Thursday, August 30, 2012

၂ဝ၁၁ ခုနှစ်တွင် အမေရိကန်လက်နက်ရောင်းချမှု အမြင့်ဆုံးသို့ ရောက်ရှိ



ဝါရှင်တန် သြဂုတ် ၃ဝ

အမေရိကန်နိုင်ငံ၏ ၂ဝ၁၁ ခုနှစ် လက်နက် ရောင်းချမှုနှုန်းသည် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၃ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် သုံးဆနီးပါး မြင့်တက်လာကြောင်းနှင့် လက်နက် အဓိက ဝယ်ယူသည့် နိုင်ငံများမှာ အာရပ်နိုင်ငံများ ဖြစ်ကြောင်း ကွန်ဂရက် လွှတ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။


အမေရိကန်နိုင်ငံ၏ လက်နက် ရောင်းချမှုသည် ၂ဝ၁ဝ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄ ဘီလီယံ ရှိခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် မယုံကြည် နိုင်လောက်အောင် မြင့်တက်ခဲ့သည်။ ယခင် အမြင့်ဆုံး လက်နက် ရောင်းချမှုမှာ ၂ဝဝ၉ ခုနှစ်တွင် ဖြစ်ပြီး ရောင်းချမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံသည် လက်နက် အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်ပြီး Apache နှင့် Black Hawk ရဟတ်ယာဉ်များ အပါအဝင် F-15 တိုက်လေယာဉ် ၈၄ စင်း၊ ခဲယမ်းများ၊ ဒုံးကျည်များကို အမေရိကန်ေ ဒ်ါလာ ၃၃ ဒသမ ၄ ဘီလီယံဖိုး ဝယ်ယူခဲ့သည်။

ထို့အပြင် အာရပ်စော်ဘွားများ ပြည်ထောင်စုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ ဒုံးကျည် ကာကွယ်ရေး စနစ်ကို ဝယ်ယူခဲ့သည့် အပြင် အမေရိကန်ဒေါ်လာ ၉၃၉ သန်း တန်ဖိုးရှိ Chinook ရဟတ်ယာဉ် ၁၆ စင်းကိုလည်း ဝယ်ယူခဲ့သည်။

အလားတူ အိုမန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ F-16 တိုက်လေယာဉ် ၁၈ စင်း၊ အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ထောက်ပံ့ပို့ ဆောင်ရေးလေယာဉ်များနှင့် တရုတ် (တိုင်ပေ) က အမေရိကန်ဒေါ်လာ ၂ ဘီ လီယံတန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများကို အမေရိကန် ပြည်ထောင်စုမှ ဝယ်ယူခဲ့သည်ဟု သိရသည်။

No comments: