဲ့သော (၆)ရက်လောက်ကတည်းက မလေးရှားနိုင်ငံကို ထွက်ခွါသွားကြောင်းသိရသည်။
ဖမ်းဆီးခံ မိသားစုများသည် မြန်မာနိုင်ငံမှဟု ဆိုသော်လည်း ပါ့စ်ပို့တွင် ဘင်္ဂလားဒေ့ခ်ျ မွိုင်မမ်းရှိမ်းအရပ်ကဟုရေသား ထားကြောင်းကို သူမကိုယ်တိုင် ဝန်ခံခဲ့ကြောင်းကို သိရပြီး နောက်ထပ်ဖမ်းဆီးရမိသော သူများမှာလည်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ အနယ်နယ်အရပ်အရပ်မှ လိပ်စာများပါရှိပြီး ပါစ်ပို့(လိုင်ပင်းဖြတ်) အတုများ ကိုင်ဆောင်ထားကြကြောင်း သိရသည်။
" ကျနော်တို့ဆီက ငွေတွေအများကြီး ယူပြီးတော့ မလေးရှားကို ပို့ပေးဖို့ အလုပ်ရဖို့ပြောတော့ ပွဲစားကပြောသွားပါတယ်။ ပါစ့်ပို့ အတုအစစ် ဆိုတာကို ကျနော်တို့က မသိပါဘူး။ ပွဲစား(အလုပ်သမားအကျိုးဆောင်)ပဲ လုပ်ပေးတာပါ။ " ဟု စစ်ဆေးခံ ပါ့စ်ပို့အတုကိုင်ဆောင်ထားသူ တစ်ယောက်ကပြောသည်။
ပွဲစား(အလုပ်သမားအကျိုးဆောင်)တွေမှာ အလုပ်သမားများထံမှ တာကာငွေ သိန်းဂဏန်းနှင့် ယူပြီးတော့ ပါစ့်ပို့ကို ကပ်ခွာပိုင်းဖြတ် လုပ်ပေးကြပြီး လေယာဉ်လက်မှတ်ကို အေ့ဂျင့်တွေကတဆင့် ဝယ်ယူပေးကာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား ပွဲစား (၆) ယောက်ကိုပါ လက်ပူးလက်ကြပ် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
" ကျနော်တို့က လေယာဉ်ထွက်တဲ့အထိ ပို့ပေးရဖို့တာဝန်ရှိတဲ့အတွက် ပွဲစားတွေကတဆင့် လာပို့ပေးတာပါ။ ကျနော်တို့က ဘာမှမသိပါဘူး။ " ဟု အေ့ဂျင့်တစ်ယောက်ဖြစ်သူက ငြင်းဆိုလိုက်ကြောင်း သိရသည်။
ပါ့စ်ပို့အတုကိုင်ဆောင်လို့ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားတွေဟာ ဘင်္ဂလားဒေ့ချနိုင်ငံ၏ ရုံးသုံးစကားကို မပြောတတ်သောကြောင့် စစ်တကောင်းသား စကားနှင့်ဆင်တူ မောင်တောဘူးသီးတောင်နယ်ဖက်က ဘင်္ဂလီစကားကို မီဒီယာတွေရှေ့မှာ ပြောဆိုသွားသော်လည်း ဘင်္ဂလာအစိုးရနှင့် မီဒီယာတီဗွီအသံလွှင့် ဌာနတွေက (ရိုဟင်ဂျာ)လို့ သုံးနှုန်းဖေါ်ပြသွားကြောင်းကို သတင်းရရှိသည်။
" အခုလိုမျိုး တရားမဝင်ဘဲ ခိုးဝင်လာတဲ့(ဘင်္ဂလီ)လူတွေဟာ ပွဲစားများမှတဆင့် တစ်ယောက်ကို တာကာငွေ တစ်သိန်းခွဲကနေ နှစ်သိန်းထိ ပေးပြီးတော့ ပါစ့်ပို့ အတုလုပ်ပြီး မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့ကို ထောင်ပေါင်းများစွာ ထွက်ခွာသွားကြပါတယ်။ ဒီလူတွေဟာ မြန်မာအစိုးရကို ဆန့်ကျင်လို့ ဒုစရိုက်မှုတစ်ခုခုကို လုပ်လာကြာတာဖြစ်ပါတယ်။ ကျနော်တို့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက ပါစ့်ပို့ကို ကိုင်ဆောင်ပြီးတော့ ရောက်တဲ့အရပ်မှာ ပြဿနာတတ်တယ်။ နာမည်ပျက်တာက ကျနော်တို့နိုင်ငံဖြစ်သွားတယ်။ နိုင်ငံတကာ အလုပ်သမားတွေကြားမှာ အဆိုးဝါးဆုံးနာမည်ပျက်စရင်းတွေမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက အလုပ်သမားတွေချဲ့ပါပဲ။ " ဟု ချာဟာဇာလာလ် လေဆိပ်တာဝန်ခံ ရဲမှုကြီး အေဟိုးတေချာမှုဟောက့်က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
ပါ့စ်ပို့အတုကိုင်ဆောင်လို့ ဖမ်းဆီးလိုက်သော အလုပ်သမားတွေဆီက နိုင်ငံခြားငွေ စုစုပေါင်း(၂၃)သိန်းကျော်၊ ပါ့စ်ပို့အတုနှင့် လေယာဉ်လက်မှတ်အတုများကို သိမ်းဆည်းလိုက်ပြီး ပါစ့်ပို့အတုကိုင်ဆောင်သူတွေကို လဝက(လူဝင်မှုကြီးကြပ်ရေး)နှင့် တရားစွဲ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
bd
bd1
 

No comments: