Friday, August 31, 2012

မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲ

(မူရင်း Eleven Media Group)



မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြန်မာပြည်မြောက်ပိုင်း-ပါဂျောင်) ဒေသတွင် ၁၉၉၁-၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စတင်ကျင်းပလျက်ရှိနေပါသည်။ ယခု သတင်းစာ ရှင်းလင်းပွဲကို မြန်မာ
ပြည်မြောက် ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ဦးဆောင်ကျင်ပနေခြင်းဖြစ်ပြီး ၎င်းဖြစ်စဉ်တွင် ထွက်ပြေးလွတ်မြောက်လာသည့် နှိပ် စက်ခံခဲ့ရသော ကျောင်းသားများနှင့် အသတ်ခံခဲ့ရသည့် ကျောင်းသားများ၏ မိသားစုဝင်များလည်း တက်ရောက်ရှင်း လင်းနေကြောင်း သိရပါသည်။

မြန်မာပြည်မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် စပ်လျဉ်းပြီး အဓိကတာဝန်ရှိသူများဟု စွပ်စွဲခံထားရသူများအနက်မှ ဒေါက်တာနိုင်အောင်မှာ ယနေ့ မွန်းလွဲ (၂) နာရီတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ် ပြီး မိုးသီးဇွန်မှာ စက်တင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်သည်။

မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ ၁၉၉၂ ပါဂျောင်ရှင်းတမ်း သတင်းစာရှင်းလင်းပွဲကို မြောက် ပိုင်းတွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များမှ တရားရေးဆိုင်ရာ လမ်းကြောင်းများဖြင့် ချဉ်းကပ်ဖြေရှင်းမှုများတွင် ပူးပေါင်း ကူညီဆောင်ရွက်ရန်၊ ဒီမိုကရက်တစ်လူ့ဘောင် တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော တရားစီရင်ရေးမဏ္ဍိုင်၏ အရေးပါမှုနှင့် တရားဥပဒေ စိုးမိုးမှု အလေးထားသော လူ့အဖွဲ့အစည်းဖြစ်ကြောင်း သက်သေပြရန်နှင့် မြောက်ပိုင်းဖြစ်စဉ် အား နှစ်ရှည်လများ ထိန်းသိမ်းထားရသော အကြောင်းအရင်းများကို ရှင်းလင်းတင်ပြရန် အစရှိသော ရည်ရွယ်ချက်များ ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများမှ တဦးအပါအ၀င်ဖြစ်သည့် ကိုဘိုဘိုက ရှင်းလင်းပြောကြားခဲ့ပါသည်။

No comments: