Thursday, August 5, 2010





၁၉၉၀ ရလဒ်ကို အကောင်အထည်မဖော်ခြင်း

ဒေါ်အောင်ဆန်းစုကြည် ထောက်ပြ

"ကျမတို့နိုင်ငံရဲ့  အတွေအကြုံအရ ဖြည့်စွက်ပြောဆိုလိုတာကတော့ ရွေးကောက်ပွဲကျင်းပပြီးရင် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်တာဟာ ထမင်းစားဖိတ်ပြီး ထမင်းပွဲပြင်၊ စားပွဲမှာ ထိုင်ခိုင်ပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေ ပြန်ပြီးသိမ်းသွားသလိုပါပဲ။ ဧည့်သည်တွေကို စော်ကားတဲ့လုပ်ရပ်ပါ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လှည်လှည့်ဖြား စော်ကားရာရောက်တယ်။ အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာဟာ ကစားရမယ့်အရာမဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ နောက်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်        ၁၉၉၈ ခုနှစ်၊ မေလ (၂၈) ရက်

No comments: