Wednesday, August 29, 2012

ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်လိုဟု ဒေါက်တာနိုင်အောင်ဆို


ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်လိုဟု ဒေါက်တာနိုင်အောင်ဆို

ရန်ကုန်၊ သြဂုတ် ၃၀

၂၄နှစ်ကြာ မြန်မာနိုင်ငံနှင့် ဝေးကွာနေရာမှ ပထမဆုံးပြန်လာခွင့် ရမည့် ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင်ပင် သတင်းစာရှင်း လင်းပွဲလုပ်ရန် အကျိုးဆောင်များကို ကမ်းလှမ်းထားကြောင်း ၎င်းက The Voice Weekly သို့ပြောကြားသည်။

ဒေါက်တာနိုင်အောင်နှင့် ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်ကပြောကြားသည်။

ဒေါက်တာနိုင်အောင်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-မြောက်ပိုင်း) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည်။


ရှင်းကြရတော့မည်...
တာဝန်ရှိသူတွေ တာဝန်ယူကြရတော့မှာဖြစ်တယ်...၊
မြောက်ပိုင်းမှ မခြောက်သေးသော ကျောင်းသားသွေးတွေ...
မြောက်ပိုင်းမှ မဆွေးသေးသော ကျောင်းသားအရိုးတွေ...
အမှန်တရားကို ရင်ဆိုင်ရန်.. အချိန်အခါ ကျရောက်လာခဲ့ပြီ..။

3 comments:

Nge Naing said...

ဒေါက်တာနိုင်အောင်က ABSDF ရဲ့ ဥက္ကဌဟောင်းသာ ဖြစ်တယ်။ မြောက်ပိုင်း ဥက္ကဌဟောင်းမဟုတ်ပါ။

Tenissary said...

ဒေါက်တာနိုင်အောင်က ABSDF ရဲ့ ဥက္ကဌဟောင်းသာ ဖြစ်တယ်။ မြောက်ပိုင်း ဥက္ကဌဟောင်းမဟုတ်ပါ။
မှန်ပါတယ်။ သတင်းတင်ထားတဲ့ ဆီကအတိုင်း edit မလုပ့်ဘဲထပ့်တင်လိုက်လို့ ပါ။
အေဘီ နှစ်ခြမ်းကွဲပြီး၊ အေဘီ မြောက်ပိုင်း က ကိုနိုင်အောင်တို့ နှင့်ပေါင်းလိုက်တာ ဆိုတော့ ဒေါက်တာနိုင်အောင်က ABSDF မြောက်ပိုင်း ရဲ့ ဥက္ကဌဟောင်းမဟုတ်တောင် မှ တာဝန်ရှိသူတယောက်လို့ ဆိုနှိင်မှာပါ။ ABSDF မြောက်ပိုင်းကဥက္ကဌ ကို ဥက္ကဌလေး၊
တောင်ပိုင်းက ဥက္ကဌတွေကို အေဘီတခုလုံးရဲ့ 
ဥက္ကဌတွေအဖြစ်ခေါ်ကြတာလို့ ကြားဘူးပါတယ်။
ဘာဘဲ့ဖြစ်ဖြစ် မငယ် အခုလိုထှောက်ပြပေးတဲ့အတွက်ကျေးဇူးပါ။
အောင်မိုး(ကနေဒါ)

Nge Naing said...

သြော် မိုးသီဟအောင်က အောင်မိုးလား ဘလော့ဂ်ရှိမှန်းတောင် မသိဘူး။ ဒါက ဒီလိုရှိပါတယ် သတင်းတင်ထားတဲ့အတိုင်း တင်လိုက်တယ်ဆိုရင် သတင်းထောက်က မသိပေမဲ့ အောင်မိုးက သိရင် ABSDF တပ်ဖွဲ့ဝင်ဟောင်းတယောက်အနေနဲ့ အချက်အလက် မှားနေတာတခုကို တွေရင် မှားနေကြောင်း ထောက်ပြဖို့တာဝန်မရှိဘူးလား။ ဟိုမှာ မထောက်ပြရင်တောင်မှာ ကိုယ်ကပြန်ကူးပြီးတင်တဲ့အချိန်မှာ မူရင်း Link မှာ ဒီလိုရေးထားပေမဲ့ အမှန်က ဒီလိုဖြစ်တေယ်ဆိုတာ အောက်မှာ စာကြွင်းပုံစုံမျိုး ထည့်သင့်ပါတယ်။ သတင်းထောက်တွေက ABSDF က လူတွေအကြောင်းလည်း မသိဘူး နာမည်ကလည်းဆင်တယ် ဥက္ကဌကလည်း တူတယ်ဆိုတော့ ဗဟိုနဲ့ မြောက်ပိုင်းကို ရောပြီးလုံးတုတ်နေတာတွေ ရှိတယ်။ အောင်မိုးအောက်က ရေးထားတာတွေက ဒီပို့စ်နဲ့ ဘာမှမဆိုင်ဘူး။ အဖွဲ့အစည်းတခုလုံးမှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တာနဲ့ပဲ ပြဿနာဖြစ်သွားတဲ့ အစိတ်အပိုင်းတခုက ဥက္ကဌလို့ ပြောပြီး အချက်အလက်အမှားတွေ မဖြန့်သင့်ဘူး။ အဲဒီအချက်အလက်အမှားတွေနဲ့ပဲ ABSDF ကိုသုံးစားမရအောင် အပြောခံနေရတယ်။ ဒီမှတ်ချက်ကို ထည့်ချင်မှလည်း ထည့်ပါ။ အများဖတ်ဖို့ အချက်အလက်ပေးနေတဲ့ ဘလော့ဂါတယောက်အနေနဲ့ လိုက်နာသင့်တဲ့ အချက်တွေကို အောင်မိုးသိအောင် အကြံပြုခြင်းသာ ဖြစ်တယ်။