Wednesday, August 29, 2012

ထောက်လှမ်းရေး အရာရှိ တစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရပြီး သေဆုံး

 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိ
တစ်ဦးဟာ ပျဉ်းမနား နေပြည်ေ


တာ် မှာ မနေ့ညနေပိုင်းက ခန္ဓာကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ခံရပြီး သေဆုံးသွားကြောင်း RFA က စုံစမ်းသိရ ပါတယ်။

သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအ
ုပ် ဝင်းမင်းသန့် ဆိုသူဖြစ်ပြီး၊ သူသေဆုံးမှုနဲ့ပက်သက်လို့ အသေးစိတ် အချက်အလက်တွေ ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ရဲစခန်းမှုး ရဲအုပ်ဦး ကျော်ြ

မင့်က RFA ကို ပြောကြားပါတယ်။

" သူ့ဖာသာသူ ရှို့သလား။ သူများရှို့သလားဆိုတာတော့ မသိသေးဘူး။ ဆရာဝန်ကြီးရဲ့ မှုခင်းသုံးသပ်ချက်က ကျွန်တော်တို့ဆီ မရောက်သေးဘူး။ ဒီနေ့မှ ခွဲစိတ်တာ ဆိုတော့လေ။ ဆရာဝန်ကြီးရဲ့ မှတ်ချက်လာရင်တော့
တော်တော်လေး ပြောလို့ ရတယ်ဗျ။ ဆရာဝန်ကြီး ကိုယ်တိုင်က သူ့ဖာသာသူ ရှို့သလား၊ သူများက ရှို့သလားဆိုတာ ပြောလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မီးလောင်ကျွမ်းမှုကြောင့် သေသည်။ နံပတ်တစ်က။ နောက်တခါ မီးလောင်ခံရစဉ် အသက်ရှိသည်။ ဆိုတော့ သေပြီးမှ။ သတ်ပြီးမှ မီးရှို့တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ကတော့ သူဘာကြောင့်သေသလဲဆိုတဲ့ သေမှုသေခင်း ဖွင့်ထားတယ်။ ပျဉ်းမနား ရဲစခန်း အမှတ်စဉ် ၃၆၊ ၂၀၁၂ ပါ။"

ရဲအုပ်ဝင်းမင်းသန့်ဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်း
ရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇဘုရားဝင်း အတွင်းမှာ မီးလောင်ကျွမ်း
သေဆုံးခဲ့တာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ရဲအရာရှိရဲ့ ရုပ်အလောင်းကို နေပြည်တော် ဆေးရုံမှာ ထားရှိပြီး၊ သက်ဆိုင်ရာ မှုခင်း ဆရာဝန်တွေက ဆေးမှတ်တမ်း အထောက်အထားတွေ စစ်ဆေးရယူနေတယ်လို့ သိရပါတယ်။

အစိုးရ ရုံးစိုက်တဲ့ နေပြည်တော်မှာ ရဲတပ်ဖွဲ့ အရာရှိတစ်ဦး ပထမဦးဆုံး မီးရှို့ သေဆုံးမှု ဖြစ်တဲ့အတွက် ဒေသခံတွေအကြားမှာ အထူးစိတ်ဝင်စားမှု ရှိနေကြတယ်လို့ သိရပါတယ်။
RFA

No comments: