Thursday, August 30, 2012

Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်း ပယ်ဖျက်တယ်ဆိုလို့  …




















Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်း ပယ်ဖျက်တယ်ဆိုလို့  …

- ဘယ်တုန်းကများ Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်းထဲ ၀င်သွားရပါလိမ့်။

- ဘာကြောင့်များ Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်းထဲ ၀င်သွားရပါလိမ့်။

- ဘယ်သူတွေကများ Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်းထဲ ထည့်ရပါလိမ့်။

- အမည်မည်းစာရင်း (၆၁၆၅) ဦးမှ ကျန်ရှိနေသေးသောသူများမှာ အဘယ့်ကြောင့် ကျန်ရှိရသည်ဆိုတာ ခိုင်မာသော အကြောင်းပြချက်နှင့် တိကျစွာ မထုတ်ပြန်ရဲပါသလည်း။

- အမည်မည်းစာရင်းထဲ ထည့်သူတွေ ပယ်ဖျက်သူတွေကရော ဖြူစင်သန့် ရှင်းနေလို့ ပါလား။

ဒီမေးခွန်း (၅) ခုကို ယခု ထုတ်ပြန်လိုက်တဲ့ “Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်း” ထုတ်ပြန်တဲ့ သိန်းစိန်တို့  တိတိကျကျ ဖြေရှင်းဖို့  လိုပါတယ်။

Black List မှ ပယ်ဖျက်လိုက်တယ်ဆိုလို့  အပယ်ဖျက်ခံရသူတွေက အမည်မည်းရှိခဲ့သူတွေ ဖြစ်သလို၊ ကျန်နေသေးသူတွေကလည်း အမည်မည်းရှိနေသေးတယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

အမည်မည်းဆိုပြီး သတ်မှတ်နေဆဲဖြစ်လို့ လည်း ၀မ်းနည်းစရာလား၊ အမည်မည်းမဖြစ်တော့ဖူးဆိုလို့ လည်း ၀မ်းသာစရာလား။

တကယ် စစ်မှန်တဲ့ လုပ်ဆောင်ချက်ဆိုရင် - မြန်မာနိုင်ငံ ထောင်အသီးသီးက နိုင်ငံရေး ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး တစ်ယောက်မကျန် လွှတ်ပေးလိုက်ပါ၊ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းများကို လုံးဝ ရပ်တန့် လိုက်ပါ၊ တိုင်းရင်းသားဒေသအသီးသီးမှာ မတရားထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကို ရုပ်သိမ်းလိုက်ပါ၊ နိုင်ငံတကာရောက်နေကြတဲ့ မြန်မာပြည်သူပြည်သားအားလုံးကို တစ်ပြိုင်နက်ထဲ မြန်မာပြည်တွင်း အကြွင်းမဲ့ ဖိတ်ခေါ်လိုက်ပါ။

Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်း ပယ်ဖျက်တာတွေ ကျန်နေသေးတာတွေအတွက် ၀မ်းလည်း မသာပါ ၀မ်းလည်း မနည်းပါ မိသိန်းစိန် ….. ယခု မေးခွန်း (၅) ခုကိုသာ ဖြေဆိုရဲပါက ကြိုဆိုပါတယ်။

No comments: