
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၃) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
နောက်တခုပြောချင်တာက ကျနော်တို့ဟာ လူကိုလူလို့ မြင်တတ်တဲ့ တရားကိုလက်ကိုင်ထားကြသူတွေပါ။ သို့သော် လူတဦးချင်းအနေနဲ့ပဲကြည့်ပါ။ ကိုယ့်အိမ်အပေါ်ကို လာရောက်ကျူးကျော်နေထိုင်ပြီးနောက် အိမ်ရှင်ကိုမင်းတို့ထွက်သွားဆိုပြီး မောင်းထုတ်မယ်။ သားသမီးတွေကို ရိုက်နှက်သတ်ဖြတ်မယ်။ ဘယ်လိုပဲစိတ်ထားစေတနာကောင်းပါတယ် ဆိုတဲ့သူကမှ ဒါမျိုးတော့ လက်ခံမှာမဟုတ်သလို သင့်တော်တဲ့ တုန့်ပြန်မူလုပ်မှာပါပဲ။ မိတ်ဆွေအရင်းအချာ ချင်းတောင်မှ အိမ်ပေါ်တက်လာတဲ့အခါ အိမ်ရှင်ဆိုတာအသိအမှတ်ပြုရတယ်။
လိုက်လျောညီထွေ နေထိုင်ကျင့်ကြံပြောဆိုပြုမူကြရတယ်။ လေးစားမှုတွေပေးကြရတယ်။ ယခုတော့ ဘင်္ဂလီတွေဟာ လိုက်လျောညီထွေစွာ နေတတ်ကြရမှာဖြစ်ပေမယ့် ၎င်းတို့ရဲ့လုပ်ရပ်တွေကြောင့်ပဲ အခုလိုဘယ်နိုင်ငံကမှလက်မခံချင်တဲ့ အခြေအနေဆိုက်သွားတာပါ။ ဒီလိုသာ ပုံကြီးချဲ့တာတွေနဲ့ မှားယွင်းစွာ ကူညီိနေကြမယ်ဆိုရင် သူတို့ရဲ့အနာဂတ်ပိုမိုဆိုးဝါးလာနိုင်တယ်ဆိုတာ သတိထားကြဖို့ သတိပေးချင်ပါတယ်။ တကယ်တော့ သူတို့ဟာသူတို့ရဲ့ မိသားစုအတွင်းမှာတောင် လူ့အခွင့်အရေး အပြည့်အဝရှိကြရဲ့လားလို့ လူ့အခွင့်အရေးသမားတွေ အရင်ဝင်ကြည့်ကြဖို့တိုက်တွန်းပါတယ်။
သတင်းတခုဖြစ်တဲ့ သြစတြေးလျဝန်ကြီးချူပ် ဂျုလီယာဂျီလပ် ရဲ့ စကားလေးကိုတော့ လူ့အခွင့်အရေးသမားတွေ အတွက် အစာရှာရာလမ်းကြောင်းတခု တွေ့လိုတွေ့ငြား ဖေါ်ပြ ပေးလိုက်ပါတယ်။
Muslims who want to live under Islamic Sharia law were told on Wednesday to get out of Australia We speak mainly ENGLISH, not Spanish, Lebanese, Arabic, Chinese, Japanese, Russian, or any other language. Therefore, if you wish to become part of our society . Learn the language!Most Australians believe in God. This is not some Christian, right wing, political push, but a fact, because Christian men and women, on Christian principles, founded this nation, and this is clearly documented It is certainly appropriate to display it on the walls of our schools. If God offends you, then I suggest you consider another part of the world as your new home, because God is part of our culture.We will accept your beliefs, and will not question why All we ask is that you accept ours, and live in harmony and peaceful enjoyment with us.
This is OUR COUNTRY, OUR LAND, and OUR LIFESTYLE, and we will allow you every opportunity to enjoy all this. But once you are done complaining, whining, and griping about Our Flag, Our Pledge, Our Christian beliefs, or Our Way of Life, I highly encourage you take advantage of one other great Australian freedom, THE RIGHT TO LEAVE.

“ကျွန်မတို့တောင်းဆိုနေတာ တစ်ခုလုံးက သင်လည်း ကျွန်မတို့ယုံကြည်ချက်တွေကို လက်ခံဖို့ ကျွန်မတို့နဲ့ အတူတကွ အေးအေးချမ်းချမ်း အဆင်ပြေပြေနေထိုင်သွားကြဖို့ပါဘဲ၊ ဒါဟာ ကျွန်မတို့ရဲ့တိုင်ပြည်၊ နယ်မြေ၊ နေထိုင်မှုပုံစံပါ။ အဲဒီ ခံစားစံစားခွင့်အားလုံးကို သင်တို့ကို ကျွန်မတို့ က ပေးအပ်မှာပါ။ ဒါပေမယ့် သင်က ကျွန်မတို့ရဲ့ အလံ၊ ကျွန်မတို့ရဲ့ အဓိဋ္ဌာန်၊ ကျွန်မတို့ရဲ့ ခရစ်ယန်အယူ သို့မ ဟုတ် ကျွန်မတို့ရဲ့ လူနေမှုဘ၀ကို ဆန့်ကျင်ကန့်ကွက် ငြင်းခုံလာမယ်ဆိုရင်တော့ ကျွန်မအလေးအနက် အားပေး ချင်တာက သြစတေးလျသားတို့ရဲ့ အခြားသော လွတ်လပ်ခွင့်ကြီးတစ်ခုဖြစ်တဲ့ “ထွက်ခွာသွားနိုင်ခွင့်” ကို ရယူလိုက်ကြဖို့ပါပဲ။ သင် ဒီမှာမပျော်ရွှင်ဘူးဆိုရင် ပြန်သွားပါ။ ကွန်မတို့ သင့်ကို အတင်းလာခိုင်းခဲ့တာလည်း မဟုတ်ပါဘူုး၊ သင်ကသာ လာနေပါစေလို့ တောင်းဆိုခဲ့တာပါ။ ဒါကြောင့် သင့်ကိုလက်ခံနိုင်တဲ့ နိုင်ငံကို သင်ကလည်း လက်ခံပေးပါ။ ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာလေ။ သြစတြေးလျသားတွေက လုပ်ရမှာ မဟုတ်ဘူး။ နေချင်နေ မနေချင်ရင် ထွက်သွား”
(သြစတြေးလျဝန်ကြီးချုပ် ဂျုလီယာဂျီလပ်ရဲ့ နိုင်ငံသားဖြစ်တည်မှုနဲ့ ရပိုင်ခွင့် အပေါ် သဘောထား)
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၅)

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၄) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
မီဒီယာတွေအကြောင်း ဆက်လက်တင်ပြပါမယ်။ ပြည်ပအခြေစိုက်မီဒီယာတွေ အထူးသဖြင့် ဘီဘီစီ အာအက်ဖ်အေ ဒီဗွီဘီ ဗွီအိုအေသတင်းဌာနတွေမှာ မြန်မာပိုင်းဌာနတွေရှိသလို ဌာနမှူးတွေ အစီအစဉ်ကြေညာနေသူတွေကလည်း မြန်မာတွေပါ။ ဒီမိုကရေစီအရေး အော်နေကြတုန်း အချိန်ကတော့ ဦးတည်ရာတူနေတော့ သူတို့က ကယ်တင်ရှင်တပါးလို ထင်နေအားကိုးနေမိကြတာပါ။ တကယ့်တကယ် ဒီမိုကရေစီလမ်းကြောင်းကိုဦးတည်လာပြီဆိုမှ သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ မူလဇာတိကို မြန်မာပြည်သူလူထုက သိမြင်လိုက်ရတာပါ။ ယခုလို ဘာသာရေး လူ့အခွင့်အရေးမဟုတ်တဲ့ ဘင်္ဂလီအရေးကိစ္စကို ပုံကြီးချဲ့လုပ်ကြံနေကြမှ ကျောချမှဓါးမြမှန်းသိကုန်ကြရပါတယ်။ ဘီဘီစီ ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံမြေပုံဖေါ်ပြပြီး တိုင်းရင်းသားရခိုင်များရဲ့ နေထိုင်ရာဒေသမှာ ဘင်္ဂလီတွေပုံ (ပုံတောင်မှဗလီတက်နေတဲ့ပုံပါ) ကို ရွေးချယ်ထည့်သွင်းပြီး အသံလွှင့်ဖို့ဟာ အစီအစဉ် မစတင်ခင်ကတည်းက သိမြင်ကြမှာပါ။ ဒီဒေသမှာ ရခိုင်လူမျိုးဒေသခံတွေ နေထိုင်ကြတယ်ဆိုတာလည်း မြန်မာတယောက်အနေနဲ့မသိဘူးဆိုတာကို မဟုတ်တာစားပြီး ပြောတာတောင်မှ ယုံနိုင်စရာအကြောင်းမရှိပါဘူး။ အသံလွှင့်ပေါ်လစီကို လွှဲချလို့မရပါဘူး။ ဒါက ကြိုတင်ညှိနှိုင်းကန့်ကွက်သင့်တဲ့ကိစ္စပါ။ ထမင်းတလုတ်အတွက် နိုင်ငံတော်ကို သစ္စာမဖေါက်သင့်ဘူး။ သမာအာဇီဝနဲ့ ရိုးသားစွာ လုပ်ကိုင်စားသောက်လို့ရပါတယ်။ ပြင်ပကမာ့္ဘမီဒီယာတွေမှာ ဓါတ်ပုံအမှားတွေနဲ့ ပုံမှားရိုက်ပြီး မူဆလင်ဘာသာရေး လူ့အခွင့်အရေးခေါင်းစဉ်တွေပြောင်းပြီး အော်ဟစ်နေကြတာကိုလည်း မြန်မာမီဒီယာသမားတွေအားလုံး သိနားလည်ကြပါတယ်။ သို့ပါလျက် အဆိုပါ မြန်မာဝန်ထမ်းတွေဟာ ဘာကြောင့် ကမ္ဘာကြီးလုံးတယ်ဆိုတာကို ပြားပါတယ်ဆိုတဲ့ဘက်က တွင်တွင်အော်ဟစ်နေကြရတာလည်း။ တာဝန်အရပေါ်လစီအရ မတတ်သာလို့ ဆိုရအောင်ကလည်း ဘီဘီစီဆိုရင် ပုတ်ခတ်စော်ကားပြောဆိုမူတွေဟာ ကိုယ်ကျင့်တရားကို တန်ပြန်ထိခိုက်မူရှိမရှိ ဆိုတဲ့ ခေါင်းစဉ်ထုတ်ပြီး တန်ပြန်လိုက်တာတွေ့ရပါတယ်။ ထိုင်းသတင်းစာကြီးကတောင် သမ္မတ ဦးသိန်းစိန်ကို အဲ့ဒီ အရေးအခင်းနဲ့ စပ်လျဉ်းပြီး ဝေဖန်တိုက်ခိုက် ပြောဆိုလာပါတယ်။ ဒီလိုဆိုရင် ထိုင်းနိုင်ငံ ဖြစ်စဉ် တစ်ခုမှာ လှေစီးပြီး ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ရောက်လာတဲ့ဘင်္ဂလီတွေကို ရေစပ်မှာမှောက်ခိုင်းထားပြီး စိစစ်နေပုံတွေ လှေရဲ့အင်ဂျင်စက်ကိုဖြုတ်ပြီး ပင်လယ်ထဲကို ပြန်ကန်ထုတ်လိုက်တဲ့သတင်းတွေနဲ့ မိမိနိုင်ငံတောင်ပိုင်းက မူဆလင်အရေးအခင်းတွေကို ဘယ်လိုနှိပ်ကွပ်ခဲ့တယ်ဆိုတာကို အရင် ပြန်ကြည့်ဖို့ တိုက်တွန်းရပါလိမ့်မယ်။

ဒါတောင်မှ အဲဒီတောင်ပိုင်းမူဆလင်တွေပြဿနာနဲ့ ရခိုင်နယ်စပ်က ခိုးဝင်လာပြီး မီးရှို့မုဒိန်းကျင့်လူသတ်နေတဲ့ ဘင်္ဂလီတွေရဲ့ပြဿနာ လုံးဝမတူပါဘူး။ အာအက်ဖ်အေဆိုရင် ရိုဟင်ဂျာလို့ တွင်တွင်အော်နေခဲ့ရာက ရိုဟင်ဂျာနဲ့ဘင်္ဂလီဆိုတဲ့ စကားလုံးကို မသုံးတော့ပဲ မူဆလင် မူဆလင်တွေဆိုတဲ့အလုံးကြီးကို ပါးစပ်ကမချတမ်းပြောင်းအော်ပေးခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းခန်းတခုမှာ ရန်ကုန်ပြည်မက မူဆလင်ခေါင်းဆောင်တချို့နဲ့ ရခိုင်ခေါင်းဆောင်တချို့ကို မေးမြန်းအင်တာဗျူးခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ဟာ ခေါင်းစဉ်လွှဲပြီး ဘင်္ဂလီအရေးလို့မမြင်ပဲ မူဆလင်နဲ့ရခိုင်အရေးလို သဘောထားတယ်ဆိုတာ ဖေါ်ပြသွားတာပါ။ ပြည်မက မူဆလင်ဘာသာဝင်တွေဟာ ဘင်္ဂလီလူမျိုးရေးနဲ့ ကိုးကွယ်ရာဘာသာတူတာကလွဲပြီး ဘာမှမပါတ်သက်ပါဘူး။ ဘာပဲပြောပြော သူတို့ကတော့ ဆက်လက်ပြီးလည်း အော်နေကြဦးမှာပါပဲ။ မြန်မာတိုင်းရင်းသားတွေ ပြည်သူပြည်သားတွေထက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို အလိုချင်ဆုံးသူတွေဟာ ဘင်္ဂလီတွေနဲ့ လိင်တူချစ်သူတွေ ( မွေးရာပါလိင်စိတ်အပြောင်းအလဲရှိသူ မိန်းမဆန်သူ ယောက်ကျားဆန်သူများကို ဆိုလိုတာမဟုတ်ပါ။ မတူပါ။) ဆိုတာကို သိမြင်လိုက်ပါတယ်။ ဒီလိုပါပဲ မြန်မာပြည်ဒီမိုကရေစီတော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဆိုတာကို အလိုချင်ဆုံးသူတွေက နိုင်ငံရေးကို ဘန်းပြလုပ်စားချင်သူတွေနဲ့ ပြည်ပ မြန်မာမီဒီယာတချို့ပါပဲ။ ဘာကြောင့်လည်းဆိုတော့ လူ့အခွင့်အရေးအတွက်မဟုတ်ပဲ အခွင့်အရေးသမားတွေ ဖြစ်နေလို့ပါပဲ။ ဒီယုံမြင်လို့ ဒီခြုံထွင်ချင်နေသူတွေပါ။ ဒါကြောင့် မြန်မာတိုင်းရင်းသားအားလုံး ဘင်္ဂလီနဲ့ပါတ်သက်တဲ့ အရေးကိစ္စမှန်သမျှ အထူး ဂရုပြုစောင့်ကြည့်ပြီး စည်းစည်းလုံးလုံးနဲ့ တုန့်ပြန်ဆောင်ရွက်နိုင်ဖို့ သတိပေးချင်ပါတယ်။
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၆)

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၅) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
အခု ဘင်္ဂလီအရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးကို စာရေးသူ ရေးသားရာမှာ ရည်ရွယ်ချက်က မောင်တော ဘူးသီးတောင်ဒေသမှ ဘင်္ဂလီများရဲ့ အကြံအစည် လုပ်ဆောင်ချက်တွေဟာ တိုင်းရင်းသား ရခိုင်လူမျိုးနဲ့ မြန်မာနိုင်ငံတစ်ခုလုံးအပေါ်မှာ အန္တရာယ်ရှိနိုင်တာကြောင့် (သံသယမဟုတ်ပါ) ပြည်သူအများသိရှိနိုင်စေဖို့ မြန်မာနိုင်ငံသားတဦးရဲ့ အမျိုးသားရေးတာဝန်အတိုင်း မှန်မှန်ကန်ကန်နဲ့ တင်ပြခဲ့တာဖြစ်ပါတယ်။ ရှုထောင့်တစ်ခုတည်းကနေ ဆွဲရေးတာမျိုးလည်း မဟုတ်သလို အခု အရေးအခင်းဖြစ်ပေါ်လာမှ ထရေးတဲ့ဆောင်းပါးမျိုးလည်း မဟုတ်ပါဘူး။ ယခင်နှစ်များစွာကပင် မြန်မာပြည်အနှံ့ တာဝန်ထမ်းဆောင်ခဲ့စဉ်ကတည်းက နယ်မြေဒေသ observation လုပ်ပြီး သိရှိထားချက်များအပေါ် အခြေခံကာ ရေးသားတင်ပြထားခြင်းဖြစ်ပါတယ်။ ယခုအခါမှာ ပြည်သူလူထုအားလုံး ဘင်္ဂလီတွေရဲ့စိတ်ဓါတ် အမူအကျင့် အပြုအမူများကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြရပြီးဖြစ်ပါတယ်။ ပြည်တွင်းဘင်္ဂလီခေါင်းဆောင်ပိုင်း၊ နိုင်ငံတကာ ဘင်္ဂလီခေါင်းဆောင်ပိုင်း၊ တဘက်နိုင်ငံနှင့် ဘူးသီးတောင် မောင်တောဒေသခံ ဘာသာရေးခေါင်းဆောင်များ၊ ရွာစဉ်လှည့်နေသော မော်လဝီများ၏ လှုံ့ဆော်သွေးထိုးမူများကြောင့် လက်ရှိအခြေအနေအရတော့ သူတို့အားလုံးသည် ဦးနှောက်အဆေးခံထားရသည့်သူများ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ လူသားအဖြစ် လူသားဆန်ဆန် စာရေးသူအနေနှင့် မြင်ပါသော်လည်း ထိုလူသားများကား မြန်မာနိုင်ငံနှင့် ပြည်သူလူထုအပေါ် တချိန်မှာ ဒုက္ခပေးနိုင်မည့် အန္တရာယ်လူသားများ ဖြစ်လာနိုင်ချေရှိနေသဖြင့် စာရေးသူ ဤမျှသတိပေးရေးသားနေခြင်း ဖြစ်ပါတယ်။

စာရေးသူအနေနဲ့တော့ ဘာသာရေး လူမျိုးရေးကို အဓိကမထားပဲ သူတို့ဘာတွေလဲ၊ ဘာတွေလုပ်ခဲ့ကြလဲ၊ ယခုဘာတွေလုပ်နေကြသလဲ၊ နောင်မှာ ဘာတွေကြံစည်လုပ်ကြဦးမှာလဲ၊ မြန်မာနိုင်ငံတော်နဲ့ အမျိုးဘာသာအတွက် ဘယ်လို အန္တရာယ်တွေပေးနိုင်သလဲ ဆိုတာတွေကို ကြိုတင်မျှော်တွေးပြီး အဓိကထား ရေးသားတင်ပြပါတယ်။ လှံဖျား ပုဇဉ်းနား ကျီးကန်းချေးပါတာ မဟုတ်ပါဘူး။ သနပ်ခါးကျောက်ပြင်တစ်ခုကို ကြည့်ပါ။ သနပ်ခါးတုံးနှင့် ပွတ်တိုက်သွေးပြီး ကျောက်ပြင်ရဲ့ မျက်နှာပြင်ဟာ အစားခံနေရတာကိုတော့ ချက်ခြင်းမမြင်နိုင်ပါ။ ကျောက်မျက်နှာပြင် အစားခံနေရတာကိုလည်း ဒီလိုမမြင်နိုင်တော့ ပြောလည်း ယုံချင်မှယုံကြမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာမှ ကျောက်ပြင်ရဲ့ နဂိုက မို့မောက်နေတဲ့ မျက်နှာပြင်ဟာ တတိတိနဲ့ အတိုက်စားခံရပါများသောကြောင့် အလယ်က ချိုင့်သွားတာကိုမြင်ရမှ ကျောက်ပြင်ကို အစားခံရတာသိနိုင်ပါတယ်။ ကျောက်ပြင်မကောင်းတော့ရင် အသစ်ဝယ်လိုက်ရုံပေါ့။ ဒါပေမယ့် လူမြိုလူစားခံရတာကျတော့ အသစ်ဝယ်ပေးလို့မရပါဘူး။ အခုကိုပဲ အင်္ဂလိပ်ခေတ်က ရိုဟင်ဂျာလို့ စာရင်းမရှိတဲ့ လယ်ကူလီနဲ့ ဝင်လာတဲ့ ဘင်္ဂလီတွေက မောင်တော ဘူးသီးတောင်မှာ ၉၀% ကျော် ရှိနေပြီဖြစ်ပါတယ်။ အချို့ဆို အရေးအခင်းဖြစ်လို့ ရခိုင်တိုင်းရင်းသားတွေ အနိုင်ကျင့်ခံရတော့မှ ကျောက်ပြင်စားသွားတာ မြင်မိကြတော့တယ်။ သတိပေးချင်တဲ့ အချက်လေးတစ်ခုပါ။
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၇)

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၆) ကို ဒီနေတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
စာရေးသူအနေနဲ့ ဘာသာရေး လူမျိုးရေး အစွဲတွေကြောင့် ရေးသားတာမျိုး မဟုတ်တာကိုတော့ စာရေးသူ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က ကိုယ်တွေ့ အဖြစ်အပျက်ကလေးတစ်ခုကို ဥပမာပေး တင်ပြချင်ပါသေးတယ်။ ရှေ့တန်း တနေရာမှာ စာရေးသူတို့စစ်ကြောင်း ခေတ္တအခြေပြုမဲ့ နေရာအရောက်မှာ ရှေ့ပွိုင့်ကနေ လူတစ်ယောက် လဲနေတာတွေ့ရကြောင်း သတင်းပို့လာပါတယ်။ ဒါနဲ့ စာရေးသူလည်း စစ်ကြောင်းကို ရပ်လိုက်ပါတယ်။ စစ်တပ်ထုံးစံအတိုင်း လုံခြုံရေးကို အရင်လုပ်ပြီးတာနဲ့ ပွိုင့်ကို တက်သွားပြီးကြည့်တော့ လူတစ်ယောက် ပိန်ချုံးချိနဲ့စွာနဲ့ အားပြတ်ကာ လဲကျနေတာကို တွေ့ရလို့ ပါလာတဲ့ ဆေးအဖွဲ့နဲ့ပဲ ပြုစုပေးလိုက်ပါတယ်။ သူ့ကို လိုအပ်သလို ပြုစုထားခိုင်းပြီး စာရေးသူဟာ စစ်ကြောင်းရုံးကို ပြန်လာခဲ့ပါတယ်။ စီမံဆောင်ရွက်စရာရှိတာတွေကို လုပ်ပြီးတဲ့အခါမှာ စောစောက ပြုစုပေးနေတဲ့ လူဆီကို တခေါက်ပြန်သွားကြည့်တော့ အဲဒီလူက ကတုံးကြီးနဲ့ဖြစ်နေလို့ စာရေးသူ အတော်လေးပဲ အံ့အားသင့်သွားပါတယ်။ ဟေ့…. မင်းတို့ ဘာလို့ သူ့ကို ကတုံး တုံးလိုက်တာလည်းကွလို့ စာရေးသူ မေးလိုက်တော့ တပ်ကြပ်ကြီးတစ်ယောက်က သူ့ခေါင်းမှာ သန်းတွေချည်းပဲခင်ဗျ။ အဲဒါကြောင့် ကတုံး တုံးပေးလိုက်တာပါလို့ ဖြေနေစဉ်မှာပဲ ရဲဘော်တစ်ယောက်က ဒီမှာ ခင်ဗျ ဒီမှာ အများကြီးပဲလို့ လက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ မြက်ခင်းအစပ်နားက ဆံပင်အစ တစ်စုထဲမှာကို သန်းများ ကျိကျိတက်နေတာ မြင်လိုက်ရပါတယ်။ စာရေးသူလည်း ရဲဘော်တွေရဲ့ လူသားဆန်မူကို သဘောကျသွားမိပါတယ်။ စာရေးသူတို့ စစ်ကြောင်းပြန်ထွက်တော့ ထိုလူလည်း အတော်လန်းလန်းဆန်းဆန်း ဖြစ်နေပြီမို့ စစ်ကြောင်းနဲ့အတူ ဖေးမခေါ်ဆောင်လာပြီး ကားလမ်းဘေးက ရွာတစ်ရွာကို အရောက်မှာ သူနေခဲ့ပါတယ်။ ပြန်ဖို့ လွယ်ကူသွားလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် ရှေ့တန်းမှာ ကျည်ဆံ ဗုန်းသံတွေကြားမှာ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ထိတွေ့တိုက်ခိုက်နေရပေမယ့် အခုလို အပြစ်ကင်းတဲ့ လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့တာကိုတော့ အချိန်အတော်ကြာအောင် မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။ ဝမ်းသာပီတိလည်း ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ထုံးစံအတိုင်း ညအိပ်ခါနီး စိတ်ထဲရည်မှန်းလို့ ဗုဒ္ဓဘုရားကို ရှိခိုးပြီးတိုင်း အမျှဝေတဲ့အခါမှာ အဲဒီ ဇီဝိတဒါန ကုသိုလ်ကို အာရုံပြုပြီး အမျှဝေဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလို ဇီဝိတဒါနကို အရမ်းပီတိဖြစ်ရလို့ပါ။ တကယ်လည်း စိတ်စေတနာအပြည့်နဲ့ ကယ်တင်ခဲ့ရလို့ပါ။ အကယ်၍ စာရေးသူတို့စစ်ကြောင်းနဲ့ ထိုသူ မဆုံခဲ့ရင် အဲဒီနေရာမှာ သူထာဝရ ခေါင်းချသွားရတော့မှာပါ။ ဒီလိုအကြောင်းအရာကို ပြန်ပြော ပြန်ရေးဖို့ ယခင်က တခါမှ မစဉ်းစားခဲ့မိပေမယ့် ယခုအကြောင်းဆုံလာလို့ တင်ပြရတာပါ။ သူ့ရဲ့နာမည်ကိုတော့ မေ့နေပါပြီ။ သူဟာ မန္တလေးက မွတ်ဆလင်ဘာသာဝင် လူမျိုးတစ်ဦး ဖြစ်တယ် ဆိုတာကိုတော့ ကောင်းကောင်းမှတ်မိနေခဲ့ပါတယ်။

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၈)
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၇) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
အပိုင်း (၈) မစခင် သုံးသပ်မိတာလေးတွေကို ဦးစွာတင်ပြချင်ပါတယ်။ UN အနေနဲ့ ဒေသခံရခိုင်တွေနဲ့ ဥပဒေအရ နေခွင့်ရနေသူ ဘင်္ဂလီတွေရဲ့ သဟဇာတဖြစ်ရေးကို လုပ်မလား၊ ဒါမှမဟုတ် ဒုက္ခသည်အဖြစ် သတ်မှတ်ပြီး တတိယနိုင်ငံ (သို့မဟုတ်) တအားချစ်နေကြတဲ့ မူဆလင်နိုင်ငံတွေကို ပို့ပေးမလား၊ ဒါမှမဟုတ် ဘင်္ဂလီတွေ ခိုးဝင်ချင်သလောက်ဝင် မွေးချင်သလောက်မွေး UNHCR ကလည်း ဘူးသီးတောင်၊ မောင်တောမှာ တစ်သက်လုံး အခြေချပြီး ထောက်ပံ့ကျွေးမွေး၊ ဒီလို အကြံအစည်များ ရှိပါသလား ဆိုတာကို ဝေဖန် သုံးသပ်နေမိပါတယ်။ ဗြိတိန်ကလည်း ရခိုင်နယ်စပ်အရေးကို စိုးရိမ်ပူပန်ကြောင်း အကူအညီပေးလိုကြောင်း ပြောလာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် ဗြိတိန်နိုင်ငံက တချို့အသံလွှင့်ဌာနရဲ့ မီဒီယာစည်းကမ်းမစောင့် လူ့စည်းကမ်းနဲ့ ကိုယ်ကျင့်တရားကို မစောင့်စည်းပဲ မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော် သွေးထိုးပေးနေတာမျိုး နိုင်ငံနဲ့ လူမျိုးစုတစ်ခုလုံးအပေါ်ကို စော်ကားခဲ့တာမျိုးတွေကို အရင် အရေးယူဆောင်ရွက်ပေးရင် ပိုပြီး ဝမ်းသာစရာကောင်းမယ်လို့ သုံးသပ်မိပါတယ်။

Diplomacy အရ လုပ်ကြမှာဖြစ်ပေမယ့် အကျိုးနဲ့အပြစ် ဝေဖန်ကြည့်ရင် အပြစ်ကလည်း များပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘင်္ဂလီတွေဟာ တို့နောက်မှာ ကုလရှိတယ်။ မူဆလင်နိုင်ငံတွေရှိတယ်။ တို့ကို မြန်မာအစိုးရ မထိရဲဘူးဆိုတဲ့ စိတ်သဘောထားတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပိုမို အတင့်ရဲလာနိုင်ပါတယ်။ ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်ဆိုတဲ့ သမ္မတရဲ့သဘောထားကိုတော့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားသင့်ပါတယ်။ မြန်မာနဲ့နိုင်ငံတကာ လှုပ်ရှားမှု ယှဉ်ပြိုင်နေရတဲ့ အနေအထားမှာ လာရောက်ထိတွေ့မှ တုန့်ပြန်နေတာထက် မြန်မာနိုင်ငံဘက်က ဦးဆောင်ပြီး ပြေုးနိုင်ဖို့ လိုကြောင်းလည်း သုံးသပ်မိပါတယ်။
ဘင်္ဂလီတွေဘက်ကလည်း အရှုံးမရှိတဲ့အလုပ်ကို လုပ်နေကြတာပါ။ မြန်မာပြည်တွင်းမှာ စိတ်တိုင်းကျနေနိုင်မလား တတိယနိုင်ငံပို့မလား ဘယ်လိုမှ အရှုံးမရှိတဲ့ အခြေအနေကို ဖန်တီးနေခဲ့ကြတာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်မယ်ဆိုတာနဲ့ အချိန်ကိုက် လက်ဦးမှုယူပြီး အခွင့်အရေးကို ဖန်တီးလိုက်တဲ့ အကြမ်းဖက် အဖွဲ့တွေနဲ့ဆက်နွယ်နေတဲ့ ဘင်္ဂလီအခွင့်အရေးသမားတွေရဲ့ လှုပ်ရှားမှုက ရောယှက် ပါဝင်လာတာပါ။ ယခု ပြဿနာဖြစ်မလာလည်း ဒီအခွင့်အလမ်းမျိုးကို ဖန်တီးဖို့ ကြံစည်ထားပြီးသား ဆိုတာကိုလည်း အားလုံးသဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂလီတွေဘက်က ဆောင်ရွက်သမျှဟာ ဘင်္ဂလီအခွင့်အရေးအတွက်ပဲ ဖြစ်နေမှာပဲ ဆိုတာကို သုံးသပ်မိကြောင်းပါ။

လူ့အခွင့်အရေးကြေညာစာတမ်း( universal declaration of human rights ) မှာလည်း အပိုဒ် (၂၉) တွင် အခြားသူများ၏ လွတ်လပ်ခွင့်ကို မထိပါးဖို့ ကိုယ်ကျင့်တရားနှင့် ဥပဒေကို လေးစားလိုက်နာဖို့ သဘောထားကို ပြဌာန်းပေးထားတဲ့အပြင် အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်၎င်း အခြေခံမူများနှင့်၎င်း ဆန့်ကျင်မသုံးစွဲရဆိုပြီး ကန့်သတ် တားမြစ်ထားပြီးလည်း ဖြစ်ပါတယ်။ တကယ်တော့ ဘင်္ဂလီတွေဟာ လူ့အခွင့်အရေးဆိုတဲ့ ကာဗာကိုယူပြီး သူတို့အခွင့်အရေးအတွက် လှုပ်ရှားနေခဲ့ကြတာပါ။ မြန်မာနိုင်ငံရဲ့တရားဥပဒေနဲ့ ဒေသခံရခိုင်လူမျိုးများရဲ့ အခွင့်အရေးတွေကို ရာဇဝတ်မှုမြောက် ကြိုတင်ကြံစည်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများဖြင့် ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘင်္ဂလီ ဘာသာရေး အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ Jamaat-e-Islami က ရိုဟင်ဂျာတွေကို လက်နက်တွေ တပ်ဆင်ပေးနေပြီး မြန်မာနိုင်ငံမှာ လူမျိုးရေးပဋိပက္ခနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mrs, Dipu Moni ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီသတင်းကို ဘင်္ဂလားဒေ့ရှ်တီိဗွီသတင်း Bangla News 24 မှာ အမြဲလွှင့်နေပါတယ်။
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၉)
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၈) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
လူ့အခွင့်အရေး ကြေညာချက်ဆိုတာ အခြေခံအားဖြင့် လူသားတိုင်းနဲ့ အကျုံးဝင်ပေမယ့် စင်စစ်တော့ လူသားတွေကို စစ်ဘေးစစ်ဒဏ်သင့်မှုက ကာကွယ်ပေးနိုင်ဖို့နဲ့ နိုင်ငံတစ်ခုရဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး ( Civil rights ) နဲ့ နိုင်ငံရေးအခွင့်အရေး (Political rights) များရရှိနိုင်ဖို့သာ ဖြစ်ပါတယ်။ သူတို့ရဲ့မူလနိုင်ငံမှာ စစ်ဘေးစစ်ဒဏ် သင့်ခြင်းကြောင့်ဖြစ်ဖြစ် အသက်အန္တရာယ် အပေးခံရမှာ စိုးရိမ် ကြောင့်ကြရခြင်းကြောင့်ပဲဖြစ်ဖြစ် သူတပါးနိုင်ငံထဲကို ထွက်ပြေးလာတဲ့ တကယ့်ဘေးဒဏ်သင့် ဒုက္ခသည်များ မဟုတ်ပဲ ခိုးဝင်လာတဲ့သူများဖြစ်ခြင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံသားများ မဟုတ်ခြင်းကြောင့် မြန်မာနိုင်ငံရဲ့ လူဝင်မူကြီးကြပ်ရေးဥပဒေနဲ့ အခြားဥပဒေတွေကို လူ့အခွင့်အရေးဆိုတဲ့ စကားရပ်နဲ့ အကာအကွယ်လုပ်ယူလို့ မရပါဘူး။ ဒီလို ဒုက္ခသည်တွေ မဟုတ်ဘူးဆိုတာကိုလည်း မဟာမင်းကြီးဆိုသူက ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုတဲ့ စကားကို အသေကပ်ပြီး ပြောကြမယ်ဆိုရင် ဥပမာ ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်က အရေးအခင်းကြောင့် အန္တရာယ်စိုးရိမ်လို့ မိန်းမနဲ့ကလေးတွေပါတဲ့ စက်လှေဝင်ကပ်တယ်။ အကပ်မခံပဲ ပြန်မောင်းလွှတ်တယ်။ ဒါမျိုးတွေကို အရင် အောင်မြင်အောင် ဆောင်ရွက်သင့်ပါတယ်။ ဆော်ဒီမှာ လူသူအကြား ခေါင်းဖြတ်အပြစ်ပေးတာမျိုး စကာင်္ပူမှာ ကြိမ်ဒဏ်ပေးတာမျိုး စသည်ဖြင့် အမျိုးမျိုးသော ကိစ္စရပ်တွေကို လူ့အခွင့်အရေးဆိုတာနဲ့ ကိုင်တွယ်ပြုပြင် နိုင်ခဲ့ပြီးလည်း ဖြစ်သင့်ပါတယ်။
ဒီလိုမဟုတ်ပဲ မြန်မာနိုင်ငံထဲ ခိုးဝင်ပြီးတဲ့အပြင် ရာဇဝတ်မှု ကျူးလွန်နေတဲ့သူတွေကိုမှ လူ့အခွင့်အရေးဆိုတဲ့ စကားနဲ့ အတင်းတွယ်ကပ်နေတာဟာ ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် မတရား အကျဉ်းအကျပ်ဖြစ်စေအောင် လုပ်တာလို့ပဲ ယူဆရပါတယ်။ ကုလသမဂ္ဂအနေနဲ့ တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်လုပ်ကိုင်ဖို့ လိုသလို နိုင်ငံတကာဆိုင်ရာ တရားဥပဒေတွေကို မမှန်မကန် အသုံးမချသင့်ပါဘူး။ ဒါ့အပြင် ခိုးဝင်လာတဲ့ ဘင်္ဂလီတွေဟာ သမိုင်းကြောင်းအတုလုပ်ပြီး နိုင်ငံသားလုပ်ဖို့ ကြံစည်တဲ့ ရာဇဝတ်မှုအပြင် နယ်မြေဒေသသိမ်းပိုက်ရေး မူဆလင်ဒေသ ထူထောင်ရေး စတဲ့ရည်ရွယ်ချက်များနဲ့ အကြိမ်ကြိမ် ရာဇဝတ်မှု ကျူးလွန်ထားသူများ ဖြစ်နေပါတယ်။ အထောက်အထားများစွာလည်း သက်သေရှိနေပြီးသား ဖြစ်ပါတယ်။ သူတို့တတွေဟာ ဒေသခံရခိုင်လူမျိုးများရဲ့ အခွင့်အရေးများကိုလည်း မလေးစားခဲ့တဲ့အပြင် ဒုတ်ဒါးလက်နက်များ ကိုင်ဆောင်ပြီး လူစုလူဝေးနဲ့ သတ်ဖြတ်မူတွေကို ကျူးလွန်ခဲ့ကြပါတယ်။ လက်နက်ခဲယမ်းများကို ကျောက်လှိုဏ်ဂူတစ်ခုအတွင်း သိုဝှက်ပြီး နိုင်ငံတော်ရဲ့ တရားဥပဒေကို ဖေါက်ဖျက်ကာ ပုန်ကန်ဖို့အထိလည်း ကြံစည်ခဲ့ဖူးပါတယ်။
ယခုလည်း ရသေ့တောင်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ စက်လှေနဲ့ ဝင်ရောက်ပြီး ကင်းစခန်းတွေကို ပစ်ခတ်မှုပြုတာတွေ၊ ဘင်္ဂလီတွေက လူအုပ်နဲ့ဝိုင်းလို့ ရဲတောင်မှ ဆိုင်ကယ်ပစ်ပြီး ပြေးရတာတွေ၊ ဒေသခံရခိုင်တွေကို ရန်စခြင်း၊ အကြမ်းဖက်ဖို့ လုပ်ခြင်းတွေ ရှိနေဆဲပါပဲ။ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့လည်း ဆက်နွယ်လျက်ရှိတာကို သက်သေ သာဓကများနဲ့တကွ တွေ့ရှိနေကြတာကိုလည်း ကုလမှတာဝန်ရှိသူများ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်ပိုင်ခွင့် လုံးဝရှိပါတယ်။
ဘူးသီးတောင် မောင်တောနယ်စပ်က ဘင်္ဂလီတွေဟာ နေထိုင်ခွင့် ပေးထားသူရှိသလို ခိုးဝင်လာတဲ့သူတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် နေထိုင်ခွင့်ရထားသူရော ခိုးဝင်လာသူရော သူတို့အားလုံးဟာ လူ့အခြေခံအခွင့်အရေး ရရှိနေကြတာကိုတော့ UNHCR ကြီးလည်း မငြင်းနိုင်ပါဘူး.။ သူတို့တတွေဟာ UNHCR, NGO တွေဆီကနေပြီး ရပ်ရွာဖွံ့ဖြိုးရေးတွေ စားနပ်ရိက္ခာ အကူအညီတွေကို ဒေသခံရခိုင်တွေ ၁% မှာ ၉၉ % ကို ရယူခံစားနိုင်ကြတယ်။ အဲဒီရိက္ခာစွမ်းအားနဲ့ ဘာသာရေး ဘန်းပြပြီး ဘင်္ဂလီယောင်္ကျားတစ်ယောက်ဟာ မိန်းမလေးယောက်ယူတယ်။ တစ်အိမ်တည်းမှာ ပြွတ်သိပ်ထားပြီး တစ်ဦးကို (ကလေးတွေအပါအဝင်) ဆန်နို့ဆီဗူးတစ်လုံး ကိုယ်တာ (quota) ပြန်ခွဲပေးထားတယ်။ ကလေးတွေကို ထွက်နိုင်သလောက် မွေးတယ်။ ဘာအတားအဆီးမှ မရှိဘူး။ ကိုယ်စားလှယ်တော်ကြီးများကလည်း ဒီအတွက် ဘာအစီအစဉ်မှ မရှိဘူး။ ထပ်ပြီး ထောက်ပံ့မယ့် အစီအစဉ်တော့ရှိတယ်။ သူတို့တတွေဟာ သူတို့ရွာတွေမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်နိုင်ကြတယ်။ အာရေဗျဘာသာ စကားသင်ကျောင်းတွေ ဗလီတွေနဲ့ ကောင်းကောင်း ဘာသာရေး လုပ်နိုင်ကြတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေတောင် တရားဟောတာ ပိတ်ပင်ခံရတာရှိပေမယ့် သူတို့မော်လဝီတွေ ရွာစဉ်လှည့်နိုင်ကြတယ်။ စီးပွားရေးကိုလည်း ကောင်းကောင်းလုပ်နိုင်လို့ သူဌေးတွေလည်း ဖြစ်နေကြတယ်။ ဒေသခံရခိုင်ရွာတွေထက် စည်ကားတိုးတက်ကြတယ်။ နိုင်ငံသားမဟုတ်ပဲ ခိုးဝင်လာပြီးတောင် အဲဒီလို အခွင့်အရေးတွေ ရနေတာကို လူ့အခွင့်အရေး အခြေခံမရှိဘူးလို့ ငြင်းမယ်ဆိုရင် ထပ်ရှင်းပြစရာ များစွာရှိပါတယ်။
အခုဆိုရင် လွှတ်တော်ထဲမှာ ရောက်နေတာကိုတောင် အံ့သြစရာ တွေ့နေရပါတယ်။

အဲဒီတော့ ဘင်္ဂလီတွေဘက်မှ UNHCR, NGO ဝန်ထမ်းတချို့တို့က ဝိုင်းဝန်းကူညီ လုပ်ဆောင်နေတယ် ဆိုတာဟာ လူ့အခွင့်အရေးဆိုတာထက် ဘင်္ဂလီအရေးကို ဦးစားပေးနေကြတာပဲ မဟုတ်ပါလား။
UN အနေနဲ့ ယခု မြန်မာပြည်တွင်းရေးကိစ္စမှာ လိုအပ်တာထက် ပိုပြီး လှုပ်ရှားမူ လျင်မြန်နေတာကို တွေ့ရပါတယ်။ တိုင်းရင်းသားနယ်မြေတွေက တိုက်ပွဲတွေ ၈၈ အရေးအခင်း၊ ရွှေဝါရောင်အရေးအခင်းမျိုးတွေမှာ Delay action လုပ်နေသလောက် ဘင်္ဂလီအရေးမှာတော့ Supersonic action ဖြစ်နေတာလည်း မြန်မာနိုင်ငံသားများအတွက် စိတ်မသက်သာစရာပါပဲ။ ကုလသမဂ္ဂကြီးအနေနဲ့ တကယ်တော့ ဒီနယ်မြေမှာ ဘင်္ဂလီတွေ တိုးပွားလာသလောက် ခိုးဝင်လာသလောက်ကို ကူညီစောင့်ရှောက်နေမယ့်အစား ဘင်္ဂလီတွေ ဆူပူသောင်းကျန်းမှုကို အားပေးမယ့်အစား မြန်မာနိုင်ငံရဲ့ ဥပဒေဘောင်တွင်းမှ နေထိုင်ခွင့်ရှိသူများကိုသာ ဒေသခံရခိုင်များနဲ့ သဟဇာတဖြစ်ရေး အစီအစဉ်ကို ပိုလုပ်ပေးသင့်ခဲ့ပါတယ်။ ဒေသခံ ရခိုင်လူမျိုးများကိုလည်း တန်းတူရည်တူ ကူညီ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ဘင်္ဂလီဒုက္ခသည်ပါလို့ ပြောချင်ရင်တော့ ဒုက္ခသည်ပုံစံအတိုင်း ဒုက္ခသည်စခန်းများဆောက်ပေးပြီး စခန်းသွင်းခြင်း၊ တတိယနိုင်ငံများ အထူးသဖြင့် မူဆလင်နိုင်ငံများသို့ ပို့ဆောင်ပေးခြင်းတို့ကို လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘင်္ဂလီများအနေနဲ့ လုံးဝ ငြင်းပယ်မှာ မဟုတ်တဲ့ အစီအစဉ်ပါ။ ဒုက္ခသည်များလို့ မမြင်ရင်လည်း မြန်မာနိုင်ငံရဲ့ တရားဥပဒေကို လေးစားပေးရမှာ ဖြစ်ပါတယ်။
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၁၀)
နိဂုံးပိုင်းအနေနဲ့ ဆက်လက်တင်ပြရရင် မစ္စတာကင်တားနားလာတာဟာ မြန်မာပြည်အတွက် အကျိုးမရှိတဲ့အပြင် အကျိုးယုတ်စေပါတယ်။ မျက်မြင်ဒိဌ အခြေအနေမှန်ကို မျက်ကွယ်ပြုပြီး လူကြီးလူကောင်းမဆန်စွာနဲ့ မြန်မာပြည်အရေးကို ဒီလိုပြောမယ်ဆိုပြီး ကြိုတင် ကြံစည်လာတဲ့အတိုင်း ပြောသွားပါတယ်။ နိုင်ငံတကာမှာ မူဆလင်အသိုင်းအဝန်းက တခြားနိုင်ငံက အဖြစ်အပျက်ဓါတ်ပုံတွေနဲ့ လိမ်လည်ပြီး အော်ဟစ်နေကြတာကိုလည်း မျက်မြင်ဖြစ်တဲ့ သူကိုယ်တိုင် နားလည်ဖို့သင့်ပါတယ်။ ရှေ့နေတစ်ယောက်လည်း ဖြစ်ခဲ့သူတစ်ယောက်အနေနဲ့၎င်း၊ ကုလကိုယ်စားလှယ် တစ်ယောက်အနေနဲ့၎င်း ပိုလို့တောင် သမာသမတ် ရှိသင့်ပါတယ်။ ဒီဘင်္ဂလီတွေဟာ စံနစ်တကျ ကြိုတင်ကြံစည် လုပ်ကိုင်တယ်ဆိုတာလည်း မောင်တောက ဆရာဝန်ကြီးဇနီးမောင်နှံကို အိမ်ဖော်ဘင်္ဂလီမက ဓါးနဲ့အသေထိုးသတ်တာကို ကြည့်ရုံနဲ့ ရှေ့နေပီပီ သဘောပေါက်မှာပါ။ ကြိုတင်ကြံစည်ပြီး ဆူပူသောင်းကျန်း သတ်ဖြတ်မူတွေ လုပ်တာဟာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရာဇဝတ်မူထက် အပြစ်ပိုကြီးတယ် မဟုတ်ပါလား။



နောက်တစ်ခုက နိုင်ငံအချို့နဲ့ မြန်မာတချို့ပြောဆိုနေတဲ့ လူများစု လူနည်းစု ဆိုတဲ့ကိစ္စပါ။ မြန်မာတနိုင်လုံးအနေနဲ့ ကြည့်ရင် လူနည်းစုဆိုပေမယ့် ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောမှာတော့ ဘင်္ဂလီတွေဟာ လူများစုပါပဲ။ မြန်မာတိုင်းရင်းသားတွေက ဘင်္ဂလီတွေအပေါ် ဘာမှ ပြောဆိုအနိုင်ကျင့်တာ မရှိခဲ့ပါဘူး။ ယခု ဘင်္ဂလီတွေက ဒေသခံ ရခိုင်တိုင်းရင်းသားအပေါ် အကြမ်းဖက်တိုက်ခိုက် လူသတ်မူတွေ ကျူးလွန်လာတဲ့အတွက် မြန်မာတနိုင်ငံလုံးက မိမိတို့ အားနည်းတဲ့ တိုင်းရင်းသားလူမျိုး ရခိုင်တို့ဘက်က ဝိုင်းဝန်းပြောဆို ကူညီပံ့ပိုးပေးတာပဲ ဖြစ်ပါတယ်။ ဝိုင်းဝန်းပြီး ပြန်လည်တိုက်ခိုက်တာ မရှိပါဘူး။ အချို့မြန်မာ မျိုးမချစ်များ ကိုယ်တိုင်က မြန်မာလူထု အများစုကပဲ သနားစရာ ဘင်္ဂလီလူနည်းစုအပေါ် မတရားလူသတ်မူတွေ ကျူးလွန်နေသလို နာနေကြတာက အတော်အံ့သြစရာ ကောင်းလှပါတယ်။ တကယ့်တကယ်က သနားစရာအဖြစ် ကြုံနေရတာက မိမိတို့သွေးချင်း ရခိုင်လူမျိုးများဆိုတာကို စာရွက်ပေါ်က လေပေါမနေပဲ နယ်မြေဒေသကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာပြီးမှ ပြောဖို့တိုက်တွန်းလိုပါတယ်။
အချို့က ရာဘင်နတ်ဒ်တဂိုးလို ထူးခြားတဲ့ ဘင်္ဂလီလူမျိုးတွေရှိကြောင်း ဖေါ်ပြထားတာလည်း တွေ့မိပါတယ်။ လူမျိုးတိုင်းမှာ လူတော်တွေ လူရှော်တွေ ရှိကြပါတယ်။ လေးစားသင့်တဲ့သူတွေ ရှိသလို ရှုတ်ချသင့်တဲ့ သူတွေလည်း ဒုနဲ့ဒေး ရှိပါတယ်။ ကိုယ့်နိုင်ငံမှာပဲကြည့်ပါ။ ရှေးဘိုးဘွားတွေဆိုပြီး ရောထွေး ပြောနေကြပါတယ်။ သာမန်အားဖြင့်တော့ ရှေးဘိုးဘွားတွေဆိုတာ လေးစားရိုသေစရာနဲ့ ဦးထိပ်ပန်ဆင် ကန်တော့ရမယ့် သူတွေလို့ သတ်မှတ်ထားကြတာပါပဲ။ အမှန်တော့ အတုယူသင့်သော ရိုသေလေးစား ကန်တော့သင့်သော အမြဲအမှတ်ရ အောင်းမေ့နေသင့်သော ရှေးဘိုးဘွားတွေရှိသလို အတုမယူသင့်တဲ့ ရှေးဘိုးဘွားတွေလည်း ရှိပါတယ်။
ဘုရားဒကာကျောင်းဒကာတွေ၊ အကျင့်သီလသိက္ခာနဲ့ ပြည့်စုံသူတွေ နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေးဆောင်ရွက်ခဲ့တဲ့ ဘိုးဘွားတွေရှိသလို ဇိမ်ခေါင်း၊ ကြက်သမား၊ ဖဲသမား၊ အရက်သမား၊ ကြာကူလီ၊ လူသတ်သမား၊ အတွေးအခေါ်မှားတွေပေးတဲ့ လူမိုက်ကြီးများလည်း ရှိခဲ့ပါတယ်။ (ဒီနေ့လူငယ်အချို့မှာ နိုင်ငံရေးမှာဆို ဗိုလ်ချူပ်အောင်ဆန်း ဘုရားတရားဘက်မှာဆို အနာဂါမ်ဆရာသက်ကြီး အကျင့်စာရိတ္တဘက်မှာဆို ဦးဘခင် စတဲ့ပုဂ္ဂိုလ်ကြီးများကို အတုခိုးဖို့ထက် မဟုတ်တဲ့နေရာတွေမှာတော့ မိမိမဟုတ်တာ လုပ်ချင်တာကို ကာကွယ်ဖို့ အကျင့်မကောင်းတဲ့ ရှေးလူကြီးတွေကိုပြပြီး သူတို့တုန်းကတောင် ဒါမျိုးရှိခဲ့သေးတာပဲဆိုပြီး ဆင်ခြေကန် ထောက်ပြနေကြပါတယ်။ နောင်မှာ ရှေးဘိုးဘွားတွေဖြစ်လာမယ့် ယနေ့ ကြီးမိုက်ကြီးများနဲ့ မြန်မာလူငယ်တွေ၊ ညီ၊ ညီမတွေ ဆင်ခြင်နိုင်ဖို့ သတိပေးတာပါ။) ဒါကြောင့် ထိုရှေးဘင်္ဂလီ လူတော်ကြီးတစ်စုလောက်ကို လက်ညှိုးထိုးပြပြီး ကျန်ဘင်္ဂလီတွေဟာလည်း လူကောင်းတွေပါလို့ လူတော်တွေပါလို့ပြောရင် မှားပါလိမ့်မယ်။ ဤပန်းများသည် နီသည်။ နှင်းဆီပန်းသည် နီသည်။ ထို့ကြောင့် ဤပန်းများသည် နှင်းဆီပန်းများဖြစ်ကြသည်လို့ ခြုံယူုယုတ္တိဗေဒနည်းနဲ့ ပြောလို့မရနိုင်ပါဘူး။ ရာဘင်နတ်ဒ်တဂိုးလို ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ ရှိသလို ထွန်းခင် ဝါကာအူဒင်းနဲ့ နယ်စပ်ကခိုးဝင်ပြီး သူခိုးက လူလူ ဟစ်နေတဲ့ အောက်တန်းကျသော ဘင်္ဂလီများ ရှိနေကြတာကိုလည်း ခွဲခြား လက်ခံကြရပါလိမ့်မယ်။ လူသားအားလုံးကို လေးစားပါတယ်။ အမိနိုင်ငံကို တရားမျှတပြီး အေးချမ်းသာယာသော နိုင်ငံဖြစ်စေလိုကြောင်း တင်ပြရင်း စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ တင်ဆက်နေတဲ့ ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား ဆောင်းပါးကြီးကို နိဂုံးချုပ်အပ်ပါတယ် ခင်ဗျာ။
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၁) (၂) (၃)


No comments:
Post a Comment