Friday, August 31, 2012

၈၈ ၏ စေတနာဝဿန် ရန်ပုံငွေပွဲ Sky Net မှ လွှင့်မည်


စက်တင်ဘာတစ်ရက်နေ့မှာ ကျင်းပမယ့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခု



နက် ဖြန် (၈၈) ရံ ပုံ ငွေ ပွဲ မှာ ...

တီး ၀ိုင်း တွေ မဲ နှိုက် တာ သျှီ ဆို ရ မယ့် HEAVEN BORN BAND က တ တိ ယ မြောက် အ လှည့် ကျ ပါ တယ် ...

ပွဲ က ည နေ (၄) နာရီ တိ တိ မှာ စ မယ် လို့ပြော ပါ တယ် ...

သိ ချင် လို့ မေး ကြ တဲ့ ပ ရိ သတ် များ အ တွက် အ သိ ပေး တာ ပါ ...

သျှီ ...





လူမှုအခက်အခဲများကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်ပြီး ၈၈ မျိုးဆက်ကျောင်းသားများက ဦးဆောင်ကျင်းပမည့် စေတနာဝဿန် ရန်ပုံငွေ ဂီတပွဲကို Sky Net မှ တိုက်ရိုက်ထုတ်လွှင့်ရန် ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်က ခွင့်ပြုလိုက်ကြောင်း သိရသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ယင်းဂီတပွဲကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုရန် ၈၈ မျိုးဆက်က စာရေးသားတင်ပြခဲ့ကြောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး ဦးအောင်ကြည်က ခွင့်ပြုခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

No comments: