Wednesday, August 29, 2012

ငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာမိသားစုများ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ့ ထုတ်ပြန်ကြေညာချက် အမှတ် (၂)


ငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာမိသားစုများ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ့

ထုတ်ပြန်ကြေညာချက် အမှတ် (၂)
နေ့စွဲ။ ။ သြဂုတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်

၁။ နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် စတုထ္ထအကြိမ် နှင့် ပဉ္စမအကြိမ် အကြိုညှိနှိုင်း စည်းဝေးပွဲများကို သြဂုတ်လ ၁၈ ရက်၊ စနေနေ့ နှင့် သြဂုတ်လ ၂၅ ရက်၊ စနေနေ့ တို့တွင် ပြုလုပ်ခဲ့ပါသည်။
39 Eldridge St., 4th Floor, NY 10002 တွင်ပြုလုပ်ခဲ့သောဆွေးနွေးပွဲများကို အဖွဲ့အစည်းအသီးသီး နှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၃၀ ကျော်ခန့်တက်ရောက်ခဲ့ကြသည်။

၂။ ဖြစ်မြောက်ရေးအဖွဲ့၏ စတုထ္ထအကြိမ်အစည်းအဝေးတွင် လုပ်ငန်းကော်မတီအသီးသီးက ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီအသီးသီးအလိုက် ဆွေးနွေးထားခဲ့ကြသည့် အောက်ပါကိစ္စရပ်များကို အတည်ပြုနိုင်ခဲ့သည်။

(က) အောက်ပါနေရာကို တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည့်နေရာအဖြစ် ရွေးချယ်အတည်ပြုခဲ့ကြသည်။

Colden Center for the Performing Arts
Queens College
65-30 Kissena Boulevard
Flushing, NY 11367

အထက်ပါနေရာကို Queens College မှ တာဝန်ရှိသူများက အခကြေးငွေမယူဘဲ တွေ့ဆုံဆွေးနွေးပွဲအတွက် အသုံးပြု ခွင့်ပေးခဲ့သည်။ နေရာရရှိရေးအတွက် နယူးယောက်မြို့က အမေရိကန်အောက်လွှတ်တော်အမတ် Mr. Joseph Crowley နှင့် ရုံးအဖွဲ့သားများက အဓိကကူညီဆောင်ရွက်ပေးခဲ့ကြသည်။

(ခ) အထွေထွေကုန်ကျစားရိတ်များကို လုပ်ငန်းကော်မတီအသီးသီးတွင်ပါဝင်ဆောင်ရွက်နေသူများနှင့် စိတ်ပါဝင်စားသူ များ ဝိုင်းဝန်းထည့်ဝင်ကျခံသွားရန်၊ စုပေါင်းထည့်ဝင်ငွေများနှင့် အသုံးစားရိတ်များကို ထင်သာမြင်သာရှိစေရန်အတွက် စနစ်တကျ ဆောင်ရွက်သွားရန် ဆွေးနွေးအတည်ပြုခဲ့ကြသည်။

(ဂ) တွေ့ဆုံဆွေးနွေးပွဲ နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် Facebook စာမျက်နှာ၊ နယူးယောက်မြို့အခြေစိုက် အင်တာနက်အခြေပြု သတင်းဌာနများဖြစ်သည့် ရွှေလုံး နှင့် မြန်မာသတင်းရပ်ဝန်းတို့က တဆင့် အသိပေးတင်ပြသွားရန် အတည်ပြုခဲ့ကြသည်။

(ဃ) တွေ့ဆုံဆွေးနွေးပွဲကျင်းပရေးအဖွဲ့၏ အောက်ပါလုပ်ငန်းကော်မတီများကို ဖွဲ့စည်းခဲ့ကြသည်။

(၁) ကြိုဆိုရေးနှင့် နေရာချထားရေးကော်မတီ
(၂) လုံခြုံရေးကော်မတီ

(င) ဖြစ်မြောက်ရေးအဖွဲ့၏ ပဉ္စမအကြိမ် အစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားရန် စီစဉ်ခဲ့ကြသည်။

နေရာ။ ။ Project Reach
39, Eldridge Street
4th floor, NY 10002

နေ့ရက်။ ။ သြဂုတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်

အချိန်။ ။ ညနေ ၄ နာရီ မှ ၆ နာရီ အထိ

၃။ ဖြစ်မြောက်ရေးအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် လုပ်ငန်းကော်မတီအသီးသီးက ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီအသီးသီးအလိုက် ဆွေးနွေးထားခဲ့ကြသည့် အောက်ပါကိစ္စရပ်များကို အတည်ပြုနိုင်ခဲ့သည်။

(က) ဆရာကြီးမောင်စွမ်းရည် အကြံပြုသည့် တွေ့ဆုံဆွေးနွေးပွဲ၏ ခေါင်းစဉ်အမည် “ငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာမိသားစုများ တွေ့ဆုံဆွေးနွေးပွဲ” ကို ရွေးချယ်အတည်ပြုခဲ့ကြသည်။

(ခ) တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ သိရှိလိုသည့် မြန်မာပြည်အရေးနှင့်ပတ်သက်သည့် မေးခွန်းများကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပေးမည့် အစီအစဉ်ပါရှိမည်ဖြစ်ပြီး အစီအစဉ်ကို အောက်ပါအတိုင်း ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

(၁) ရေးသားမေးမြန်းရန် စာရွက်များကို အခမ်းအနားမစတင်မီ ကြိုတင်ဖြန့်ဝေသွားမည်ဖြစ်သည်။
(၂) မေးခွန်းများကို မဲစနစ်ဖြင့် ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်အတွင်း ဖြေကြားပေးသွားမည်ဖြစ်သည်။
(အချိန်အခက်အခဲကြောင့် မေးခွန်းအားလုံးကို ပြန်လည်ဖြေကြားနိုင်မည်မဟုတ်ပါ။)

(ဂ) တွေ့ဆုံဆွေးနွေးပွဲတက်ရောက်လိုသူများ အနေနှင့် လက်မှတ်ကြိုတင်ရယူရန်မလိုအပ်ဘဲ ဦးရာလူစံနစ်ဖြင့် တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

(ဃ) အထွေထွေကုန်ကျစားရိတ်များအတွက် စုပေါင်းထည့်ဝင်ငွေများကို လုပ်ငန်းကော်မတီဝင်များက လက်ခံ ကောက်ယူသွားမည်ဖြစ်ပြီး ငွေကြေးကိစ္စများ ထင်သာမြင်သာရှိစေရန်အတွက် လက်ခံဖြတ်ပိုင်းများ ထုတ်ပေး သွားမည်ဖြစ်သည်။ စုပေါင်းထည့်ဝင်ငွေများ ပိုလျှံပါက မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကို ရည်စူးပြီး ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ခဲ့သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းသွားမည်ဖြစ်သည်။

(င) တွေ့ဆုံဆွေးနွေးပွဲကျင်းပရေးအဖွဲ့၏ အောက်ပါလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။

(၁) စာရင်းစစ်ကော်မတီ

(စ) စတုထ္ထအကြိမ် နှင့် ပဉ္စမအကြိမ်အစည်းအဝေးများတွင် ဖွဲ့စည်းခဲ့သည့် လုပ်ငန်းကော်မတီများ၏ တာဝန်ခံများနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် နှင့် အီးမေး (လ်) လိပ်စာများမှာ အောက်ပါအတိုင်းဖြစ်သည်။

ကြိုဆိုရေးနှင့် နေရာချထားရေးကော်မတီတာဝန်ခံများ

ကိုဝေလ ၆၄၆ ၄၆၂ ၉၀၁၇ waiwin@gmail.com
မရွှေဝါဝင်းရည် ၃၄၇ ၂၂၉ ၄၃၀၉ shwewaryee@gmail.com

လုံခြုံရေးကော်မတီတာဝန်ခံ

ကိုတင်မောင်အေး ၆၃၁ ၂၅၂ ၈၇၇၆ timahardy@gmail.com

စာရင်းစစ်ကော်မတီတာဝန်ခံ

မစန္ဒီတင့် ၉၁၇ ၄၄၅ ၉၂၂၂ kwarsi.kwarsi@gmail.com


(ဆ) ဖြစ်မြောက်ရေးအဖွဲ့၏ ဆဌမအကြိမ် အစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်သည်။

နေရာ။ ။ Project Reach
39, Eldridge Street
4th floor, NY 10002

နေ့ရက်။ ။ စက်တင်ဘာလ ၈ ရက်၊ ၂၀၁၂ ခုနှစ်

အချိန်။ ။ ညနေ ၄ နာရီ မှ ၆ နာရီ အထိ



- NYC Organizing Committee for Daw Su's visit -

No comments: